-
ပရိသတ်အားပေးခံရခြင်းနှင့် ခွန်အားရှိစေခြင်းသီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
-
-
ယခုပင် ဘုရားသခင်လုပ်ဆောင်နေသည့်အရာ၌ နှစ်ခြိုက်မှုကိုပြပါ။ ညီအစ်ကိုများကို အားပေးရန် ကြိုးစားသည့်အခါ ယခုတွင်ပင် ယေဟောဝါလုပ်ဆောင်နေသည့်အရာကို အာရုံစူးစိုက်စေပါ။ ထိုအရာများသည် သင့်အား နှစ်ခြိုက်စေကြောင်းပြသည့်နည်းဖြင့် ပြောဆိုခြင်းက နားထောင်သူများ၏နှလုံးတွင် အလားတူခံစားမှုများကို ဖြစ်ပေါ်လာစေပါမည်။
ဘဝ၏ဖိစီးမှုများကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့အား ယေဟောဝါ မည်သို့ကူညီပေးပုံကို သုံးသပ်ပါ။ အကောင်းဆုံးအသက်ရှင်နေထိုင်နည်းကို ကျွန်ုပ်တို့အား ကိုယ်တော်ပြသတော်မူသည်။ (ဟေရှာ. ၃၀:၂၁) ရာဇဝတ်မှု၊ တရားမမျှတမှု၊ ဆင်းရဲမှု၊ ဖျားနာမှုနှင့် သေခြင်း၏အကြောင်းရင်းများကို ရှင်းပြပေးကာ ထိုအရာအားလုံးတို့ကို မည်သို့အဆုံးတိုင်စေမည်ဖြစ်ကြောင်း ဖော်ပြတော်မူသည်။ ကိုယ်တော်သည် မေတ္တာရှိသော ညီအစ်ကိုအသင်းအပင်းဖြင့် ကျွန်ုပ်တို့အား ဝန်းရံထားတော်မူသည်။ တန်ဖိုးရှိလှသော ဆုတောင်းခြင်းအခွင့်ထူးကို ကျွန်ုပ်တို့အား ပေးအပ်တော်မူသည်။ ကိုယ်တော်၏သက်သေများ ဖြစ်ခြင်းအခွင့်ထူးကို ကျွန်ုပ်တို့အား အပ်နှင်းထားသည်။ ခရစ်တော်သည် ကောင်းကင်၌ နန်းထိုင်ပြီဖြစ်ကြောင်းနှင့် စနစ်ဟောင်း၏နောက်ဆုံးနေ့ရက်များသည် လျင်မြန်စွာပင် အဆုံးတိုင်နေကြောင်း တွေ့မြင်ရန် ကျွန်ုပ်တို့၏မျက်စိကို ဖွင့်လှစ်ပေးတော်မူသည်။—ဗျာ. ၁၂:၁-၁၂။
ထိုကောင်းချီးများအပြင် ကျွန်ုပ်တို့၏ အသင်းတော်အစည်းအဝေးများ၊ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများကို ထပ်ဆင့်လိုက်ပါ။ ဤပြင်ဆင်ပေးချက်များကို တကယ်တန်ဖိုးထားသည့်နည်းဖြင့် သင်ပြောဆိုသည့်အခါ မိမိတို့၏ညီအစ်ကိုများနှင့်အတူ စုဝေးခြင်းကို လျစ်လျူမရှုရန်ဟူသည့် အခြားသူများ၏ဆုံးဖြတ်ချက်ကို ခိုင်ခံ့စေပါမည်။—ဟေဗြဲ ၁၀:၂၃-၂၅။
အလားတူပင် လယ်ကွင်းဓမ္မအမှု၌ ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများအပေါ် ယေဟောဝါ ကောင်းချီးပေးနေကြောင်း သက်သေထူသည့် မှတ်တမ်းများက ခွန်အားရင်းမြစ်တစ်ခုဖြစ်သည်။ ပထမရာစုတွင် ပေါလုနှင့်ဗာနဗတို့သည် ယေရုရှလင်မြို့သို့အသွား လူတို့ ဘာသာပြောင်းလာခြင်းကိစ္စကို အသေးစိတ် ပြောပြခြင်းအားဖြင့် “ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြသည်။” (တ. ၁၅:၃) အသင်လည်း ညီအစ်ကိုများအား တည်ဆောက်မှုဖြစ်စေသော တွေ့ကြုံမှုများ ဝေမျှပေးခြင်းဖြင့် သူတို့ကို ရွှင်လန်းစေနိုင်ပါသည်။
လူတို့သည် သူတို့လုပ်ဆောင်ရာ၏တန်ဖိုးကို တွေ့မြင်ရန် ကူညီပေးခံရခြင်းက နောက်ထပ်အားပေးမှုတစ်ခု ဖြစ်စေမည်။ ခရစ်ယာန်ဓမ္မအမှုတွင် သူတို့ပါဝင်နေကြသည့်အတွက် သူတို့ကို ချီးမွမ်းပါ။ မိမိတို့၏လုပ်ဆောင်မှုသည် အသက်အရွယ်ကြီးရင့်မှုနှင့် ဖျားနာမှုကြောင့် အလွန်အမင်း ကန့်သတ်ခံရသော်လည်း သစ္စာရှိရှိ ခံနိုင်ရည်တင်ပြကြသူများကို ချီးမွမ်းပါ။ ကိုယ်တော့်နာမအတွက် သူတို့တင်ပြခဲ့ကြသည့်မေတ္တာကို ယေဟောဝါမမေ့ကြောင်း သူတို့ကို ပြန်သတိရစေပါ။ (ဟေဗြဲ ၆:၁၀) စမ်းသပ်မှုအောက် သက်သေထူခဲ့သော ယုံကြည်ခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့် ပိုင်ဆိုင်ရာတစ်ခုဖြစ်သည်။ (၁ ပေ. ၁:၆၊ ၇) ကျွန်ုပ်တို့၏ညီအစ်ကိုများအား ယင်းကို ပြန်သတိရစေဖို့လိုအပ်သည်။
ရှေ့တွင်ရှိမျှော်လင့်ချက်ကို ခံစားမှုဖြင့် ပြောဆိုပါ။ ပြည့်စုံလာမည့် မှုတ်သွင်းခံကတိတော်များသည် ဘုရားသခင်အား ချစ်မြတ်နိုးကြသူမှန်သမျှအတွက် အဓိက အားပေးရာရင်းမြစ်တစ်ခုဖြစ်သည်။ ပရိသတ်တွင်ရှိကြသူအများစုသည် ဤအသုံးအနှုန်းများကို မကြာခဏ ကြားခဲ့ကြပေမည်။ သို့ရာတွင် ဤကတိတော်များအကြောင်း သင်ပြောဆိုသည့်အခါ သင်တင်ပြသောလေးမြတ်မှုအားဖြင့် ၎င်းတို့ကို အသက်ဝင်စေနိုင်၍၊ ယင်းတို့၏ပြည့်စုံမှုကို ယုံကြည်စိတ်ချစေကာ နှလုံးတွင် ကျေးဇူးတင်စိတ်ဖြင့် ပြည့်လျှံစေသည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် သင်ယူခဲ့ရာကို လက်တွေ့ကျင့်သုံးခြင်းသည် ယင်းကိုလုပ်ဆောင်ရန် ကူညီပေးနိုင်ပါသည်။
ယေဟောဝါကိုယ်တော်တိုင်သည် မိမိလူမျိုးတော်၏ ကြီးမြတ်သောအားပေးရှင်နှင့် ခွန်အားပေးရှင် ဖြစ်တော်မူ၏။ သို့တိုင် ထိုသို့သောကောင်းချီးများကို ဖော်ပြရာတွင် ကိုယ်တော်နှင့်အတူ သင်ပူးပေါင်းဆောင်ရွက်နိုင်သည်။ အသင်းတော်၌ ဟောပြောသည့်အခါ ယင်းအခွင့်အရေးကို ကောင်းစွာအသုံးချပါ။
-
-
ဆက်လက်တိုးတက်နေခြင်းသီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
-
-
ဆက်လက်တိုးတက်နေခြင်း
ဤကျောင်းအစီအစဉ်ရှိ သွန်သင်ချက်တစ်ခုစီကို ကိုယ်တိုင်ကိုယ်ကျ ကြိုးစားလုပ်ဆောင်ခဲ့ပြီလော။ ပြောထားသည့် လေ့ကျင့်ခန်းများကိုလည်း သင်ပြီးစီးခဲ့ပြီလော။ ဟောပြောချက်ပေးနေချိန်၊ ကျောင်းတွင်ဖြစ်စေ၊ အခြားသောအစည်းအဝေးများ၌ဖြစ်စေ၊ လယ်ကွင်းဓမ္မအမှုတွင် ပါဝင်နေချိန်၌ အချက်တစ်ချက်စီကို သင်လက်တွေ့ကျင့်သုံးနေပါသလော။
သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ ဆက်၍အကျိုးရယူပါ။ သင်သည် မည်မျှကြာကြာ ဟောပြောချက်များပေးလာခဲ့သည်ဖြစ်ပါစေ သင့်တွင် ထပ်ဆင့်တိုးတက်နိုင်သည့် ကဏ္ဍများရှိပါသည်။
-