ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၀၉ စာ. ၅
  • ယေဟောဝါကို နေ့စဉ်ချီးမွမ်းပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို နေ့စဉ်ချီးမွမ်းပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှိုးဆော်သံကို နေ့စဉ်ထုတ်ဆင့်ပါ—တစ်နေ့ ပြီးတစ်နေ့ ယေဟောဝါကို ဝမ်းမြောက်စွာ ချီးမွမ်းလော့!
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ငါတို့ဘုရား ယေဟောဝါအားချီးမွမ်းကြ
    ယေဟောဝါအား တေးသီကျူးကြ
  • တို့ဘုရား ယေဟောဝါကို ချီးမွမ်းကြ
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
  • လူငယ်တို့၊ ယေဟောဝါအား ချီးမွမ်းကြလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၇/၀၉ စာ. ၅

ယေဟောဝါကို နေ့စဉ်ချီးမွမ်းပါ

၁။ ဘုရားသခင့်ကျေးကျွန်များသည် အဘယ်အရာလုပ်ဆောင်ရန် လှုံ့ဆော်ခံရသနည်း၊ အဘယ်ကြောင့်နည်း။

၁ ဘုရင်ဒါဝိဒ်သည် ယေဟောဝါကို “နေ့တိုင်း၊” အစဉ်အမြဲပင် ချီးမွမ်းလိုသည့် သူ့စိတ်ပိုင်းဖြတ်ချက်ကို ဖော်ပြခဲ့သည်။ (ဆာ. ၁၄၅:၂၊ ၇၊ ၂၁) ကျွန်ုပ်တို့တွင်လည်း ယေဟောဝါကို နေ့စဉ်ချီးမွမ်းရန် အကြောင်းကောင်းရှိပါသည်။—ဆာ. ၃၇:၁၀; ၁၄၅:၁၄၊ ၁၈; ၂ ပေ. ၃:၁၃။

၂။ မိသားစုများစွာသည် ယေဟောဝါကို နေ့စဉ် မည်သို့ချီးမွမ်းနိုင်ကြသနည်း။

၂ ကျွန်ုပ်တို့၏အိမ်တွင်– နေ့စဉ်ကျမ်းချက် သုံးသပ်ချိန်၊ မိသားစုဝတ်ပြုမှုပြုလုပ်ချိန်နှင့် အသင်းတော်အစည်းအဝေးများအတွက် ပြင်ဆင်ချိန်တို့တွင် ဘုရားသခင်၊ သမ္မာကျမ်းစာနှင့်ပတ်သက်၍ ဆွေးနွေးရန် ကျွန်ုပ်တို့အား ထောက်ကူပေးသည့် တည်ဆောက်မှုဖြစ်စေသောစာပေများ ကျွန်ုပ်တို့တွင်ရှိပါသည်။ မိသားစုများစွာသည် နေ့စဉ် အနည်းဆုံးထမင်းတစ်နပ်ကို အတူတကွစားသုံးသည့်အကျင့် ပြုလုပ်ကြသည်။ ယင်းသို့ပြုလုပ်ခြင်းက အေးအေးဆေးဆေးနှင့် စိတ်လက်ပေါ့ပါးစွာ စကားစမြည်ပြောဆိုနိုင်စေပြီး ယေဟောဝါကိုချီးမွမ်းရန် အခွင့်အလမ်းများရရှိစေသည်။ မိဘများ အစပြုလုပ်ဆောင်သည့် ယင်းသို့သောဆွေးနွေးမှုများသည် သူတို့၏သားသမီးများကို “ယေဟောဝါဘုရား၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း မွေးမြူ” ရာတွင် အရေးပါသောအထောက်အကူတစ်ခု ဖြစ်နိုင်ပါသည်။—ဧ. ၆:၄; တရား. ၆:၅-၇။

၃။ ကျွန်ုပ်တို့၏ ညီအစ်ကိုများနှင့်အတူရှိချိန်တွင် ယေဟောဝါကိုချီးမွမ်းရန် အဘယ်အခွင့်အရေးများ ကျွန်ုပ်တို့တွင်ရှိသနည်း။

၃ ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့်အတူ– လယ်ကွင်းလုပ်ငန်းတွင် ပါဝင်သောအခါ သို့မဟုတ် အသင်းတော်အစည်းအဝေးများကို တက်ရောက်သောအခါ ယုံကြည်သူချင်းများနှင့်အတူ ယေဟောဝါကို ချီးမွမ်းရန် အလွန်ကောင်းမွန်သည့်အခွင့်အရေးများ ကျွန်ုပ်တို့တွင်ရှိသည်။ (သု. ၁၅:၃၀; ဖိ. ၄:၈; ဟေဗြဲ ၁၃:၁၅) ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါကို ချစ်သောကြောင့် တစ်ဦးနှင့်တစ်ဦးစကားပြောဆိုချိန်တွင် ယေဟောဝါ၏ကောင်းမြတ်မှုအတွက် ကျေးဇူးတင်ကြောင်း စိတ်ရင်းမှန်ဖြင့် ထည့်သွင်းပြောဆိုဖို့ မခက်သင့်ချေ။—ဆာ. ၁၀၆:၁။

၄။ သင်သည် အခြားအဘယ်အခြေအနေများတွင် ယေဟောဝါကို ချီးမွမ်းနိုင်သေးသနည်း။

၄ မယုံကြည်သူများနှင့်စကားပြောဆိုချိန်တွင်– လူထုဓမ္မအမှုလုပ်ငန်းတွင် နေ့စဉ်ပါဝင်ရန် အခြေအနေက ခွင့်မပြုသော်လည်း အလုပ်ဖော်များ၊ ကျောင်းနေဖက်များနှင့် ကျွန်ုပ်တို့ဝန်းကျင်ရှိအခြားသူများကို ယေဟောဝါနှင့် ကိုယ်တော့်ရည်ရွယ်ချက်များအကြောင်း အတိုချုပ်ပြောပြခြင်းသည်ပင် စိတ်နှလုံးရိုးဖြောင့်သူများကို မျှော်လင့်ချက်ရှိစေနိုင်ပါသည်။ (ဆာ. ၂၇:၁၄; ၁ ပေ. ၃:၁၅) လေယာဉ်ပျံဖြင့်ခရီးသွားစဉ် ညီအစ်မတစ်ဦးသည် ခရီးသွားဖော်တစ်ဦးကို သက်သေခံနိုင်ခဲ့ရာ ညီအစ်မ၏ပြောပြရာကြောင့် အလွန်စိတ်သက်သာသွားပြီး အားပေးမှုရရှိခဲ့ရာ တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်ပြုနိုင်ရန် ညီအစ်မအား သူ့လိပ်စာနှင့်ဖုန်းနံပါတ်ပေးခဲ့သည်။ ကမ္ဘာလောကသည် တိုးများလာသောဒုက္ခများနှင့် ဆိုးရွားလာသည့်အခြေအနေများကို ကြုံတွေ့နေရသောကြောင့် ယေဟောဝါ၏လူမျိုးတော်သည် “ဝမ်းမြောက်စရာသတင်း” ကို နားထောင်လိုသူတို့အား ဆက်လက်ဟောပြောနေကြပါသည်။ ထိုသတင်းသည် အခြားသူတို့အတွက် မျှော်လင့်ချက်ရှိစေပြီး ယေဟောဝါကိုချီးမွမ်းရန် အကြောင်းရင်းတစ်ရပ်ဖြစ်စေသည်။—ဟေရှာ. ၅၂:၇; ရော. ၁၅:၁၁။

၅။ ယေဟောဝါအား ချီးမွမ်းခြင်းသည် အဘယ်ကြောင့် ကျွန်ုပ်တို့၏ဆန္ဒဖြစ်သနည်း၊ ယင်းကို မည်သို့ ပြီးမြောက်စေနိုင်သနည်း။

၅ မိမိကျေးကျွန်များ၏ ချီးမွမ်းသံကို ယေဟောဝါ နေ့စဉ်ကြားရသည့်အတွက် ကိုယ်တော်အလွန်နှစ်ထောင်းအားရပေသည်။ ကျွန်ုပ်တို့ဝန်းကျင်ရှိ ယေဟောဝါ၏ မျက်မြင်ရဖန်ဆင်းရာများနည်းတူ ကျွန်ုပ်တို့လည်း မိမိတို့၏အိမ်တွင်၊ အသင်းတော်တွင်နှင့် ယေဟောဝါအား ချီးမွမ်းသူများ မဖြစ်လာသေးသော အခြားသူများနှင့် စကားပြောဆိုချိန်တို့တွင် ကိုယ်တော့်ကို နေ့စဉ် ချီးမွမ်းနိုင်ကြပါသည်။—ဆာ. ၁၉:၁-၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ