ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwhf ဆောင်းပါး ၁၈
  • တန်ဖိုးရှိတဲ့အချိန်လေးတွေဖြစ်ဖို့ ဖန်တီးကြစို့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တန်ဖိုးရှိတဲ့အချိန်လေးတွေဖြစ်ဖို့ ဖန်တီးကြစို့
  • မိသားစုအတွက် အကူအညီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နီးလျက်နဲ့ ဝေးနေတာ ဘာကြောင့်လဲ
  • လုပ်ဆောင်နိုင်ရာ
  • တိုင်ပင်ဆွေးနွေးစရာ
  • နည်းပညာက အိမ်ထောင်ရေးကို ထိခိုက်စေနိုင်
    နိုးလော့!—၂၀၂၁
  • အလုပ်ကို “အလုပ်မှာ” ထားခဲ့နိုင်ပုံ
    မိသားစုအတွက် အကူအညီ
  • အသက်ကြီးမှ ကွာရှင်းတဲ့အဖြစ် မရောက်ရလေအောင်
    မိသားစုအတွက် အကူအညီ
  • နည်းပညာတွေကို သူ့နေရာသူ ထားနိုင်ပုံ
    မိသားစုအတွက် အကူအညီ
နောက်ထပ် ကြည့်ပါ
မိသားစုအတွက် အကူအညီ
ijwhf ဆောင်းပါး ၁၈
လင်မယားနှစ်ယောက် ပြုံးပြုံးပျော်ပျော် ချက်ပြုတ်နေစဉ်။

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

တန်ဖိုးရှိတဲ့အချိန်လေးတွေ ဖြစ်ဖို့ ဖန်တီးကြစို့

အိမ်ထောင်သည်တွေဟာ တစ်မိုးအောက် အတူရှိနေလျက်နဲ့ ဆက်သွယ်ပြောဆိုဖို့ အခက်တွေ့နေကြတယ်။ ဘာကြောင့်များလဲ။

  • နီးလျက်နဲ့ ဝေးနေတာ ဘာကြောင့်လဲ

  • လုပ်ဆောင်နိုင်ရာ

  • မောင်နှံစုံများ ပြောဆိုရာ

  • တိုင်ပင်ဆွေးနွေးစရာ

နီးလျက်နဲ့ ဝေးနေတာ ဘာကြောင့်လဲ

  • စိတ်ပန်းလူပန်းဖြစ်ခြင်း

    “ကျွန်မတို့လင်မယား အေးအေးလူလူ စကားပြောမယ်ကြံတိုင်း တစ်ယောက်မဟုတ် တစ်ယောက် သိပ်ပင်ပန်းနေပြီ။ ကျွန်မ ပင်ပန်းနေရင် ဘာမဟုတ်တာလေးနဲ့ စိတ်ဆတ်နေတာ။ ဒါနဲ့ တီဗီပဲ ကြည့်နေလိုက်ကြတယ်။”—အန်နာ။

  • အွန်လိုင်းမှာပဲ အာရုံရောက်နေခြင်း

    “ဆိုရှယ် မီဒီယာနဲ့ အွန်လိုင်း ဖျော်ဖြေမှုတွေကြောင့် အချိန်ကုန်မှန်းမသိ ကုန်သွားနိုင်တယ်။ အဲဒါတွေကို ကြည့်နေတာနဲ့ပဲ စကားကို မပြောဖြစ်ကြဘူး။ တစ်ခန်းထဲ အတူရှိနေတယ်ဆိုတာတောင် မေ့သွားနိုင်တယ်။”—ကက်သရင်း။

  • အကြိုက် မတူခြင်း

    “ကျွန်မခင်ပွန်း အလုပ်က ပြန်ရောက်ပြီဆိုတာနဲ့ သူဝါသနာပါရာလေးတွေ လုပ်နေတော့တာပဲ။ အလုပ်မှာ ပင်ပန်းလာတယ်ဆိုတော့လည်း ဒီအချိန်လေးတော့ သူကြိုက်တာ လုပ်ပါစေပေါ့။ ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် အချိန်ပေးနိုင်ရင် သိပ်ကောင်းမှာ။”—ဂျိန်း။

  • အလုပ် မပြီးပြတ်ခြင်း

    “နည်းပညာကြောင့် အလုပ်က အလုပ်၊ မိသားစုက မိသားစုဆိုပြီး သီးသန့်ထားလို့ မရတော့ဘဲ အလုပ်တွေ အိမ်အထိ ပါလာတယ်။ အိမ်ရောက်တာတောင် အလုပ်ဆက်လုပ်နေရတုန်း။ အလုပ်နဲ့ဆိုင်တဲ့ အီးမေးလ်တွေ၊ စာတွေ ပြန်နေရတာနဲ့ ကျွန်တော့်ဇနီးကို ပေးရမယ့် အချိန်တွေ ပဲ့ကုန်တယ်။”—မာ့ခ်။

လုပ်ဆောင်နိုင်ရာ

  • အားမှ မဟုတ်ဘဲ မဖြစ်မနေ အချိန်ပေးပါ။

    ကျမ်းစာအခြေခံမူ။ ‘ပိုအရေးအကြီးတဲ့အရာတွေကို ပိုင်းခြားသိကြပါ။’—ဖိလိပ္ပိ ၁:၁၀။

    စဉ်းစားကြည့်ပါ။ အလုပ်တွေ၊ ဝါသနာပါရာတွေထက် အိမ်ထောင်ဖက် ပိုအရေးပါကြောင်း ကိုယ့်လုပ်ရပ်က ဖော်ပြသလား။ အားတော့မှ၊ လုပ်စရာ ဘာမှမကျန်တော့မှ အိမ်ထောင်ဖက်ကို အချိန်ပေးသလား။

    အကြံပြုချက်။ အိမ်ထောင်ဖက်ကို အချိန် အလုံအလောက်ပေးဖို့ ကြိုတင်စီစဉ်ပါ။

    “နှစ်ယောက်တည်း သီးသန့်ကမ္ဘာလေး ဖြစ်အောင် ကျွန်မခင်ပွန်း စီစဉ်ပေးတဲ့အခါ ကျွန်မ သိပ်ပျော်တယ်။ ကျွန်မကို မြတ်နိုးပါလား၊ အတူရှိရတာကို ပျော်ပါလားဆိုပြီး ခံစားရတယ်။ သူ့ကို ပိုချစ်လာတယ်။”—အန်နာ။

  • အီလက်ထရောနစ် ပစ္စည်းတွေကို ဘေးဖယ်ထားပါ။

    ကျမ်းစာအခြေခံမူ။ “အရာအားလုံးအတွက် အချိန်အခါဆိုတာ ရှိတယ်။”—ဒေသနာ ၃:၁။

    စဉ်းစားကြည့်ပါ။ ဝင်လာတဲ့ စာတိုတွေ၊ အချက်ပေးသံတွေကြောင့် အိမ်ထောင်ဖက်ကို အချိန်အပြည့်အဝ မပေးနိုင်ဘဲ ဖြစ်နေသလား။

    အကြံပြုချက်။ အနည်းဆုံး တစ်ရက်ကို တစ်ကြိမ် ထမင်းလက်ဆုံ စားပါ။ ထမင်းစားချိန်မှာ ဖုန်းကို ခပ်ဝေးဝေး ထားပါ။ ထမင်းစားချိန်ဟာ တစ်နေ့တာအတွေ့အကြုံတွေ ဖလှယ်နိုင်တဲ့ အကောင်းဆုံးအချိန်ပါ။

  • ဖြစ်နိုင်တဲ့အခါတိုင်း အတူ စျေးဝယ်ထွက်ပါ။ အိမ်မှုကိစ္စတွေ အတူလုပ်ပါ။

    ကျမ်းစာအခြေခံမူ။ “လူတစ်ယောက်ထက် နှစ်ယောက် ပိုကောင်းတယ်။ နှစ်ယောက်ပေါင်းပြီး ကြိုးစားပမ်းစားလုပ်ရင် ကောင်းကျိုး ပိုရတတ်လို့ပဲ။”—ဒေသနာ ၄:၉။

    စဉ်းစားကြည့်ပါ။ အိမ်အတွက် ဘာဘာညာညာ ဝယ်ခြမ်းတာတွေကို သီးသန့်စီ လုပ်နေတာ ဘယ်နှစ်ကြိမ် ရှိပြီလဲ။

    အကြံပြုချက်။ တစ်ယောက်တည်း လုပ်လို့ရတယ်ဆိုရင်တောင် တက်ညီလက်ညီ ဝိုင်းဝန်းလုပ်ဆောင်ပါ။

    “စျေးဝယ်တာ၊ ပန်းကန်ဆေးတာ၊ အဝတ်ခေါက်တာ၊ ခြံရှင်းတာစတဲ့ အိမ်မှုကိစ္စတွေကို မောင်တစ်ထမ်း မယ်တစ်ရွက် ခွဲဝေလုပ်ဆောင်နိုင်တဲ့ အခွင့်အရေးလို့ ယူမှတ်ရမယ်။”—နီနာ။

  • အလွန်အကျွံ မျှော်လင့်မထားပါနဲ့

    ကျမ်းစာအခြေခံမူ။ “ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့် သဘောထားကို လူတိုင်း သိမြင်စေပါ။”—ဖိလိပ္ပိ ၄:၅။

    စဉ်းစားကြည့်ပါ။ အိမ်ထောင်ဖက်ဆီက တရားလွန် မတောင်းဆိုကြောင်း ဘယ်လို ပြနိုင်သလဲ။

    အကြံပြုချက်။ သူ့အကြိုက်၊ ကိုယ့်အကြိုက် ပြောဆိုညှိနှိုင်းပြီး တစ်ယောက်ကို တစ်ယောက် ဘယ်လို အချိန်ပေးရင် ကျေနပ်မလဲဆိုတာ တိုင်ပင်ဆုံးဖြတ်ပါ။

    “ကျွန်မက အားနည်းပြီး ချူချာတယ်။ ကျွန်မအမျိုးသားက ကျန်းမာပြီး ကြံ့ခိုင်တယ်။ ဒါကြောင့် ကျွန်မက အိမ်မှာ နားတယ်၊ သူ့ကိုတော့ စိတ်လန်းဆန်းသွားအောင် အပြင်လေးဘာလေး ထွက်ခိုင်းတယ်။ သူ အပြင်ထွက်ပြီး လေ့ကျင့်ခန်း လုပ်နေချိန် ကျွန်မက အိမ်မှာ အနားယူရတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့။”—ဒန်နီယဲလာ။

    မောင်နှံစုံများ ပြောဆိုရာ

    ဂျမင်းနဲ့ ကန်ဒရာ။

    “ထမင်း လက်ဆုံစားချိန်မှာ အေးအေးလူလူ စကားပြောနိုင်သလို အရေးကြီးကိစ္စတွေလည်း ဆွေးနွေးလို့ ရတယ်။ ဒါဟာ လင်နဲ့မယား နှစ်ကိုယ်တစ်စိတ် ဖြစ်စေတယ်။—ဂျမင်းနဲ့ ဇနီး ကန်ဒရာ။

    မော်နီကာနဲ့ ရှောင်။

    “ကိုယ်လည်း စားရမှာဆိုတော့ ဝိုင်းကူလိုက်ပေါ့။ ငယ်ဘဝ အမှတ်တရတွေထဲမှာ မိဘနဲ့အတူ လက်ဆုံစားတာလည်း ပါတယ်။ ခင်ပွန်းနဲ့အတူ လက်ဆုံစားတာကလည်း အမှတ်ရစရာ ဖြစ်နေမှာပါ။—မော်နီကာနဲ့ ခင်ပွန်း ရှောင်။

တိုင်ပင်ဆွေးနွေးစရာ

ဦးဆုံး၊ အောက်ပါမေးခွန်းတွေကို သီးသန့်စီ သုံးသပ်ပါ။ ပြီးတဲ့နောက် အဖြေကို အတူ ဆွေးနွေးပါ။

  • တစ်ယောက်ကို တစ်ယောက် အချိန်အလုံအလောက် ပေးနေသလား။

  • အချိန်ပေးဖို့ ကြိုးစားနေတဲ့ အိမ်ထောင်ဖက်ရဲ့ ဘယ်အချက်ကို ချီးမွမ်းချင်သလဲ။

  • အိမ်ထောင်ဖက်ကို ဘယ်ကဏ္ဍမှာ တိုးတက်စေချင်သလဲ။

  • အီလက်ထရောနစ် ပစ္စည်းတွေကြောင့် အိမ်ထောင်ဖက် စကားပြောတာကို အာရုံမစိုက်နိုင်တာ ဘယ်နှကြိမ်လောက် ရှိပြီလဲ။

  • တစ်ယောက်ကို တစ်ယောက် အလွန်အကျွံ မမျှော်လင့်ကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။

  • ဒီအပတ်အတွင်း တစ်ယောက်ကို တစ်ယောက် အချိန် အလုံအလောက်ပေးနိုင်ဖို့ ဘာတွေ ပြုပြင်ပြောင်းလဲနိုင်မလဲ။

ပြန်လည်သုံးသပ်ခြင်း။ တစ်ယောက်ကိုတစ်ယောက် အချိန်များများ ပေးပါ

  • အားမှ မဟုတ်ဘဲ မဖြစ်မနေ အချိန်ပေးပါ။

  • အီလက်ထရောနစ် ပစ္စည်းတွေကို ဘေးဖယ်ထားပါ။

  • ဖြစ်နိုင်တဲ့အခါတိုင်း အတူ စျေးဝယ်ထွက်ပါ။ အိမ်မှုကိစ္စတွေ အတူလုပ်ပါ။

  • အလွန်အကျွံ မျှော်လင့်မထားပါနဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ