-
ကျွန်တော်တို့ရဲ့ စာပေတွေကို ဘယ်လို ရေးသားပြုစုပြီး ဘယ်လို ဘာသာပြန်ကြသလဲဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
-
-
အခန်း ၂၃
ကျွန်တော်တို့ရဲ့ စာပေတွေကို ဘယ်လို ရေးသားပြုစုပြီး ဘယ်လို ဘာသာပြန်ကြသလဲ
စာပေပြုစုရေးဌာန၊ အမေရိကန်ပြည်ထောင်စု
တောင်ကိုရီးယား
အာမေးနီးယား
ဘူရွန်ဒီ
သီရိလင်္ကာ
“လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကား အမျိုးမျိုး ပြောတဲ့လူတွေ၊ လူစုတွေကို” အတတ်နိုင်ဆုံး “သတင်းကောင်း” ကြေညာဖို့ ကျွန်တော်တို့ရဲ့ စာပေတွေကို ဘာသာစကားပေါင်း ၇၅၀ ကျော်နဲ့ ထုတ်ဝေပါတယ်။ (ဗျာဒိတ် ၁၄:၆) ဒီကြီးလေးတဲ့ တာဝန်ကို ဘယ်လို လုပ်ဆောင်နေကြသလဲ။ နိုင်ငံတကာမှာရှိတဲ့ စာပေ ရေးသားပြုစုသူတွေ၊ ဘာသာပြန်သူတွေရဲ့ အကူအညီနဲ့ လုပ်ဆောင်နေကြပါတယ်။ သူတို့အားလုံးဟာ ယေဟောဝါသက်သေတွေ ဖြစ်ကြတယ်။
မူရင်းကို အင်္ဂလိပ်ဘာသာစကားနဲ့ ပြင်ဆင်ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာ့ဌာနချုပ်မှာရှိတဲ့ စာပေပြုစုရေးဌာနရဲ့ လုပ်ဆောင်မှုတွေကို ကြီးကြပ်ပေးတယ်။ ဒီဌာနက ဌာနချုပ်နဲ့ တချို့သော ဌာနခွဲရုံးတွေမှာရှိတဲ့ စာပေပြုစုသူတွေကို တာဝန်ခွဲဝေပေးတယ်။ နောက်ခံအမျိုးမျိုးရှိတဲ့ စာပေပြုစုသူတွေရှိတဲ့အတွက် ကျွန်တော်တို့ရဲ့စာပေတွေမှာ ယဉ်ကျေးမှုမျိုးစုံက လူတွေနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့စာပေတွေကို နိုင်ငံတကာက လူတွေ နှစ်သက်ကြတယ်။
မူရင်းစာသားကို ဘာသာပြန်တွေဆီ ပို့ပေးတယ်။ ပြုစုထားတဲ့ စာပေတွေကို အုပ်ချုပ်ရေးအဖွဲ့က တည်းဖြတ် အတည်ပြုပြီးတဲ့နောက် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘာသာပြန်အဖွဲ့တွေဆီ ကွန်ပျူတာစနစ်နဲ့ ပို့ပေးပြီး ဘာသာပြန်၊ စာစစ်၊ စာပြင်တာတွေ လုပ်ဆောင်ကြတယ်။ ပြန်ဆိုမယ့်ဘာသာစကားမှာ အဓိပ္ပာယ်အမှန်ကို အင်္ဂလိပ်အတိုင်း ဖော်ပြနိုင်ဖို့ တိကျမှန်ကန်တဲ့ စကားလုံးကို ကြိုးစားရွေးချယ်ကြတယ်။—ဒေသနာ ၁၂:၁၀။
ကွန်ပျူတာက လုပ်ဆောင်မှုကို မြန်ဆန်စေတယ်။ ကွန်ပျူတာက စာပေပြုစုတာ၊ ဘာသာပြန်တာတွေကိုတော့ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ကွန်ပျူတာထဲမှာ ထည့်သွင်းထားတဲ့ အဘိဓာန်တွေ၊ အထောက်အကူပြု ကွန်ပျူတာစနစ်တွေ၊ သုတေသနပြုနိုင်မှုတွေကြောင့် ဘာသာပြန်အလုပ်ကို ပိုမြန်ဆန်စေတယ်။ ရာနဲ့ချီတဲ့ ဘာသာစကားတွေကို ထည့်သွင်းနိုင်ပြီး ရုပ်ပုံတွေနဲ့ တွဲကာ ပုံနှိပ်ဖို့ ဘာသာစုံ အီလက်ထရောနစ် ပုံနှိပ်ထုတ်ဝေရေးစနစ် (MEPS) ကို ယေဟောဝါသက်သေတွေ တီထွင်ထားကြတယ်။
ကျွန်တော်တို့ ပြန်ဆိုတဲ့ တချို့ဘာသာစကားတွေကို လူထောင်ဂဏန်းလောက်ပဲ ပြောကြတယ်။ သူတို့အတွက်အပါအဝင် ဘာသာစကားများစွာနဲ့ ဘာသာပြန်ဆိုဖို့ ဘာကြောင့် ကြိုးစားကြရသလဲ။ အကြောင်းကတော့ “လူအမျိုးမျိုးကို ကယ်တင်ခြင်း ရစေဖို့၊ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိရှိစေဖို့” ယေဟောဝါ အလိုရှိလို့ပါပဲ။ —၁ တိမောသေ ၂:၃၊ ၄။
ကျွန်တော်တို့ရဲ့ စာပေတွေကို ဘယ်လို ရေးသားပြုစုပါသလဲ။
ကျွန်တော်တို့ရဲ့ စာပေတွေကို ဒီလောက်များတဲ့ဘာသာစကားနဲ့ ဘာကြောင့် ဘာသာပြန်ကြသလဲ။
-
-
ကျွန်တော်တို့ရဲ့ ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေး ဘယ်လို ထောက်ပံ့ပါသလဲဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
-
-
အခန်း ၂၄
ကျွန်တော်တို့ရဲ့ ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေး ဘယ်လို ထောက်ပံ့ပါသလဲ
နီပေါလ်
တိုဂို
ဗြိတိန်
ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းက နှစ်စဉ် ကျမ်းစာနဲ့ တခြားစာအုပ်စာပေတွေကို သန်းရာနဲ့ချီ ပုံနှိပ်ပြီး အခမဲ့ဖြန့်ချိနေပါတယ်။ ဝတ်ပြုရာခန်းမတွေနဲ့ ဌာနခွဲရုံးတွေကို ဆောက်လုပ်ပြီး ပြုပြင်ထိန်းသိမ်းကြတယ်။ ထောင်နဲ့ချီတဲ့ ဗေသလအိမ်သားတွေနဲ့ ခရစ်ယာန်သာသနာပြုတွေကို ထောက်ပံ့ပေးပြီး ဘေးအန္တရာယ် ကျရောက်ချိန်မှာ ကယ်ဆယ်ရေးအကူအညီတွေ ပေးကြတယ်။ ‘ဒါတွေအားလုံးအတွက် ငွေကြေး ဘယ်လိုထောက်ပံ့သလဲ’ ဆိုပြီး သင် မေးကောင်းမေးပါလိမ့်မယ်။
ဆယ်ဖို့တစ်ဖို့ ကောက်တာ၊ အလှူငွေ လိုက်ကောက်တာမျိုး ကျွန်တော်တို့ မလုပ်ဘူး။ ဟောပြောခြင်းလုပ်ငန်းအတွက် ငွေကြေးအကုန်အကျ များလှပေမဲ့ ငွေမကောက်ခံပါဘူး။ ယေဟောဝါ ထောက်ပံ့နေတယ်လို့ ကျွန်တော်တို့ ယုံကြည်တဲ့အတွက် “လူတွေဆီက ထောက်ပံ့မှုရဖို့ ဘယ်တော့မှ တောင်းခံမှာ၊ အသနားခံမှာ မဟုတ်ဘူး” လို့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်ကတည်းက ကင်းမျှော်စင် ဒုတိယမြောက်စာစောင်မှာ ဖော်ပြခဲ့တယ်။ တကယ်လည်း ကျွန်တော်တို့ တစ်ခါမှ မတောင်းခံခဲ့ဘူး။—မဿဲ ၁၀:၈။
ကျွန်တော်တို့ရဲ့ အလုပ်တွေကို စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ ဆောင်ရွက်တယ်။ ကျွန်တော်တို့ရဲ့ ကျမ်းစာပညာပေးလုပ်ငန်းကို လူတော်တော်များများ နှစ်သက်ကြပြီး အလှူငွေတွေ ပေးကြတယ်။ ကမ္ဘာတစ်ဝန်းမှာ ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်ဖို့ သက်သေခံတွေကိုယ်တိုင်လည်း ကိုယ့်အချိန်၊ ခွန်အား၊ ငွေကြေးနဲ့ တခြားအရာတွေကို ပျော်ပျော်ရွှင်ရွှင် ပေးဆက်လှူဒါန်းကြတယ်။ (၁ ရာဇဝင်ချုပ် ၂၉:၉) စေတနာ အလျောက် အလှူငွေ ထည့်ဝင်ချင်သူတွေအတွက် ဝတ်ပြုရာခန်းမနဲ့ အစည်းအဝေးတွေမှာ အလှူငွေသေတ္တာတွေကို ထားပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက် jw.org/mya ကနေလည်း လှူဒါန်းနိုင်ပါတယ်။ ငွေကြေးတွေကို အများအားဖြင့် သာမန်လူတန်းစားတွေက ထည့်ဝင်လှူဒါန်းကြတာပါ။ သူတို့တွေဟာ ဝတ်ပြုရာအိမ်တော်က အလှူငွေသေတ္တာထဲ ဒင်္ဂါးငယ်နှစ်ပြား ထည့်တဲ့ ဆင်းရဲတဲ့မုဆိုးမနဲ့ တူကြတယ်။ အဲဒီမုဆိုးမရဲ့လုပ်ရပ်ကို ယေရှု ချီးမွမ်းခဲ့တယ်။ (လုကာ ၂၁:၁-၄) ဘယ်သူမဆို “စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း လှူဒါန်း” နိုင်ဖို့ “ဥစ္စာတချို့ကို . . . သီးသန့်ဖယ်ထား” နိုင်တယ်။—၁ ကောရိန္သု ၁၆:၂။ ၂ ကောရိန္သု ၉:၇။
ယေဟောဝါဘုရားက မိမိအလိုတော် ပြီးမြောက်ဖို့ တန်ဖိုးရှိတဲ့ “ဥစ္စာ” တွေကို နိုင်ငံတော်လုပ်ငန်းအတွက် ထောက်ပံ့လိုသူတွေရဲ့ စိတ်နှလုံးကို ဆက်လှုံ့ဆော်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။—ပညာ. ၃:၉။
ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းက တခြားဘာသာရေးအဖွဲ့အစည်းတွေနဲ့ ဘယ်လို ကွာခြားသလဲ။
စေတနာအလျောက်ထည့်ဝင်တဲ့ အလှူငွေတွေကို ဘယ်လို အသုံးပြုကြသလဲ။
-
-
ဝတ်ပြုရာခန်းမတွေကို ဘာကြောင့် ဆောက်ရသလဲ။ ဘယ်လို ဆောက်ကြသလဲဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
-
-
အခန်း ၂၅
ဝတ်ပြုရာခန်းမတွေကို ဘာကြောင့် ဆောက်ရသလဲ။ ဘယ်လို ဆောက်ကြသလဲ
ဘိုလီးဗီးယား
နိုင်ဂျီးရီးယား၊ ယခင်နဲ့ ယခု
တဟီတီ
ကျွန်တော်တို့ရဲ့ ဝတ်ပြုရာခန်းမတွေကို နိုင်ငံတော်ခန်းမလို့လည်း ခေါ်ကြတယ်။ အကြောင်းကတော့ အဲဒီမှာဆွေးနွေးတဲ့ အဓိကကျမ်းစာသွန်သင်ချက်က ယေရှု အဓိကထားဟောပြောခဲ့တဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဖြစ်လို့ပါပဲ။—လုကာ ၈:၁။
ဒေသအတွင်း စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ ဗဟိုအနေနဲ့ သုံးဖို့ဖြစ်တယ်။ ဒီနေရာကိုအခြေပြုပြီး သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်ကြတယ်။ (မဿဲ ၂၄:၁၄) ဝတ်ပြုရာခန်းမတွေက အရွယ်အစားနဲ့ ပုံစံကွဲပြားပေမဲ့လည်း အလွန်အကျွံ မွမ်းမံထားတာမျိုး၊ မလိုအပ်ဘဲ ကြီးလွန်းတာမျိုးတွေ မရှိဘူး။ ကမ္ဘာတစ်ဝန်းမှာ ခန်းမများစွာကို အသင်းတော် တစ်ခုထက်မက မျှသုံးကြတယ်။ တိုးများလာတဲ့ကြေညာသူတွေ၊ အသင်းတော်တွေအတွက် သိပ်မကြာသေးခင် နှစ်တွေအတွင်း (ပျမ်းမျှ တစ်ရက် ငါးလုံးနှုန်းနဲ့) ခန်းမပေါင်း သောင်းချီ ဆောက်လုပ်ခဲ့တယ်။ ဒါတွေကို ဘယ်လိုနည်းနဲ့ လုပ်နိုင်ကြသလဲ။—မဿဲ ၁၉:၂၆။
ဝတ်ပြုရာခန်းမဆောက်လုပ်ရေးအစီအစဉ်အတွက်လှူတဲ့ အလှူငွေတွေနဲ့ ဆောက်လုပ်ကြတယ်။ အဲဒီအလှူငွေတွေကို ဌာနခွဲရုံးကို ပို့ပေးတယ်။ ဒီငွေတွေကို ဝတ်ပြုရာခန်းမ ဆောက်လုပ်၊ ပြုပြင်လိုတဲ့အသင်းတော်တွေက ရယူနိုင်တယ်။
နောက်ခံအမျိုးမျိုးရှိတဲ့ လုပ်ခမယူတဲ့ စေတနာ့ဝန်ထမ်းတွေက ဆောက်လုပ်ပေးကြတယ်။ နိုင်ငံများစွာမှာ နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးအုပ်စုတွေကို ဖွဲ့စည်းထားတယ်။ ဆောက်လုပ်ရေးလုပ်သားတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ပါဝင်တဲ့ အဲဒီအဖွဲ့တွေက နိုင်ငံတော်ခန်းမတွေ ဆောက်လုပ်ရေးမှာ ဒေသခံအသင်းတော်တွေကိုကူညီဖို့ နိုင်ငံအတွင်း တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့တာ ဝေးလံခေါင်ဖျားဒေသတွေအထိ ရောက်ကြတယ်။ သတ်မှတ်ထားတဲ့ ဒေသအတွင်း ဝတ်ပြုရာခန်းမဆောက်လုပ်ရေးနဲ့ အကြီးစားပြုပြင်ရေးကို ကြီးကြပ်ဖို့အတွက် တချို့ နိုင်ငံတွေမှာ အရည်အချင်းရှိတဲ့ သက်သေခံတွေကို ခန့်အပ်ထားတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တိုင်းမှာ အလုပ်ကျွမ်းကျင်တဲ့ စေတနာ့ဝန်ထမ်းတွေ ရှိပေမဲ့ ဒေသခံအသင်းတော်က အဓိကလုပ်အား ဖြစ်ပါတယ်။ ဒီအလုပ်အားလုံး ဖြစ်မြောက်နေရတာက ယေဟောဝါရဲ့ စွမ်းအားတော်နဲ့ ဘုရားလူမျိုးရဲ့ စိတ်နှလုံးအကြွင်းမဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ဖြစ်တယ်။—ဆာလံ ၁၂၇:၁။ ကောလောသဲ ၃:၂၃။
ကျွန်တော်တို့ရဲ့ ဝတ်ပြုရာခန်းမတွေကို နိုင်ငံတော်ခန်းမလို့ ဘာကြောင့် ခေါ်သလဲ။
ကမ္ဘာတစ်ဝန်းက ဝတ်ပြုရာခန်းမတွေကို ဘယ်လိုနည်းနဲ့ ဆောက်လုပ်နိုင်ကြတာလဲ။
-