-
ဝတ်ပြုရာခန်းမကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ ကျွန်တော်တို့ ဘယ်လို ကူညီနိုင်သလဲဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
-
-
အခန်း ၂၆
ဝတ်ပြုရာခန်းမကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ ကျွန်တော်တို့ ဘယ်လို ကူညီနိုင်သလဲ
အက်စတိုးနီးယား
ဇင်ဘာဘွေ
မွန်ဂိုးလီးယား
ပွာတိုရီကို
ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမတိုင်း ဘုရားသခင်ရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နာမည်ကို ခံယူထားတယ်။ ဒါကြောင့် ခန်းမ သန့်ရှင်းပြီး ကြည့်ကောင်းနေအောင် ထားဖို့၊ ကောင်းကောင်း ထိန်းသိမ်းဖို့ ကူညီရတာကို အခွင့်ထူးအဖြစ် ရှုမြင်ပြီး မြင့်မြတ်တဲ့ဝတ်ပြုရေးရဲ့ အရေးကြီးကဏ္ဍတစ်ခုအဖြစ် သဘောထားကြတယ်။ ဒီလုပ်ဆောင်မှုတွေမှာ အားလုံး ပါဝင်ကူညီပေးနိုင်ပါတယ်။
အစည်းအဝေးပြီးတဲ့နောက် သန့်ရှင်းရေးလုပ်ဖို့ ပါဝင်လုပ်အားပေးပါ။ အစည်းအဝေးပြီးတိုင်း ညီအစ်ကို၊ ညီအစ်မတွေက ခန်းမ သပ်သပ်ရပ်ရပ် ဖြစ်အောင် လိုအပ်သလို သန့်ရှင်းရေး ပြန်လုပ်ကြတယ်။ ပိုအသေးစိတ်ကျတဲ့ သန့်ရှင်းရေးကိုလည်း ပုံမှန်လုပ်ကြတယ်။ လုပ်ဆောင်မှုတွေကို အကြီးအကဲတစ်ဦး ဒါမှမဟုတ် အသင်းတော်အမှုထမ်းတစ်ဦးက ဦးဆောင်ပေးပြီး ပုံမှန်အားဖြင့် သတ်မှတ်ထားတဲ့ဇယားအတိုင်း လုပ်ဆောင်ကြတယ်။ ညီအစ်ကို/မတွေက လိုအပ်မှုအပေါ် မူတည်ပြီး တံမြက်စည်းလှည်း၊ ကြမ်းတိုက်၊ ဖုန်သုတ်၊ ခုံစီ၊ အိမ်သာ သန့်ရှင်းရေး၊ ပြတင်းပေါက်နဲ့ မှန်သုတ်၊ အမှိုက်သွန်၊ ခန်းမအပြင်ဘက် သန့်ရှင်းရေး၊ ခြံဝင်းသန့်ရှင်းရေးတွေမှာ ပါဝင်လုပ်အားပေးကြတယ်။ အနည်းဆုံး တစ်နှစ် တစ်ခါ ခန်းမတစ်ခုလုံးကို အသေးစိတ်သန့်ရှင်းရေး လုပ်ကြတယ်။ ဝတ်ပြုတဲ့နေရာကို လေးစားဖို့ ကလေးငယ်တွေကို သင်ပေးတဲ့အနေနဲ့ တချို့အလုပ်တွေမှာ သူတို့ကို ပါဝင်ကူညီစေကြတယ်။—ဒေသနာ ၅:၁။
လိုအပ်တဲ့ပြုပြင်မှုတွေ လုပ်တဲ့အခါ ပါဝင်လုပ်အားပေးကြတယ်။ ဝတ်ပြုရာခန်းမရဲ့ အတွင်းအပြင်ကို နှစ်စဉ် သေသေချာချာ စစ်ဆေးကြတယ်။ တွေ့ ရှိလာရာတွေပေါ် မူတည်ပြီး ပုံမှန် ပြုပြင်ထိန်းသိမ်းရေးတွေ လုပ်တဲ့အတွက် ခန်းမအခြေအနေဟာ ကောင်းနေပြီး မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို လျော့ချနိုင်တယ်။ (၂ ရာ. ၂၄:၁၃။ ၃၄:၁၀) ဘုရားသခင်ကို ဝတ်ပြုတဲ့နေရာဟာ သန့်ရှင်းနေပြီး ကောင်းကောင်း ပြု ပြင်ထိန်းသိမ်းထားတဲ့နေရာ ဖြစ်သင့်ပါတယ်။ ဒီလုပ်ဆောင်မှုတွေမှာ ပါဝင်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ယေဟောဝါဘုရားကို ချစ်ကြောင်း၊ ဝတ်ပြုတဲ့နေရာကို လေးစားကြောင်း ပြကြတယ်။ (ဆာလံ ၁၂၂:၁) ဒီလိုလုပ်ဆောင်ခြင်းက ရပ်ကွက်မှာ ဘုရားသခင့်နာမည်ကို ချီးမွမ်းစရာ ဖြစ်စေတယ်။—၂ ကောရိန္သု ၆:၃။
ဝတ်ပြုရာနေရာတွေကို ကျွန်တော်တို့ ဘာကြောင့် ဂရုစိုက်ကြသလဲ။
ဝတ်ပြုရာခန်းမကို သန့်ရှင်းနေစေဖို့ ဘာအစီအစဉ်တွေ ရှိသလဲ။
-
-
ဝတ်ပြုရာခန်းမ စာကြည့်တိုက်က ဘယ်လို အကျိုးပြုနိုင်သလဲဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
-
-
အခန်း ၂၇
ဝတ်ပြုရာခန်းမ စာကြည့်တိုက်က ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ
အစ္စရေး
ချက်ပြည်သူ့သမ္မတနိုင်ငံ
ဘီနင်
ကေမန်ကျွန်းစု
ကျမ်းစာအသိပညာ တိုးတက်လာအောင် ရှာဖွေလေ့လာမှုတွေ လုပ်လိုပါသလား။ ကျမ်းချက်၊ ကျမ်းစာမှာ ဖော်ပြတဲ့လူ၊ နေရာဒေသ၊ အကြောင်းအရာတွေကို သိချင်ပါသလား။ ကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းရာမှာ ကျမ်းစာ ဘယ်လို ကူညီပေးနိုင်ကြောင်း သိလိုပါသလား။ ဒါဆိုရင် ဝတ်ပြုရာခန်းမမှာရှိတဲ့ စာကြည့်တိုက်ကို လည်ပတ်ကြည့်ပါ။
ရှာဖွေလေ့လာမှုအတွက် အသုံးဝင်မယ့် စာပေတွေ၊ ကိရိယာတွေ ရှိတယ်။ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ကျမ်းစာအခြေပြု စာပေအားလုံး သင့်ဘာသာစကားနဲ့ မရှိနိုင်လောက်ဘူး။ ဝတ်ပြုရာခန်းမ စာကြည့်တိုက်မှာတော့ သိပ်မကြာသေးခင်က ထုတ်ဝေခဲ့တဲ့ စာပေအားလုံးနီးပါး ရှိတယ်။ ကျမ်းစာဘာသာပြန်ကျမ်းအမျိုးမျိုး၊ အဘိဓာန်ကောင်းကောင်းနဲ့ အသုံးဝင်မယ့် ရည်ညွှန်းစာအုပ်တွေလည်း ရှိနိုင်တယ်။ အစည်းအဝေး မစခင်နဲ့ ပြီးနောက်မှာ စာကြည့်တိုက်ကို လွတ်လွတ်လပ်လပ် သုံးနိုင်ပါတယ်။ ကွန်ပျူတာ တပ်ဆင်ထားမယ်ဆိုရင် ကင်းမျှော်စင်စာကြည့်တိုက်လည်း ရှိနိုင်တယ်။ ကင်းမျှော်စင်စာကြည့်တိုက် ဆိုတာ ကျွန်တော်တို့ရဲ့ စာအုပ်စာပေများစွာ ထည့်သွင်းထားတဲ့ ကွန်ပျူတာပရိုဂရမ်တစ်ခု ဖြစ်ပြီး ရှာချင်တဲ့ အကြောင်းအရာ၊ စကားလုံး၊ ကျမ်းချက်ကို ရှာရလွယ်အောင် ပြုလုပ်ထားတယ်။
အသက်တာနဲ့ အမှုဆောင်လုပ်ငန်း သင်တန်းသားတွေအတွက် အသုံးဝင်တယ်။ သင့်တာဝန်အတွက် ပြင်ဆင်တဲ့အခါ ဝတ်ပြုရာခန်းမ စာကြည့်တိုက်ကို ကောင်းကောင်း အသုံးပြုနိုင်တယ်။ စာကြည့်တိုက်ကို ကြီးကြပ်သူက အသက်တာနဲ့ အမှုဆောင်လုပ်ငန်း ကြီးကြပ်မှူး ဖြစ်တယ်။ စာကြည့်တိုက်မှာ နောက်ဆုံးထုတ် စာပေတွေ ရှိနေဖို့၊ စနစ်တကျ ရှိဖို့ တာဝန်ယူ ကြည့်ရှုပေးတယ်။ သူ ဒါမှမဟုတ် သင့်ကို ကျမ်းစာသင်ပေးသူက လိုအပ်တဲ့အချက်အလက်တွေ ဘယ်လို ရှာဖွေရမလဲဆိုတာ ပြပေးနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်စာအုပ်ကိုမှ ခန်းမအပြင်ကို မယူသွားသင့်ဘူး။ စာအုပ်တွေကို ကျွန်တော်တို့ ဂရုတစိုက် ကိုင်တွယ်လိုကြတယ်။ စာအုပ်မှာ အမှတ်အသားတွေ မလုပ်ကြဘူး။
“ဘုရားနဲ့ပတ်သက်တဲ့ အသိပညာ” ကို ရချင်ရင် “ရတနာသိုက်ကို လိုက်ရှာသလို” ရှာဖွေချင်စိတ် ရှိရမယ်ဆိုပြီး ကျမ်းစာက ရှင်းပြတယ်။ (ပညာ. ၂:၁-၅) သင် စတင်ရှာဖွေနိုင်အောင် ဝတ်ပြုရာခန်းမ စာကြည့်တိုက်က ထောက်ကူပေးနိုင်တယ်။
ဝတ်ပြုရာခန်းမ စာကြည့်တိုက်မှာ ရှာဖွေလေ့လာနိုင်တဲ့ ဘာအထောက်အကူတွေ ရှိသလဲ။
စာကြည့်တိုက်ကို အကောင်းဆုံး သုံးတတ်အောင် သင့်ကို ဘယ်သူ ပြပေးနိုင်သလဲ။
-
-
ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဘာတွေကို တွေ့ရမလဲဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
-
-
အခန်း ၂၈
ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဘာတွေ တွေ့ရမလဲ
ပြင်သစ်
ပိုလန်
ရုရှား
ယေရှုခရစ်က မိမိရဲ့နောက်လိုက်တွေကို ဒီလိုပြောခဲ့တယ်– “ခင်ဗျားတို့ရဲ့အလင်းကို လူတွေရှေ့မှာ လင်းစေကြပါ။ ဒါမှ တခြားသူတွေက ခင်ဗျားတို့ရဲ့ အကျင့်ကောင်းကို မြင်ပြီး ကောင်းကင်မှာ စံမြန်းတဲ့ အဖရဲ့ ဘုန်းအသရေကို ချီးမွမ်းကြလိမ့်မယ်။” (မဿဲ ၅:၁၆) ဒီအတိုင်း လုပ်ဆောင်ဖို့ အင်တာနက်အပါအဝင် ခေတ်မီနည်းပညာတွေကို အသုံးပြုနေကြတယ်။ ကျွန်တော်တို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက် jw.org က ယေဟောဝါသက်သေများရဲ့ ယုံကြည်ချက်နဲ့ လုပ်ဆောင်မှုတွေကို ဖော်ပြတယ်။ အဲဒီမှာ ဘာတွေ တွေ့နိုင်မလဲ။
လူအများ မေးတတ်တဲ့မေးခွန်းတွေရဲ့ ကျမ်းစာအဖြေ။ လူတွေ မေးခဲ့သမျှ မေးခွန်းတွေထဲက အရေးကြီးဆုံး မေးခွန်းတချို့ရဲ့ အဖြေတွေကို တွေ့နိုင်ပါတယ်။ ဥပမာ၊ ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား၊ သေလွန်သူတွေ အသင်ပြန်ရှင်လာနိုင်မလား ဝေစာတွေကို အွန်လိုင်းမှာ ဘာသာစကားပေါင်း ၆၀၀ ကျော်နဲ့ တွေ့ရမယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဘာသာစကား ၁၃၀ ကျော်နဲ့ တွေ့နိုင်တယ်။ သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်နဲ့ နောက်ဆုံးထုတ် ကင်းမျှော်စင်၊ နိုးလော့! စာပေတွေလိုမျိုး သမ္မာကျမ်းစာလေ့လာမှု အထောက်အကူပြု စာပေတွေကိုလည်း တွေ့ရမယ်။ ဒီစာပေတွေကို အွန်လိုင်းပေါ်မှာ ဖတ်နိုင်၊ နားထောင်နိုင်သလို MP3, PDF, EPUB ပုံစံတွေနဲ့လည်း ရယူနိုင်ပါတယ်။ စိတ်ဝင်စားသူတစ်ယောက်ကို ဝေမျှချင်တယ်ဆိုရင် သူ့ဘာသာစကားနဲ့ စာမျက်နှာ အနည်းငယ်ကို ပုံနှိပ်ထုတ်ယူလို့တောင် ရတယ်။ စာပေဗီဒီယိုတွေကို လက်သင်္ကေတပြ ဘာသာစကားများစွာနဲ့လည်း ရနိုင်တယ်။ အပန်းဖြေချိန်မှာ နားထောင်ချင်ရင် နားဆင်စရာ ကျမ်းစာဇာတ်လမ်း၊ ကျမ်းစာပြဇာတ်၊ တေးသံသာတွေကိုလည်း အင်တာနက်ကနေ ကူးယူနိုင်တယ်။
ယေဟောဝါသက်သေများနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်။ အင်တာနက်မှာ တင်ထားတဲ့ တခြားအရာတွေကတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာချီလုပ်ငန်း၊ ယေဟောဝါသက်သေများနဲ့သက်ဆိုင်တဲ့ အဖြစ်အပျက်တွေ၊ လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အကူအညီတွေအကြောင်း နောက်ဆုံးရသတင်းတွေ၊ ဗီဒီယိုအတိုအထွာတွေ ဖြစ်တယ်။ ကျင်းပမယ့် အစည်းအဝေးကြီး အချက်အလက်တွေ၊ ဌာနခွဲတွေကို ဆက်သွယ်နိုင်မယ့် လိပ်စာတွေကိုလည်း တွေ့နိုင်တယ်။
ဒီနည်းတွေကို သုံးပြီး အမှန်တရားအလင်းကို ကမ္ဘာ့အစွန်အဖျားနေရာတွေအထိ ရောက်အောင် လုပ်ဆောင်နေပါတယ်။ အန္တာတိကတိုက်အပါအဝင် တိုက်ကြီးအားလုံးက လူတွေလည်း အကျိုးခံစားနေကြပါတယ်။ ဘုရားသခင်ရဲ့ ဘုန်းတော် ထင်ရှားဖို့ “ယေဟောဝါရဲ့ တရားစကား အလျင်အမြန် ပျံ့နှံ့” ပါစေလို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။—၂ သက်သာလောနိတ် ၃:၁။
ကျမ်းစာအမှန်တရားကို လူတွေ သိလာအောင် jw.org ဝက်ဘ်ဆိုက်က ဘယ်လို ထောက်ကူနေသလဲ။
ကျွန်တော်တို့ဝက်ဘ်ဆိုက်ကို ဝင်ကြည့်ချင်ပါသလား။
-