ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၆ ဩဂုတ် စာ. ၃၀
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူကိုညစ်ညူးစေတဲ့အရာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ခရစ်တော်မတိုင်မီက ပညတ်တရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • လူကိုညစ်ညူးစေသော အရာကား အဘယ်နည်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ၅ စိတ်ရင်းမှန်တဲ့ ဝတ်ပြုကိုးကွယ်သူအားလုံးကို ဘုရားသခင် လက်ခံ—မှန်ပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
က၁၆ ဩဂုတ် စာ. ၃၀
ဖာရိရှဲတစ်ယောက် ​ထုံးတမ်းအတိုင်း လက်ဆေးနေ၊ ထိုင်စားနေတဲ့ လူတစ်ယောက်ကို အပြစ်ရှာဝေဖန်တဲ့အကြည့်နဲ့ ကြည့်နေ

စာရှုသူများထံမှ မေးခွန်းလွှာ

လက်ဆေးတဲ့ကိစ္စက ယေရှုရဲ့ ရန်သူတွေအတွက် ဘာကြောင့် ပြဿနာဖြစ်ရတာလဲ။

ယေရှုနဲ့ တပည့်တွေကို သူတို့ အပြစ်ရှာတဲ့ကိစ္စတွေထဲမှာ အဲဒီကိစ္စလည်း ပါတယ်။ လူတစ်ယောက်ကို ဘာက မသန့်မရှင်းဖြစ်စေတယ်ဆိုတာ ပညတ်တရားမှာ ဖော်ပြထားတယ်။ ဥပမာ၊ အရိအရွဲထွက်တာ၊ နူနာစွဲတာ၊ လူသေအလောင်း ဒါမှမဟုတ် တိရစ္ဆာန်အသေကောင်ကို ထိမိတာတွေဖြစ်တယ်။ ပြန်သန့်ရှင်းလာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း ပညတ်တရားမှာ ညွှန်ကြားထားတယ်။ ယဇ်ပူဇော်တာ၊ ဆေးကြောတာ စတာတွေအားဖြင့်ဖြစ်တယ်။—ဝတ်ပြုရာ အခန်းကြီး ၁၁-၁၅; တောလည်ရာ အခန်းကြီး ၁၉။

ဂျူးရဗ္ဗိတွေက အဲဒီပညတ်တရားမှာ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေကို ထပ်ဖြည့်စွက်ကြတယ်။ လူတစ်ယောက်ကို ဘာက မသန့်မရှင်းဖြစ်စေတယ်၊ အဲဒီလူက တခြားသူတွေကို ဘယ်နည်းတွေနဲ့ မသန့်မရှင်းဖြစ်စေနိုင်တယ်ဆိုတဲ့ ကိစ္စမှာ ရဗ္ဗိတွေက အသေးစိတ်စည်းမျဉ်းတွေ ထပ်ထုတ်တယ်လို့ စာအုပ်တစ်အုပ်က ပြောတယ်။ ဘယ်အိုးခွက်နဲ့ အရာဝတ္ထုတွေက မသန့်မရှင်းဖြစ်နိုင်တယ် ဒါမှမဟုတ် မဖြစ်နိုင်ဘူးဆိုတာကိုလည်း စည်းမျဉ်းတွေ ထုတ်တယ်။ ပြန်သန့်ရှင်းလာဖို့ လူတွေလိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေကိုလည်း စည်းမျဉ်းတွေ ထုတ်တယ်။

“သင်၏တပည့်များသည် ရှေးလူကြီးများ၏ ထုံးတမ်းစဉ်လာအတိုင်း မကျင့်ဘဲလျက် အဘယ်ကြောင့် ညစ်ပေသောလက်နှင့် အစာစားကြပါသနည်း” လို့ ယေရှုရဲ့ ရန်သူတွေ မေးကြတယ်။ (မာ. ၇:၅) အဲဒီဖာရိရှဲတွေက လက်မဆေးဘဲ အစာစားရင် ကျန်းမာရေးထိခိုက်မယ်လို့ ဆိုလိုနေတာမဟုတ်ဘူး။ အစာမစားခင် လက်ပေါ် ရေလောင်းရမယ်လို့ ဖာရိရှဲတွေ ထုတ်ထားတဲ့ စည်းမျဉ်းကို ဆိုလိုနေတာဖြစ်တယ်။ “ရေလောင်းတဲ့အခါမှာလည်း ဘယ်အိုးကို သုံးရမယ်၊ ဘယ်ရေအမျိုးအစားမှ သင့်တော်မယ်၊ ဘယ်သူ လောင်းပေးရမယ်၊ လက်ရဲ့ ဘယ်အပိုင်းအထိ ရေလောင်းရမယ် ဆိုတာတွေကို ရဗ္ဗိတွေ အငြင်းပွားကြတယ်” လို့ အထက်မှာကိုးကားခဲ့တဲ့ စာအုပ်မှာ ဖော်ပြထားတယ်။

လူတွေထုတ်တဲ့ အပိုစည်းမျဉ်းတွေကို ယေရှု ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ပထမရာစု ဂျူးဘာသာရေးခေါင်းဆောင်တွေကို ယေရှု အခုလိုပြန်ပြောတယ်– “အချင်းကြောင်သူတော်တို့၊ ဟေရှာယသည် သင်တို့အကြောင်းကို လျောက်ပတ်စွာ ဤသို့ပရောဖက်ပြု၍ ရေးသားထားလေပြီ။ ‘ဤလူမျိုးသည် နှုတ်ဖြင့်သာ ငါ့ကိုရိုသေကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါ [ယေဟောဝါ] နှင့်ဝေးလှ၏။ သူတို့သည် လူတို့၏အယူဝါဒများကို သွန်သင်သောကြောင့် ငါ့ကို ကိုးကွယ်နေခြင်းမှာ အချည်းနှီးသာဖြစ်၏။’ သင်တို့သည် ဘုရားသခင်၏ပညတ်တော်ကိုပယ်၍ လူတို့၏ထုံးတမ်းစဉ်လာကို စွဲကိုင်ထားကြသည်။”—မာ. ၇:၆-၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ