ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၀၆ စာ. ၄
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နဓ ၃/၀၆ စာ. ၄

မေးခွန်းသေတ္တာ

◼ အလှူဒါနအတွက် ရန်ပုံငွေစုနေပါက ထီလက်မှတ်များကို အပျော်တမ်းအနေနှင့် ခရစ်ယာန်တစ်ဦး ဝယ်သင့်ပါသလော။

ယေဟောဝါသည် “ပျော်ရွှင်တော်မူသော ဘုရားသခင်” ဖြစ်သောကြောင့် သမ္မာကျမ်းစာသည် လျောက်ပတ်သော အပန်းဖြေမှုကို မတားမြစ်ပါ။ (၁ တိ. ၁:၁၁၊ ကဘ) ကိုယ်တော့်လူမျိုးသည် တေးသံ၊ ဣန္ဒြေရှိသောအက၊ တော်ရုံသင့်ရုံ စားခြင်း၊ သောက်ခြင်း၊ မျှတမှုရှိသော အားကစားနှင့် အားကစားနည်းများတွင် ပါဝင်နိုင်ကြပါသည်။ (ဆာ. ၁၅၀:၄; ဒေ. ၂:၂၄) သို့ရာတွင် လောင်းကစားခြင်းသည် ဘုရားသခင်၏ပညာရှိသြဝါဒနှင့် လုံးလုံးဆန့်ကျင်ရာ ထီထိုးခြင်းသည်လည်း တတန်းတစားတည်းဖြစ်သည်။

ထီထိုးခြင်းသည် အတိအကျအားဖြင့် အဘယ်နည်း။ ဆုရရန် ကံစမ်းမဲလက်မှတ်များဝယ်ခြင်းဖြစ်သည်။ မဲနှိုက်ခြင်း သို့မဟုတ် အခြားနည်းတစ်မျိုးမျိုးဖြင့် နံပါတ်တစ်ခုကိုရွေးခြင်းဖြင့် ဆုရသူတို့ကို သတ်မှတ်ပေးသည်။ အများအားဖြင့် ဆုကြေးကြီးကြီးတစ်ခုရှိကာ ကျပ်ငွေသန်းပေါင်းများစွာရှိနိုင်သည်။ ဤမျှများသောဆုငွေကို မက်မောကြသဖြင့် ထီထိုးခြင်းသည် “အကျယ်ပြန့်ဆုံးသော လောင်းကစားနည်းတစ်မျိုး” ဖြစ်ချေပြီ။ (ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း) သန်းကုဋေချီလူတို့သည် ထီထိုးခြင်းဖြင့် လောင်းကစားကြသည်။

ထီလက်မှတ်တစ်စောင် (ကံစမ်းမှု) တန်ကြေးသည် အလွန်နည်းပြီး ယင်းကိုဝယ်သူများသည်လည်း မိမိသဘောနှင့်မိမိပြုရုံမက အမြတ်အစွန်းအချို့သည်လည်း ဆင်းရဲသူတို့ကိုကူညီပေးခြင်း အစရှိသည့် လှူဒါန်းရန်အတွက်ဖြစ်သောကြောင့် ထီလက်မှတ်ဝယ်ခြင်းသည် မမှားပါ သို့မဟုတ် မကောင်းမှုမဟုတ်ပါဟု အချို့သူတို့ ကျိုးကြောင်းဆင်ခြင်ခဲ့ကြပြီ။ ဤသို့ကျိုးကြောင်းဆင်ခြင်ခြင်းသည် မည်မျှခိုင်လုံသနည်း။

ထီလက်မှတ်ဝယ်ခြင်းသည် အကုန်အကျနည်းသည့် ပျော်ရွှင်နည်းတစ်မျိုးပါဟုဆိုကြငြား လောဘစိတ်ပါဝင်သည်ကိုကား ငြင်း၍မရချေ။ လူတို့သည် ဆုငွေများများရရန်မျှော်လင့်ချက်ဖြင့် ထီလက်မှတ်များဝယ်ကြသည်။ “ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရ” ရန် အတားအဆီးဖြစ်စေနိုင်သည်အထိ အပြစ်ကြီးလေးသည့် လောဘစိတ်မရှိရဟူသော ဘုရားသခင်၏သြဝါဒနှင့် အမှန်ပင်ဆန့်ကျင်နေသည်။ ထို့ကြောင့် လောင်းကစားခြင်းဖြင့် လောဘစိတ်အမြဲပြသောခရစ်ယာန်တစ်ဦးကို အသင်းတော်မှ နှင်ထုတ်ပစ်နိုင်ပါသည်။ (၁ ကော. ၅:၁၁; ၆:၁၀) သမ္မာကျမ်းစာက ဤသို့ဆိုသည်– “အစအဦး၌ လောဘအလိုက် ဥစ္စာပိုင်ရသော်လည်း အဆုံးတွင် အမင်္ဂလာတည်လိမ့်မည်။” (သု. ၂၀:၂၁၊ သမ) ခရစ်ယာန်တစ်ဦးသည် ထီလက်မှတ်တစ်စောင်ဝယ်ပြီး ‘ကံစမ်းကြည့်’ ရန် စဉ်းစားမိလျှင် ထီထိုးခြင်းအခြေခံသည့် လောဘစိတ်ကို အလေးအနက်စဉ်းစားသင့်သည်။ ခရစ်ယာန်တစ်ဦးသည် ပါဝင်ရန်နေနေသာသာ ‘လောဘလွန်ကျူးခြင်းကို စကားဖြင့်မျှ မဆက်ဆံကြနှင့်’ ဟု ဧဖက် ၅:၃ က ဆိုထားသည်။

ထီထိုးသူအများစုကို ဆင်းရဲသားရပ်ကွက်များတွင် တွေ့ရလေ့ရှိသည်။ ထို့ကြောင့် လက်မှတ်အဖိုးအခနည်းဦးတော့ မိသားစုတကယ်လိုအပ်သည့် စားဝတ်နေရေးနှင့် ဆေးဖိုးဝါးခအတွက် သုံးသင့်သောငွေသည် အခြားတစ်ဖက်သို့ ရောက်သွားနေခြင်းဖြစ်သည်။ ခရစ်ယာန်အမည်ခံပြီး မိသားစုလိုအပ်ရာများကို လျစ်လျူရှုသူသည် ‘မယုံကြည်သောသူထက် သာ၍ယုတ်မာ၏။’—၁ တိ. ၅:၈။

ထီလက်မှတ်အဖိုးအခသည် နည်းလွန်းလှသဖြင့် တစ်ဦးတစ်ယောက် သို့မဟုတ် မိသားစုအတွက်ငွေကို မထိခိုက်သည့်တိုင် အခြားသူတို့ကို ထိခိုက်မှုမဖြစ်စေဟု မဆိုနိုင်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ထီလက်မှတ်ဝယ်သူ မည်သူမဆို ဆုရချင်သူချည်းသာဖြစ်သည်။ သူရမည့်ဆုငွေသည် အဘယ်ကလာမည်နည်း။ အကယ်၍ ထီလက်မှတ်သည် တစ်ဆယ်ကျပ်ဖြစ်ပြီး ဆုငွေသည် ကျပ်တစ်သန်းဖြစ်လျှင် အခြားလူတစ်သိန်းမှ ထီလက်မှတ်ငွေကို သူယူလိုက်ခြင်းဖြစ်သည်။ ယင်းက သူတစ်ပါးပစ္စည်းကို မတပ်မက်ရဟူသော ဘုရားသခင့်သြဝါဒနှင့် ညီညွတ်ပါမည်လော။ (တရား. ၅:၂၁) အမှန်မှာ သူ၏ဆုငွေသည် ထိုထက်မကသောသူများ၏ငွေဖြစ်မည်။ အကြောင်းမှာ လက်မှတ်တစ်သိန်းထက်မက ရောင်းထုတ်ခဲ့ရမည်။ လက်မှတ်ရောင်းရသောငွေမှ အတော်များများကို စီမံကွပ်ကဲရေးကုန်ကျစရိတ်အတွက်သာမက ထီလက်မှတ်ရောင်းရခြင်း၏ အကြောင်းပြချက်ဖြစ်သော ရန်ပုံငွေအတွက်ပါ ပေးရကြမည်။ ထို့ကြောင့် မိမိလက်မှတ်အတွက် တစ်ဆယ်ကျပ်တတ်နိုင်ဦးတော့ အခြားများစွာသောသူတို့ကော။ ထို့ပြင် သူဆုငွေရခြင်းကို ကြေညာသည့်အခါ အခြားသူတို့လည်း ငွေမတတ်နိုင်ဘဲ ထီထိုးကြရန် တိုက်တွန်းခံရကြမည်။

ထီထိုးခြင်းသည် မကြိုးပမ်းဘဲ ဆုငွေရလိုသည့်စိတ်ဆန္ဒနှင့်လည်း ဆက်နွှယ်နေသည်ကို ငြင်း၍မရချေ။ မှန်ပါသည်၊ ထီထိုးခြင်းသည် ပျင်းရိခြင်းကိုအားပေးသည် သို့မဟုတ် ထိုသို့ဖြစ်ရန် သွေးဆောင်သည်။ သို့သော် သမ္မာကျမ်းစာက ဘုရားသခင့်လူမျိုးသည် ချွေတာရမည်၊ ဝီရိယရှိရမည်၊ အလုပ်ကြိုးစားရမည်ဟု တိုက်တွန်းထားသည်။ ‘အလကားရယူ’ စိတ်ထားမွေးစေမည့်အစား “အလုပ်မလုပ်ချင်သောသူ မည်သည်ကား အစာကိုလည်း မစားစေနှင့်” ဟုမှာကြားထားသည်။—၂ သက်. ၃:၁၀; သု. ၁၃:၄; ၂၀:၄; ၂၁:၂၅; ၁ သက်. ၄:၉-၁၂။

အခြားသောသူတို့သည် ကိုယ့်သဘောနှင့်ကိုယ် ထီထိုးကြသည်၊ ယင်းသည် တရားဝင်ဖြစ်ခြင်းက ခရစ်ယာန်များ ၎င်းတွင် ပါဝင်ရန် ခိုင်လုံသောအကြောင်းပြချက် မဟုတ်ပါ။ အစိုးရတချို့သည် အခြားလောင်းကစားနည်းများကိုသာမက ပြည့်တန်ဆာလုပ်ငန်းနှင့် လင်ပြိုင်မယားပြိုင်ထားခြင်းကို တရားဝင်ခွင့်ပြုထားသည်။ ဤသို့သောအပြုအမူများ တရားဝင်၍ များစွာသောသူတို့ လိုလိုလားလားပြုလုပ်နေကြဦးတော့ ယင်းလုပ်ရပ်များသည် ဘုရားသခင့်ရှေ့တော်တွင် သင့်တော်လျောက်ပတ်သည်ဟုမဆိုနိုင်ပေ။ ယင်းအစား ခရစ်ယာန်များသည် ဒါဝိဒ်ကဲ့သို့ရှုမြင်ရန် ကြိုးစားကြသည်– “အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍ ခရီးတော်တို့ကို သွန်သင်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားကိုပြ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏။”—ဆာ. ၂၅:၄၊ ၅။

ခရစ်ယာန်တစ်ဦးသည် ဆင်းရဲသူ၊ ချို့တဲ့သူ၊ သက်ကြီးရွယ်အိုတို့ကို တကယ်ကူညီပေးလိုလျှင် ကိုယ်ထိလက်ရောက်ကူညီပေးနိုင်ပါသည်၊ သို့မဟုတ် လောင်းကစားမှုမပါသည့်နည်းမျိုးဖြင့် ကူညီပေးနိုင်ပါသည်။

ထီဟုကျယ်ကျယ်ပြန့်ပြန့် သိသော်လည်း၊ ဤလောင်းကစားမှုမျိုးကို လောင်းကြေး၊ အောင်ဘာလေထီ၊ ကံစမ်းမဲ၊ သို့မဟုတ် အခြားဒေသခံနာမည်ဖြင့်လည်း ခေါ်ပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ