စောင့်နေကြလော့! ဘရိုရှာကိုလေ့လာခြင်း
ကမ္ဘာတစ်ဝန်းရှိအသင်းတော်များသည် ၂၀၀၅ ခုနှစ်၊ မေ ၂၃ ရက်မှ ဇွန် ၂၀ ရက်အပတ်များအတွင်း အသင်းတော်စာအုပ်ကြီးသင်တန်း၌ စောင့်နေကြလော့! ဘရိုရှာကို လေ့လာကြမည်ဖြစ်သည်။ ကျေးဇူးပြု၍ ဤအစည်းအဝေးအတွက် ပြင်ဆင်သည့်အခါနှင့် ကျင်းပသည့်အခါတို့တွင် အောက်ပါမေးခွန်းများကို အသုံးပြုပါ။ လေ့လာနေချိန်အတွင်း ပုံနှိပ်အကြောင်းအရာကိုဖတ်ပြီး အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို ဖတ်ပါ။
မေ ၂၃ ရက်အပတ်
◼ စာမျက်နှာ ၃–၄– ဤတွင်ဖော်ပြထားသောအခြေအနေများမှ မည်သည့်အခြေအနေက သင့်အသက်တာအပေါ် အထူးသဖြင့် သက်ရောက်မှုရှိခဲ့သနည်း။ ဤအခြေအနေများသည် တစ်နေရာတည်း၌သာဖြစ်သော အဖြစ်အပျက်များမျှ မဟုတ်ကြောင်း သင့်အား မည်သည့်အရာက ဖော်ပြသနည်း။
◼ စာမျက်နှာ ၅– ဘုရားသခင်သည် အမှန်ပင် ဂရုစိုက်တော်မူကြောင်း မည်သည့်အရာက သင့်ကို လက်ခံယုံကြည်စေသနည်း။ ဘုရားသခင်နှင့် ကိုယ်တော်လုပ်ဆောင်နေသည့်အရာတို့ကို ကျွန်ုပ်တို့ မည်မျှဂရုစိုက်ကြောင်း အဘယ်အရာက ဖော်ပြနိုင်သနည်း။
◼ စာမျက်နှာ ၆–၈– လက်ရှိလောကအခြေအနေများ၏ အဓိပ္ပာယ်နှင့်ပတ်သက်၍ မဿဲ ၂၄:၁-၈၊ ၁၄ က မည်သို့ဆိုသနည်း။ ၂ တိမောသေ ၃:၁-၅ တွင်ဖော်ပြထားသည့်အတိုင်း ယခု ကျွန်ုပ်တို့သည် မည်သည့်အချိန်ကာလတွင် အသက်ရှင်နေရသနည်း။ ယင်းတို့သည် အဘယ်အရာ၏ နောက်ဆုံးသောကာလနည်း။ သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်ကပါဌ်တော် အမှန်ဖြစ်ကြောင်း အဘယ်အရာက သင့်ကို လက်ခံယုံကြည်စေသနည်း။ ကျွန်ုပ်တို့ဟောပြောသည့် နိုင်ငံတော်ဟူသည် အဘယ်နည်း။
◼ စာမျက်နှာ ၉–၁၀– ကျွန်ုပ်တို့၏ နေ့စဉ်ဆုံးဖြတ်ချက်များနှင့် အသက်တာတွင် ဦးစားပေးရာများကို အဘယ်ကြောင့် အသေအချာသုံးသပ်သင့်သနည်း။ (ရော. ၂:၆; ဂလ. ၆:၇) စာမျက်နှာ ၁၀ မှမေးခွန်းများကို သုံးသပ်နေစဉ် သင့်လုပ်ရပ်အပေါ် ဩဇာသက်ရောက်စေသင့်သော မည်သည့်ကျမ်းချက်များ စိတ်ထဲပေါ်လာသနည်း။
မေ ၃၀ ရက်အပတ်
◼ စာမျက်နှာ ၁၁– ဤစာမျက်နှာတွင်မေးထားသောမေးခွန်းများကို အဘယ်ကြောင့် ကျွန်ုပ်တို့ ကိုယ်တိုင်ကိုယ်ကျ သုံးသပ်သင့်သနည်း။ (၁ ကော. ၁၀:၁၂; ဧ. ၆:၁၀-၁၈) ဤမေးခွန်းများအတွက် ကျွန်ုပ်တို့၏အဖြေများက မဿဲ ၂၄:၄၄ ပါယေရှု၏သြဝါဒကို ကျွန်ုပ်တို့ မည်မျှအလေးအနက်ထားခြင်းနှင့်စပ်လျဉ်း၍ အဘယ်အရာကို ဖော်ပြသနည်း။
◼ စာမျက်နှာ ၁၂–၁၄– ဗျာဒိတ် ၁၄:၆၊ ၇ တွင်ရည်ညွှန်းထားသည့် ‘တရားစီရင်ချိန်’ ကား အဘယ်နည်း။ ‘ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းခြင်း’ က အဘယ်အရာကို ဆိုလိုသနည်း။ မဟာဗာဗုလုန်ကား အဘယ်နည်း၊ ၎င်းသည် မည်သို့ဖြစ်သွားမည်နည်း။ ကျွန်ုပ်တို့သည် မဟာဗာဗုလုန်နှင့်စပ်လျဉ်း၍ ယခု အဘယ်အရာ လုပ်ဆောင်ရန်လိုသနည်း။ ကြိုဟောထားသည့် တရားစီရင်ချိန်တွင် အခြားအဘယ်အရာပါဝင်သေးသနည်း။ ဘုရားသခင်ကြိုတင်ပြောထားသည့် တရားစီရင်ခြင်းအတွက် “နေ့ရက်အချိန်နာရီ” ကို မသိရခြင်းက ကျွန်ုပ်တို့အပေါ် အဘယ်အကျိုးသက်ရောက်သနည်း။ (မ. ၂၅:၁၃)
◼ စာမျက်နှာ ၁၅– အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့်ဆိုင်သောအရေးကိစ္စကား အဘယ်နည်း၊ ယင်းက ကျွန်ုပ်တို့တစ်ဦးချင်းအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။
◼ စာမျက်နှာ ၁၆–၁၉– “ကောင်းကင်သစ်” နှင့် “မြေကြီးသစ်” ဟူသည် အဘယ်နည်း။ (၂ ပေ. ၃:၁၃) ဤအရာများကို မည်သူကတိပြုတော်မူသနည်း။ ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် အဘယ်အပြောင်းအလဲများကို ဖြစ်စေမည်နည်း။ ၎င်းတို့မှ ကျွန်ုပ်တို့ကိုယ်တိုင် အကျိုးခံစားရမည်လော။
ဇွန် ၆ ရက်အပတ်
◼ စာမျက်နှာ ၂၀–၁– ယေရှုသည် ထွက်ပြေးခြင်းနှင့်စပ်လျဉ်းသည့် အဘယ်သတိပေးချက်ကို မိမိ၏ပထမရာစုနောက်လိုက်များအား ပေးခဲ့သနည်း။ (လု. ၂၁:၂၀၊ ၂၁) မည်သည့်အချိန်တွင် ထိုသို့ထွက်ပြေးနိုင်သနည်း။ အချိန်မဆွဲဘဲထွက်ပြေးရန် အဘယ်ကြောင့် အရေးတကြီးလိုအပ်ခဲ့သနည်း။ (မ. ၂၄:၁၆-၁၈၊ ၂၁) သတိပေးချက်များကို လူအများ အဘယ်ကြောင့်လျစ်လျူရှုကြသနည်း။ တရုတ်ပြည်နှင့် ဖိလစ်ပိုင်နိုင်ငံရှိ ထောင်နှင့်ချီသောလူတို့သည် ယုံကြည်စိတ်ချရသောသတိပေးချက်များကို လိုက်နာခြင်းမှ မည်သို့အကျိုးကျေးဇူးခံစားခဲ့ရသနည်း။ လက်ရှိအစီအစဉ်စနစ်အဆုံးနှင့်ပတ်သက်သည့် ကျမ်းစာသတိပေးချက်ကို လိုက်နာရန် အဘယ်ကြောင့် သာ၍အရေးကြီးသနည်း။ ဤမျှအလွန်အရေးကြီးခြင်းကြောင့် ကျွန်ုပ်တို့၌ အဘယ်တာဝန်ရှိသနည်း။ (သု. ၂၄:၁၁၊ ၁၂)
◼ စာမျက်နှာ ၂၂–၃– ၁၉၇၄ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ၌၊ ၁၉၈၅ ခုနှစ်တွင် ကိုလံဘီယာ၌ လူများစွာသည် ဘေးဒဏ်နှင့်စပ်လျဉ်းသည့် သတိပေးချက်များကို အဘယ်ကြောင့် ဂရုမပြုခဲ့ကြသနည်း၊ အကျိုးဆက်ကား အဘယ်နည်း။ သင်ဆိုလျှင် ထိုသတိပေးချက်များကို မည်သို့တုံ့ပြန်ခဲ့မည်ဟုထင်သနည်း၊ အဘယ်ကြောင့်နည်း။ ကျွန်ုပ်တို့သည် နောဧခေတ်က သတိပေးချက်ကို လိုက်နာခဲ့မည်၊ မလိုက်နာခဲ့မည်နှင့်စပ်လျဉ်း၍ အဘယ်အရာက ဖော်ပြနိုင်သနည်း။ လူတို့သည် ရှေးခေတ်သောဒုံမြို့တွင်နှင့် ၎င်းမြို့အနီးအနားတို့တွင် အဘယ်ကြောင့် နေထိုင်လိုကြသနည်း။ သောဒုံမြို့တွင် ဖြစ်ပျက်ခဲ့ရာများကို အလေးအနက်စဉ်းစားခြင်းဖြင့် ကျွန်ုပ်တို့ မည်သို့အကျိုးကျေးဇူးရရှိနိုင်သနည်း။
ဇွန် ၁၃ ရက်အပတ်
စာမျက်နှာ ၂၇ ရှိ “လေ့လာရန် မေးခွန်းများ” ကိုအသုံးပြုပါ။
ဇွန် ၂၀ ရက်အပတ်
စာမျက်နှာ ၃၁ ရှိ “လေ့လာရန် မေးခွန်းများ” ကိုအသုံးပြုပါ။
ဤဘရိုရှာကို ကျွန်ုပ်တို့သုံးသပ်ခြင်းက “စောင့်နေကြ” ရန်နှင့် ကျွန်ုပ်တို့ကိုယ်တိုင်အသင့်ရှိနေရန် ထောက်ကူပေးပါလိမ့်မည်။ ကျွန်ုပ်တို့၏လူထုရှေ့ဓမ္မအမှုသည် ဤကောင်းကင်တမန်ကြွေးကြော်ချက်၏ အရေးတကြီးဖြစ်မှုကို အစဉ်ထင်ဟပ်နိုင်ပါစေ– “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။”—မ. ၂၄:၄၂၊ ၄၄; ဗျာ. ၁၄:၇။