သူတို့ဘာကိုယုံကြည်ကြသနည်း
ယေဟောဝါသက်သေတို့သည် ကောင်းကင်မြေကြီးကိုဖန်ဆင်းတော်မူသော အနန္တတန်ခိုးရှင်ယေဟောဝါကို ယုံကြည်ကြသည်။ ကျွန်ုပ်တို့ပတ်ပတ်လည်ရှိ စကြဝဠာအတွင်းရှုပ်ထွေးနက်နဲစွာတည်ရှိနေသည့် အံ့ဖွယ်အရာတို့သည် မဟာ့မဟာဉာဏ်ပညာနှင့်တန်ခိုးတော်အလွန်ကြွယ်ဝတော်မူသော ဖန်ဆင်းရှင်တစ်ပါးက ယင်းတို့ကိုဖန်တီးပြုလုပ်ခဲ့ကြောင်း ခိုင်လုံသည့်အထောက်အထားဖြစ်သည်။ လူယောက်ျား၊ လူမိန်းမတို့လုပ်သည့်အလုပ်သည် မိမိတို့၏အရည်အချင်းကို ထင်ဟပ်သကဲ့သို့ ယေဟောဝါဘုရားသခင်၏လက်ရာတော်တို့သည်လည်း ကိုယ်တော်၏အရည်အချင်းများကိုပေါ်လွင်စေသည်။ သမ္မာကျမ်းစာက “ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ထင်ရှားလျက်ရှိကြ၏” ဟုပြောထားသည်။ စကား၊ သို့မဟုတ် အသံမထွက်ဘဲလျက် “မိုးကောင်းကင်သည်ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော၏။”—ရောမ ၁:၂၀။ ဆာလံ ၁၉:၁-၄။
လူသားတို့သည် မြေအိုး၊ ရုပ်မြင်သံကြား၊ ကွန်ပြူတာစသည်တို့ကို ရည်ရွယ်ချက်မဲ့လုပ်ကြသည်မဟုတ်။ ကမ္ဘာမြေကြီးနှင့်ယင်းအပေါ်ရှိအပင်များ၊ သက်ရှိများတို့သည် သာ၍အံ့ဖွယ်ဖြစ်သည်။ သန်းကုဋေပေါင်းများစွာသောဆဲလ်တို့ဖြင့် တည်ဆောက်ထားသည့် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည် နားမလည်နိုင်လောက်အောင်ဖြစ်ပြီး ကျွန်ုပ်တို့စဉ်းစားတွေးတောသည့်ဦးနှောက်ပင်လျှင် သဘောမပေါက်နိုင်လောက်အောင် အံ့ဖွယ်ဖြစ်သည်။ နှိုင်းယှဉ်လိုက်သော် မပြောပလောက်သောလူ့တီထွင်မှုတို့ပင် ရည်ရွယ်ချက်ရှိလျှင် ယေဟောဝါ၏မိန်းမောတုန်လှုပ်ဖွယ်ဖန်ဆင်းရာတို့တွင် ရည်ရွယ်ချက်ရှိကြောင်းသေချာသည်။ သု၊ ၁၆:၄ (NW) ကကိုယ်တော်.ဖန်ဆင်းရာများနှင့်ပတ်သက်၍ “ယေဟောဝါသည်အရာခပ်သိမ်းကို မိမိရည်ရွယ်ချက်အတွက်ပြုလုပ်တော်မူ၏” ဟုဖေါ်ပြထား၏။
ယေဟောဝါသည် မြေကြီးကိုရည်ရွယ်ချက်ဖြင့်ဖန်ဆင်းတော်မူခဲ့သည်။ ကနဦးလူသားမောင်နှံကို “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ . . . ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့” ဟုမိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၁:၂၈) နာခံမှုမရှိခဲ့သောကြောင့် ဤမောင်နှံသည် ကမ္ဘာပေါ်ရှိ အပင်နှင့်သက်ရှိသတ္တဝါများကို မေတ္တာနှင့်ထိန်းသိမ်းစောင့်ရှောက်မည့် ဖြောင့်မတ်သောမိသားစုဖြင့် ကမ္ဘာကိုပြည့်စေရန်ပျက်ကွက်ခဲ့ကြသည်။ သို့သော် သူတို့၏ပျက်ကွက်မှုသည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်ကိုမပျက်စေခဲ့ပါ။ နှစ်ပေါင်းထောင်ချီကြာပြီးနောက် “မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောဘုရား၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်။ သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူသည်” ဟုကျမ်းစာ၌ရေးသားခဲ့သည်။ ဖျက်ဆီးပစ်ရန်မဟုတ်ဘဲ “မြေကြီးကိုအမြဲတည်စေရန်” ဖြစ်သည်။ (ဟေရှာယ ၄၅:၁၈။ ဒေသနာ ၁:၄) မြေကြီးဆိုင်ရာ ယေဟောဝါ၏ရည်ရွယ်တော်မူချက်ဖြစ်မြောက်လာမည်။ “ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်။”—ဟေရှာယ ၄၆:၁၀။
ထို့ကြောင့် ဤကမ္ဘာသည် အစဉ်အမြဲတည်သွားမည်ဖြစ်ပြီး၊ သန့်စင်လှပသောနေထိုင်ရာမြေကြီးနှင့်ဆိုင်သည့် ယေဟောဝါ၏ရည်ရွယ်ချက်နှင့် အံဝင်ခွင်ကျဖြစ်သော အသက်ရှင်သူ၊ သေသူအပေါင်းတို့သည် ထိုတွင်ထာဝစဉ်နေထိုင်သွားကြမည်ဟု ယေဟောဝါသက်သေများယုံကြည်ကြသည်။ အာဒံ၊ ဧဝထံမှ မစုံလင်မှုကိုအမွေခံရသဖြင့် လူသားအားလုံး အပြစ်သားများဖြစ်ကြသည်။ (ရောမ ၅:၁၂) ကျမ်းစာက ကျွန်ုပ်တို့ကိုပြောသည်မှာ “အပြစ်၏အခကားသေခြင်းဖြစ်၏။” “ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်” ဟူ၍ဖြစ်သည်။ (ရောမ ၆:၂၃။ ဒေသနာ ၉:၅။ ယေဇကျေလ ၁၈:၄၊ ၂၀) ထို့ကြောင့် သူတို့သည်မြေကြီးဆိုင်ရာကောင်းချီးများကိုခံစားရဖို့ မည်သို့တစ်ဖန်ပြန်အသက်ရှင်နိုင်မည်နည်း။ ခရစ်တော်ယေရှု၏ရွေးဖိုးပူဇော်သက္ကာအားဖြင့်သာဖြစ်နိုင်သည်။ ကိုယ်တော်ပြောသည်မှာ “ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည်။” “သင်္ချိုင်းများမှာရှိသောသူတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတံ့။”—ယောဟန် ၁၁:၂၅၊ ၅:၂၈၊ ၂၉။ မဿဲ ၂၀:၂၈။
မည်သို့ဖြစ်နိုင်မည်နည်း။ ယေရှုကမ္ဘာပေါ်အသက်ရှင်ခဲ့စဉ်က စတင်ကြေညာခဲ့သည့်ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းတွင် ရှင်းပြထား၏။ (မဿဲ ၄:၁၇-၂၃) ယနေ့ ယေဟောဝါသက်သေတို့သည် သတင်းကောင်းကိုအထူးတလည်ဟောပြောနေကြသည်။
[စာမျက်နှာ ၁၃ ပါ ဇယား]
ယေဟောဝါသက်သေတို့၏ယုံကြည်ချက် အကြောင်းပြကျမ်းချက်
ယုံကြည်ချက်
ကျမ်းစာသည် ဘုရား၏နှုတ်ကပါဌ်နှင့် သမ္မာတရားဖြစ် ၂ တိ. ၃:၁၆၊ ၁၇။
ထုံးတမ်းစဉ်လာထက် ကျမ်းစာကိုပိုအားထားနိုင် မ. ၁၅:၃။ ကော. ၂:၈
ဘုရားသခင်၏နာမတော်သည် ယေဟောဝါ ဆာ. ၈၃:၁၈။ ဟေရှာ. ၂၆:၄၊ ၄၂:၈။ ထွ ၆:၃
ခရစ်တော်သည် ဘုရားသခင့်သားတော်၊ ကိုယ်တော်ထက်နိမ့် မ. ၃:၁၇။ ယော. ၈:၄၂၊ ၁၄:၂၈၊ ၂၀:၁၇။ ၁ ကော. ၁၁:၃၊ ၁၅:၂၈
ခရစ်တော်သည် ဘုရားသခင်၏ဦးဆုံးဖန်ဆင်းရာ ကော. ၁:၁၅။ ဗျာ. ၃:၁၄
ခရစ်တော်သစ်တိုင်ပေါ်သေခဲ့၊ ခရော့စ်ပေါ်မဟုတ် ဂလ. ၃:၁၃။ တ. ၅:၃၀
နာခံသူလူသားများအတွက် ခရစ်တော်၏လူသားအသက်ကိုရွေးဖိုးအဖြစ်ပေးခဲ့ မ. ၂၀:၂၈။ ၁ တိ. ၂:၅၊ ၆။ တိ. ၂:၁၄။ ၁ ပေ. ၂:၂၄
ခရစ်တော် တစ်ခါတည်းယဇ်ပူဇော်ခြင်း ဖြင့်လုံလောက် ရော. ၆:၁၀။ ဟေဗြဲ ၉:၂၅-၂၈
မသေနိုင်သောနာမ်ဝိညာဉ်အဖြစ် ခရစ်တော်ထမြောက်ခံရ ၁ ပေ. ၃:၁၈။ ရော. ၆:၉။ ဗျာ. ၁:၁၇၊ ၁၈
ခရစ်တော်ကြွရောက်ခြင်းသည် နာမ်ဝိညာဉ်အားဖြင့်ဖြစ်သည် ယော. ၁၄:၁၉။ မ. ၂၄:၃။ ၂ ကော. ၅:၁၆။ ဆာ. ၁၁၀:၁၊ ၂
ခရစ်တော်နိုင်ငံတော်သည် မြေကြီးကိုဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းဖြင့်အုပ်စိုးမည် ဟေရှာ. ၉:၆၊ ၇၊ ၁၁:၁-၅။ ဒံ. ၇:၁၃၊ ၁၄။ မ. ၆:၁၀
ဘုရားသခင်နိုင်ငံတော်သည် အကောင်းဆုံးနေထိုင်ရေးအစီအစဉ်ကို မြေကြီးပေါ်တွင်လုပ်ပေး ဆာ. ၇၂:၁-၄။ ဗျာ. ၇:၉၊ ၁၀၊ ၁၃-၁၇၊ ၂၁:၃၊ ၄
မြေကြီးဘယ်တော့မျှပျက်စီးခြင်း သို့မဟုတ် လူသူဆိတ်သုဉ်းခြင်းဖြစ်မည်မဟုတ် ဒေ. ၁:၄။ ဟေရှာ. ၄၅:၁၈။ ဆာ. ၇၈:၆၉
ဘုရားသခင်သည် လက်ရှိအစီအစဉ်စနစ်ကို အာမဂေဒုန်စစ်ပွဲ၌ ဖျက်ဆီးပစ်မည် ဗျာ. ၁၆:၁၄၊ ၁၆။ ဇေ. ၃:၈။ ဒံ. ၂:၄၄။ ဟေရှာ. ၃၄:၂
ဆိုးသွမ်းသူများ ထာဝရဖျက်ဆီးခံရမည် မ. ၂၅:၄၁-၄၆။ ၂ သက်. ၁:၆-၉
ဘုရားအလိုတော်နှင့်တွေ့သူများ ထာဝရအသက်ရကြမည် ယော. ၃:၁၆၊ ၁၀:၂၇၊ ၂၈၊ ၁၇:၃။ မာ. ၁၀:၂၉၊ ၃၀
အသက်ရမည့်လမ်းတစ်လမ်းတည်းရှိ မ. ၇:၁၃၊ ၁၄။ ဧ. ၄:၄၊ ၅
ယခုကျွန်ုပ်တို့ ‘နောက်ဆုံးကာလ’ ၌ရောက်နေ မ. ၂၄:၃-၁၄။ ၂ တိ. ၃:၁-၅။ လု. ၁၇:၂၆-၃၀
အာဒံအပြစ်ကြောင့် လူသားများသေရ ရော. ၅:၁၂၊ ၆:၂၃
လူသေသောအခါ ဝိညာဉ်ချုပ်ငြိမ်း ယေဇ. ၁၈:၄။ ဒေ. ၉:၁၀။ ဆာ. ၆:၅၊ ၁၄၆:၄။ ယော. ၁၁:၁၁-၁၄
ငရဲသည်လူ့သင်္ချိုင်းသာဖြစ် ယောဘ ၁၄:၁၃။ ဗျာ. ၂၀:၁၃၊ ၁၄
လူသေအတွက် မျှော်လင့်ချက်ကား ရှင်ပြန်ထမြောက်ခြင်း ၁ ကော. ၁၅:၂၀-၂၂။ ယော. ၅:၂၈၊ ၂၉၊ ၁၁:၂၅၊ ၂၆
အာဒံအပြစ်ကြောင့် သေရခြင်းပပျောက်မည် ၁ ကော. ၁၅:၂၆။ ဗျာ. ၂၁:၄။ ဟေရှာ. ၂၅:၈။ ၁ ကော. ၁၅:၅၄
သိုးစုငယ် ၁၄၄,၀၀၀ သာ ကောင်းကင်သွား၍ ခရစ်တော်နှင့်အတူအုပ်ချုပ်မည် လု. ၁၂:၃၂။ ဗျာ. ၁၄:၁၊ ၃။ ၁ ကော. ၁၅:၄၀-၅၃။ ဗျာ. ၅:၉၊ ၁၀
၁၄၄,၀၀၀ တို့သည် ဘုရားသခင့်ဝိညာဏသားများအဖြစ် နောက်တစ်ဖန်မွေးဖွားခြင်းခံရ ၁ ပေ. ၁:၂၃။ ယော. ၃:၃။ ဗျာ. ၇:၃၊ ၄
ဝိညာဏဣသရေလနှင့်ပဋိညာဉ်သစ်ဖွဲ့ထား ယေရမိ ၃၁:၃၁။ ဟေဗြဲ ၈:၁၀-၁၃
ခရစ်တော်၏အသင်းတော်ကိုမိမိပေါ်၌ တည်ဆောက်ထား ဧ. ၂:၂၀။ ဟေရှာ. ၂၈:၁၆။ မ. ၂၁:၄၂
ခရစ်တော်ကိုအမှီပြု၍ ယေဟောဝါကိုတိုက်ရိုက်ဆုတောင်းရ ယော. ၁၄:၆၊ ၁၃၊ ၁၄။ ၁ တိ. ၂:၅
ဝတ်ပြုရေးတွင် ရုပ်တု မသုံးရ ထွ. ၂၀:၄၊ ၅။ ဝတ်. ၂၆:၁။ ၁ ကော. ၁၀:၁၄။ ဆာ. ၁၁၅:၄-၈
နတ်ဝိဇ္ဇာအတတ်ကို ရှောင်ရမည် တရား. ၁၈:၁၀-၁၂။ ဂလ. ၅:၁၉-၂၁။ ဝတ်. ၁၉:၃၁
စာတန်သည် ဤလောက၏ မျက်မြင်မရသောမင်း ၁ ယော. ၅:၁၉။ ၂ ကော. ၄:၄။ ယော. ၁၂:၃၁
ယုံကြည်ခြင်းရောပြွန်းသည့်ဘာသာရေးလုပ်ရပ်တွင်ခရစ်ယာန်တစ်ဦးမပါဝင်ရ ၂ ကော. ၆:၁၄-၁၇၊ ၁၁:၁၃-၁၅။ ဂလ. ၅:၉။ တရား. ၇:၁-၅
ခရစ်ယာန်တစ်ဦး သည်လောကနှင့် သီးခြားနေရမည် ယာ. ၄:၄။ ၁ ယော. ၂:၁၅။ ယော. ၁၅:၁၉၊ ၁၇:၁၆
ဘုရားပညတ်နှင့်မဆန့်ကျင်သော လူ့ဥပဒေအားလုံးကိုနာခံသင့် မ. ၂၂:၂၀၊ ၂၁။ ၁ ပေ. ၂:၁၂၊ ၄:၁၅
သွေးကိုပါးစပ် (ဝါ) အကြောမှခန္ဓာထဲသွင်းခြင်းသည်ဘုရားပညတ်ကိုချိုးဖောက်ရာရောက် က. ၉:၃၊ ၄။ ဝတ်. ၁၇:၁၄။ တ. ၁၅:၂၈၊ ၂၉
အကျင့်သီလနှင့်ဆိုင်သောကျမ်းစာပညတ်တို့ကို နာခံရမည် ၁ ကော. ၆:၉၊ ၁၀။ ဟေဗြဲ ၁၃:၄။ ၁ တိ. ၃:၂။ သု. ၅:၁-၂၃
ဥပုသ်စောင့်ရန်ပညတ်ကို ဂျူးများအားသာပေးခဲ့၊ မောရှေပညတ်နှင့်အတူအဆုံးသတ် တရား. ၅:၁၅။ ထွ. ၃၁:၁၃။ ရော. ၁၀:၄။ ဂလ. ၄:၉၊ ၁၀။ ကော. ၂:၁၆၊ ၁၇
ဓမ္မဆရာအတန်းစားနှင့်ဘွဲ့ထူးဂုဏ်ထူးတို့သည် မသင့်လျော် မ. ၂၃:၈-၁၂၊ ၂၀:၂၅-၂၇။ ယောဘ ၃၂:၂၁၊ ၂၂
လူသည်ဆင့်ကဲဖြစ်လာခြင်းမဟုတ်၊ ဖန်ဆင်းခံရ ဟေရှာ. ၄၅:၁၂။ က. ၁:၂၇
ဘုရားဝတ်ပြုရေးတွင်လိုက်လျှောက်ရမည့်ပုံသက်သေကိုခရစ်တော်ချမှတ်ခဲ့ ၁ ပေ. ၂:၂၁။ ဟေဗြဲ ၁၀:၇။ ယော. ၄:၃၄၊ ၆:၃၈
ရေအောက်စုန်းစုန်းမြုပ်၍နှစ်ခြင်းခံခြင်းက ဆက်ကပ်အပ်နှံမှုကိုဖော်ပြ မာ. ၁:၉၊ ၁၀။ ယော. ၃:၂၃။ တ. ၁၉:၄၊ ၅
ခရစ်ယာန်တို့သည်ကျမ်းစာပါသမ္မာတရားကို လူများရှေ့သက်သေခံရမည် ရော. ၁၀:၁၀။ ဟေဗြဲ ၁၃:၁၅။ ဟေရှာ. ၄၃:၁၀-၁၂
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
မြေကြီးကို . . . ယေဟောဝါဖန်ဆင်း၍ . . . လူသားကစောင့်ရှောက်ကာ . . . ထာဝစဉ်နေထိုင်မည်
[Credit Line]
NASA photo