ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ခေါင်းဆောင် ဘယ်သူလဲ
    ၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
    • သာသနာပြုတွေကို ပြည်နှင်ဒဏ်ပေးလိုက်ပြီးနောက် ညီအစ်ကိုဒေါ်နယ်လ် နိုဝဲလ်ဟာ ဌာနခွဲကိုကြီးကြပ်ဖို့ တာဝန်ပေးခံရတယ်။ သူက အသက် ၂၀ ပဲရှိသေးတယ်။ နှစ်ခြင်းခံတာလည်း လေးနှစ်ပဲရှိသေးတယ်။ တိုက်နယ်ကြီးကြပ်မှူးအဖြစ် လအနည်းငယ်လုပ်ခဲ့ပေမဲ့ ဌာနခွဲလုပ်ငန်းက သူ့အတွက် အစိမ်းသက်သက်ဖြစ်နေတယ်။ သွပ်မိုး၊ ပျဉ်ကာထားပြီး ကြမ်းခင်းလည်းမရှိတဲ့ သူ့အိမ်မှာ ရုံးခန်းလေးဖွဲ့ထားတယ်။ ပြီးတော့ သူ့အိမ်က စီယူဒက် ထရူဟီယိုမြို့ရဲ့ အန္တရာယ်နယ်မြေမှာရှိတယ်။ ဖီးလစ် မာတီရဲ့အကူအညီနဲ့ သူက တစ်နိုင်ငံလုံးအတွက် ကင်းမျှော်စင် မိတ္တူကူးတယ်။

      စာမျက်နှာ ၁၁၁ ပါ ရုပ်ပုံ

      ဖယောင်းမိတ္တူကူးထားတဲ့ ၁၉၅၈ ခုနှစ်ထုတ် ကင်းမျှော်စင်

      ညီအစ်မမေရီ ဂလပ်စ်က ညီအစ်ကိုနိုဝဲလ်ကို ကူညီပေးတယ်။ အဲဒီတုန်းက သူ့ခင်ပွန်းအန်ရီကီ ထောင်ကျနေတယ်။ ညီအစ်မမေရီ အခုလိုပြောပြတယ်– “ညနေ ၅ နာရီမှာ ကျွန်မ အလုပ်ကပြန်လာတာနဲ့ ညီအစ်ကိုနိုဝဲလ်ရဲ့ရုံးခန်းကိုသွားပြီး ကင်းမျှော်စင်ကို ဖယောင်းစက္ကူပေါ်မှာ လက်နှိပ်စက်ရိုက်တယ်။ ညီအစ်ကိုနိုဝဲလ်က ဖယောင်းမိတ္တူစက်နဲ့ မိတ္တူကူးတယ်။ ‘ကောင်းကင်တမန်’ ဆိုပြီး လျှို့ဝှက်နာမည်ပေးထားတဲ့ ညီအစ်မတစ်ယောက်လည်း စန်တီယာဂိုမြို့ကနေ လာကူညီပေးတယ်။ သူက မိတ္တူကူးပြီးသားမဂ္ဂဇင်းတွေကို ငါးဂါလံဆီပုံးအလွတ်ရဲ့ အောက်ဆုံးမှာထည့်ပြီး အဝတ်နဲ့အုပ်လိုက်တယ်။ အဲဒီပေါ်မှာ ပီလောပီနံဥ၊ အာလူး ဒါမှမဟုတ် ပိန်းဥတွေထည့်ပြီး ဂုန်နီထည်နဲ့ ဖုံးထားလိုက်တယ်။ အဲဒီနောက် လိုင်းကား ဒါမှမဟုတ် ရထားနဲ့ နိုင်ငံမြောက်ပိုင်းကိုသွားပြီး အသင်းတော်တစ်ခုကို မဂ္ဂဇင်းတစ်စောင်စီ ပို့ပေးတယ်။ အဲဒီမဂ္ဂဇင်းကို မိသားစုတွေက တစ်လှည့်စီငှားပြီး အတူလေ့လာကြတယ်။”

      မေရီ အခုလိုဆက်ပြောတယ်– “လမ်းပေါ်မှာ အစိုးရထောက်လှမ်းရေးတွေက ကင်းမျှော်စင်ပုံနှိပ်တဲ့နေရာကို ရှာတွေ့ဖို့ ခြေချင်းလိမ်နေတာပဲ။ ဒါကြောင့် ကျွန်မတို့ အရမ်းသတိထားရတယ်။ ဒါပေမဲ့ သူတို့ တစ်ခါမှရှာမတွေ့ခဲ့ဘူး။ ကျွန်မတို့ကို ယေဟောဝါ အမြဲကာကွယ်ပေးခဲ့တယ်။”

      စာမျက်နှာ ၁၁၂၊ ၁၁၃ ပါ လေးထောင့်ကွက်
  • အဖမ်းခံရမယ့်အန္တရာယ်
    ၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
    • ဒိုမီနီကန်သမ္မတနိုင်ငံ

      အဖမ်းခံရမယ့်အန္တရာယ်

      “မြွေကဲ့သို့ပါးနပ်လျက် ချိုးငှက်ကဲ့သို့ အဆိပ်ကင်း”

      ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တွေဟာ ပိတ်ပင်ထားချိန်အတွင်း ပုံဆောင်အစာမပြတ်ရရှိဖို့ အရေးကြီးတာမှန်ပေမဲ့ သူတို့အတွက် တကယ့်ကိုအန္တရာယ်များနေတဲ့အချိန်ပဲ။ အဲဒီနှစ်တွေအတွင်း ညီအစ်ကိုများစွာဟာ ဖမ်းဆီးခံရပြီး ထောင်ဒဏ်အသီးသီး ချမှတ်ခံရတယ်။

      ညီအစ်မကွာနီးတာ ဘော်ဂီ ဒီလိုပြောပြတယ်– “၁၉၅၃ ခုနှစ်မှာ ကျွန်မ အမှန်တရားသိလာတယ်။ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ရင် အဖမ်းခံရနိုင်မှန်း ကောင်းကောင်းသိထားတယ်။ ထင်တဲ့အတိုင်းပါပဲ။ ၁၉၅၈၊ နိုဝင်ဘာလမှာ ညီအစ်မအီနေဒါ ဆွာရက်ဆီ သွားလည်နေတုန်း လျှို့ဝှက်ရဲအဖွဲ့ရောက်လာပြီး စည်းဝေးလုပ်တယ်လို့ စွပ်စွဲတယ်။ ကျွန်မတို့ကို ထောင်ဒဏ်သုံးလချမှတ်ပြီး တစ်ယောက်ကို ယူအက်စ်ဒေါ်လာ ၁၀၀ နဲ့ညီမျှတဲ့ ပီဆို ၁၀၀ ဒဏ်ငွေဆောင်ခိုင်းတယ်။”

      စာမျက်နှာ ၁၁၅ ပါ ရုပ်ပုံ

      လျှို့ဝှက်ရဲတွေက ညီအစ်ကိုညီအစ်မတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို စုစည်းထားခဲ့တယ်။

      အစိုးရက သက်သေခံတွေ စည်းဝေးမလုပ်နိုင်အောင် အစွမ်းကုန်ဟန့်တားပေမဲ့ ညီအစ်ကိုတွေကတော့ လက်မလျှော့ခဲ့ကြဘူး။ ဒါပေမဲ့ “မြွေကဲ့သို့ပါးနပ်လျက် ချိုးငှက်ကဲ့သို့ အဆိပ်ကင်း” ဖို့တော့လိုတယ်။ (မ. ၁၀:၁၆) ညီအစ်မအန်ဒရီယာ အမန်ဇာက “စည်းဝေးလာတဲ့အခါ အချိန်နည်းနည်းစီခြားပြီး လာရတယ်။ စည်းဝေးပြီးရင်လည်း တခြားသူတွေမရိပ်မိအောင် လူစုခွဲပြီးပြန်ရလို့ တော်တော်လေးမိုးချုပ်တယ်” လို့ပြောပြတယ်။

      ခေရမီယပ်စ် ဂလပ်စ် မွေးတဲ့အချိန်မှာ သူ့အဖေလီယွန် ထောင်ကျနေတယ်။ သူက ၁၉၅၇ ခုနှစ်၊ အသက်ခုနစ်နှစ်မှာ ကြေညာသူဖြစ်လာတယ်။ သူ့အိမ်မှာလုပ်တဲ့ လျှို့ဝှက်စည်းဝေးတွေအကြောင်း မှတ်မိနေတုန်းပဲ။ စည်းဝေးတွေလုပ်တဲ့အခါ ထောက်လှမ်းရေးတွေ မရိပ်မိအောင် သိပ်သတိထားရတယ်။ ညီအစ်ကိုခေရမီယပ်စ် ဒီလိုပြောပြတယ်– “စည်းဝေးတက်ရောက်သူအားလုံးကို ကတ်ပြားအသေးလေးတွေ ပေးထားတယ်။ အဲဒီပေါ်မှာ သူတို့ထွက်ရမယ့်အလှည့်ကို ဖော်ပြထားတဲ့နံပါတ် ရေးထားတယ်။ စည်းဝေးပြီးသွားတဲ့အခါ အဖေက ကျွန်တော့်ကို တံခါးပေါက်မှာ စောင့်ခိုင်းတယ်။ ကျွန်တော်က ကတ်ပြားပေါ်ကနံပါတ်ကို စစ်ဆေးရပြီး နှစ်ယောက်စီထွက်သွားဖို့၊ တစ်လမ်းစီသွားဖို့ ညွှန်ကြားပေးရတယ်။”

      ဒါ့အပြင် အဖမ်းခံရမယ့်အန္တရာယ်နည်းတဲ့အချိန်မှာ စည်းဝေးတွေလုပ်ဖို့ သတိရှိရှိစီစဉ်ကြတယ်။ ဥပမာ၊ ညီအစ်မမာဆေးသပ်စ် ဂါသီယာက သူ့ဦးလေး ပါဘလို ဂွန်ဇာလပ်ဇ်ဆီကနေ အမှန်တရားသိလာတယ်။ သူအသက် ခုနစ်နှစ်မှာပဲ အမေဆုံးသွားတယ်။ အဖေကလည်း ထောင်ထဲမှာ။ သူတို့မောင်နှမဆယ်ယောက်ခမျာ ကိုယ့်၀မ်းကိုယ်ကျောင်းခဲ့ရတယ်။ ၁၉၅၉ ခုနှစ်၊ အသက်ကိုးနှစ်အရွယ်မှာ မာဆေးသပ်စ် နှစ်ခြင်းခံခဲ့တယ်။ ထောက်လှမ်းရေးတွေမရိပ်မိအောင် ညီအစ်ကိုတွေက မနက် ၃ နာရီခွဲမှာ နှစ်ခြင်းဟောပြောချက်ပေးတယ်။ ညီအစ်ကိုတစ်ယောက်အိမ်မှာ ဟောပြောချက်ပေးပြီးနောက် မြို့ကိုဖြတ်ပြီးစီးဆင်းနေတဲ့ အိုစာမာမြစ်မှာ နှစ်ခြင်းပေးခဲ့တယ်။ “မနက် ၅ နာရီခွဲမှာ အိမ်ပြန်ရောက်တော့ အိမ်နီးချင်းတွေ အိပ်ရာနိုးစပဲရှိသေးတယ်” လို့ မာဆေးသပ်စ် ပြောပြတယ်။

      နှိပ်စက်ညှဉ်းပန်းမှုကြား တိုးတက်လာ

      ပိတ်ပင်ခံရချိန်အတွင်း ပြင်းထန်တဲ့နှိပ်စက်ညှဉ်းပန်းမှုနဲ့ မဟုတ်မမှန်ဝါဒဖြန့်မှုတွေ ကြားမှာ ကြေညာသူ အရေအတွက် နှစ်ဆနီးပါး တိုးများလာတယ်။

      • ၁၉၅၀ – ၂၉၂

      • ၁၉၆၀ – ၄၉၅

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ