သီချင်း ၆၈
နိုင်ငံတော် မျိုးစေ့ ကြဲခြင်း
ပုံနှိပ်စာပေ
	- ၁။ သခင့်မှုတော်မှာ ဝင်လုပ်ကြပါ၊ - ခေါ်ဖိတ်ချက် တို့ဝမ်းမြောက်လက်ခံ။ - သခင် ကူညီကာ လမ်းပြပေးမှာ၊ - ခံယူ သခင့် သွန်သင်နည်းကို။ - အမှန်တရားမျိုးစေ့၊ ကြီးထွားစွမ်းအင်ရှိ၊ - မြေကောင်းနှလုံးတွေပေါ်ကျသော်။ - သစ္စာရှိလုပ်ဆောင်ကာ အကောင်းဆုံးကို ပေး - အပ်နှင်းထားသော အမှုတော်မြတ်မှာ။ 
- ၂။ သင့်လုပ်ဆောင်အောင်မြင်မှု အတိုင်းအတာ၊ - သင့်အပေါ်မှာ များစွာတည်လှ။ - သတင်းကြားသူကို ကူမဖို့လို - အမှန်တရား သိ၊ မြတ်နိုးဖို့။ - သူတို့ တွေ့ကြုံမယ့် ကြောက်ရွံ့စိုးရိမ်စိတ်၊ - ဖြေရှင်းနိုင်ဖို့ တို့ကူညီပေး။ - မှန်တရားမျိုးစေ့ ပွားများတိုးတက်လာတော့၊ - ဝမ်းမြောက်မှု တို့ခံစားရနိုင်ပေ။ 
(မ. ၁၃:၁၉-၂၃။ ၂၂:၃၇ တို့ကိုလည်း ကြည့်ပါ။)