-
နာမည်ကျော် တေးတစ်ပုဒ်ရဲ့ နောက်ကွယ်နိုးလော့!—၂၀၁၁ | ဩဂုတ်
-
-
တေးတစ်ပုဒ် နာမည်ကြီးလာမယ်၊ မကြီးလာဘူးဆိုတာကို ဘယ်သူဆုံးဖြတ်ပေးသလဲ။ အဓိကကတော့ နားထောင်သူ သင် သာလျှင်ဖြစ်တယ်။ ဘာကိုကြည့်ပြီး သင် တေးသီချင်းရွေးချယ်သလဲ။ တေးသံအရပဲလား၊ တေးသံရှင်အရလား ဒါမှမဟုတ် ဒီသီချင်းရဲ့ တန်ဖိုးထားအလေးပေးတဲ့ အကြောင်းအရာတွေအရလား။ ဒါတွေက အရေးကြီးတဲ့မေးခွန်းတွေဖြစ်တယ်၊ အကြောင်းက တေးသီချင်းတွေဟာ ကျွန်တော်တို့ရဲ့ အတွင်းအကျဆုံးခံစားချက်အထိ ဩဇာလွှမ်းမိုးနိုင်တဲ့အတွက်ဖြစ်တယ်။ ဒီအချက်က ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင်ဆီကနေလာတဲ့ အရေးကြီးအကြံပြုချက်တစ်ခုကို သတိရစေတယ်– “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။”—သု. ၄:၂၃။
တေးဂီတနဲ့ပတ်သက်လို့ ဒီအကြံပြုချက်ကို ဘယ်လိုလိုက်လျှောက်နိုင်မလဲ။ သင်ဟာ မိဘတစ်ဦးဖြစ်မယ်ဆိုရင် သင့်ကလေးတွေ ဘုရားသခင်ကို ကောင်းကောင်းသိကျွမ်းအောင်၊ သူတို့ရဲ့ စိတ်ဓာတ်နဲ့ ခံစားမှုပိုင်းတွေမှာ ဘေးမဖြစ်အောင် ဘယ်လိုကာကွယ်ပေးနိုင်မလဲ။
-
-
ပညာရှိစွာ ရွေးချယ်မလားနိုးလော့!—၂၀၁၁ | ဩဂုတ်
-
-
ပညာရှိစွာ ရွေးချယ်မလား
“ကျွန်တော့်မိဘတွေနားထောင်တဲ့သီချင်းတွေက ပျင်းစရာသိပ်ကောင်းတယ်” လို့ ၁၇ နှစ်အရွယ်ဂျော်ဒန်က ညည်းညူပြောဆိုတယ်။a
“ကျွန်မသားနားထောင်တဲ့သီချင်းတွေက စိတ်ပျက်မှုတွေ၊ ဒေါသတွေနဲ့ပဲ ပြည့်နှက်နေတယ်” လို့ မိခင်ဖြစ်သူ ဒဲနစ်က ညည်းတွားပြောဆိုတယ်။
မိဘတွေနဲ့ ဆယ်ကျော်သက်တွေဟာ တေးဂီတနဲ့ပတ်သက်ရင် ဘာကြောင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေရတာလဲ။ တစ်ချက်အနေနဲ့ အသက်အရွယ်ရလာတာနဲ့အမျှ တေးဂီတအကြိုက်တွေဟာလည်း ပြောင်းလဲတတ်တဲ့အတွက်ဖြစ်တယ်။ နောက်တစ်ချက်ကတော့ တေးဂီတကိုယ်နှိုက်ကလည်း ပြောင်းလဲတတ်တယ်။ ဒါကြောင့် ကနေ့ လူကြိုက်များတဲ့သီချင်းဟာ မနက်ဖြန်မှာ ခေတ်မမီတော့ဘဲဖြစ်သွားနိုင်တယ်။
ဘာပဲဖြစ်ဖြစ် တေးဂီတမှာ ဩဇာလွှမ်းမိုးနိုင်စွမ်းရှိတယ်။ တေးဂီတက ကျွန်တော်တို့ရဲ့စိတ်ခံစားချက်အပေါ် ဩဇာသက်ရောက်နိုင်ပုံကို သတိထားမိသလား။ ရှေးအစ္စရေးဘုရင်ရှောလု စိတ်သောကရောက်တဲ့အခါ သာယာတဲ့တေးသီချင်းက သူ့ကို စိတ်ချမ်းသာစေခဲ့တယ်။ (၁ ရာ. ၁၆:၂၃) သီချင်းတွေဟာ ကျွန်တော်တို့ပေါင်းသင်းတဲ့လူတွေနဲ့ အတော်လေးတူနိုင်တယ်။ တချို့က ပျော်ရွှင်မှုနဲ့ မေတ္တာတို့လို အပြုသဘောဆောင်တဲ့စိတ်ခံစားချက်တွေကို ဖြစ်ပေါ်စေတယ်။ တချို့ကျတော့ ဒေါသအမျက်ကြီးမှုနဲ့ မုန်းတီးမှုလိုမျိုး အပျက်သဘောထားတွေကို ဖြစ်စေနိုင်တယ်။—သု. ၁၃:၂၀။
တေးဂီတဟာ အလွန်သြဇာလွှမ်းမိုးနိုင်တဲ့အတွက် မိဘနဲ့ သားသမီးတွေအနေနဲ့ တေးဂီတကို ဂရုတစိုက်ရွေးချယ်ခြင်းက ပညာရှိရာရောက်ပါတယ်။ သင်ဟာ မိဘတစ်ဦးဖြစ်မယ်ဆိုရင် သင့် ဆယ်ကျော်သက်အရွယ်ကလေးတွေ ဘာတွေနားထောင်တယ်၊ ဘယ်လောက်ကြာကြာနားထောင်တယ်ဆိုတာကို အမှန်
-