ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
    • ထိုင်နေတဲ့ ယေဟောဝါ” နဲ့ “ဘုရားရဲ့ ပတ်လည်မှာ သရပ်တွေ ရပ်နေ” တဲ့ စိတ်အာရုံကို ဟေရှာယ မြင်ရပြီးနောက် အခုလိုပြောခဲ့တယ်– “ငါတော့ အဖြစ်ဆိုး ကြုံရတော့မှာပဲ။ သေတော့မှာပဲ။ ညစ်ညူးတဲ့ နှုတ်ခမ်း ရှိရုံမက ညစ်ညူးတဲ့ နှုတ်ခမ်း ရှိသူတွေကြားမှာ နေထိုင်လျက်သားနဲ့ ဗိုလ်ခြေတို့ရဲ့အရှင်၊ ဘုရင်ယေဟောဝါကို မျက်စိနဲ့ တပ်အပ်မြင်လိုက်ရပြီ။” မှန်ပါတယ်။ ယေဟောဝါ့အဖွဲ့အစည်းရဲ့ ကျယ်ပြန့်မှုကို ဟေရှာယ နားလည်လာတဲ့အခါ အံ့သြထိတ်လန့်ပြီး ပိုနှိမ့်ချသွားတယ်။ အဲဒီအတွေ့အကြုံက သူ့အပေါ် အကြီးအကျယ် အကျိုးသက်ရောက်ခဲ့တယ်။ ယေဟောဝါရဲ့ တရားစီရင်ချက်တွေအကြောင်း ကြေညာရမယ့် အထူးလုပ်ငန်းအတွက် ဖိတ်ခေါ်သံကြားတဲ့အခါ “ကျွန်တော် ရှိပါတယ်။ ကျွန်တော့်ကို စေလွှတ်ပါ” လို့ တုံ့ပြန်ခဲ့တယ်။—ဟေရှာ. ၆:၁-၅၊ ၈။

      ၁၃ ယေဟောဝါရဲ့ လူမျိုးလည်း အဖွဲ့အစည်းအကြောင်း သိရှိပြီး တန်ဖိုးထား လေးမြတ်လာတဲ့အခါ ဟေရှာယလို တုံ့ပြန်ဖို့ လှုံ့ဆော်ခံရတယ်။ ရှေ့ကို တိုးတက်နေတဲ့ အဖွဲ့အစည်းနဲ့အတူ အမီလိုက်ဖို့၊ ဒီနေ့ခေတ် ယေဟောဝါရဲ့ အဖွဲ့အစည်းကို ယုံကြည်စိတ်ချကြောင်း တင်ပြဖို့ ကျွန်တော်တို့ ကြိုးစားနေကြတယ်။

      ရှေ့ကို တိုးတက်နေတဲ့ ယေဟောဝါရဲ့ အဖွဲ့အစည်း

      ၁၄ ယေဇကျေလ အခန်းကြီး ၁ မှာ ယေဟောဝါကို ဧရာမ ကောင်းကင်ရထား မောင်းနှင်သူအဖြစ် သရုပ်ဖော်ထားတယ်။ အရောင်အဝါ တောက်ပနေတဲ့ အဲဒီရထားဟာ ယေဟောဝါ့အဖွဲ့အစည်းရဲ့ မမြင်နိုင်တဲ့ အပိုင်းကို ပုံဆောင်တယ်။ အဖွဲ့အစည်းကို ဘုရားသခင် မေတ္တာပါပါ လမ်းညွှန်နေတာ၊ မိမိရည်ရွယ်ချက်နဲ့အညီ အသုံးပြုနေတာဟာ အဲဒီရထားကို မောင်းနှင်နေတဲ့သဘော ဖြစ်တယ်။—ဆာ. ၁၀၃:၂၀။

      ၁၅ အဲဒီရထားရဲ့ ဘီးတစ်ဘီးစီထဲမှာ သူနဲ့ အချင်းတူတဲ့ နောက်ဘီးတစ်ဘီး ကန့်လန့်ဖြတ် တည်ရှိတယ်။ အဲဒါကြောင့် ဘီးတွေဟာ “ဘယ်အရပ်မျက်နှာမဆို သွားနိုင်” တယ်။ (ယေဇ. ၁:၁၇) ချက်ချင်း လမ်းကြောင်း ပြောင်းနိုင်တယ်။ ဒါပေမဲ့ ဒီရထားဟာ ထိန်းချုပ်မှု မရှိတာ၊ အသိဉာဏ်ရှိသူရဲ့ ကြီးကြပ်မှု မရှိတာ မဟုတ်ဘူး။ ယေဟောဝါက မိမိအဖွဲ့အစည်းကို သွားချင်တဲ့ဘက် ထင်တိုင်း သွားဖို့ ခွင့်မပြုဘူး။ ‘စွမ်းအားတော် သွားစေချင်တဲ့ နေရာကို သူတို့ သွားကြတယ်’ ဆိုပြီး ယေဇကျေလ ၁:၂၀ မှာ ပြောထားတယ်။ ဒါကြောင့် မိမိသွားလိုရာဘက် သွားဖို့ အဖွဲ့အစည်းကို စွမ်းအားတော်အားဖြင့် လမ်းညွှန်နေသူဟာ ယေဟောဝါပဲ။ “အဲဒီအဖွဲ့အစည်းနဲ့အတူ ငါ အမီလိုက်နေသလား” လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မေးရမယ်။

      ၁၆ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့အတူ အမီလိုက်နေခြင်းမှာ အစည်းအဝေး တက်ရုံ၊ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ရုံထက်မက ပါဝင်တယ်။ အဓိကအားဖြင့် အမီလိုက်နေခြင်းဟာ ဘုရားရေးရာဘက် တိုးတက်နေတာနဲ့ သက်ဆိုင်တယ်။ ကျွန်တော်တို့က “ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ” ရမယ်။ အချိန်တန် ပြင်ဆင်ပေးတဲ့ ကျမ်းစာဆိုင်ရာ နောက်ဆုံးအချက်အလက်တွေနဲ့အညီ ဖြစ်ရမယ်။ (ဖိ. ၁:၁၀။ ၄:၈၊ ၉။ ယော. ၁၇:၃) ဒီ့အပြင် အဖွဲ့အစည်း ရှိတယ်ဆိုကတည်းက ကောင်းမွန်တဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းလုပ်ဆောင်မှု ရှိလို့ ဆိုတာကိုလည်း အမှတ်ရနေရမယ်။ ဒါကြောင့် ယေဟောဝါ အပ်နှင်းထားတဲ့ အလုပ် ပြီးစီးအောင် ကိုယ့်ရဲ့ အချိန်၊ ခွန်အား၊ အစွမ်းအစနဲ့ ဥစ္စာပစ္စည်းတွေကို အကောင်းဆုံး အသုံးပြုဖို့ အရေးကြီးမှန်း သိနားလည်ရမယ်။ ယေဟောဝါရဲ့ ကောင်းကင်ရထားနဲ့ အမီလိုက်နေတဲ့အခါ ကျွန်တော်တို့ရဲ့ အသက်တာဟာ ကိုယ်ဟောပြောတဲ့ သတင်းတရားနဲ့ ကိုက်ညီနေပါတယ်။

      ၁၇ ယေဟောဝါ့အဖွဲ့အစည်းရဲ့ အကူအညီအားဖြင့် ကျွန်တော်တို့ဟာ ဘုရားသခင့် အလိုတော် ထမ်းဆောင်ရာမှာ ရှေ့ကို တိုးတက်နေကြတယ်။ ဒီကောင်းကင်ရထားကို မောင်းနှင်နေသူဟာ ယေဟောဝါ ဖြစ်မှန်း သတိရပါ။ ဒါကြောင့် ကောင်းကင်ရထားနဲ့ အမီလိုက်နေခြင်းက ယေဟောဝါကို ရိုသေလေးစားမှန်း၊ ကျွန်တော်တို့ရဲ့ ကျောက်ဆောင်အဖြစ် ယုံကြည်အားကိုးမှန်း ဖော်ပြတယ်။ (ဆာ. ၁၈:၃၁) “လူမျိုးတော်ကို ယေဟောဝါ အစွမ်းခွန်အား ပေးလိမ့်မယ်။ ငြိမ်သက်ခြင်းကောင်းချီးကို ယေဟောဝါ ပေးလိမ့်မယ်” လို့ ကျမ်းစာမှာ ကတိပေးထားတယ်။ (ဆာ. ၂၉:၁၁) ဒီနေ့အချိန်မှာ ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ အဖွဲ့အစည်းအဝင် ဖြစ်တာကြောင့် ဖွဲ့စည်းထားတဲ့ လူမျိုးကို ဘုရား ပေးတဲ့ အစွမ်းခွန်အားနဲ့ ငြိမ်သက်ခြင်း ခံစားနေရတယ်။ မှန်ပါတယ်။ ဒီနေ့ရော နောင်ထာဝစဉ်ပါ ယေဟောဝါရဲ့ အလိုတော်ကို ထမ်းဆောင်ခြင်းအားဖြင့် ကြွယ်ဝတဲ့ ကောင်းချီးတွေ ဆက်ခံစားရမယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်ပါတယ်။

  • ဘုရားသခင့် အစီအစဉ်မှာ ခရစ်တော်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်း
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
    • အခန်း ၂

      ဘုရားသခင့် အစီအစဉ်မှာ ခရစ်တော်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်း

      “အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်း” ပြီး ဖန်ဆင်းသမျှ “သိပ်ကောင်း” တယ်။ (က. ၁:၁၊ ၃၁) ယေဟောဝါဟာ လူသားတွေကို သိပ်ကောင်းတဲ့ အနာဂတ် မျှော်လင့်ချက်တွေနဲ့ ဖန်ဆင်းခဲ့ပေမဲ့ ဧဒင်မှာ ပေါ်ပေါက်ခဲ့တဲ့ ပုန်ကန်မှုကြောင့် လူသားတွေရဲ့ ပျော်ရွှင်စရာ အခြေအနေ ခဏတစ်ဖြုတ် ပျက်ပြားသွားခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာမြေနဲ့ရော လူသားတွေနဲ့ပါ ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက်ကတော့ မပြောင်းလဲဘူး။ အာဒံရဲ့ နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်တွေ ကယ်တင်ခံရမယ့်အကြောင်း ဘုရားသခင် ကြိုပြောခဲ့တယ်။ စစ်မှန်တဲ့ ဝတ်ပြုရေး ပြန်ပေါ်လာပြီး ဆိုးညစ်သူနဲ့အတူ သူ့ရဲ့မကောင်းမှုအားလုံးကို ဘုရားသခင် ဖျက်ဆီးပစ်ပါလိမ့်မယ်။ (က. ၃:၁၅) အဲဒီအခါ အရာအားလုံးဟာ ပြန်ပြီး “သိပ်ကောင်း” လာပါလိမ့်မယ်။ သားတော် ယေရှုခရစ်အားဖြင့် အဲဒီအရာတွေကို ယေဟောဝါ အကောင်အထည် ဖော်ပါလိမ့်မယ်။ (၁ ယော. ၃:၈) ဒါကြောင့် ဘုရားသခင့် အစီအစဉ်မှာ ခရစ်တော်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့ သိပ်အရေးကြီးပါတယ်။—တ. ၄:၁၂။ ဖိ. ၂:၉၊ ၁၁။

      ခရစ်တော်ရဲ့ အခန်းကဏ္ဍက ဘာလဲ

      ၂ ဘုရားသခင့် အစီအစဉ်မှာ ပါဝင်တဲ့ ခရစ်တော်ရဲ့ အခန်းကဏ္ဍဟာ အသွင်အမျိုးမျိုး ရှိတယ်။ ယေရှုဟာ လူသားတွေရဲ့ ရွေးနုတ်ရှင်၊ ပုရောဟိတ်မင်း၊ ခရစ်ယာန် အသင်းတော်ရဲ့ ဦးခေါင်းနဲ့ အခုအချိန်မှာ ဘုရားသခင့် နိုင်ငံတော်ဘုရင်အဖြစ် အမှုဆောင်နေတယ်။ အဲဒီအခန်းကဏ္ဍတွေအကြောင်း စဉ်းစားတွေးတောတဲ့အခါ ဘုရားသခင့် အစီအစဉ်ကို ကျေးဇူးတင်လေးမြတ်စိတ်၊ ခရစ်တော်ယေရှုကို ချစ်တဲ့စိတ် တိုးများလာတယ်။ ယေရှုရဲ့ အခန်းကဏ္ဍ အမျိုးမျိုးအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။

      ယေရှုဟာ လူသားတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံလာရေးမှာ အဓိကကျသူ ဖြစ်တယ်

      ၃ နာခံတဲ့ လူသားတွေဟာ ယေရှုအားဖြင့် ဘုရားသခင်နဲ့ ပြန်သင့်မြတ်လာမယ်ဆိုတာ ခရစ်တော်ရဲ့ မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း ထင်ရှားလာတယ်။ (ယော. ၁၄:၆) ယေရှုဟာ လူသားတွေရဲ့ ရွေးနုတ်ရှင်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် လူအများအတွက် ရွေးဖိုးအဖြစ် ပေးဆက်ခဲ့တယ်။ (မ. ၂၀:၂၈) ဒါကြောင့် ယေရှုဟာ ဘုရားရေးရာ အကျင့်အကြံပိုင်းမှာ စံတင်ထိုက်သူ တစ်ယောက်လောက်ပဲ မဟုတ်ဘူး။ လူသားတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံလာရေးမှာ အဓိကကျသူ ဖြစ်တယ်။ ယေရှုအားဖြင့်သာ ဘုရားသခင့် မျက်နှာသာ ပြန်ရနိုင်မယ်။ (တ. ၅:၃၁။ ၂ ကော. ၅:၁၈၊ ၁၉) ပူဇော်သက္ကာအဖြစ် ယေရှု သေဆုံးပြီး ထမြောက်လာတဲ့အတွက် နာခံတဲ့ လူသားတွေ ဘုရားသခင့် ကောင်းကင်နိုင်ငံတော်အောက်မှာ ထာဝရ ကောင်းချီးတွေ ခံစားရဖို့ လမ်းပွင့်လာတယ်။

      ၄ ပုရောဟိတ်မင်းအနေနဲ့ ယေရှုဟာ မြေကြီးပေါ်မှာရှိတဲ့ ဆက်ကပ်အပ်နှံ နောက်လိုက်တွေရဲ့ ‘အားနည်းချက်တွေကို စာနာ’ ပေးနိုင်ပြီး အပြစ်တွေကို ခွင့်လွှတ်ပေးနိုင်တယ်။ “အဲဒီပုရောဟိတ်မင်းက ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို မစာနာနိုင်တဲ့သူ မဟုတ်ဘူး။ ကျွန်တော်တို့လိုပဲ အဘက်ဘက်မှာ စမ်းသပ်ခံရတဲ့သူပဲ။ ဒါပေမဲ့ အပြစ်တစ်ခုမှ မကျူးလွန်ခဲ့ဘူး” လို့ တမန်တော် ပေါလု ပြောတယ်။ အဲဒီနောက် ဘုရားသခင်နဲ့ ပြန်သင့်မြတ်စေတဲ့ အစီအစဉ်ကနေ အကျိုးအပြည့်အဝ ရယူဖို့ ယေရှုအပေါ် ယုံကြည်သူတွေကို အခုလိုအားပေးခဲ့တယ်– “ဒါကြောင့် မဟာကရုဏာပြတဲ့ ဘုရားသခင်ရဲ့ ပလ္လင်အနားကို သွားကြစို့၊ ရဲရဲဝံ့ဝံ့ ပြောဆိုခွင့်ကို သုံးပြီး ဆုတောင်းကြစို့။ အဲဒီလိုလုပ်ရင် အကူအညီ လိုအပ်ချိန်မှာ သနားကြင်နာမှုနဲ့ မဟာကရုဏာကို ခံစားရလိမ့်မယ်။”—ဟီ. ၄:၁၄-၁၆။ ၁ ယော. ၂:၂။

      ၅ ယေရှုဟာ ခရစ်ယာန် အသင်းတော်ရဲ့ ဦးခေါင်းလည်း ဖြစ်တယ်။ ပထမရာစု နောက်လိုက်စစ်တွေလိုပဲ ကျွန်တော်တို့လည်း လူသားခေါင်းဆောင် မလိုဘူး။ ယေရှုဟာ သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့်၊ အရည်အချင်းရှိ လက်ထောက်သိုးထိန်းတွေကတစ်ဆင့် လမ်းညွှန်ချက်တွေ ပေးနေတယ်။ သူတို့ဟာ ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းပုံနဲ့ပတ်သက်ပြီး ကောင်းကင်ဖခင်ရှေ့၊ ယေရှုရှေ့ စာရင်းရှင်းရမယ့်သူတွေ ဖြစ်တယ်။ (ဟီ. ၁၃:၁၇။ ၁ ပေ. ၅:၂၊ ၃) ယေရှုနဲ့ပတ်သက်

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ