ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb20 စက်တင်ဘာ စာ. ၇
  • သင့်ရဲ့ အချိန်နဲ့ ခွန်အားကို လှူဒါန်းနိုင်မလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ရဲ့ အချိန်နဲ့ ခွန်အားကို လှူဒါန်းနိုင်မလား
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ပါဝင်ကူညီပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • နိုင်ငံတော်ခန်းမဆောက်လုပ်ရေး—မြင့်မြတ်သောလုပ်ငန်း၏ အရေးပါသောကဏ္ဍတစ်ခု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကို အရှိန်မြှင့်ခြင်း
    ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန
    ၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
mwb20 စက်တင်ဘာ စာ. ၇

ခရစ်ယာန်အသက်တာလမ်းစဉ်

သင့်ရဲ့ အချိန်နဲ့ ခွန်အားကို လှူဒါန်းနိုင်မလား

ဆောက်လုပ်ရေး စီမံကိန်းတစ်ခုမှာ ညီအစ်ကို တစ်ယောက် သတ္တုပိုက်ကို ဖြတ်နေရင်း ပြုံးနေစဉ်။

ဟေရှာယ ကြိုဟောခဲ့သလိုပဲ ယေဟောဝါအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းဟာ အဆက်မပြတ် တိုးတက်နေတယ်။ (ရှာ ၅၄:၂) အဲဒါကြောင့် နိုင်ငံတော်ခန်းမအသစ်တွေ၊ စည်းဝေးပွဲခန်းမတွေ၊ ဌာနခွဲ အဆောက်အဦတွေ လိုအပ်လာတယ်။ ဆောက်လုပ်ပြီးသွားတဲ့အခါမှာလည်း အဲဒီအဆောက်အဦတွေကို ထိန်းသိမ်းဖို့ လိုတယ်။ တချို့ကိုတော့ ပြန်ပြုပြင်မွမ်းမံဖို့ လိုတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ အချိန်နဲ့ ခွန်အားကို ယေဟောဝါအတွက် လှူဒါန်းဖို့ ဘာအခွင့်အရေးတွေ ရလာသလဲ။

  • နိုင်ငံတော်ခန်းမမှာ ကိုယ့်အုပ်စု သန့်ရှင်းရေးကျတဲ့အခါ ပါဝင်နိုင်တယ်

  • နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းရေးအတွက် လေ့ကျင့်ပေးတဲ့အခါ ပါဝင်နိုင်တယ်

  • ကိုယ့်အိမ်နဲ့ နီးတဲ့ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းတွေမှာ အခါအားလျော်စွာ ပါဝင်ဖို့ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်း လျှောက်လွှာ (DC-50) ဖြည့်နိုင်ပါတယ်

  • ယာယီစေတနာ့ဝန်ထမ်းအစီအစဉ်အတွက် လျှောက်လွှာ (A-19) ကို ဖြည့်ပြီး ဌာနခွဲမှာ ဒါမှမဟုတ် ဌာနခွဲပိုင် တခြားအဆောက်အဦတွေမှာ တစ်ပတ် ဒါမှမဟုတ် အဲဒီထက်မက စေတနာ့ဝန်ထမ်းနိုင်ပါတယ်

ဆောက်လုပ်ရေး စီမံကိန်းအသစ်တစ်ခု စီစဉ်နေ—ကောက်နုတ်ချက် ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ၂၀၁၄ ခုနှစ်က စပြီး ဗီဒီယိုတွေကို ဘယ်လို ပိုအသုံးပြုလာသလဲ။

  • ဗီဒီယိုတွေ ထုတ်လုပ်ဖို့ ပိုလိုအပ်တဲ့အတွက် ဘယ်စီမံကိန်းကို စီစဉ်ခဲ့သလဲ။ ဘယ်အချိန်မှာစပြီး ဘယ်အချိန်မှာ ပြီးမလဲ။

  • ဒီစီမံကိန်းကို စေတနာ့ဝန်ထမ်းတွေ ဘယ်လို ကူညီနိုင်သလဲ။

  • ရာမာပို ဆောက်လုပ်ရေးမှာ ပါဝင်ချင်တယ်ဆိုရင် ဘာကြောင့် လျှောက်လွှာ (DC-50) ဖြည့်ပြီး ကိုယ့်အိမ်နဲ့ နီးတဲ့ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ကူညီသင့်သလဲ။

  • ဒီစီမံကိန်းကို ယေဟောဝါ လမ်းညွှန်နေတယ်ဆိုတာ ဘယ်လို ရှင်းရှင်းလင်းလင်း သိရသလဲ။

  • ဒီဆောက်လုပ်ရေး စီမံကိန်းမှာ ကိုယ်တိုင် မပါဝင်နိုင်ပေမဲ့ ဘယ်လို ကူညီထောက်ပံ့နိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ