ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၅ စာ. ၄
  • ကျွန်ုပ်တို့၏ဓမ္မအမှုက ပြီးမြောက်စေသောအရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏ဓမ္မအမှုက ပြီးမြောက်စေသောအရာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားပေး တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ယေဟောဝါ၏လုပ်ငန်းတော်၌အမြဲအလုပ်များနေခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • သတင်းကောင်းကို စိတ်အားထက်သန်စွာကြေညာလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဓမ္မအမှုတွင် ခံနိုင်ရည် မည်သို့ရှိနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၁၁/၀၅ စာ. ၄

ကျွန်ုပ်တို့၏ဓမ္မအမှုက ပြီးမြောက်စေသောအရာ

၁။ ယေဟောဝါသည် ကျွန်ုပ်တို့၏ဓမ္မအမှုကို မည်သို့ရှုမြင်သနည်း။ လူတို့၏တုံ့ပြန်မှုကား အဘယ်နည်း။

၁ ခရစ်ယာန်များသည် အောင်ပွဲခံစီတန်းလှည့်လည်ပွဲအလား ယေဟောဝါ၏လုပ်ငန်းတော်တွင် အောင်ပွဲခံလျက် ချီတက်နေကြသည်ဟု သမ္မာကျမ်းစာက ဖော်ပြ၏။ (၂ ကော. ၂:၁၄-၁၆) ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာကို လူအများအား သိရှိစေသောအခါ လုပ်ငန်းတော်တွင် ကျွန်ုပ်တို့ပေးဆက်သော ယဇ်များသည် ယေဟောဝါအတွက် မွှေးကြိုင်သောနံ့သာကဲ့သို့ဖြစ်သည်။ အချို့သူတို့သည် သတင်းကောင်း၏ မွှေးကြိုင်သောရနံ့သို့ ဆွဲဆောင်ခံရပြီး အချို့မှာမူ ယင်းကို ငြင်းပယ်ကြ၏။ သို့သော် လူအများစု၏ အပျက်သဘောတုံ့ပြန်မှုကြောင့် ကျွန်ုပ်တို့၏လုပ်ငန်းတော်သည် မအောင်မြင်ဟု မဆိုလိုနိုင်ချေ။ ကျွန်ုပ်တို့၏ဓမ္မအမှုက ပြီးမြောက်စေသောအရာကို သုံးသပ်ကြည့်ပါ။

၂။ ဓမ္မအမှုတွင် ကျွန်ုပ်တို့ပါဝင်ခြင်းက အဘယ်အရာကို တင်ပြင်ခွင့်ရရှိစေနိုင်သနည်း။

၂ ယေဟောဝါအား ဂုဏ်တင်ချီးမွမ်းခြင်း– လူတို့သည် ကိုယ်ကျိုးအတွက် ယေဟောဝါအား ဝတ်ပြုကိုးကွယ်နေကြသည်ဟု စာတန် စွပ်စွဲထားသည်။ (ယောဘ ၁:၉-၁၁) ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့ပါဝင်ခြင်းက ဘုရားသခင်အား စိတ်ရင်းမှန်ဖြင့် ကျွန်ုပ်တို့ ဆည်းကပ်ဝတ်ပြုကြောင်း တင်ပြခွင့်ရရှိစေ၏။ ကြေညာသူများစွာသည် ခက်ခဲသည့်အခြေအနေများ သို့မဟုတ် လူတို့၏လျစ်လျူရှုမှုကြားမှ ဟောပြော၍ တပည့်ဖြစ်စေပါဟူသော မိန့်မှာချက်ကို နာခံလျက် လုပ်ဆောင်နေကြ၏။ ဤသို့သစ္စာရှိရှိခံရပ်ခြင်းက ယေဟောဝါ၏စိတ်တော်ကို ရွှင်လန်းစေသည်။—သု. ၂၇:၁၁။

၃။ ဘုရားသခင်၏နာမတော်နှင့် ရည်ရွယ်ချက်တို့ကို ကြေညာနေရန် အဘယ်ကြောင့် ဤမျှအရေးကြီးရသနည်း။

၃ ထို့ပြင် ကျွန်ုပ်တို့၏ဓမ္မအမှုသည် ဘုရားသခင်၏ရည်ရွယ်ချက် အကောင်အထည်ဖော်ခြင်းတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်သည်။ ရောက်ရှိလာတော့မည် စာတန့်လောက ပျက်စီးခြင်းနှင့်စပ်လျဉ်း၍ ယေဟောဝါက “ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို တစ်ပါးအမျိုးသားတို့ [“လူမျိုးတို့၊” ကဘ] သိရကြလိမ့်မည်” ဟုမိန့်တော်မူ၏။ (ယေဇ. ၃၉:၇) ယင်းကို လူမျိုးတို့သိရှိရန် ဘုရားသခင်၏ကျေးကျွန်များသည် “အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား” ကိုယ်တော်၏နာမတော်နှင့် ရည်ရွယ်ချက်တို့ကို အရေးတကြီးကြေညာနေဖို့လိုသည်။—ဗျာ. ၁၄:၆၊ ၇။

၄။ ဟောပြောခြင်းလုပ်ငန်းသည် တရားစီရင်ရာအကြောင်းရင်း မည်သို့ဖြစ်သနည်း။

၄ တရားစီရင်ရာအကြောင်းရင်း– သတင်းကောင်းဟောပြောခြင်းသည် တရားစီရင်ရာအကြောင်းရင်းလည်းဖြစ်သည်။ ခရစ်တော်ယေရှုသည် “ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို” အပြစ်ဒဏ်ပေးမည်ဟု တမန်တော်ပေါလု ဖော်ပြခဲ့သည်။ (၂ သက်. ၁:၈၊ ၉) လူတို့သည် သတင်းကောင်းကို တုံ့ပြန်ပုံနှင့်အညီ တရားစီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်၏ကျေးကျွန်များတွင် အလွန်ကြီးမားသည့် တာဝန်တစ်ရပ်ရှိကြပါသည်တကား။ ကျွန်ုပ်တို့သည် သွေးပြစ်ကင်းရန် အသက်ကယ်သည့် နိုင်ငံတော်သတင်းတရား ကြေညာခြင်းကို မလွှဲရှောင်ရချေ။—တ. ၂၀:၂၆၊ ၂၇။

၅။ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ဘုရားသခင်၏ကရုဏာတော်ကို မည်သို့ထင်ဟပ်ပြသနည်း။

၅ ကျွန်ုပ်တို့၏အိမ်နီးချင်းများ ဘုရားသခင်၏မျက်နှာသာတော်ရရှိရန် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများသည် ယေဟောဝါ၏ကရုဏာတော်ကို တင်ပြခြင်းဖြစ်သည်။ (၁ တိ. ၂:၃၊ ၄) လူတို့၏ဘဝသည် အစဉ်ပြောင်းလဲနေကြောင်း ကျွန်ုပ်တို့ သိရှိထားသည့်အတွက် သူတို့ထံ ထပ်ခါထပ်ခါသွား၍ အချိန်ရှိစဉ်ကာလအတွင်း ယေဟောဝါအား ရှာဖွေကြရန် တိုက်တွန်းနှိုးဆော်ကြ၏။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့သည် “အဘယ်သူမျှ မပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ” သော “ငါတို့ဘုရားသခင်၏သနားတော်မူခြင်း” ကိုထင်ဟပ်ပြကြသည်။—လု. ၁:၇၇; ၂ ပေ. ၃:၉။

၆။ ယေဟောဝါ၏လုပ်ငန်းတော်တွင် အလုပ်များနေခြင်းသည် ကျွန်ုပ်တို့အတွက် မည်သို့အကျိုးရှိသနည်း။

၆ ကျွန်ုပ်တို့ကိုယ်တိုင် အကျိုးရရှိခြင်း– ယေဟောဝါ၏လုပ်ငန်းတော်တွင် အလုပ်များနေခြင်းသည် ကျွန်ုပ်တို့အတွက် အကာအကွယ်ဖြစ်သည်။ ယင်းက ကျွန်ုပ်တို့အား ‘ဘုရားသခင်၏နေ့ကို မျှော်လင့်တောင့်တ’ စေပြီး ဤလက်ရှိအစီအစဉ်စနစ်ဆိုး၏ အညစ်အကြေးနှင့် ကင်းစင်စေနိုင်သည်။ (၂ ပေ. ၃:၁၁-၁၄; တိ. ၂:၁၁၊ ၁၂) ထို့ကြောင့် ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများသည် အချည်းနှီးမဖြစ်ကြောင်း သိမှတ်လျက် “မရွေ့လျော့မတိမ်းယိမ်းဘဲ သခင်ဘုရား၏အမှုတော်တွင် လုပ်ကိုင်စရာများစွာ” ရှိနိုင်ကြပါစေ။—၁ ကော. ၁၅:၅၈၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ