ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • လူငယ် ယေရှု
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
    • ဗိမာန်တော်မှာ ဆရာတွေနဲ့အတူ ထိုင်နေတဲ့ ၁၂ နှစ်အရွယ်ယေရှု

      သင်ခန်းစာ ၇၂

      လူငယ် ယေရှု

      ယောသပ်နဲ့ မာရိဟာ နာဇရက်မြို့မှာ ယေရှုအပါအဝင် နောက်ထပ်ရတဲ့ သားသမီးတွေနဲ့အတူ နေထိုင်တယ်။ ယောသပ်ဟာ လက်သမားလုပ်ပြီး မိသားစုကို ကျွေးမွေးတယ်။ ယေဟောဝါနဲ့ ပညတ်တွေအကြောင်း သွန်သင်ပေးတယ်။ မိသားစုလိုက် တရားဇရပ်မှာ ပုံမှန်သွားဝတ်ပြုတယ်။ နှစ်တိုင်းလည်း ပသခါပွဲတက်ဖို့ ဂျေရုဆလင်မြို့ကို သွားကြတယ်။

      ယေရှုအသက် ၁၂ နှစ်အရွယ်မှာ ခါတိုင်းလိုပဲ ဂျေရုဆလင်မြို့ကို မိသားစုလိုက် ပသခါပွဲ သွားတက်တယ်။ မြို့ထဲမှာ လူတွေ ပြည့်ကျပ်နေတာ။ ပွဲတော်ကျင်းပပြီးနောက် အိမ်ပြန်ကြတဲ့အခါ အုပ်စုထဲမှာ ယေရှုပါလာတယ်လို့ပဲ ယောသပ်နဲ့မာရိ ထင်နေတာ။ ဒါပေမဲ့ ဆွေမျိုးတွေကြားထဲ သူ့ကိုလိုက်ရှာတော့ မတွေ့ဘူး။

      ဒါနဲ့ ဂျေရုဆလင်မြို့ကို ပြန်သွားပြီး သုံးရက်လုံးလုံး လိုက်ရှာပြီးမှ ဗိမာန်တော်မှာ ဆရာတွေကြား ယေရှုထိုင်ပြီး မေးခွန်းတွေမေး၊ ကြားသမျှကို ဂရုစိုက်နားထောင်နေတာ တွေ့လိုက်တယ်။ အဲဒီဆရာတွေက ယေရှုကို တကယ်အထင်ကြီးတယ်။ မေးခွန်းတိုင်းကို သူ ကောင်းကောင်းဖြေနိုင်လို့ အံ့အားသင့်ကြတယ်။ ယေဟောဝါရဲ့ ပညတ်ကို ယေရှု သဘောပေါက် နားလည်ထားတာကိုး။

      ယောသပ်နဲ့မာရိဟာ အတော်လေး စိတ်ပူနေတာ။ ဒါကြောင့် မာရိက ‘သားရယ်၊ အမေတို့ နေရာအနှံ့ လိုက်ရှာနေတာ။ ဘယ်ကိုသွားနေတာလဲ’ လို့မေးတော့ ယေရှုက ‘အဖရဲ့အိမ်တော်မှာ သားရှိနေမယ်လို့ မသိဘူးလား’ လို့ဖြေတယ်။

      ယေရှုက မိဘတွေနဲ့အတူ နာဇရက်မြို့ကို ပြန်သွားတယ်။ ယောသပ်က သူ့ကို လက်သမားအလုပ် သင်ပေးတယ်။ လူငယ်အရွယ်မှာ ယေရှုဟာ ဘယ်လိုလူငယ် ဖြစ်မယ်လို့ ထင်သလဲ။ ယေရှုကြီးလာလေ ဉာဏ်ပညာရှိလာလေ၊ ဘုရားရှေ့၊ လူရှေ့ မျက်နှာသာရသူ ဖြစ်လာလေပဲ။

      ယေရှု အပါအဝင် ကလေးတွေနဲ့အတူ ယောသပ်နဲ့မာရိ စားပွဲမှာ ထိုင်နေကြ

      “အို ဘုရားသခင်၊ အလိုတော်ဆောင်တာဟာ ကျွန်တော့်အတွက် ကြည်နူးစရာပါ။ ပညတ်တော်ဟာ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲနေပါတယ်။” —ဆာလံ ၄၀:၈

      မေးခွန်း– ယောသပ်နဲ့မာရိဟာ ယေရှုကို ဘယ်မှာ ရှာတွေ့သလဲ။ အဲဒီမှာ သူ ဘာကြောင့် ရှိနေတာလဲ။

      မဿဲ ၁၃:၅၅၊ ၅၆။ မာကု ၆:၃။ လုကာ ၂:၄၀-၅၂။ ၄:၁၆။ တရားဟောရာ ၁၆:၁၅၊ ၁၆

  • လမ်းကို ယောဟန် ပြင်ဆင်ပေး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
    • ဂျော်ဒန်မြစ်ကမ်းပါးပေါ်မှာ နှစ်ခြင်းဆရာ ယောဟန် လူတွေကို သွန်သင်ပေးနေ

      သင်ခန်းစာ ၇၃

      လမ်းကို ယောဟန် ပြင်ဆင်ပေး

      ဇာခရိနဲ့ ဧလိရှဗက်ရဲ့သား ယောဟန်ဟာ ကြီးလာတဲ့အခါ ပရောဖက် ဖြစ်လာတယ်။ ယေဟောဝါက မေရှိယ ပေါ်လာတော့မယ့်အကြောင်း ယောဟန်ကို ပြောခိုင်းတယ်။ ယောဟန်ဟာ တရားဇရပ်နဲ့ မြို့တွေမှာ သွန်သင်ပေးမယ့်အစား တောအရပ်မှာ ဟောပြောသွန်သင်တယ်။ လူတွေက ယောဟန်ဆီကနေ သင်ယူဖို့ ဂျေရုဆလင်မြို့နဲ့ ယုဒပြည်အရပ်ရပ်က လာတယ်။ ဘုရားအလိုတော်နဲ့ တွေ့ဖို့ မကောင်းတာတွေ မလုပ်ရဘူးလို့ သင်ပေးပြီး နောင်တယူတဲ့သူတွေကို ဂျော်ဒန်မြစ်ထဲမှာ ယောဟန် နှစ်ခြင်းပေးတယ်။

      ယောဟန်က ရိုးရိုးလေးပဲ နေထိုင်တယ်။ ကုလားအုတ်အမွေးနဲ့ရက်တဲ့ အဝတ်ကိုဝတ်ပြီး ကျိုင်းကောင်နဲ့ သဘာဝပျားရည်ကိုပဲ စားတယ်။ လူတွေက သူ့ကို သိပ်စိတ်ဝင်စားကြတယ်။ မာနကြီးတဲ့ ဖာရိရှဲတွေနဲ့ ဇဒ္ဒုကဲတွေတောင် သူ့ဆီ လာကြတယ်။ သူတို့ကို ယောဟန်က ‘ခင်ဗျားတို့ ပြောင်းလဲပြီး နောင်တယူရမယ်။ အာဗြဟံရဲ့ သားမြေးလို့ ပြောပြီး ထူးခြားတဲ့လူတွေ၊ ဘုရားသားသမီးတွေ ဖြစ်မယ်လို့ မထင်နဲ့’ လို့ပြောတယ်။

      လူအတော်များများ ယောဟန်ဆီလာပြီး ‘ဘုရားအလိုတော်နဲ့တွေ့ဖို့ ဘာလုပ်ရမလဲ’ လို့ မေးကြတယ်။ ယောဟန်က ‘ခင်ဗျားမှာ ဝတ်ရုံနှစ်ထည်ရှိရင် တစ်ထည်ကို မရှိသူ ပေးလိုက်’ လို့ ပြောတယ်။ အဲဒီလို ဘာကြောင့်ပြောတာလဲ သိလား။ ဘုရားအလိုတော်နဲ့ တွေ့ချင်ရင် လူတွေကို ချစ်ရမယ် ဆိုတာ သဘောပေါက်စေချင်လို့ပဲ။

      အခွန်ခံတွေကို ‘ရိုးသားပါ။ ဘယ်သူ့ကိုမှ မလိမ်ညာနဲ့။’ စစ်သားတွေကိုကျတော့ ‘လာဘ်မစားနဲ့။ လိမ်မပြောနဲ့’ လို့ ယောဟန် ပြောတယ်။

      သူ့ဆီကို ပုရောဟိတ်တွေ လာပြီး ‘မင်းက ဘယ်သူလဲ။ လူတိုင်း သိချင်နေကြတယ်’ လို့မေးတော့ ယောဟန်က ‘ပရောဖက်ဟေရှာယ ဟောခဲ့သလို ယေဟောဝါဆီ လူတွေကို ပို့ဆောင်တဲ့ တောထဲမှာ ကြွေးကြော်နေသူဟာ ကျွန်တော်ပဲ’ လို့ဖြေတယ်။

      လူတွေက ယောဟန် သင်ပေးတာတွေကို ကြိုက်ကြတယ်။ တချို့က သူ့ကို မေရှိယများ ဖြစ်နေမလားလို့ ထင်ကြတယ်။ ဒါနဲ့ သူက ‘ကျွန်တော့်ထက် ကြီးမြတ်တဲ့သူ ရောက်လာတော့မယ်။ သူ့ဖိနပ်ကြိုးကို ဖြေပေးဖို့တောင် ကျွန်တော် မထိုက်တန်ဘူး။ ကျွန်တော်က ရေနဲ့ နှစ်ခြင်းပေးတာ။ သူက ခင်ဗျားတို့ကို သန့်ရှင်းသော စွမ်းအားတော်နဲ့ နှစ်ခြင်းပေးမှာ’ လို့ ပြောတယ်။

      “သူက အဲဒီအလင်းအကြောင်း လူတွေကို သက်သေခံဖို့ ရောက်လာတာ။ သူ့စကားကိုကြားပြီး လူအမျိုးမျိုး ယုံကြည်လာစေဖို့ပဲ။”—ယောဟန် ၁:၇

      မေးခွန်း– ယေဟောဝါက ယောဟန်ကို ဘာကြောင့် စေလွှတ်တာလဲ။ သူဟောတဲ့သတင်းကို လူတွေ ဘယ်လို တုံ့ပြန်သလဲ။

      မဿဲ ၃:၁-၁၁။ မာကု ၁:၁-၈။ လုကာ ၃:၁-၁၈။ ယောဟန် ၁:၁၉-၂၈။ ဟေရှာယ ၄၀:၃

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ