ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၉
  • ပင်လယ်မျှော့ရဲ့ တစ်မူထူးတဲ့ အရေခွံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပင်လယ်မျှော့ရဲ့ တစ်မူထူးတဲ့ အရေခွံ
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • မြွေအရေခွံ
    နိုးလော့!—၂၀၁၄
  • သင်၏အရေပြားကို ထိန်းသိမ်းကာကွယ်လော့!
    နိုးလော့!—၂၀၀၅
  • ‘သင့်အရေပြားသည် မြို့ရိုးတစ်ခုနှင့်တူ’
    နိုးလော့!—၂၀၀၄
  • မာတိကာ
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၉
ပင်လယ်မျှော့

အလိုလို ဖြစ်လာနိုင်ပါ့မလား

ပင်လယ်မျှော့ရဲ့ တစ်မူထူးတဲ့ အရေခွံ

ပင်လယ်မျှော့ဆိုတာ ပင်လယ်ရေအောက်ကြမ်းပြင်နဲ့ သန္တာကျောက်တန်းတွေမှာ သွားလာကျက်စားတဲ့ သတ္တဝါ ဖြစ်တယ်။ ခန္ဓာကိုယ်မှာ ဘုတွေထစ်တွေ၊ အချွန်အတက်တွေနဲ့ ကိုယ်ပျော့ သတ္တဝါလေးတွေပါ။ ကိုယ်ထည်ကို ဖယောင်းလို ပျော့ပျောင်းသွားစေနိုင်သလို စက္ကန့်ပိုင်းအတွင်းမှာ မာတောင့်သွားအောင်လည်း လုပ်နိုင်တယ်။ အဲဒီလို ပြောင်းသာလဲသာ ရှိတဲ့အတွက် ကျောက်ကြိုကျောက်ကြား အက်ကြောင်းလေးတွေထဲ ကျုံ့ဝင်သွားပြီးနောက် ဆွဲထုတ်လို့မရအောင် မာတောင့်ထားတတ်တယ်။ ပင်လယ်မျှော့ ဒီလိုလုပ်နိုင်တာကတော့ အရေခွံကြောင့်ပါပဲ။

စဉ်းစားကြည့်ပါ- ပင်လယ်မျှော့ဟာ မိမိရဲ့အရေခွံကို မာတောင့်အောင်၊ အလောတော် ဖြစ်အောင်၊ ပျော့စိစိဖြစ်အောင် ပြောင်းလဲနိုင်တယ်။ အဆင့်ဆင့် ပြောင်းလဲချိန်မှာ အရေခွံမှာရှိတဲ့ အမျှင်တွေ ချိတ်ဆက်တဲ့အခါ ရှိသလို အဆက်ဖြတ်တဲ့အခါလည်း ရှိတယ်။ အဲဒီလိုလုပ်ချိန်မှာ မာတောင့်စေတဲ့ ဒါမှမဟုတ် ပျော့ပျောင်းစေတဲ့ ပရိုတင်းတွေ သုံးတယ်။

မာတောင့်စေတဲ့ ပရိုတင်းတွေက တွယ်ဆက်တစ်ရှူး အမျှင်တွေကို ချိတ်ဆက်ပေးတဲ့အခါ အရေခွံ မာလာတယ်။ ပျော့ပျောင်းစေတဲ့ ပရိုတင်းတွေက အဲဒီအမျှင်တွေကို အဆက်ဖြတ်ပေးတဲ့အခါ အရေခွံ ပျော့လာတယ်။ ပင်လယ်မျှော့ အရေခွံဟာ အရည်ပျော်သွားပုံပေါက်တဲ့အထိ ပျော့ပျောင်းနိုင်စွမ်းရှိတယ်။

ပင်လယ်မျှော့အရေခွံလို အခြေအနေအရ ပြောင်းလဲနိုင်စွမ်းရှိတဲ့ ပစ္စည်းတွေ တီထွင်ထုတ်လုပ်ဖို့ သိပ္ပံပညာရှင်တွေ ကြိုးစားနေကြတယ်။ ပစ္စည်းတစ်မျိုးကတော့ ဦးနှောက်ခွဲစိတ်ရာမှာ သုံးတဲ့ လျှပ်ခေါင်း ဖြစ်တယ်။ ပစ်မှတ်ထားတဲ့နေရာမှာ ကွက်တိ တပ်ဆင်နိုင်အောင် မာရုံမက ပျော့ပျောင်းနိုင်မယ့် လျှပ်ခေါင်းမျိုးပါ။ လိုသလို ပြောင်းလို့ရတဲ့ လျှပ်ခေါင်းမျိုးနဲ့ဆိုရင် ခွဲစိတ်မှုတွေ အောင်မြင်ဖို့ အကြောင်းများမယ်။

ဘယ်လို ထင်ပါသလဲ။ ပင်လယ်မျှော့ရဲ့ တစ်မူထူးတဲ့ အရေခွံဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားသလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ