အပိုင်း ၁၀ နိဒါန်း
ယေဟောဝါဟာ ဘုရင်တကာတို့ရဲ့ ဘုရင်ဖြစ်ပြီး အလိုရှိတဲ့အတိုင်း ထိန်းချုပ်လုပ်ကိုင်နိုင်စွမ်းရှိတဲ့ အရှင် ဖြစ်တယ်။ ဥပမာ၊ ယေရမိကို ရေတွင်းထဲကနေ ကယ်နုတ်ခဲ့တယ်။ ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ကို တောက်လောင်နေတဲ့ မီးဖိုကြီးထဲကနေ၊ ဒံယေလကို ခြင်္သေ့တွင်းထဲကနေ ကယ်တင်ခဲ့တယ်။ ဧသတာကို ကာကွယ်ပေးခဲ့လို့ အစ္စရေးတစ်မျိုးလုံး အသက်ချမ်းသာရခဲ့တယ်။ ဆိုးညစ်မှုတွေကို အမြဲခွင့်ပြုထားမှာ မဟုတ်ဘူး။ ယေဟောဝါရဲ့နိုင်ငံတော်ဟာ ဆိုးသွမ်းမှု ရှိရှိသမျှကို ဖယ်ရှားပြီး ကမ္ဘာကို အုပ်ချုပ်မယ်ဆိုတာ ရုပ်တုကြီးနဲ့ သစ်ပင်ကြီး ကြိုဟောချက်တွေက အာမခံတယ်။