ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၁၁–၁၈
ထာဝရဘုရားတဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း
ယေဟောဝါကိုယုံကြည်ကိုးစားပြီး စကားနားထောင်တဲ့ ဘုရားသခင့်မိတ်ဆွေတွေသာ ကိုယ်တော့်တဲတော်မှာ တည်းခိုခွင့်ရမှာဖြစ်ပါတယ်။ မိတ်ဆွေတစ်ဦးဆီကနေ ယေဟောဝါဘာမျှော်လင့်လဲဆိုတာ ဆာလံ အခန်းကြီး ၁၅ မှာဖော်ပြထားတယ်။
ယေဟောဝါရဲ့တဲတော်မှာ တည်းခိုသူတွေက . . .
သမာဓိစောင့်သိကြ
အမှန်တရားကို စိတ်နှလုံးပါပါပြောဆို
ယေဟောဝါရဲ့ကျေးကျွန် အချင်းချင်း ဂုဏ်တင်
လိုက်နာဖို့ခက်ခဲရင်တောင် ကိုယ်တော့် စကားကို နာခံ
အကူအညီလိုအပ်နေသူတွေကို တစ်ခုခုပြန်ရဖို့မျှော်လင့်ချက်နဲ့ မဟုတ်ဘဲ ကူညီပေး
ယေဟောဝါရဲ့တဲတော်မှာ တည်းခိုသူတွေ ရှောင်ရမှာက . . .
အတင်းပြောတာ၊ အသရေဖျက်တာ
လူလူချင်းအပေါ် မကောင်းတာလုပ်တာ
ညီအစ်ကိုညီအစ်မတွေအပေါ် အမြတ်ထုတ်တာ
ယေဟောဝါကို မနာခံတဲ့၊ အမှုမဆောင်တဲ့သူတွေနဲ့ ပေါင်းသင်းတာ
လာဘ်စားတာ