ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၁၄ စာ. ၁
  • ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ —မိက္ခာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ —မိက္ခာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ၏နာမတော်၌ ကျွန်ုပ်တို့ ထာဝစဉ်လျှောက်လှမ်းကြမည်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ယေဟောဝါ၏ကျေးကျွန်များ စစ်မှန်သောမျှော်လင့်ချက်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ကျွန်ုပ်တို့ထံမှ ယေဟောဝါ အဘယ်အရာမျှော်လင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဘယ်လိုနည်းနဲ့ ‘စိတ်ရှည်ရှည် စောင့်နေ’ နိုင်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
နဓ ၁/၁၄ စာ. ၁

ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ —မိက္ခာ

၁။ ဘယ်လိုမေးခွန်းမျိုးကို မိက္ခာ စဉ်းစားမိခဲ့နိုင်သလဲ။ သူ့ရဲ့ သတိပေးချက်က ဘာကြောင့် အချည်းနှီး မဖြစ်ခဲ့သလဲ။

၁ “ဖောက်ပြန်ယိုယွင်းနေတဲ့ ဒီစနစ်ရဲ့အဆုံး ဘယ်တော့ရောက်လာမှာလဲ။” အစ္စရေးနဲ့ယုဒနိုင်ငံကို ယေဟောဝါရဲ့တရားစီရင်ချက်အကြောင်း မိက္ခာ ကြေညာတုန်းကလည်း အထက်ပါမေးခွန်းကို သူ စဉ်းစားခဲ့မှာ ဖြစ်တယ်။ နောက်ပိုင်းမှာ သူ့ရဲ့ကြေညာချက်က အမှန်ဖြစ်လာပါတော့တယ်။ ဘီစီ ၇၄၀၊ မိက္ခာ အသက်ရှင်နေချိန်မှာပဲ ရှမာရိနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့စကား ပြည့်စုံလာပါတယ်။ (မိ. ၁:၆၊ ၇) နောက်ပိုင်း ဘီစီ ၆၀၇ ရောက်လာတဲ့အခါ ဂျေရုဆလင်လည်း ဖျက်ဆီးခံခဲ့ရတယ်။ (မိ. ၃:၁၂) ကျွန်ုပ်တို့လည်း ယေဟောဝါရဲ့ တရားစီရင်ခြင်းကို စောင့်မျှော်နေရင်းနဲ့ မိက္ခာကို ဘယ်လို တုပနိုင်သလဲ။

၂။ ယေဟောဝါရဲ့နေ့ကြီးကို စောင့်နေရင်းနဲ့ စိတ်ရှည်မှုကို ဘာကြောင့်တင်ပြသင့်ပါသလဲ။ ဘယ်လိုတင်ပြမလဲ။

၂ စိတ်ရှည်ပါ– မိက္ခာ ဒီလိုရေးခဲ့တယ်– “ငါမူကား ထာဝရဘုရားကိုစောင့်မျှော်နေမည်။ ငါ့ကိုကယ်တင်မည့်ဘုရားသခင်အား ယုံကြည်စိတ်ချစွာ စောင့်နေမည်။” (မိ. ၇:၇၊ ခမ) မိက္ခာဟာ အဆုံးကို ဒီအတိုင်းပဲ ထိုင်စောင့်နေခဲ့တာ မဟုတ်ပါဘူး။ ယေဟောဝါရဲ့ ပရောဖက်တစ်ယောက်အနေနဲ့ အလုပ်များနေခဲ့ပါတယ်။ ကျွန်ုပ်တို့လည်း ယေဟောဝါရဲ့နေ့ကို စောင့်မျှော်နေရင်းနဲ့ “သန့်ရှင်းသောအမူအကျင့်များကျင့်၍ ဘုရားတရားဆည်းကပ်သူများ” အဖြစ် အလုပ်များနေသင့်ပါတယ်။ (၂ ပေ. ၃:၁၁၊ ၁၂) ယေဟောဝါ စိတ်ရှည်တဲ့အတွက်ကြောင့် လူသားတွေနောင်တရဖို့ အချိန်ရစေတယ်။ (၂ ပေ. ၃:၉) ဒါကြောင့် ကျွန်ုပ်တို့လည်း ပရောဖက်တွေရဲ့စိတ်ရှည်ခြင်းကို တုပပါ ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို လိုက်နာသွားဖို့ ဖြစ်ပါတယ်။​—ယာ. ၅:၁၀။

၃။ စွမ်းအားတော်ပေးဖို့အတွက်  ယေဟောဝါဆီ  ဘာကြောင့်  အသနားခံသင့်သလဲ။

၃ ယေဟောဝါရဲ့ အစွမ်းတန်ခိုးကို အားကိုးပါ– မိက္ခာရဲ့တာဝန် ခက်ခဲပေမဲ့ တာဝန်ကို ကျေပွန်ဖို့ ယေဟောဝါကို မှီခိုအားထားခဲ့တယ်။ (မိ. ၃:၈) ကျွန်ုပ်တို့ဟာ ယေဟောဝါဆီက အကူအညီလိုအပ်တယ်ဆိုတာကို ကိုယ်တော်သိပါတယ်။ ဒါကြောင့် သမ္မာကျမ်းစာမှာ ကိုယ်တော့်ဆီမှာ ခွန်အားတောင်းဖို့ အားပေးထားခြင်းဖြစ်တယ်။ ဘုရားရေးရာတာ၀န်တွေကို ကျေပွန်နိုင်ဖို့ ဘုရားသခင်က မောပန်းနွမ်းနယ်တဲ့သူတွေကို အစွမ်းခွန်အား ရက်ရက်ရောရောပေးပါလိမ့်မယ်။ (ဆာ. ၈၄:၅၊ ၇; ဟေရှာ. ၄၀:၂၈-၃၁) မြင့်မြတ်တဲ့အမှုတော်မှာ ထမ်းဆောင်ရင်း ကိုယ်တော် ခွန်အားပေးတာကို ကိုယ်တွေ့ကြုံဖူးပါသလား။ အကူအညီအတွက် စွမ်းအားတော်ပေးဖို့ ယေဟောဝါဆီ ပုံမှန်တောင်းခံပါသလား။​—လု. ၁၁:၁၃။

၄။ မိက္ခာရဲ့ ဘဝအသက်တာက အရေးကြီးတဲ့ဘယ်သင်ခန်းစာတွေ ပေးပါသလဲ။

၄ ယေဟောဝါရဲ့အလိုတော်ဆောင်ခြင်းက  မိက္ခာဘဝမှာ အရေးကြီးဆုံးအရာဖြစ်ခဲ့တယ်။  ကိုယ်ကျင့်တရားယိုယွင်းတဲ့ လောကအလယ်မှာ အသက်ရှင်နေရပေမဲ့ ဆက်သစ္စာရှိဖို့ သူ ဆုံးဖြတ်ခဲ့တယ်။ ထပ်တူပါပဲ၊ ကျွန်ုပ်တို့ဟာ သစ္စာရှိမရှိ နေ့စဉ်စမ်းသပ်ခံနေရပါတယ်။ ဒါကြောင့် “ထာဝရဘုရား၏ နာမတော်ကို ကာလအစဉ်အမြဲခိုလှုံလျက်” အသက်ရှင်သွားမယ် ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ဆက်လက် ခိုင်မာစေကြပါစို့။​—မိ. ၄:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ