ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwhf ဆောင်းပါး ၁၃
  • အလုပ်ကို “အလုပ်မှာ” ထားခဲ့နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလုပ်ကို “အလုပ်မှာ” ထားခဲ့နိုင်ပုံ
  • မိသားစုအတွက် အကူအညီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိထားသင့်ရာ
  • အလုပ်နဲ့ ဘဝ မျှတစေနိုင်တဲ့နည်းများ
  • ဆွေးနွေးမှုလမ်းညွှန်
  • နည်းပညာက အိမ်ထောင်ရေးကို ထိခိုက်စေနိုင်
    နိုးလော့!—၂၀၂၁
  • ‘အိမ်ထောင်မင်္ဂလာကို လေးစားရမယ်’
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • နည်းပညာတွေကို သူ့နေရာသူ ထားနိုင်ပုံ
    မိသားစုအတွက် အကူအညီ
  • မိတ်ဆွေနဲ့ ရင်းနှီးလွန်းတဲ့အခါ
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
မိသားစုအတွက် အကူအညီ
ijwhf ဆောင်းပါး ၁၃
မောင်နှံတစ်စုံ မီးဖိုချောင်မှာ ကော်ဖီ အတူသောက်နေကြ။ အလုပ်နဲ့ပတ်သက်တာတွေ၊ ဖုန်းတွေကို လက်လှမ်းမမီတဲ့နေရာမှာ ထား။

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

အလုပ်ကို “အလုပ်မှာ” ထားခဲ့နိုင်ပုံ

နည်းပညာခေတ်ကြီးမှာ ဆက်သွယ်ဖို့ လွယ်ကူလာတာနဲ့အမျှ အလုပ်ရှင်၊ အလုပ်ဖော်၊ ဖောက်သည်တွေက အချိန်မရွေး၊ နေ့ရက်မရွေး ဝန်ဆောင်မှု ရချင်ကြတယ်။ ဒါကြောင့် အလုပ်နဲ့ ဘဝ ဟန်ချက်ညီစေဖို့၊ မိသားစုကိုသာမက ပိုအရေးကြီးတဲ့ ဘဝကဏ္ဍတွေကို အချိန်ပေးဖို့ အခက်တွေ့လာကြတယ်။

  • သိထားသင့်ရာ

  • အလုပ်နဲ့ ဘဝ မျှတစေနိုင်တဲ့ နည်းလမ်းများ

  • အိမ်ထောင်သည်များရဲ့ အဆို

  • ဆွေးနွေးမှုလမ်းညွှန်

သိထားသင့်ရာ

  • နည်းပညာခေတ်မှာ အလုပ်ကြောင့် အိမ်ထောင်ဖက်ကို အချိန်မပေးနိုင်အထိ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အလုပ်ချိန်နောက်ပိုင်း ဝင်လာတဲ့ အလုပ်နဲ့ပတ်သက်တဲ့ ဖုန်း၊ အီးမေးလ်၊ မက်ဆေ့ခ်ျတွေ ဖွင့်ကြည့်တာမျိုးကို ဂရုစိုက်ဖို့ လိုလာပြီ။

    “အလုပ်ကနေ အိမ်ပြန်လာပြီး မိသားစုနဲ့ အေးအေးလူလူ နေရတဲ့ဘဝမျိုး အခု မရှိတော့ဘူး ထင်ပါရဲ့။ အလုပ်နဲ့ပတ်သက်တဲ့ အီးမေးလ်တွေ၊ ဖုန်းတွေ ဝင်လာတော့ အိမ်ထောင်ဖက်ကို အချိန်မပေးအားတော့ဘူး။”—ဂျဲနက်။

  • အလုပ်ချိန်နဲ့ မိသားစုအချိန် မျှမျှတတဖြစ်အောင် အစပြုလုပ်ဆောင်ရမယ်။ အစီအစဉ် မဆွဲဘူးဆိုရင် အလုပ်ဟာ မိသားစုဘဝထဲ ဝင်ရောက်နှောင့်ယှက်လာမယ်။

    “’သူ နားလည် ခွင့်လွှတ်ပေးမှာပါ။ နောက်မှ သူ့ကို အချိန်ပေးတော့မယ်’ ဆိုပြီး အရင်ဆုံး ကိုယ့်အိမ်ထောင်ဖက်ကို ပစ်ထားတတ်ကြတယ်။”—ဟော်လီ။

အလုပ်နဲ့ ဘဝ မျှတစေနိုင်တဲ့နည်းများ

  • အိမ်ထောင်ဖက်ကို ဦးစားပေးပါ။ “ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့” လို့ ကျမ်းစာက ဆိုတယ်။ (မဿဲ ၁၉:၆) လူတစ်ဦးကြောင့် ကိုယ့်အိမ်ထောင်ဖက်နဲ့ ခွဲနေရတဲ့အဖြစ်မျိုး အရောက်ခံမှာ မဟုတ်သလို အလုပ်ကြောင့် ခွဲနေသလိုမျိုး မဖြစ်သင့်ဘူး။

    “အလုပ်အပ်သူတချို့က ငွေပေးထားတော့ ဘယ်အချိန်ခေါ်ခေါ် အဆင်သင့်ဖြစ်နေစေချင်တယ်။ ကျွန်တော့်အိမ်ထောင်ရေးက ပိုအရေးပါလို့ အလုပ်နားရက်တွေမှာ မလုပ်ပေးနိုင်ကြောင်း၊ နောက်မှ ပြန်ဆက်သွယ်မယ့်အကြောင်း ပြောပြလိုက်တယ်။”—မာ့ခ်။

    ‘ငါ့လုပ်ရပ်တွေက အလုပ်ထက် အိမ်ထောင်ဖက်က ပိုအရေးပါမှန်း ဖော်ပြသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

  • ငြင်းပယ်တတ်ပါစေ။ “ဉာဏ်ပညာကတော့ ကျိုးနွံသူတွေနဲ့အတူ ရှိနေတယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၁:၂) အလုပ်တချို့ကို ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်တာ၊ တခြားသူကို တာဝန်ပေးလိုက်တာက ကျိုးနွံစိတ် ရှိရာရောက်တယ်။

    “ကျွန်တော်က ပိုက်ပြင်သူဆိုတော့ အရေးပေါ် မှ ကပျာကယာ အလုပ်ခေါ်တတ်ကြတယ်။ သူတို့ခေါ်တဲ့အချိန် ကိုယ်မသွားနိုင်ရင် တခြားပိုက်ပြင်ဆရာကို ညွှန်းလိုက်တယ်။”—ခရစ္စတိုဖာ။

    ‘ထပ်ဆောင်းအလုပ်တွေ လုပ်ရလို့ အိမ်ထောင်ဖက်က သူ့ကို ပစ်ထားတယ်ဆိုပြီး ယူဆမယ်ဆိုရင် အဲဒီအလုပ်ကို ငါ ငြင်းပယ်သလား။ သူ ဘယ်လိုပြောမလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

  • အတူတူ အချိန်ဇယားဆွဲပါ။ “အရာအားလုံးအတွက် အချိန်အခါဆိုတာ ရှိတယ်” လို့ ကျမ်းစာက ဆိုတယ်။ (ဒေသနာ ၃:၁) အလုပ် မနိုင်မနင်း ဖြစ်လာပြီဆိုရင် အိမ်ထောင်ဖက်ကို အချိန်ပေးဖို့ အချိန်ဇယားဆွဲရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

    “အလုပ်ကြောင့် ဗျာများလာတဲ့အခါ ညစာ အတူစားဖို့ ဒါမှမဟုတ် ကမ်းခြေမှာ လမ်းလျှောက်ဖို့ အချိန်တစ်ချိန် သတ်မှတ်ကြတယ်။ ဒါမှ အနှောင့်အယှက် ကင်းကင်းနဲ့ နှစ်ယောက်တည်း အချိန်ဖြုန်းနိုင်မယ်။”—ဒယ်ဘရာ။

    ‘အိမ်ထောင်ဖက်ကို အပြည့်အဝ ဂရုစိုက်နိုင်ဖို့ ငါ အချိန်သတ်မှတ်ထားသလား။ သူ ဘယ်လိုပြောမလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

  • စက်ပိတ်ထားပါ။ ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိနိုင်ကြပါ’ လို့ ကျမ်းစာက ဆိုတယ်။ (ဖိလိပ္ပိ ၁:၁၀) အလုပ်နဲ့ဆိုင်တဲ့ ဖုန်းတွေ၊ မက်ဆေ့ခ်ျတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရအောင် ဖုန်းကို ပိတ်ထားနိုင်မလား။

    “အလုပ်ချိန်ပြီးတဲ့နောက် ဘာအလုပ်မှ မလုပ်ဖို့ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားတယ်။ အဲဒီအချိန်မှာ ဖုန်းကို အသံပိတ်ထားလိုက်တယ်။”—ဂျယ်ရမီ။

    ‘အလုပ်ရှင် ဒါမှမဟုတ် အလုပ်အပ်သူ ဖုန်းခေါ်ရင် မဖြစ်မနေ ဖုန်းကိုင်ရမယ်လို့ ငါ ခံယူထားသလား။ ငါ့အိမ်ထောင်ဖက် ဘယ်လို ပြောမလဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

  • အကျိုးသင့်အကြောင်းသင့် ရှိပါ။ “ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့်သဘောကို လူတိုင်း သိမြင်စေပါ” လို့ ကျမ်းစာက ဆိုတယ်။ (ဖိလိပ္ပိ ၄:၅) လက်တွေ့ဘဝမှာတော့ ကိုယ့်အိမ်ထောင်ဖက်နဲ့ အချိန်ဖြုန်းနေတုန်း အလုပ်ကိစ္စ ပေါ်လာတဲ့အခါမျိုး ရှိမှာပဲ။ ဥပမာ၊ အိမ်ထောင်ဖက်ရဲ့အလုပ်က ရုံးချိန်နောက်ပိုင်း ပြောဆိုဆက်သွယ်ဖို့လိုတဲ့ အလုပ်မျိုး ဖြစ်နေနိုင်တယ်။ ဒါကြောင့် တရားလွန်တောင်းဆိုတာမျိုး မလုပ်ပါနဲ့။

    “ကျွန်မအမျိုးသားက ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလေး လုပ်တော့ ကိုယ်တိုင် ဖြေရှင်းရတဲ့ကိစ္စတွေ အချိန်မရွေး ပေါ်လာတတ်တယ်။ ကျွန်မ စိတ်အနှောင့်အယှက် ဖြစ်ရတာပေါ့။ ဒါပေမဲ့ အတူအချိန်ဖြုန်းရတဲ့အချိန်တွေလည်း ရှိတော့ အဆင်ပြေပါတယ်။”—ဘီဗာလီ။

    ‘ငါဟာ အိမ်ထောင်ဖက်ကို တရားလွန် မတောင်းဆိုဘဲ သူ့အလုပ်ကို နားလည်ပေးတတ်သူလား။ ငါ့အိမ်ထောင်ဖက် ဘယ်လို ပြောမလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

မီးသီး

အကြံပြုချက်။ အလုပ်နဲ့ ဘဝ ဟန်ချက်ညီဖို့ဆိုတာ အမြဲ ချိန်ညှိနေရမယ့် ကိစ္စဖြစ်မှန်း မမေ့ပါနဲ့။ ဒီဆောင်းပါးမှာပါတဲ့ ဆွေးနွေးမှုလမ်းညွှန်ကို သုံးပြီး အလုပ်နဲ့ ဘဝ ဘယ်ကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲဖို့ လိုနေလဲဆိုတာ နှစ်ယောက်သား ဆွေးနွေးကြည့်ပါ။

အိမ်ထောင်သည်များရဲ့ အဆို

ဂျိုးဇက်နဲ့ ဟာနာ

“ညစာ အတူစားနေချိန်မှာ အနှောင့်အယှက်တွေ ဝင်မလာအောင် ဖုန်းတွေကို အသံပိတ်ထားကြတယ်။ မိသားစုအချိန်ကို တန်ဖိုးထားရမယ်။”—ဂျိုးဇက်နဲ့ ဇနီး ဟာနာ။

ကာရာနဲ့ ဒယ်နီရယ်

“ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းတာ သိပ်အကျိုးရှိတယ်။ အချိန်စားမယ့်၊ အာရုံများစေမယ့် ပစ္စည်းတွေ သိပ်မရှိတော့ ရိုးရှင်းစွာ နေထိုင်လေ ဟန်ချက်ညီဖို့ လွယ်လေပဲ။”—ကာရာနဲ့ ခင်ပွန်း ဒယ်နီရယ်။

ဆွေးနွေးမှုလမ်းညွှန်

အောက်ပါမေးခွန်းတွေကို တစ်ဦးစီအနေနဲ့ သုံးသပ်ကြည့်ပါ။ အဖြေရလာရင် အတူဆွေးနွေးပါ။

  • အလုပ်ကို အိမ် သယ်လာတယ်လို့ သင့်အိမ်ထောင်ဖက် ညည်းဖူးသလား။ ဒါကို သင် လက်ခံသလား။

  • အလုပ်နဲ့ ဘဝ ဟန်ချက်ညီစေဖို့ ဘယ်ကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲဖို့ လိုနေပြီလို့ ယူဆသလဲ။

  • အိမ်ထောင်ဖက်က အလုပ်ကို “အလုပ်မှာ” မထားခဲ့နိုင်ဘူးလို့ သင် ယူဆသလား။ ဖြစ်ရပ်တစ်ခု ပြန်ပြောပြနိုင်မလား။

  • အလုပ်နဲ့ ဘဝ ဟန်ချက်ညီအောင် ဘယ်ကဏ္ဍမှာ အိမ်ထောင်ဖက်ကို ပြုပြင်ပြောင်းလဲစေချင်သလဲ။

ပြန်လည်သုံးသပ်ချက်– အလုပ်ကို အလုပ်မှာပဲ ထားခဲ့နိုင်ပုံ

  • အိမ်ထောင်ဖက်ကို ဦးစားပေးပါ။ အလုပ်က အိမ်ထောင်ရေးကို ဝင်ရောက်နှောင့်ယှက်တာမျိုး အဖြစ်မခံပါနဲ့။

  • ငြင်းပယ်တတ်ပါစေ။ တစ်ခါတလေ တခြားသူကို တာဝန်ပေးလိုက်တာ၊ ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်တာ ပိုကောင်းတယ်။

  • အတူတူ အချိန်ဇယားဆွဲပါ။ အထူးသဖြင့် အလုပ် မနိုင်မနင်း ဖြစ်လာတဲ့အခါ အိမ်ထောင်ဖက်ကို ပစ်မထားပါနဲ့။

  • စက်ပိတ်ထားပါ။ အလုပ်က ဖုန်းတွေကြောင့် အမြဲ ဗျာများမနေရအောင် တစ်ခါတလေ ဖုန်းကို အသံပိတ်ထားပါ။

  • အကျိုးသင့်အကြောင်းသင့် ရှိပါ။ အလုပ်နဲ့ ဘဝ ဟန်ချက်ညီဖို့ဆိုတာ အမြဲ ချိန်ညှိနေရမယ့် ကိစ္စပါ။ အကျိုးသင့်အကြောင်းသင့် မျှော်လင့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ