သီချင်း ၁၂၆
ကျွန်ုပ်တို့၏ မေတ္တာဖြင့် ကြိုးပမ်းအားထုတ်မှု
၁။ ယေဟောဝါ၊ တစ်နေ့ကုန်သွား၊
ရင်ဖွင့်ဆုတောင်းလို ကိုယ်တော်အား။
ဖော်ပြမပြောတတ်အောင် ကျွန်ုပ်တို့ကို၊
ဂုဏ်တင်၍ထောက်မ။
မေတ္တာဖြင့် ကြိုးပမ်းမှုပေါ်၊
ကိုယ်တော့်ကောင်းချီးကို မြင်တွေ့ရ။
ကျွန်ုပ်တို့လက်ဖြင့်လုပ် အဆောက်အအုံ၊
သက်သေ တည်လျက်ပါ။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါရှင်၊ ကိုယ်တော်တွက်နေရာ
ဆောက်လုပ်ရခြင်း ခွင့်ထူးပင်ဖြစ်။
တစ်သက်တာလုံး အမှုတော်ဆောင်၍ ပြုသမျှ
ကိုယ်တော်အားချီးမွမ်းခြင်း ဖြစ်စေပါ။
၂။ ပျော်ရွှင်မျက်နှာထားတွေ တွေ့ရ၊
မိတ်ဆွေကောင်းများ ဖြစ်လာကြရ။
ဒီလိုအမှတ်ရစရာ
သိမ်းထားမှာ အစဉ်ရင်ထဲမှာ။
တညီတညွတ် လုပ်ဆောင်ရာမှာ၊
ကိုယ်တော့်စွမ်းအားတော်ကို တွေ့ရ။
နာမတော် တိုး၍ထင်ရှားခွင့်ရ၊
ဆုကျေးဇူး ကြီးလှ။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါရှင်၊ ကိုယ်တော်တွက်နေရာ
ဆောက်လုပ်ရခြင်း ခွင့်ထူးပင်ဖြစ်။
တစ်သက်တာလုံး အမှုတော်ဆောင်၍ ပြုသမျှ
ကိုယ်တော်အားချီးမွမ်းခြင်း ဖြစ်စေပါ။
(ဆာ. ၁၁၆:၁; ၁၄၇:၁; ရော. ၁၅:၆ တို့ကိုလည်းကြည့်ပါ။)