ခရစ်ယာန်အသက်တာလမ်းစဉ်
ကျွန်တော်တို့ရဲ့ ဝတ်ပြုရာနေရာကို ဂရုစိုက်ခြင်း
နိုင်ငံတော်ခန်းမတွေဟာ အဆောက်အဦတစ်ခုသာမဟုတ်ဘဲ ဝတ်ပြုကိုးကွယ်ဖို့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားတဲ့နေရာဖြစ်တယ်။ နိုင်ငံတော်ခန်းမကို ပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းမှာ ယောက်တိုင်း ဘယ်လို ပါဝင်နိုင်မလဲ။ ကျွန်တော်တို့ရဲ့ ဝတ်ပြုရာနေရာကို ဂရုစိုက်ခြင်း ဗီဒီယိုကိုကြည့်ပြီး အောက်ပါအချက်တွေကို ဆွေးနွေးပါ။
၁။ နိုင်ငံတော်ခန်းမတွေကို ဘာရည်ရွယ်ချက်နဲ့ ဆောက်ထားတာလဲ။
၂။ နိုင်ငံတော်ခန်းမကို သန်ရှင်းရေးလုပ်ဖို့၊ ပြုပြင်ထိန်းသိမ်းဖို့ ဘာကြောင့် လိုသလဲ။
၃။ နိုင်ငံတော်ခန်းမကို ဘယ်သူက ပြုပြင်ထိန်းသိမ်းရမလဲ။
၄။ အန္တရာယ်ကင်းဖို့ ဘာကြောင့် အရေးကြီးသလဲ၊ ဗီဒီယိုမှာ ဘာတွေကို သတိပြုမိသလဲ။
၅။ အလှူငွေထည့်တာက ဘယ်လိုနည်းနဲ့ ယေဟောဝါကို ဂုဏ်တင်ရာရောက်သလဲ။