သီချင်း ၄၆
ကျေးဇူးပါ၊ ယေဟောဝါ
ပုံနှိပ်စာပေ
	- ၁။ နေ့တိုင်း ရှင်ယေဟောဝါအား တို့ကျေးဇူးတင်၊ - ဖိုးထိုက် အလင်းရောင် ဖြာဆင်းပေးမှုတွက်။ - ပူပင်မှုများတွက် ကိုယ်တော့်ထံ ချဉ်းကပ်ခွင့်၊ - ဆုတောင်းခြင်း ခွင့်ထူးအတွက် ကျေးဇူးတင်။ 
- ၂။ သစ္စာတည်ခြင်းဖြင့် အောင်ပွဲခံ လောကပေါ်၊ - ချစ်သားတော် ပေးထားလို့ တို့ကျေးဇူးတင်။ - အလိုတော် ဆောင်ဖို့ သွန်သင်ပေးလို့ ကျေးဇူးတင်၊ - ကတိတည်နိုင်ဖို့ ကိုယ်တော် မစပေး။ 
- ၃။ နာမတော်နဲ့ အမှန်တရား ဟောပြောခွင့်တွက် - ဘုရားရှင်အား ကျွန်တော်တို့ ကျေးဇူးတင်။ - မကြာ မြေကြီးပေါ် နိုင်ငံ့ကောင်းချီး လွှမ်းကာ၊ - ပူဆွေးဒုက္ခ ပျောက်ကွယ်မှာ ကျေးဇူးတင်။ 
(ဆာ. ၅၀:၁၄။ ၉၅:၂။ ၁၄၇:၇။ ကော. ၃:၁၅ တို့ကိုလည်း ကြည့်ပါ။)