ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၅/၁၅ စာ. ၃၂
  • အဘယ်အုတ်မြစ်ပေါ် သင်တည်ဆောက်နေသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဘယ်အုတ်မြစ်ပေါ် သင်တည်ဆောက်နေသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၅/၁၅ စာ. ၃၂

အဘယ်အုတ်မြစ်ပေါ် သင်တည်ဆောက်နေသနည်း

အဆောက်အအုံတစ်ခု၏ ကြာရှည်ခံမှုသည် ယင်းအဆောက်အအုံ၏ အုတ်မြစ်ခိုင်ခံ့မှုအပေါ် များစွာမူတည်သည်။ သမ္မာကျမ်းစာက ဤသဘောတရားကို ပုံဆောင်သဘောမျိုးဖြင့် တစ်ခါတစ်ရံအသုံးပြုထားသည်။

ဥပမာ၊ ပရောဖက်ဟေရှာယက ယေဟောဝါဘုရားသခင်အား ‘မြေကြီးအုတ်မြစ်ကို တည်တော်မူထသော’ ဘုရားသခင်အဖြစ် ရည်ညွှန်းခဲ့၏။ (ဟေရှာယ ၅၁:၁၃၊ ကဘ) ဤအုတ်မြစ်သည် မြေကြီး၏ရွေ့လျားမှုကိုထိန်းချုပ်ပြီး မရွေ့မလှုပ်မြဲနေစေသော ဘုရားသခင်၏ မပြောင်းလဲနိုင်သည့်နိယာမတရားတို့ကို ကိုယ်စားပြုသည်။ (ဆာလံ ၁၀၄:၅) ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာက လူ့ဘောင်အဖွဲ့အစည်းတည်မှီရာ “အုတ်မြစ်များ” အကြောင်းကိုလည်း ဖော်ပြ၏။ ယင်းတို့မှာ တရားမျှတမှု၊ ဥပဒေနှင့် စည်းမျဉ်းတို့ဖြစ်ကြ၏။ ၎င်းတို့သည် ဘက်လိုက်မှု၊ အဂတိလိုက်စားမှု၊ အကြမ်းဖက်မှုတို့ဖြင့် ‘ဖြိုဖျက်ခံရ’ သည့်အခါ လူ့ဘောင်အဖွဲ့အစည်းသည် ပြိုပျက်လာလေသည်။—ဆာလံ ၁၁:၂-၆; သု. ၂၉:၄။

ယင်းသဘောတရားသည် တစ်ဦးစီနှင့်လည်း သက်ဆိုင်ပါသည်။ ယေရှု၏ကျော်ကြားသော တောင်ပေါ်တရားတော်ကို ကိုယ်တော် ဤသို့နိဂုံးချုပ်ခဲ့၏– “အကြင်သူသည် ငါဟောပြောသောဤစကားကိုကြား၍ နားထောင်၏၊ ထိုသူသည် ကျောက်ပေါ်မှာအိမ်ဆောက်သော ပညာရှိနှင့်တူကြောင်းကို ငါပုံပြမည်။ မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သည်ရှိသော် ကျောက်ပေါ်မှာတည်သောကြောင့် မပြိုမလဲနေ၏။ အကြင်သူသည် ငါဟောပြောသောဤစကားကိုကြား၍ နားမထောင်ဘဲနေ၏၊ ထိုသူသည် သဲပေါ်မှာအိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။ မိုးရွာ၍ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သောအခါ ကြီးစွာသောပြိုလဲခြင်းသို့ရောက်လေသည်။”—မဿဲ ၇:၂၄-၂၇။

သင့်အသက်တာကို အဘယ်အုတ်မြစ်ပေါ် တည်ဆောက်နေသနည်း။ အဆောက်အအုံကို ပြိုလဲစေနိုင်သော ဘုရားတရားမဲ့လူ့အတွေးအခေါ် သဲပြင်ပေါ်တွင်လော။ သို့မဟုတ် ဘဝတွင်ကြုံတွေ့ရမည့် ပုံဆောင်မုန်တိုင်းများကြား ဘေးကင်းလုံခြုံစေသည့် ခိုင်ခံ့သောကျောက်ဖြစ်သော ယေရှုခရစ်၏စကားကို နာခံခြင်းအပေါ်တွင်လော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ