သီချင်း ၁၀၂
ရှင်ပြန်ထမြောက်ခြင်း၏ ရွှင်လန်းမှု
၁။ လာဇရု၊
အေးမြဂူသင်္ချိုင်း၌အိပ်ရ၊
ဘယ်သူမကယ်နိုင်အစ်မများ
ငိုကြွေးကြ
မိတ်ဆွေကြီးခရစ်ယေရှု
ကြိုတင်ရောက်နှင့်လာ၊
ဟေးဒီးစ်၏တံခါးကို
မကျော်ထိုလူနာ
ခရစ်ယေရှုကျယ်သော
သံနှင့်ထိုခါ၊
သေလွန်နေသူအားပြော
“လာဇရု”၊ထွက်လာ
သင်္ချိုင်းဝတ်စုံရှိငြား
လာဇရုထလာ၊
အိုကြီးစွာရွှင်လန်းကြ
မိတ်ဆွေများတို့က
၂။ မျှော်နေသူများယေရှု
သေ၍စိတ်ပျက်ကြ၊
လွတ်မြောက်တော့မည် ထင်၍
ထိုသို့မဖြစ်ရ
ဝမ်းနည်းစွာယေရှုကိုဂူတွင်း၌ချထား၊
ဘယ်မျှစိတ်ပျက်ဝမ်းနည်း
မှောင်ရိပ်ကျရောက်ငြား
သို့သော် ဟေးဒီးစ်
တံခါးရက်ရှည်ပိတ်မထား၊
သုံးရက်အတွင်း
ထမြောက်စေတော်မူသောအား
ကိုယ်တော်ရောက်လာ
ဘယ်မျှတိုင်ပျော်တပည့်များ၊
သေခြင်းနှင့်
ဟေးဒီးစ်သော့ပေးအပ်
ကိုယ်တော်အား
၃။ အာဒံအပြစ်ဧဒင်၌
သေခြင်းရောက်စေ၊
သို့သော်သေသူများပြန်ထ
ခရစ်တော်ကြောင့်ပေ
ဟေးဒီးစ်ရှိသေသူများ
ကိုယ်တော်အသံကြား၊
ချိန်တန်သော်
ထွက်လာသက်ရှင်ဝမ်းမြောက်တအား
ဖြူစင်ပလ္လင်ရှေ့
သူတို့စီရင်ခံထား၊
နိုင်ငံတော်အလင်းဖြင့်
ပြသောအမှုများ
အသက်စာစောင်စာရင်း
ပါဝင်သူတို့မှာ၊
မြေကြီးသစ်တွင်
နေထိုင်ဒုက္ခများကင်းစွာ