သီချင်း ၃
တို့မျှော်လင့်ကိုးစားရာ
- ၁။ ရှင်ယေဟောဝါ မျှော်လင့်ချက် ပေးထား၊ - မြတ်နိုးစွာ ဆုပ်ကိုင်ထား၊ - စိတ်လှုပ်ရှားစေသော မျှော်လင့်ချက် - တစ်လောကလုံး ကြားသင့်။ - ဒါပေမဲ့ စိုးရွံ့စိတ် ရှိနေလို့ - ကြောက်ရွံ့စိတ် ဖြစ်ပွားနေတာ - တောက်ပသော မျှော်လင့်ချက်တွေလည်း - ချက်ချင်း မှေးမှိန်သွားတာ။ - (ထပ်ကျော့ပိုဒ်) - ကိုယ်တော်သာ မျှော်လင့်ရာ၊ - ခွန်အား၊ ကိုးစားရာ - လိုအပ်ရာ မှန်သမျှ ဖြည့်ပေး။ - သွန်သင်ချိန်၊ ဟောပြောချိန်၊ - စိတ်ချလက်ချရှိ - ဘုရားကိုသာ မျှော်ကိုးလို့ပါ။ 
- ၂။ အို ယေဟောဝါ နှလုံးသွင်းစေပါ၊ - မမေ့အောင် မစပါ။ - နှစ်သိမ့်မှု လိုအပ်ချိန် ကူမ - အခက်အခဲတွေ ကြုံခိုက်မှာ - ဒီလိုတွေးတာ သိပ်အားရှိစေတာ - တစ်ဖန်ပြန် ခွန်အားပြည့်လာ - နာမတော်ကို ပြောပြနိုင်ဖို့ - အစွမ်းသတ္တိ ပြည့်လာ။ - (ထပ်ကျော့ပိုဒ်) - ကိုယ်တော်သာ မျှော်လင့်ရာ၊ - ခွန်အား၊ ကိုးစားရာ - လိုအပ်ရာ မှန်သမျှ ဖြည့်ပေး။ - သွန်သင်ချိန်၊ ဟောပြောချိန်၊ - စိတ်ချလက်ချရှိ - ဘုရားကိုသာ မျှော်ကိုးလို့ပါ။ 
(ဆာ. ၇၂:၁၃၊ ၁၄။ ပညာ. ၃:၅၊ ၆၊ ၂၆။ ယေ. ၁၇:၇ တို့ကိုလည်း ကြည့်ပါ။)