ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တိုက်နယ်ကြီးကြပ်မှူးတွေက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးကြသလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
    • အခန်း ၁၇

      တိုက်နယ်ကြီးကြပ်မှူးတွေက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးကြသလဲ

      တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီး

      မာလာဝီ

      တိုက်နယ်ကြီးကြပ်မှူးတစ်ယောက် လယ်ကွင်းစုဆုံမှု ကျင်းပနေစဉ်

      အမှုဆောင်အုပ်စု

      အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေတဲ့ တိုက်နယ်ကြီးကြပ်မှူး

      အမှုဆောင်လုပ်ငန်း

      အသင်းတော်အကြီးအကဲတွေနဲ့ တိုက်နယ်ကြီးကြပ်မှူး တွေ့ဆုံနေစဉ်

      အကြီးအကဲ အစည်းအဝေး

      ခရစ်ယာန်ဂရိကျမ်းစောင်တွေမှာ ဗာနဗနဲ့ တမန်တော်ပေါလုအကြောင်း မကြာခဏ ဖော်ပြတယ်။ သူတို့ဟာ နယ်လှည့်ကြီးကြပ်မှူးတွေအဖြစ် အမှုဆောင်ပြီး အစောပိုင်း အသင်းတော်တွေဆီ လည်ပတ်ခဲ့ကြတယ်။ ဘာကြောင့်လဲ။ ခရစ်ယာန်ညီအစ်ကို/မတွေရဲ့ အကျိုးကို တကယ်စိတ်ဝင်စားလို့ပါပဲ။ ညီအစ်ကို/မတွေရဲ့ အခြေအနေကို သိဖို့ “ပြန်သွားပြီး လည်ပတ်ကြစို့” ဆိုပြီး ပေါလု ပြောခဲ့တယ်။ သူတို့ကို အားပေးဖို့အတွက် မိုင်ရာနဲ့ချီတဲ့ခရီးကို သွားလိုစိတ် ရှိခဲ့တယ်။ (တမန်တော် ၁၅:၃၆) ယနေ့ ကျွန်တော်တို့ရဲ့ တိုက်နယ် ကြီးကြပ်မှူးတွေလည်း အဲ့ဒီစိတ်သဘောထားမျိုး ရှိကြတယ်။

      ကျွန်တော်တို့ကို လာအားပေးတယ်။ တိုက်နယ်ကြီးကြပ်မှူးတိုင်းက အသင်းတော် ၂၀ ဝန်းကျင်လောက်ကို တစ်နှစ်မှာ နှစ်ကြိမ် လည်ပတ်ပြီး အသင်းတော်တစ်ခုမှာ တစ်ပတ်နေတယ်။ အဲဒီညီအစ်ကိုတွေနဲ့ အိမ်ထောင်သည်ဖြစ်မယ်ဆိုရင် သူတို့ဇနီးတွေရဲ့ အတွေ့အကြုံတွေကနေ ကျွန်တော်တို့ အကျိုးများစွာ ရနိုင်တယ်။ လူကြီးလူငယ်မရွေးကို သိကျွမ်းအောင် ကြိုးစားကြတယ်။ သူတို့ဟာ အမှုဆောင်လုပ်ငန်းမှာ ကျွန်တော်တို့နဲ့အတူ ပါဝင်လိုကြပြီး ကျွန်တော်တို့ရဲ့ ကျမ်းစာသင်အံမှုတွေကို လိုက်လိုကြတယ်။ အကြီးအကဲတွေနဲ့အတူ သိုးထိန်းလည်ပတ်မှု လုပ်ကြတယ်။ အစည်းအဝေးနဲ့ စည်းဝေးပွဲတွေမှာ ဟောပြောချက်တွေ ပေးခြင်းအားဖြင့် ကျွန်တော်တို့ကို အားရှိစေကြတယ်။—တမန်တော် ၁၅:၃၅။

      အားလုံးကို စိတ်ဝင်စားမှု ပြကြတယ်။ တိုက်နယ်ကြီးကြပ်မှူးတွေက အသင်းတော်ရဲ့ အခြေအနေကို အထူးစိတ်ဝင်စားကြတယ်။ အသင်းတော်ရဲ့ တိုးတက်မှု အခြေအနေတွေကို ပြန်သုံးသပ်ဖို့ အကြီးအကဲနဲ့ အသင်းတော်အမှုထမ်းတွေကို တွေ့ဆုံကြတယ်။ တာဝန်တွေ ဘယ်လိုထမ်းဆောင်ရမလဲဆိုတဲ့ လက်တွေ့ကျအကြံဉာဏ်တွေ ပေးကြတယ်။ ရှေ့ဆောင်တွေကို လယ်ကွင်းမှာ အောင်မြင်မှုရအောင် ကူညီပေးတယ်။ လူသစ်တွေနဲ့သိအောင်ကြိုးစားပြီး အမှန်တရားမှာ ဘယ်လိုတိုးတက်ခဲ့တယ်ဆိုတာကို သူတို့ကြားချင်ကြတယ်။ အဲဒီညီအစ်ကိုတစ်ဦးစီက ကျွန်တော်တို့အကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆက်နေကြတဲ့ “လုပ်ဖော်ဆောင်ဖက်” တွေ ဖြစ်တယ်။ (၂ ကောရိန္သု ၈:၂၃) သူတို့ရဲ့ ယုံကြည်ခြင်း၊ ဘုရားသခင်အပေါ် စိတ်နှလုံး အကြွင်းမဲ့ ပေးဆက်ခြင်းတို့ကို ကျွန်တော်တို့ အတုယူသင့်တယ်။—ဟီဘရူး ၁၃:၇။

      • တိုက်နယ်ကြီးကြပ်မှူးတွေက အသင်းတော်တွေကို ဘာရည်ရွယ်ချက်အတွက် လည်ပတ်ကြသလဲ။

      • သူတို့ရဲ့ လည်ပတ်မှုကနေ ဘယ်လိုအကျိုးရနိုင်မလဲ။

      ထပ်ဆင့်လေ့လာကြည့်ပါ

      တိုက်နယ်ကြီးကြပ်မှူး နောက်တစ်ကြိမ် လည်ပတ်မယ့်အချိန်ကို ပြက္ခဒိန်မှာ ရေးမှတ်ထားပါ။ ဒါဆိုရင် အသင်းတော်မှာ လာဟောတဲ့အခါ သူ့ဟောပြောချက်ကို လွတ်မှာ မဟုတ်ဘူး။ သူ့ကိုဖြစ်ဖြစ်၊ သူ့ဇနီးကိုဖြစ်ဖြစ် သင့်ကျမ်းစာလေ့လာမှုမှာ ပါဝင်စေချင်ရင် ကျမ်းစာ သင်ပေးတဲ့သူကို ပြောပြထားပါ။ ဒီလိုနည်းနဲ့ သူတို့နဲ့ သိအောင်လုပ်ပါ။

  • ဘေးအန္တရာယ် ကြုံနေတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ဘယ်လို ကူညီကြသလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
    • အခန်း ၁၈

      ဘေးအန္တရာယ် ကြုံနေတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ဘယ်လို ကူညီကြသလဲ

      ဒိုမီနီကန်နိုင်ငံမှာ ယေဟောဝါသက်သေတွေ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ကူညီပေးနေစဉ်

      ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံ

      ဂျပန်နိုင်ငံက နိုင်ငံတော်ခန်းမကို ကယ်ဆယ်ရေးလုပ်သားတွေ ပြန်ဆောက်ပေးနေစဉ်

      ဂျပန်

      ဟေတီမှာ သဘာဝဘေးပြီးတဲ့နောက် ယေဟောဝါသက်သေတစ်ယောက်က နှစ်သိမ့်ပေးနေစဉ်

      ဟေတီ

      ဘေးအန္တရာယ် ကျရောက်တဲ့အခါ ဘေးသင့်တဲ့ ညီအစ်ကို/မတွေကို ကူညီဖို့ ယေဟောဝါသက်သေတွေ ချက်ချင်း စီစဉ်ကြတယ်။ ဒီလို ကြိုးစားကူညီပေးမှုတွေက တစ်ဦးအပေါ်တစ်ဦးပြသတဲ့ ကျွန်တော်တို့ရဲ့ မေတ္တာစစ်ကို ဖော်ပြနေတယ်။ (ယောဟန် ၁၃:၃၄၊ ၃၅။ ၁ ယောဟန် ၃:၁၇၊ ၁၈) ဘယ်လိုနည်းတွေနဲ့ ကူညီပေးကြသလဲ။

      ကျွန်တော်တို့ အလှူငွေ ထည့်ကြတယ်။ ပထမရာစုတုန်းက ယုဒပြည်မှာ အငတ်ဘေး ကျတဲ့အခါ အန္တိအုတ်က ခရစ်ယာန်တွေဟာ ခရစ်ယာန် ညီအစ်ကိုချင်းတွေအတွက် ငွေကြေး ပို့ပေးခဲ့ကြတယ်။ (တမန်တော် ၁၁:၂၇-၃၀) အလားတူ၊ တချို့ဒေသတွေက ညီအစ်ကို/မတွေ အခက်အခဲ ကြုံနေရတာကို ကျွန်တော်တို့ ကြားသိရတဲ့အခါ အရေးပေါ် လိုအပ်နေတဲ့ ရုပ်ပစ္စည်းအကူအညီတွေ ပေးဖို့ အသင်းတော်ကနေတစ်ဆင့် အလှူငွေ ထည့်ဝင်ကြတယ်။—၂ ကောရိန္သု ၈:၁၃-၁၅။

      လက်တွေ့ကျအကူအညီတွေကို ပေးကြတယ်။ ဘေးသင့်တဲ့ဒေသရှိ အကြီးအကဲတွေက သက်သေခံယောက်တိုင်းကို တွေ့အောင် ရှာပြီး ဘေးကင်းလုံခြုံမှု ရှိဖို့ ကူညီပေးကြတယ်။ အစားအစာ၊ သောက်ရေသန့်၊ အဝတ်အထည်၊ အမိုးအကာ၊ ဆေးဝါးတွေကို ဖြန့်ဝေရာမှာ ကယ်ဆယ်ရေးကော်မတီက စီစဉ်ညွှန်ကြားပေးတယ်။ လိုအပ်တဲ့လုပ်ငန်းမှာ ကျွမ်းကျင်မှုရှိတဲ့သူတွေဟာ ကယ်ဆယ်ရေးမှာ ပါဝင်ဖို့၊ ပျက်စီးသွားတဲ့ ဝတ်ပြုရာခန်းမတွေနဲ့ အိမ်တွေကို ပြန်ပြင်ဖို့ ကိုယ့်စရိတ်နဲ့ကိုယ် သွားရောက် ကူညီပေးကြတယ်။ ကျွန်တော်တို့ဟာ စည်းလုံးတဲ့ အဖွဲ့အစည်း ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုမှာ အတွေ့အကြုံ ရှိထားတာကြောင့် လိုအပ်တဲ့အခါ လိုအပ်ရာတွေနဲ့ လုပ်သားတွေကို အလျင်အမြန် စုစည်းနိုင်တယ်။ “ယုံကြည်ခြင်းတူတဲ့သူတွေကို” ကူညီကြတဲ့အပြင် ဖြစ်နိုင်တဲ့အခါတိုင်း ဘယ်ဘာသာဝင်ကိုမဆို ကူညီပေးကြတယ်။—ဂလာတိ ၆:၁၀။

      သမ္မာကျမ်းစာနဲ့ နှစ်သိမ့်ပေးပြီး စိတ်ခံစားချက်ကို သက်သာစေကြတယ်။ ဘေးသင့်တဲ့သူတွေဟာ အထူးသဖြင့် နှစ်သိမ့်ပေးမှု လိုအပ်တယ်။ အဲဒီလိုအချိန်အခါမျိုးမှာ ကျွန်ုပ်တို့ဟာ “နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ယေဟောဝါထံက ခွန်အားရယူကြတယ်။ (၂ ကောရိန္သု ၁:၃၊ ၄) စိတ်ဓာတ်ကျသူတွေကို ကျမ်းစာပါ ကတိတော်တွေအကြောင်း ပြောပြကြတယ်။ မကြာခင်မှာ ဘုရားသခင့်နိုင်ငံတော်က နာကျင်မှု၊ ဆင်းရဲမှုတွေ ဖြစ်ပေါ်စေတဲ့ အဖြစ်ဆိုးအားလုံးကို အဆုံးသတ်တော့မယ်ဆိုတာ စိတ်ချစေကြတယ်။—ဗျာဒိတ် ၂၁:၄။

      • ဘေးအန္တရာယ်တွေ ကျရောက်တဲ့အခါ ယေဟောဝါသက်သေတွေ အမြန်ဆုံး ကူညီပေးနိုင်ကြတာ ဘာကြောင့်လဲ။

      • အသက်ရှင်လွတ်မြောက်သူတွေကို သမ္မာကျမ်းစာနဲ့ ဘယ်လို နှစ်သိမ့်ပေးနိုင်ကြသလဲ။

  • သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်ဟာ ဘယ်သူလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
    • အခန်း ၁၉

      သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်ဟာ ဘယ်သူလဲ

      တပည့်တွေကို ယေရှု စကားပြောနေစဉ်
      ယေဟောဝါသက်သေတစ်ယောက် ကျမ်းစာအခြေခံစာစောင် လေ့လာနေစဉ်

      ကျမ်းစာအခြေခံအကြောင်းအရာကနေ ကျွန်တော်တို့အားလုံး အကျိုးရရှိကြ

      ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် နှစ်ဦး

      ယေရှုဟာ မသေဆုံးခင် ရက်ပိုင်းအလိုမှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေတို့နဲ့ သီးသန့် စကားပြောခဲ့တယ်။ နောက်ဆုံးကာလအတွင်း မိမိရောက်ရှိနေခြင်းရဲ့ နိမိတ်ကို ကြိုပြောချိန်မှာ အရေးကြီးတဲ့ ဒီမေးခွန်း မေးခဲ့တယ်– “သစ္စာနဲ့သတိပညာရှိတဲ့ ကျွန်ဟာ တကယ်တော့ ဘယ်သူလဲ။ အိမ်သူအိမ်သားတွေကို အချိန်တန်ရင် အစားအစာ ဝေပေးဖို့ သူ့ကို သခင် ခန့်အပ်ထားတယ်။” (မဿဲ ၂၄:၃၊ ၄၅။ မာကု ၁၃:၃၊ ၄) ဒီမေးခွန်းမှာ ယေရှုက ပကတိအစာအကြောင်း ပြောနေတာ မဟုတ်ဘဲ ကျမ်းစာအခြေခံ အကြောင်းအရာကို အစားအစာနဲ့ နှိုင်းယှဉ်နေတာဖြစ်တယ်။ “သခင်” ဖြစ်တဲ့ ယေရှုက နောက်လိုက်တွေကို ဒီဆုံးခန်းကာလအတွင်း ကျမ်းစာအခြေခံ အကြောင်းအရာတွေ မပြတ် ပြင်ဆင်ပံ့ပေးမယ်ဆိုတာ စိတ်ချစေခဲ့တယ်။ ဒီကျွန်က ဘယ်သူလဲ။

      ယေရှုရဲ့နောက်လိုက် ကောင်းကင်အတန်းအစား အုပ်စုငယ်လေး ဖြစ်ကြတယ်။ “ကျွန်” ဆိုတာ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ ဖြစ်တယ်။ ဒီအဖွဲ့က ယေဟောဝါကို ဝတ်ပြုနေသူချင်းတွေကို အချိန်တန် ကျမ်းစာအကြောင်းအရာ ပြင်ဆင်ပေးဖို့ ထက်ထက်သန်သန် လုပ်ဆောင်နေကြပါတယ်။ ကျွန်တော်တို့ဟာ “အချိန်တန်ရင် အစားအစာ” ရရှိဖို့ ဒီသစ္စာရှိကျွန်အပေါ် မှီခိုနေရတယ်။—လုကာ ၁၂:၄၂။

      ကျွန်က ဘုရားသခင့်အိမ်ထောင်စုကို ကြီးကြပ်ပေးတယ်။ (၁ တိမောသေ ၃:၁၅) ယေရှုက ကျွန်ကို ယေဟောဝါအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို စီမံခန့်ခွဲရမယ့် ကြီးလေးတဲ့တာဝန် ပေးအပ်ခဲ့တယ်။ အဲဒီထဲမှာ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေကို ကြည့်ရှုစောင့်ရှောက်ပေးခြင်း၊ ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားပေးခြင်း၊ အသင်းတော်ကတစ်ဆင့် သွန်သင်ပေးခြင်းတို့ ပါဝင်တယ်။ ကျွန်တော်တို့ လိုအပ်တဲ့အရာကို လိုအပ်တဲ့အချိန်မှာ ထောက်ပံ့ပေးဖို့ “သစ္စာနဲ့သတိပညာရှိတဲ့ကျွန်” က စာအုပ်စာပေတွေကတစ်ဆင့်၊ အသင်းတော် အစည်းအဝေးတွေနဲ့ အစည်းအဝေးကြီးတွေကတစ်ဆင့် ကျမ်းစာအခြေခံအကြောင်းအရာတွေ ဖြန့်ဝေပေးနေပါတယ်။

      ကျွန်က သမ္မာကျမ်းစာအမှန်တရားနဲ့ ရရှိထားတဲ့ သတင်းကောင်း ဟောပြောခြင်းတာဝန်အပေါ်မှာ သစ္စာရှိပြီး အပ်နှင်းထားတဲ့ မြေကြီးပေါ် ရှိ ခရစ်တော်ရဲ့ ပိုင်ဆိုင်ရာအားလုံးကို ကြည့်ရှုစောင့်ရှောက်ရာမှာ သတိပညာရှိကြတယ်။ (တမန်တော် ၁၀:၄၂) ယေဟောဝါက လူများစွာကို မိမိရဲ့သက်သေအဖြစ် ခေါ်ဆောင်နေပြီး ကျမ်းစာအခြေခံအကြောင်းအရာတွေ ကြွယ်ဝစွာ ပြင်ဆင်ပေးနိုင်အောင် သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်ကို ကူညီပေးနေပါတယ်။—ဟေရှာယ ၆၀:၂၂။ ၆၅:၁၃။

      • ယေရှုက မိမိတပည့်တွေကို ကျမ်းစာအခြေခံအကြောင်းအရာတွေ ပြင်ဆင်ပေးဖို့ ဘယ်သူ့ကို ခန့်အပ်ခဲ့သလဲ။

      • ကျွန်ဟာ ဘယ်လိုနည်းတွေနဲ့ သစ္စာနဲ့ သတိပညာရှိသလဲ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ