ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၁၅ စာ. ၄
  • ခရိုင်စည်းဝေးဖိတ်စာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရိုင်စည်းဝေးဖိတ်စာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထူးဖိတ်စာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • အကျိုးရှိတဲ့ ကင်ပိန်းအစီအစဉ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ခရိုင်စည်းဝေး ဖိတ်စာကင်ပိန်း
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • အောက်မေ့ရာပွဲဖိတ်စာတွေကို ဧပြီ ၂ ရက်မှာ စဝေမယ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
နဓ ၈/၁၅ စာ. ၄

ခရိုင်စည်းဝေးဖိတ်စာ

၁။ ခရိုင်စည်းဝေး ဖိတ်စာဝေငှတဲ့ကင်းပိန် ဘယ်အချိန် စမှာလဲ။

၁ မိတ်ဆွေအပေါင်းအသင်းတွေကို ဖွယ်ဖွယ်ရာရာလေး ထမင်းဖိတ်ကျွေးချင်တယ်ဆိုပါစို့။ ဒီအတွက် အပင်ပန်းခံပြီး ပြင်ဆင်ချက်ပြုတ်မှာဖြစ်သလို သူတို့ကိုလည်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်မယ်မဟုတ်လား။ ဘုရားရေးရာ ပုံဆောင်စားသောက်ပွဲဖြစ်တဲ့ လာမယ့်ခရိုင်စည်းဝေးအတွက် အကုန်အကျခံ အပင်ပန်းခံပြီး ပြင်ဆင်ပေးထားတယ်။ စည်းဝေးမစခင် သုံးပတ်အလိုမှာ တခြားသူတွေကိုပါ ဖိတ်ခေါ်ဖို့ ယေဟောဝါဘုရားက ကျွန်ုပ်တို့ကို တာဝန်ပေးထားတယ်။ ဖိတ်စာတွေကို အားတက်သရော ဘယ်လို ဝေငှကြမလဲ။

၂။ ကင်းပိန်မှာ အပြည့်အဝပါဝင်နိုင်အောင် ဘာက လှုံ့ဆော်ပေးမလဲ။

၂ စည်းဝေးတွေကနေတစ်ဆင့် ယေဟောဝါဘုရား ပြင်ဆင်ပေးတဲ့ အားရှိဖွယ်အချက်တွေကို ကိုယ် တကယ်တန်ဖိုးထားမယ်ဆိုရင် ကင်ပိန်းမှာ အားတက်သရော ပါဝင်ဖို့ လှုံ့ဆော်ပေးမှာပဲ။ (ဟေရှာ. ၆၅:၁၃၊ ၁၄) နှစ်စဉ် ကင်ပိန်းအစီအစဉ်ကြောင့် အကျိုးအများကြီးရတာကိုလည်း သတိရပါ။ (“အကျိုးကျေးဇူးများ” လေးထောင့်ကွက်ကိုကြည့်ပါ။) ဖိတ်ခေါ်ခံရတဲ့ လူတချို့ဟာ စည်းဝေး လာတက်ပါလိမ့်မယ်။ လူတွေ စည်းဝေး လာတက်တက် မတက်တက်၊ ကင်ပိန်းမှာ ကျွန်ုပ်တို့ ကြိုးစားတာတွေက ယေဟောဝါဘုရားကို ချီးမွမ်းရာရောက်ပြီး ကိုယ်တော့်ရဲ့ ရက်ရောမှုကို တုပရာလည်းရောက်ပါတယ်။—ဆာ. ၁၄၅:၃၊ ၇; ဗျာ. ၂၂:၁၇။

၃။ ဖိတ်စာတွေကို ဘယ်လိုဝေငှကြမလဲ။

၃ ဖိတ်စာတွေကို ဘယ်လိုနည်းနဲ့ အများဆုံးဝေငှနိုင်မလဲ၊ လူမရှိတဲ့အိမ်တွေမှာ ထားခဲ့ရမလား၊ လူထုရှေ့ သက်သေခံခြင်းမှာ ဝေငှသင့်သလားဆိုတာတွေကို အကြီးအကဲအဖွဲ့က ဆုံးဖြတ်ရမှာဖြစ်တယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဖိတ်စာတွေကို ဦးစားပေး ဝေငှပါ။ သင့်တော်မယ်ဆိုရင် မဂ္ဂဇင်းတွေကိုပါ တွဲဝေငှပါ။ ကင်ပိန်းအတွင်း ကျွန်ုပ်တို့ ထက်သန်စွာပါဝင်ခဲ့လို့ ယေဟောဝါဘုရား ပြင်ဆင်ပေးတဲ့ ပုံဆောင်စားသောက်ပွဲကြီးဆီ လူတွေအများကြီး လာတက်တာကို တွေ့ရတဲ့အခါ ဘယ်လောက် ပျော်လိုက်မလဲ။

သင် ဘယ်လိုပြောမလဲ

နှုတ်ဆက်ပြီးတဲ့နောက် ဒီလိုပြောနိုင်ပါတယ်– “အရေးကြီးတဲ့ အစီအစဉ်တစ်ခု တက်ရောက်ဖို့ လူတိုင်းကို ဖိတ်ခေါ်နေတာပါ။ ရက်စွဲ၊ အချိန်နဲ့ လိပ်စာကို ဖိတ်စာထဲမှာ ဖော်ပြပေးထားပါတယ်။”

အကျိုးကျေးဇူးများ

  • လွန်ခဲ့တဲ့သုံးလေးနှစ်တုန်းက ဖိတ်စာကင်းပိန်မှာ ပါဝင်ခဲ့တဲ့ညီအစ်မတစ်ဦးက ကင်းပိန်အတွင်း ကြိုးစားခဲ့တာတွေဟာ အကျိုးမှရှိရဲ့လားလို့ စဉ်းစားမိတယ်။ “လူတွေ စည်းဝေး လာတက်ကြမှာမို့လိုလား” ဆိုပြီး သူတွေးခဲ့တယ်။ စည်းဝေးရက် စနေနေ့မနက်ပိုင်းမှာ ဆစ်ခ်ဘာသာဝင် လူတစ်ဦး အနားမှာထိုင်နေတာတွေ့တော့ အဲဒီညီအစ်မ စကားသွားပြောတယ်။ ဝေငှခဲ့တဲ့ ဖိတ်စာရလို့ ဒီစည်းဝေးကို လာတက်တာဆိုပြီး သူ ပြောပြတယ်။ သူမေးတဲ့ မေးခွန်းတွေကိုလည်း ညီအစ်မ ဖြေပေးခဲ့တယ်။ ပြီးတော့ စည်းဝေးဟောပြောချက်တွေ၊ စည်းဝေးလာတက်သူတွေရဲ့ ဝတ်စားဆင်ယင်၊ ပြုမူပြောဆိုတာတွေကို သိပ်သဘောကျတယ်လို့ သူ ပြောတယ်။ အဲဒီနေ့မှာပဲ ညီအစ်မဖြစ်သူက သူ့ဘေးနားမှာထိုင်တဲ့ လင်မယားနှစ်ယောက်ကို စကားပြောခဲ့ပါသေးတယ်။ သူတို့က ဖိတ်စာရလို့ စည်းဝေးကို လိုင်ကားစီးပြီး လာတက်တာလို့ ပြောပြတယ်။ စည်းဝေးလာရတာ ပျော်လို့ တနင်္ဂနွေနေ့မှာလည်း လာမယ်လို့ ဆိုတယ်။ ဒါကြောင့် နှစ်စဉ်လုပ်တဲ့ကင်းပိန်တွေဟာ ဘယ်လောက်အရေးကြီးမှန်း ညီအစ်မ သိသွားပါတယ်။

  • ပြီးခဲ့တဲ့ခရိုင်စည်းဝေးတစ်ခုမှာ မှန်မှန်ရှေ့ဆောင် ဇနီးမောင်နှံဟာ သက်ကြီးမောင်နှံတစ်စုံကို စကားသွားပြောတယ်။ သူတို့က စည်းဝေးကို ပထမအကြိမ်လာတက်တာတဲ့။ “ဘယ်သူ ဖိတ်တာလဲခင်ဗျာ” လို့ မေးလိုက်တော့ “တံခါးဝမှာ ထားခဲ့တဲ့ဖိတ်စာကို တွေ့လို့ပါ” ဆိုပြီး ပြန်ဖြေတယ်။ သူတို့က ဖိတ်စာနောက်ကျောက ဖောင်ကိုတောင် ဖြည့်လိုက်သေးတယ်။ စည်းဝေးလာတက်တဲ့ တခြားသူတွေက သူတို့ကို နေ့လည်စာ ကျွေးကြတယ်။ စည်းဝေးမှာ သူတို့သိပ်ပျော်သွားလို့ နောက်တစ်နေ့လည်း လာဦးမယ်လို့ ပြောသွားတယ်။ သူတို့ဆီ ပြန်လည်ပတ်ဖို့ စီစဉ်ခဲ့တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ