-
ယနေ့အချိန်မှာ အုပ်ချုပ်ရေးအဖွဲ့က ဘာလုပ်ဆောင်နေပါသလဲဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
-
-
အခန်း ၂၀
ယနေ့အချိန်မှာ အုပ်ချုပ်ရေးအဖွဲ့က ဘာလုပ်ဆောင်နေပါသလဲ
ပထမရာစု အုပ်ချုပ်ရေးအဖွဲ့
အုပ်ချုပ်ရေးအဖွဲ့ရဲ့စာကို ဖတ်နေစဉ်
ပထမရာစုမှာ “ဂျေရုဆလင်မြို့မှာရှိတဲ့ တမန်တော်တွေ၊ အကြီးအကဲတွေ” ပါဝင်တဲ့ အုပ်စုလေးဟာ အုပ်ချုပ်ရေးအဖွဲ့အဖြစ် အမှုဆောင်ပြီး အစောပိုင်း ခရစ်ယာန် အသင်းတော်တစ်ခုလုံးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချပေးခဲ့တယ်။ (တမန်တော် ၁၅:၂) သူတို့ဟာ သမ္မာကျမ်းစာ ဘာပြောသလဲဆိုတာ သိအောင် ဆွေးနွေးပြီး ဘုရားသခင့်စွမ်းအားတော် လမ်းညွှန်မှုကို လိုက်နာတဲ့အတွက် တညီတညွတ်တည်း ဆုံးဖြတ်ချက် ချနိုင်ခဲ့ကြတယ်။ (တမန်တော် ၁၅:၂၅) ယနေ့အချိန်မှာလည်း အဲဒီနည်းအတိုင်း လုပ်ဆောင်နေကြပါတယ်။
ဘုရားသခင့် အသုံးတော်ခံအနေနဲ့ ဘုရားသခင့်အလိုတော် ဆောင်နေကြတယ်။ အုပ်ချုပ်ရေးအဖွဲ့မှာ အမှုဆောင်နေတဲ့ ကောင်းကင်အတန်းအစား ညီအစ်ကိုတွေက သမ္မာကျမ်းစာကို လေးလေးနက်နက် စိတ်ဝင်စားကြပြီး လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ကျမ်းစာမေးခွန်းတွေကို ကိုင်တွယ်ရာမှာ အတွေ့အကြုံများစွာ ရှိသူတွေ ဖြစ်ကြတယ်။ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းရဲ့ လိုအပ်ရာကို သုံးသပ်ဖို့ ပတ်စဉ် စုဝေးကြတယ်။ ပထမရာစုတုန်းကလိုပဲ၊ ကျမ်းစာအခြေပြု ညွှန်ကြားချက်တွေကို စာတွေအားဖြင့် ဒါမှမဟုတ် နယ်လှည့်ကြီးကြပ်မှူးတွေနဲ့ တခြားသူတွေအားဖြင့် ပေးပို့ကြတယ်။ ဒီလိုလုပ်တဲ့အတွက် ဘုရားသခင့်လူမျိုးဟာ တညီတညွတ်တည်း တွေးတော လုပ်ဆောင်နိုင်ကြတယ်။ (တမန်တော် ၁၆:၄၊ ၅) အုပ်ချုပ်ရေးအဖွဲ့က ပုံဆောင်အစာ ပြင်ဆင်ပေးမှုတွေကို ကြီးကြပ်ပေးတယ်၊ ဟောပြောခြင်းလုပ်ငန်းကို ဦးစားထားလုပ်ဆောင်ဖို့ အားလုံးကို အားပေးတယ်၊ ညီအစ်ကိုတွေကို တာဝန်ခန့်အပ်ရာမှာ ကြီးကြပ်ပေးတယ်။
ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုအတိုင်း လုပ်ဆောင်ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့က လမ်းညွှန်မှုတွေ ရရှိဖို့ စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါနဲ့ အသင်းတော်ရဲ့ ဦးခေါင်း ယေရှုကို မျှော်ကိုးကြတယ်။ (၁ ကောရိန္သု ၁၁:၃။ ဧဖက် ၅:၂၃) အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက မိမိတို့ကိုယ်ကို ဘုရားသခင့်လူမျိုးရဲ့ ခေါင်းဆောင်တွေအဖြစ် မရှုမြင်ကြဘူး။ သူတို့တွေဟာ ကျန်တဲ့ ကောင်းကင်အတန်းအစား ခရစ်ယာန်အားလုံးနဲ့အတူ “သိုးသငယ်[ယေရှု]သွားလေရာ တကောက်ကောက် လိုက်သူတွေ” ဖြစ်ကြတယ်။ (ဗျာဒိတ် ၁၄:၄) သူတို့အတွက်နဲ့ သူတို့ရဲ့အလုပ်တွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးတာကို အုပ်ချုပ်ရေးအဖွဲ့က အလွန် ကျေးဇူးတင်ကြပါတယ်။
ပထမရာစု အုပ်ချုပ်ရေးအဖွဲ့မှာ ဘယ်သူတွေ ပါဝင်သလဲ။
ယနေ့ အုပ်ချုပ်ရေးအဖွဲ့က ဘုရားသခင့်လမ်းညွှန်မှုကို ဘယ်လို ရှာယူကြသလဲ။
-
-
ဗေသလဆိုတာ ဘာလဲဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
-
-
အခန်း ၂၁
ဗေသလဆိုတာ ဘာလဲ
ပန်းချီဌာန၊ အမေရိကန်ပြည်ထောင်စု
ဂျာမနီ
ကင်ညာ
ကိုလံဘီယာ
ဟီဘရူးနာမည် ဗေသလဆိုတာက “ဘုရားသခင်ရဲ့ အိမ်တော်” လို့ အဓိပ္ပာယ် ရှိပါတယ်။ (ကမ္ဘာဦး ၂၈:၁၇၊ ၁၉) ဒီနာမည်ဟာ ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြား၊ ထောက်ပံ့ဖို့ ယေဟောဝါသက်သေတွေ ကမ္ဘာတစ်ဝန်းမှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေအတွက် သင့်တော်တဲ့နာမည် ဖြစ်တယ်။ အုပ်ချုပ်ရေးအဖွဲ့က အမေရိကန်၊ နယူးယောက် ပြည်နယ်မှာရှိတဲ့ ကမ္ဘာ့ဌာနချုပ်မှာ အမှုဆောင်ကြပြီး အဲဒီကနေ နိုင်ငံများစွာမှာရှိတဲ့ ဌာနခွဲရုံးတွေရဲ့ လုပ်ဆောင်မှုတွေကို ကြီးကြပ်ပါတယ်။ ဌာနခွဲရုံးတွေမှာ အမှုဆောင်နေကြသူတွေကို အုပ်စုလိုက်အနေနဲ့ ဗေသလမိသားစုလို့ ခေါ်တယ်။ မိသားစုတစ်စုလိုပဲ သူတို့ဟာ စည်းလုံးစွာနဲ့ အတူနေထိုင်၊ အတူအလုပ်လုပ်၊ အတူစားကြပြီး အတူ ကျမ်းစာလေ့လာကြတယ်။—ဆာလံ ၁၃၃:၁။
ကိုယ်ကျိုးစွန့်စိတ်ဓာတ်နဲ့ မိသားစုဝင်တွေလို အမှုဆောင်ကြတဲ့ အထူးနေရာဖြစ်တယ်။ ဗေသလအဆောက်အဦတိုင်းမှာ ဘုရားသခင့်အလိုတော်ကို စိတ်နှလုံးအကြွင်းမဲ့ ဆောင်ရွက်ပြီး နိုင်ငံတော်လုပ်ငန်းမှာ အချိန်ပြည့် လုပ်ဆောင်နေကြတဲ့ ခရစ်ယာန်အမျိုးသား အမျိုးသမီးတွေ ရှိကြတယ်။ (မဿဲ ၆:၃၃) သူတို့တွေဟာ လုပ်အားခ၊ လစာ မရကြပေမဲ့ နေစရာအခန်း၊ အစားအစာနဲ့ ကိုယ်ပိုင် ကုန်ကျစရိတ်တွေအတွက် သတ်မှတ်ထားတဲ့ စိုက်သုံးငွေ ရရှိတယ်။ ဗေသလမိသားစုဝင်ယောက်တိုင်းမှာ တာဝန်ကိုယ်စီ ရှိကြပြီး ရုံးခန်း၊ စားဖိုဆောင်၊ ထမင်းစားခန်းတို့မှာ လုပ်ဆောင်ကြတယ်။ တချို့သူတွေက ပုံနှိပ်၊ စာအုပ်ချုပ်၊ အိမ်မှုပြုစု၊ အဝတ်လျှော်၊ ပြုပြင်ထိန်းသိမ်းရေး၊ တခြားအလုပ်တွေကို လုပ်ဆောင်ကြတယ်။
ဟောပြောခြင်းလုပ်ငန်းကို ထောက်ပံ့ကူညီဖို့ အလုပ်များနေတဲ့နေရာ ဖြစ်တယ်။ ဗေသလတိုင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ သမ္မာကျမ်းစာ အမှန်တရားကို လူများနိုင်သမျှ များများဆီ ရောက်ရှိစေဖို့ပါပဲ။ ဒီဘရိုရှာက ဥပမာတစ်ခု ဖြစ်ပါတယ်။ ဒီဘရိုရှာကို အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြီးကြပ်မှုအောက်မှာ ရေးသားပြုစုပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘာသာပြန်အဖွဲ့တွေဆီ ကွန်ပျူတာစနစ်နဲ့ ပို့ပေးတယ်။ ဗေသလအိမ်တချို့မှာရှိတဲ့ မြန်နှုန်းမြင့် ပုံနှိပ်စက်တွေနဲ့ ပုံနှိပ်ပြီး အသင်းတော် ၁၁၀,၀၀၀ ကျော်ဆီ ပို့ပေးတယ်။ ဒီလုပ်ဆောင်မှုအဆင့်တိုင်းမှာ ဗေသလမိသားစုဝင်တွေ ပါဝင်ကြပြီး အရေးအကြီးဆုံး လုပ်ငန်းဖြစ်တဲ့ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းကို ထောက်ကူနေခြင်းဖြစ်တယ်။—မာကု ၁၃:၁၀။
ဗေသလမှာ ဘယ်သူတွေ အမှုဆောင်နေကြသလဲ။ သူတို့ကို ဘာတွေ ထောက်ပံ့ပေးထားသလဲ။
ဗေသလတိုင်းရဲ့ လုပ်ဆောင်မှုတွေက အရေးကြီးတဲ့ ဘယ်အလုပ်ကို ထောက်ကူနေခြင်းလဲ။
-
-
ဌာနခွဲရုံးမှာ ဘာတွေလုပ်ဆောင်နေကြသလဲဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
-
-
အခန်း ၂၂
ဌာနခွဲရုံးမှာ ဘာတွေ လုပ်ဆောင်နေကြသလဲ
ဆော်လမွန် ကျွန်းစု
ကနေဒါ
တောင်အာဖရိက
ဌာနအသီးသီးမှာ အမှုဆောင်နေကြတဲ့ ဗေသလမိသားစုဝင်တွေက နိုင်ငံတစ်ခု ဒါမှမဟုတ် နိုင်ငံတချို့မှာရှိတဲ့ ဟောပြောခြင်းလုပ်ငန်းကို ကြည့်ရှု ထောက်မပေးကြတယ်။ ဘာသာပြန်အဖွဲ့တွေ၊ မဂ္ဂဇင်းပုံနှိပ်ခြင်း၊ စာအုပ်ချုပ်ခြင်း၊ စာပေသိုလှောင်ရုံ၊ ရုပ်/သံထုတ်လုပ်မှု၊ ဒါမှမဟုတ် တခြားလုပ်ငန်းတွေမှာ လုပ်ဆောင်ကြတယ်။
ဌာနခွဲကော်မတီက အလုပ်တွေကို ကြီးကြပ်တယ်။ အုပ်ချုပ်ရေးအဖွဲ့က ဌာနခွဲရုံးတွေမှာ လုပ်ဆောင်နေတဲ့ အလုပ်တွေကို ကြီးကြပ်ဖို့ ဌာနခွဲကော်မတီကို တာ၀န်ပေးအပ်ထားတယ်။ ဌာနခွဲကော်မတီမှာ အရည်အချင်းပြည့်မီတဲ့ အကြီးအကဲ သုံးယောက် ဒါမှမဟုတ် သုံးယောက်ထက်မက ပါဝင်တယ်။ ဌာနခွဲကော်မတီက မိမိတို့ကြီးကြပ်မှုအောက်မှာရှိတဲ့ နယ်မြေအသီးသီးက တိုးတက်မှုတွေနဲ့ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို အုပ်ချုပ်ရေးအဖွဲ့ဆီ အကြောင်းကြားကြတယ်။ အဲ့ဒီမှတ်တမ်းတွေက နောက်စာပေတွေ၊ လာမယ့် အသင်းတော်အစည်းအဝေးနဲ့ အစည်းအဝေးကြီးတွေမှာ ဘာအကြောင်းတွေ ထည့်သွင်းသင့်သလဲဆိုတာကို ဆုံးဖြတ်နိုင်ဖို့ အုပ်ချုပ်ရေးအဖွဲ့ကို အထောက်အကူပြုတယ်။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေက ဌာနခွဲရုံးတွေကို ပုံမှန်လည်ပတ်ပြီး ဌာနခွဲကော်မတီကို လုပ်ဆောင်ရမယ့် အလုပ်တွေနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေ ပေးကြတယ်။ (ပညာ. ၁၁:၁၄) အဲဒီအချိန်မှာ ဌာနခွဲနယ်မြေမှာ ရှိသူတွေကို အားပေးဖို့ ဌာနချုပ်ကိုယ်စားလှယ်ရဲ့ ဟောပြောချက်ပါဝင်တဲ့ အထူးအစီအစဉ်တစ်ခုကို စီစဉ်ကြတယ်။
ဒေသခံအသင်းတော်တွေကို ကူညီထောက်မပေးတယ်။ ဌာနခွဲရုံးက တာဝန်ရှိ ညီအစ်ကိုတွေဟာ အသင်းတော်သစ်တွေ ဖွဲ့စည်းဖို့ လိုအပ်တဲ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်တယ်။ ဌာနခွဲနယ်မြေမှာ အမှုဆောင်နေကြတဲ့ ရှေ့ဆောင်တွေ၊ ခရစ်ယာန်သာသနာပြုတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း လမ်းညွှန်ပေးတယ်။ စည်းဝေးပွဲတွေ၊ အစည်းအဝေးကြီးတွေကို စီစဉ်ပေးပြီး ဝတ်ပြုရာခန်းမသစ် ဆောက်လုပ်မှုကို ညှိနှိုင်းဆောင်ရွက်ပေးတဲ့အပြင် အသင်းတော်တွေ လိုအပ်တဲ့စာပေတွေ ပေးပို့ရာမှာလည်း ကြီးကြပ်ပေးတယ်။ ဌာနခွဲရုံးမှာ လုပ်ဆောင်တဲ့အလုပ်အားလုံးဟာ ဟောပြောခြင်းလုပ်ငန်းကို စနစ်တကျ ပြီးမြောက်ဖို့ ထောက်ကူပေးပါတယ်။—၁ ကောရိန္သု ၁၄:၃၃၊ ၄၀။
ဌာနခွဲကော်မတီက အုပ်ချုပ်ရေးအဖွဲ့ကို ဘယ်လို အကူအညီပေးသလဲ။
ဌာနခွဲရုံးမှာ ဘယ်တာဝန်တွေကို လုပ်ဆောင်နေကြသလဲ။
-