ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၀၉ စာ. ၃
  • ထိုက်တန်သူများကို ရှာဖွေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထိုက်တန်သူများကို ရှာဖွေပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • သတင်းကောင်း ဟောပြောနည်းများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • သင်၌ ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်တစ်ခု ရှိသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • ကိုယ်ပိုင်ရပ်ကွက် ယူထားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ထိုက်တန်သူများကို ရှာဖွေခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၉/၀၉ စာ. ၃

ထိုက်တန်သူများကို ရှာဖွေပါ

၁။ ဓမ္မအမှုထမ်းဆောင်ရသည့်အခွင့်အရေးကို တန်ဖိုးထားလေးမြတ်ကြောင်း မည်သို့ ပြသနိုင်သနည်း။

၁ ယေရှုသည် မိမိဓမ္မအမှုဆောင်ချိန်အတွင်း စိတ်နှိမ့်ချသူများကို သတင်းကောင်းဖြင့်နှစ်သိမ့်ပေးရန် အလွန်ဝေးလံသောနေရာများသို့သွားခဲ့သည်။ (ဟေရှာ. ၆၁:၁၊၂) ခရစ်တော်၏ သံအမတ်များ၊ သံတမန်များအနေနှင့် ယနေ့ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ရပ်ကွက်တွင် ထိုက်တန်သူများကို မမောနိုင်မပန်းနိုင်ဖြင့် နှံ့နှံ့စပ်စပ်ရှာဖွေရာတွင် ကိုယ်တော်ကို တုပနိုင်သည့် နှစ်လို့ဖွယ်အခွင့်အရေးရရှိထားကြသည်။—မ. ၁၀:၁၁; ၂ ကော. ၅:၂၀။

၂။ ပေါလု၏ အလိုက်သင့်ပြောင်းလဲတတ်မှု မည်သို့ထင်ရှားခဲ့သနည်း၊ အဘယ်ရလဒ် ရရှိခဲ့သနည်း။

၂ အလိုက်သင့်ပြောင်းလဲပါ– တမန်တော်ပေါလုသည် ဂျူးများနှင့် ဘာသာပြောင်းဝင်လာသူများကိုဟောပြောရန် ဦးဆုံး တရားဇရပ်သို့ သွားလေ့ရှိခဲ့သည်။ (တ. ၁၄:၁) ဖိလိပ္ပိမြို့တွင် သူနှင့်သိလတို့သည် ‘‘ဆုတောင်းရာအရပ်ရှိမည်’’ ထင်သော နေရာများတွင် လူတို့ကိုရှာဖွေရန်သွားခဲ့သည်။ သူတို့သည် အမျိုးသမီးတစ်စုကို စ၍သက်သေခံခဲ့ရာ သူတို့ထဲမှတစ်ဦးဖြစ်သော လုဒိသည် အမှန်တရားကို လျင်မြန်စွာလက်ခံခဲ့သည်။—တ. ၁၆:၁၂-၁၅။

၃။ တစ်အိမ်တက်ဆင်းရပ်ကွက်အပြင် အဘယ်ဓမ္မအမှုအခွင့်အရေးများတွင် ကျွန်ုပ်တို့ပျော်မွေ့နိုင်သနည်း။

၃ တစ်အိမ်တက်ဆင်းရပ်ကွက်အပြင် သင့်နယ်မြေရှိ သယ်ယူပို့ဆောင်ရေးနေရာများ၊ ပန်းခြံများ၊ ရုံးများ၊ လူသွားလူလာများသော လမ်းထောင့်များ၊ စီးပွားရေးရပ်ကွက်များနှင့် ဈေးရုံကြီးများတွင် တွေ့ရသောသူများကိုလည်း ဟောပြောနိုင်ပါသလော။ လုံခြုံရေးဂိတ်ရှိသည့်ရပ်ကွက်များနှင့် အခွင့်မရဘဲဝင်ခွင့်မရှိသောတိုက်ခန်းများရှိ လူများကို စာဖြင့် သို့မဟုတ် ဖုန်းဖြင့် သက်သေခံနိုင်ပေမည်။ သင့်ရပ်ကွက်ရှိ မတူညီသည့်အခြေအနေများတွင် မျက်စိရှင်ရှင်နှင့် အလိုက်သင့်ပြောင်းလဲခြင်းဖြင့် ‘‘သခင်၏အမှုတော်တွင် အလုပ်များ’’ နေစေပါလိမ့်မည်။—၁ ကော. ၁၅:၅၈။

၄။ ကျွန်ုပ်တို့၏အသင်းတော်ရပ်ကွက်သည် အကန့်အသတ်ဖြစ်နေပါက အခြားအဘယ်ရွေးချယ်စရာများ ကျွန်ုပ်တို့တွင်ရှိသနည်း။

၄ ကြေညာသူများသည် ၎င်းတို့၏နိုင်ငံရှိ သို့မဟုတ် တိုင်းတစ်ပါးရှိ အခြားအသင်းတော်သို့ပြောင်းရွှေ့ခြင်းဖြင့် မိမိတို့၏ဓမ္မအမှုကို တိုးချဲ့ရန်အခွင့်အရေးများ ရရှိခဲ့ကြသည်။ အခြားသူများသည် တိုင်းတစ်ပါးမှပြောင်းရွှေ့လာကြသူများကို ဟောပြောရန် ဘာသာစကားအသစ်ကို သင်ယူခဲ့ကြသည်။

၅။ ကျွန်ုပ်တို့အသက်ရှင်နေသောအချိန်ကာလကို မည်သို့ ရှုမြင်သင့်ပြီး အဘယ်အရာလုပ်ရန် သန္နိဋ္ဌာန်ချထားသင့်သနည်း။

၅ “လယ်ကား ဤလောကဖြစ်” ကြောင်း ကျွန်ုပ်တို့အားလုံး စိတ်စွဲမှတ်ထားရမည်။ (မ. ၉:၃၇; ၁၃:၃၈) ဤလောကစနစ်ဆိုး၏အဆုံး နီးလာသည်ကိုထောက်ရှု၍ ကျွန်ုပ်တို့ယောက်တိုင်းသည် ဓမ္မအမှုကိုတိုးချဲ့ရန် မိမိတို့၏ကိုယ်ပိုင်အခြေအနေ၊ အစွမ်းအစများ၊ အခွင့်အရေးများနှင့် ဖြစ်နိုင်ခြေများကို အလေးအနက်သုံးသပ်ရမည်။ ကျွန်ုပ်တို့သည် နိုင်ငံတော်အကျိုးစီးပွားကို ရှေ့ဦးထားပါက ဓမ္မအမှုကိုတိုးချဲ့ရန် ကျွန်ုပ်တို့၏အတတ်နိုင်ဆုံးကြိုးစားအားထုတ်မှုများကို ယေဟောဝါကောင်းချီးပေးမည်ဟု အာမခံထားသည်။—မ. ၆:၃၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ