ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေရှု မေရှိယဖြစ်လာ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
    • ယောဟန်က ယေရှုကို နှစ်ခြင်းပေးပြီးတဲ့အခါ ယေရှုအပေါ် ချိုးငှက်သဏ္ဍာန်နဲ့ ဘုရားရဲ့စွမ်းအားတော် သက်ရောက်လာ

      သင်ခန်းစာ ၇၄

      ယေရှု မေရှိယဖြစ်လာ

      ယောဟန်က ‘ကျွန်တော့်ထက် ကြီးမြတ်တဲ့သူ ရောက်လာတော့မယ်’ ဆိုပြီး ဟောနေတာ။ ယေရှု အသက် ၃၀ မှာ ယောဟန် နှစ်ခြင်းပေးနေတဲ့ ဂျော်ဒန်မြစ်ကို ဂါလိလဲနယ်ကနေ သွားပြီး နှစ်ခြင်းပေးပါလို့ တောင်းဆိုတဲ့အခါ ယောဟန်က ‘ခင်ဗျားကို ကျွန်တော် နှစ်ခြင်းမပေးသင့်ဘဲ ခင်ဗျားကသာ ကျွန်တော့်ကို နှစ်ခြင်းပေးရမှာ’ လို့ ပြောတယ်။ ဒီတော့ ယေရှုက ‘ယေဟောဝါက ခင်ဗျားဆီမှာ နှစ်ခြင်းခံစေချင်တာ’ လို့ပြောပြီး ဂျော်ဒန်မြစ်ထဲ အတူ ဆင်းသွားကြတယ်။ အဲဒီမှာ ယေရှုကို ယောဟန် နှစ်ခြင်းပေးလိုက်တယ်။

      ရေထဲကနေ ပေါ်ထွက်လာချိန်မှာ ယေရှု ဆုတောင်းတယ်။ အဲဒီအချိန်မှာပဲ ကောင်းကင်ပွင့်ပြီး ချိုးငှက်သဏ္ဌာန်နဲ့ ယေရှုအပေါ် ဘုရားရဲ့စွမ်းအားတော် သက်ရောက်လာတယ်။ ပြီးတော့ “မင်းဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ” ဆိုပြီး ကောင်းကင်က ယေဟောဝါရဲ့အသံကို ကြားရတယ်။

      ယေဟောဝါရဲ့ စွမ်းအားတော် သက်ရောက်လာတာနဲ့ ယေရှုဟာ ခရစ်တော် ဒါမှမဟုတ် မေရှိယ ဖြစ်သွားတယ်။ အခု၊ ယေဟောဝါ လုပ်စေချင်တဲ့အလုပ်ကို သူ စလုပ်တော့မယ်။

      ယေရှု နှစ်ခြင်းခံပြီးတာနဲ့ တောကို ထွက်သွားပြီး အဲဒီမှာ ရက် ၄၀ နေတယ်။ အဲဒီကနေ ပြန်လာတဲ့အခါ ယောဟန်ကို သွားတွေ့တယ်။ ယေရှု လာနေတာကို မြင်တဲ့အခါ ယောဟန်က ‘ဒီလောကရဲ့ အပြစ်ကို ဖယ်ရှားပေးမယ့် ဘုရားသခင်ရဲ့ သိုးသငယ်ဟာ သူပဲ’ လို့ ပြောပြီး ယေရှုဟာ မေရှိယဖြစ်တယ်ဆိုတာ ဖော်ပြတယ်။ တောထဲမှာ ယေရှု ရှိနေတုန်း ဘာဖြစ်ခဲ့သလဲ သိလား။ ကြည့်ရအောင်။

      “‘မင်းဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ’ ဆိုတဲ့အသံ ကောင်းကင်က ထွက်လာတယ်။” —မာကု ၁:၁၁

      မေးခွန်း– ယေရှု ဘာလို့ နှစ်ခြင်းခံတာလဲ။ ယေရှုဟာ ဘုရားသခင်ရဲ့ သိုးသငယ်ဖြစ်တယ်လို့ ယောဟန် ဘာလို့ ပြောတာလဲ။

      မဿဲ ၃:၁၃-၁၇။ မာကု ၁:၉-၁၁။ လုကာ ၃:၂၁-၂၃။ ယောဟန် ၁:၂၉-၃၄။ ဟေရှာယ ၄၂:၁။ ဟီဘရူး ၁၀:၇-၉

  • ယေရှုကို မာရ်နတ်စမ်းသပ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
    • ဗိမာန်တော်ရဲ့ အမြင့်ဆုံးနေရာကနေ ခုန်ချခိုင်းတာကို ယေရှု ငြင်းဆို

      သင်ခန်းစာ ၇၅

      ယေရှုကို မာရ်နတ်စမ်းသပ်

      ကျောက်ခဲတွေကို မုန့်ဖြစ်စေဖို့ ခိုင်းတာကို ယေရှု ငြင်းဆို

      ယေရှုနှစ်ခြင်းခံပြီးတဲ့အခါ စွမ်းအားတော်က သူ့ကို တောထဲခေါ်သွားတယ်။ ရက် ၄၀ အစာမစားထားလို့ ယေရှု သိပ်ဆာနေတာပေါ့။ အဲဒီအခါ မာရ်နတ်ရောက်လာပြီး ယေရှုကို ‘မင်း တကယ်ပဲ ဘုရားသား ဖြစ်တယ်ဆိုရင် ဒီကျောက်ခဲတွေကို မုန့်ဖြစ်စေပါလား’ ဆိုပြီး သွေးဆောင်တယ်။ ဒါပေမဲ့ ယေရှုက ကျမ်းစာကိုကိုးကားပြီး ‘လူဟာ အစားအစာနဲ့ပဲ အသက်ရှင်ရမှာ မဟုတ်ဘူး။ ယေဟောဝါ ပြောသမျှကို နားထောင်ရမယ်’ ဆိုပြီး ပြန်ဖြေတယ်။

      အဲဒီနောက် မာရ်နတ်က ယေရှုကို ‘မင်း တကယ်ပဲ ဘုရားသားဖြစ်တယ်ဆိုရင် ဗိမာန်တော်ရဲ့ အမြင့်ဆုံးနေရာကနေ ခုန်ချပြ။ ဘုရားက ကောင်းကင်တမန်တွေကို စေလွှတ်ပြီး မင်းကို ဖမ်းပေးမယ်လို့ ရေးထားတာပဲ’ လို့ ထပ်စိန်ခေါ်ပြန်တယ်။ ယေရှုက ကျမ်းစကားကို ပြန်ကိုးကားပြီး ‘ယေဟောဝါကို မစမ်းသပ်ရဘူးလို့ ရေးထားတယ်’ ဆိုပြီး ဖြေလိုက်တယ်။

      တိုင်းနိုင်ငံအားလုံးကို စာတန် ပေးမယ်လို့ပြောတာကို ယေရှု လက်မခံ

      နောက်တော့ တိုင်းနိုင်ငံတွေနဲ့ လောကစည်းစိမ်ချမ်းသာ၊ ဘုန်းတန်ခိုးတွေကို စာတန်ပြပြီး ‘မင်း ငါ့ကို တစ်ကြိမ်ပဲ ရှိခိုးဦးချရင် ဒါတွေအားလုံးကို ငါပေးမယ်’ လို့ ယေရှုကို ပြောတယ်။ ယေရှုက ‘စာတန်၊ ထွက်သွားစမ်း။ ယေဟောဝါကိုပဲ ကိုးကွယ်ဝတ်ပြုရမယ်လို့ ရေးထားတယ်’ ဆိုပြီး ပြန်ပြောလိုက်တယ်။

      အဲဒီနောက် မာရ်နတ်ထွက်သွားတယ်။ ကောင်းကင်တမန်တွေ ရောက်လာပြီး ယေရှုကို ကျွေးမွေးပြုစုတယ်။ အဲဒီအချိန်ကစပြီး ယေရှုဟာ နိုင်ငံတော်သတင်းကောင်းကို ဟောပြောနေတော့တယ်။ ဒီအလုပ်လုပ်ဖို့ ယေရှုကို မြေကြီးပေါ် စေလွှတ်လိုက်တာ။ ယေရှု သွန်သင်ပေးတာတွေကို လူတွေ သိပ်သဘောကျကြတယ်။ ဒါကြောင့် သူ ဘယ်ကိုပဲသွားသွား သူ့နောက် တကောက်ကောက် လိုက်ကြတယ်။

      ‘မုသားပြောသူ၊ မုသားရဲ့အဖ မာရ်နတ် လိမ်ညာပြောတဲ့အခါ သူ့ရဲ့ပင်ကိုဉာဉ်အတိုင်း ပြောတာ။’ —ယောဟန် ၈:၄၄

      မေးခွန်း– ယေရှုကို မာရ်နတ် သုံးခါ ဘယ်လို သွေးဆောင်ခဲ့သလဲ။ ယေရှု ဘယ်လို တုံ့ပြန်ခဲ့သလဲ။

      မဿဲ ၄:၁-၁၁။ မာကု ၁:၁၂၊ ၁၃။ လုကာ ၄:၁-၁၅။ တရားဟောရာ ၆:၁၃၊ ၁၆။ ၈:၃။ ယာကုပ် ၄:၇

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ