ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ မတ် စာ. ၂၀-၂၅
  • စစ်မှန်တဲ့ ဝတ်ပြုရေးက သင့်ကို ပျော်ရွှင်စေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်တဲ့ ဝတ်ပြုရေးက သင့်ကို ပျော်ရွှင်စေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှေးခေတ်တုန်းက ယေဟောဝါ လက်ခံတဲ့ ဝတ်ပြုရေး
  • ဝတ်ပြုရေးမှာ ဘာတွေ ပါဝင်သလဲ
  • စစ်မှန်တဲ့ ဝတ်ပြုရေးက ပျော်ရွှင်စေ
  • ဘုရားသခင် နှစ်သက်တဲ့ ဝတ်ပြုကိုးကွယ်မှု
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • မည်သူ၏ကိုးကွယ်မှုကို ဘုရားသခင်နှစ်သက်တော်မူသနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ယေရှုကို တုပပါ ဘုရားသခင်နှစ်သက်လက်ခံသော ဝတ်ပြုကိုးကွယ်မှုကို ပေးဆက်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ကျွန်ုပ်တို့အသက်တာတွင် ယေဟောဝါဝတ်ပြုရေးကို တော်မှန်သောနေရာ၌ ထားရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ မတ် စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၁၃

စစ်မှန်တဲ့ ဝတ်ပြုရေးက သင့်ကို ပျော်ရွှင်စေ

‘ယေဟောဝါဘုရား၊ ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်းခွန်အားတွေကို ကိုယ်တော် ရထိုက်ပါတယ်။’—ဗျာ. ၄:၁၁။

သီချင်း ၃၁ ဘုရားနဲ့အတူ လျှောက်လှမ်းပါ

အကြိုသုံးသပ်ချက်a

၁-၂။ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ဘုရား လက်ခံဖို့ ဘာလုပ်ရမလဲ။

“ဝတ်ပြု” ဆိုတဲ့ စကားလုံးကို ကြားတဲ့အခါ သင် ဘာစဉ်းစားမိသလဲ။ အိပ်ရာဘေးမှာ ညီအစ်ကိုတစ်ယောက် ဒူးထောက်ဆုတောင်းနေတာ ဒါမှမဟုတ် မိသားစုတစ်စု ပျော်ရွှင်စွာ ကျမ်းစာလေ့လာနေတာကို မြင်ယောင်မိနိုင်တယ်။

၂ အခြေအနေ နှစ်ခုစလုံးမှာ ဝတ်ပြုရေး လုပ်ဆောင်မှုတွေ လုပ်ဆောင်နေကြတာပါ။ သူတို့ရဲ့ ဝတ်ပြုမှုကို ယေဟောဝါ လက်ခံမလား။ ဘုရားရည်ရွယ်ချက်အတိုင်း ဖြစ်မယ်၊ ဘုရားကို ချစ်ပြီး ရိုသေလေးစားမယ်ဆိုရင် လက်ခံပါလိမ့်မယ်။ ယေဟောဝါကို ကျွန်တော်တို့ သိပ်ချစ်ကြတယ်။ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ဘုရား ရထိုက်မှန်း သိလို့ အကောင်းဆုံးနည်းနဲ့ ဝတ်ပြုချင်ကြတယ်။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၃ ရှေးခေတ်တုန်းက ယေဟောဝါ လက်ခံတဲ့ ဝတ်ပြုရေးအကြောင်း၊ ဒီနေ့ခေတ် ဘုရား လက်ခံတဲ့ ဝတ်ပြုရေး ကဏ္ဍ ရှစ်ခုအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ ကိုယ့်ရဲ့ ဝတ်ပြုမှု အရည်အသွေးကို ဘယ်လို တိုးတက်စေနိုင်ကြောင်း၊ စစ်မှန်တဲ့ ဝတ်ပြုရေးက ကျွန်တော်တို့ကို ဘာကြောင့် ပျော်ရွှင်စေကြောင်းလည်း ဆန်းစစ်ကြပါမယ်။

ရှေးခေတ်တုန်းက ယေဟောဝါ လက်ခံတဲ့ ဝတ်ပြုရေး

၄။ ခရစ်ယာန်ခေတ် မတိုင်ခင်တုန်းက ဝတ်ပြုသူတွေဟာ ယေဟောဝါကို ချစ်ပြီး ရိုသေလေးစားကြောင်း ဘယ်လို ဖော်ပြကြသလဲ။

၄ ခရစ်ယာန်ခေတ် မတိုင်ခင်တုန်းက အာဗေလ၊ နောဧ၊ အာဗြဟံ၊ ယောဘ စတဲ့ သစ္စာရှိသူတွေဟာ ယေဟောဝါကို ချစ်ပြီး ရိုသေလေးစားကြတယ်။ အဲဒါကို ဘယ်လိုနည်းနဲ့ ဖော်ပြကြသလဲ။ နာခံမှု၊ ယုံကြည်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်းအားဖြင့်ပါပဲ။ သူတို့ ဘယ်လိုပုံစံနဲ့ ဝတ်ပြုခဲ့တယ်ဆိုတာ ကျမ်းစာမှာ အသေးစိတ် မဖော်ပြထားပေမဲ့ ယေဟောဝါကို အကောင်းဆုံးနည်းနဲ့ ဂုဏ်တင်ခဲ့ကြမှာ သေချာတယ်။ သူတို့ရဲ့ ဝတ်ပြုမှုကို ဘုရား လက်ခံတယ်။ နောက်ပိုင်း၊ အာဗြဟံရဲ့ သားစဉ်မြေးဆက်တွေကို မောရှေပညတ် ပေးတယ်။ အဲဒီပညတ်မှာ ဘုရား နှစ်သက်တဲ့ နည်းနဲ့ ဘယ်လို ဝတ်ပြုရမယ်ဆိုတဲ့ အသေးစိတ် ညွှန်ကြားချက်တွေ ပါတယ်။

၅။ ယေရှု သေဆုံး၊ ထမြောက်ပြီးနောက် စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ဘယ်အပြောင်းအလဲ ဖြစ်သလဲ။

၅ ယေရှု သေဆုံး၊ ထမြောက်ပြီးနောက် မောရှေပညတ်ကို ဆက်နာခံဖို့ ယေဟောဝါ မတောင်းဆိုတော့ဘူး။ (ရော. ၁၀:၄) ခရစ်ယာန်တွေဟာ “ခရစ်တော်ရဲ့ တရား” ကို လိုက်နာရတော့မယ်။ (ဂလ. ၆:၂) အဲဒီ “တရား” ကို အလွတ်ကျက်မှတ်ခြင်း၊ ဆောင်ရန် ရှောင်ရန် စာရင်းရှည်အတိုင်း လိုက်နာခြင်းအားဖြင့် မဟုတ်ဘဲ ယေရှုရဲ့ ပုံသက်သေကို တုပခြင်း၊ သွန်သင်ချက်တွေကို လိုက်နာခြင်းအားဖြင့် နာခံနိုင်တယ်။ ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း ယေဟောဝါရဲ့ မျက်နှာသာ ရဖို့၊ ကိုယ်တိုင် “လန်းဆန်းရ” ဖို့ ခရစ်တော်ကို အတတ်နိုင်ဆုံး တုပနေကြတယ်။—မ. ၁၁:၂၉။

၆။ ဒီဆောင်းပါးကနေ ဘယ်လို အကျိုးရနိုင်သလဲ။

၆ ဝတ်ပြုရေး ကဏ္ဍတစ်ခုစီကို သုံးသပ်ရင်း ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ဒီကဏ္ဍမှာ ငါ ဘယ်လောက် တိုးတက်နေပြီလဲ၊ ငါ့ရဲ့ ဝတ်ပြုမှု အရည်အသွေးကို ဘယ်လို တိုးတက်စေနိုင်သလဲ။’ လောလောဆယ် ကိုယ့်တိုးတက်မှုအတွက် ကျေနပ်သင့်ပေမဲ့ တိုးတက်ဖို့ လိုနေတာတွေကို ဆုတောင်းစဉ်းစားသင့်တယ်။

ဝတ်ပြုရေးမှာ ဘာတွေ ပါဝင်သလဲ

၇။ လှိုက်လှဲတဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။

၇ ဆုတောင်းတာဟာ ယေဟောဝါကို ဝတ်ပြုနေတာ ဖြစ်တယ်။ ကျမ်းစာမှာ ဆုတောင်းချက်တွေကို အသေအချာ ပြင်ဆင်၊ ပူဇော်တဲ့ နံ့သာပေါင်းနဲ့ ခိုင်းနှိုင်းထားတယ်။ (ဆာ. ၁၄၁:၂) နံ့သာပေါင်းရဲ့ မွှေးရနံ့ကို ဘုရား နှစ်သက်တယ်။ အဲဒီလိုပဲ အလွန် ရိုးရှင်းတဲ့ စကားလုံးတွေနဲ့ပဲ ဆုတောင်းရင်တောင် လှိုက်လှဲတဲ့ ဆုတောင်းချက်တွေကို ဘုရား “နှစ်သက်” တယ်။ (ပညာ. ၁၅:၈။ တရား. ၃၃:၁၀) မိမိကို ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း ကျွန်တော်တို့ ထုတ်ပြောတာက ဘုရားရဲ့ စိတ်ကို ပျော်ရွှင်စေတယ်။ ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှု၊ မျှော်လင့်ချက်၊ ဖြစ်ချင်တဲ့ ဆန္ဒတွေကို ပြောပြစေချင်တယ်။ ဆုမတောင်းခင် ဘာတောင်းမယ်ဆိုတာ အသေအချာ စဉ်းစားသင့်တယ်။ ဒါမှ အကောင်းဆုံး “နံ့သာပေါင်း” ကို ပူဇော်နိုင်မှာ ဖြစ်တယ်။

၈။ ဘုရားကို ချီးမွမ်းဖို့ ဘယ်အခွင့်ကောင်း ရထားသလဲ။

၈ ယေဟောဝါကို ချီးမွမ်းတာဟာ ဝတ်ပြုနေတာ ဖြစ်တယ်။ (ဆာ. ၃၄:၁) ဘုရားရဲ့ အံ့ဖွယ် အရည်အသွေးတွေ၊ လုပ်ဆောင်မှုတွေအကြောင်း တခြားသူတွေကို ပြောပြခြင်းအားဖြင့် ယေဟောဝါကို ကျွန်တော်တို့ ချီးမွမ်းကြတယ်။ ကျေးဇူးတင်စိတ် ရှိမှ ချီးမွမ်းနိုင်မယ်။ ယေဟောဝါ လုပ်ပေးတာတွေအကြောင်း၊ ဘုရားရဲ့ ကောင်းမြတ်မှုအကြောင်း အချိန်ယူ တွေးတောမယ်ဆိုရင် ချီးမွမ်းစရာ အကြောင်းများစွာ ရှိနေမှာ ဖြစ်တယ်။ အထူးသဖြင့် ဟောပြောခြင်းလုပ်ငန်းဟာ “ဘုရားသခင်ကို အမြဲ ချီးမွမ်း” ဖို့ အခွင့်ကောင်းပါပဲ။ “အဲဒီလိုချီးမွမ်းတာက ဘုရားသခင်ဆီ ပူဇော်သက္ကာ ဆက်သတာနဲ့ တူတယ်။” (ဟီ. ၁၃:၁၅) ယေဟောဝါဆီ ဆုမတောင်းခင် အသေအချာ စဉ်းစားသင့်သလို အမှုဆောင်လုပ်ငန်းမှာလည်း ကိုယ်နဲ့ ဆုံတွေ့သူတွေကို ဘာပြောမယ်ဆိုတာ အသေအချာ စဉ်းစားသင့်တယ်။ ‘ချီးမွမ်းခြင်း ပူဇော်သက္ကာ’ ကို အကောင်းဆုံး ပေးဆက်ချင်ကြလို့ စိတ်နှလုံးပါပါ ဟောပြောသင့်တယ်။

၉။ ရှေးအစ္စရေးတွေလိုပဲ အတူတကွ စည်းဝေးခြင်းကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရသလဲ။ ကိုယ်ပိုင် တွေ့ကြုံမှု ပြောပြပါ။

၉ အစည်းအဝေး တက်တာဟာ ယေဟောဝါကို ဝတ်ပြုနေတာ ဖြစ်တယ်။ ‘ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာမှာ ယောက်ျားအားလုံး ရှေ့တော်ကို တစ်နှစ် သုံးကြိမ် လာရမယ်’ လို့ ရှေးအစ္စရေးတွေကို ဘုရား မှာတယ်။ (တရား. ၁၆:၁၆) အဲဒီလို သွားတဲ့အခါ အိမ်နဲ့ သီးနှံတွေကို ဒီအတိုင်း ထားခဲ့ရမယ်။ ဒါပေမဲ့ “ယေဟောဝါဘုရားရှေ့ကို တစ်နှစ် သုံးကြိမ် သွားနေချိန်မှာ မင်းတို့ရဲ့ ပြည်ကို ဘယ်သူမှ လာသိမ်းမှာ မဟုတ်ဘူး” လို့ ယေဟောဝါ ကတိပေးတယ်။ (ထွ. ၃၄:၂၄) ယေဟောဝါအပေါ် ယုံကြည်ခြင်း အပြည့် ရှိလို့ အစ္စရေးတွေ နှစ်စဉ် ပွဲတော် တက်ရောက်ကြတယ်။ ဒီနည်းနဲ့ ကောင်းချီး အလျှံပယ် ရကြတယ်။ ဘုရားပညတ်ကို ပိုနားလည်လာတယ်။ ဘုရားကောင်းမြတ်မှုအကြောင်း ပိုတွေးတောနိုင်ပြီး ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်းခြင်းကနေ အားပေးမှု ရရှိကြတယ်။ (တရား. ၁၆:၁၅) ကျွန်တော်တို့လည်း စွန့်လွှတ်အနစ်နာခံပြီး ခရစ်ယာန် အစည်းအဝေးတွေ တက်ခြင်းအားဖြင့် အလားတူ ကောင်းကျိုးတွေ ရတယ်။ ထိရောက်တဲ့ မှတ်ချက်တိုလေးတွေ ပေးဖို့ ပြင်ဆင်လာတာကို ယေဟောဝါ သိပ်ကျေနပ်နှစ်သက်မှာပဲ။

၁၀။ သီချင်းဆိုခြင်းဟာ ဝတ်ပြုရေးရဲ့ အရေးကြီး အစိတ်အပိုင်း ဘာကြောင့် ဖြစ်သလဲ။

၁၀ ညီအစ်ကို/မတွေနဲ့အတူ သီချင်းဆိုတာဟာ ယေဟောဝါကို ဝတ်ပြုနေတာ ဖြစ်တယ်။ (ဆာ. ၂၈:၇) အစ္စရေးတွေအတွက် သီချင်းဆိုတာဟာ ဝတ်ပြုရေးရဲ့ အရေးကြီး အစိတ်အပိုင်း ဖြစ်တယ်။ ဘုရင် ဒါဝိဒ်ဟာ ဗိမာန်တော်မှာ လေဝိ အမျိုးသား ၂၈၈ ယောက်ကို သီချင်းဆိုဖို့ တာဝန်ပေးတယ်။ (၁ ရာ. ၂၅:၁၊ ၆-၈) ဒီနေ့ခေတ်မှာလည်း ချီးမွမ်းသီချင်းတွေ သီဆိုခြင်းအားဖြင့် ဘုရားကို ချစ်ကြောင်း ဖော်ပြနိုင်တယ်။ အသံကောင်းတာ၊ မကောင်းတာ အရေးမကြီးဘူး။ ဒီအချက်ကို စဉ်းစားကြည့်ပါ– ကျွန်တော်တို့အားလုံး “ခဏခဏ” စကား “မှားတတ်ကြ” တယ်။ ဒါပေမဲ့ စကားမှားမှာ စိုးပြီး အသင်းတော်မှာ၊ အမှုဆောင်မှာ စကားမပြောဘဲ မနေကြပါဘူး။ (ယာ. ၃:၂) အဲဒီလိုပဲ အသံမကောင်းလို့ဆိုပြီး ယေဟောဝါကို ချီးမွမ်းသီချင်း မဆိုတာမျိုး မဖြစ်သင့်ဘူး။

၁၁။ ဆာလံ ၄၈:၁၃ အရ မိသားစုလိုက် ကျမ်းစာလေ့လာဖို့ ဘာကြောင့် ဇယားဆွဲထားသင့်သလဲ။

၁၁ ကျမ်းစာ လေ့လာတာ၊ သားသမီးတွေကို သွန်သင်ပေးတာဟာ ယေဟောဝါကို ဝတ်ပြုနေတာ ဖြစ်တယ်။ ဥပုသ်နေ့ အစီအစဉ်ကြောင့် အစ္စရေးတွေဟာ ပုံမှန်အလုပ်တွေကနေ အနားယူခွင့် ရပြီး ယေဟောဝါနဲ့ ဆက်ဆံရေးကို အာရုံစိုက်နိုင်ခဲ့ကြတယ်။ (ထွ. ၃၁:၁၆၊ ၁၇) သားသမီးတွေကို ယေဟောဝါအကြောင်း၊ ဘုရားရဲ့ ကောင်းမြတ်မှုအကြောင်း သွန်သင်ပေးနိုင်ကြတယ်။ ကျွန်တော်တို့လည်း ပုံမှန် ကျမ်းစာ ဖတ်ရှုလေ့လာဖို့ ဇယားဆွဲထားသင့်တယ်။ ဒါဟာ ဝတ်ပြုရေးရဲ့ အစိတ်အပိုင်း ဖြစ်ပြီး ဘုရားနဲ့ ပိုရင်းနှီးစေတယ်။ (ဆာ. ၇၃:၂၈) မိသားစုလိုက် လေ့လာတဲ့အခါ မျိုးဆက်သစ် ဖြစ်တဲ့ သားသမီးတွေကို မေတ္တာရှင် ကောင်းကင်ဖခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာအောင် ကူညီပေးနိုင်တယ်။—ဆာလံ ၄၈:၁၃ ကို ဖတ်ပါ။

၁၂။ တဲတော်အသုံးအဆောင်တွေ လုပ်ဆောင်တဲ့ လုပ်ငန်းကို ယေဟောဝါ ရှုမြင်ပုံကနေ ကျွန်တော်တို့ ဘာသင်ယူရသလဲ။

၁၂ ဝတ်ပြုရာနေရာတွေ ဆောက်လုပ်တာ၊ ပြုပြင်ထိန်းသိမ်းတာဟာ ယေဟောဝါကို ဝတ်ပြုနေတာ ဖြစ်တယ်။ တဲတော် ဆောက်လုပ်တာ၊ တဲတော်အသုံးအဆောင်တွေ လုပ်ဆောင်တာဟာ ‘သန့်ရှင်းတဲ့ လုပ်ငန်း’ ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။ (ထွ. ၃၆:၁၊ ၄) ဒီနေ့လည်း နိုင်ငံတော်ခန်းမနဲ့ တခြား ဝတ်ပြုရေး အဆောက်အအုံတွေ ဆောက်လုပ်တာကို သန့်ရှင်းမြင့်မြတ်တဲ့ လုပ်ငန်းအဖြစ် ယေဟောဝါ ရှုမြင်တယ်။ အဲဒီလုပ်ငန်းမှာ ညီအစ်ကို/မတချို့ အချိန်များစွာ ပေးဆက်နေကြတယ်။ နိုင်ငံတော်လုပ်ငန်းအတွက် သူတို့ရဲ့ ပေးဆက်မှုကို ကျွန်တော်တို့ တန်ဖိုးထားလေးမြတ်ကြတယ်။ ဟောပြောခြင်းလုပ်ငန်းမှာလည်း သူတို့ ပါဝင်ကြတယ်။ တချို့ဆိုရင် ရှေ့ဆောင်တောင် လုပ်နိုင်ကြတယ်။ အလုပ်ကြိုးစားတဲ့ အဲဒီအမျိုးသား/သမီးတွေ အရည်အချင်း ပြည့်မီတဲ့အခါတိုင်း ရှေ့ဆောင်တွေအဖြစ် ခန့်အပ်ဖို့ မတွန့်ဆုတ်ခြင်းအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းကို ထောက်မကြောင်း အသင်းတော် အကြီးအကဲတွေ ပြနိုင်တယ်။ ကျွန်တော်တို့အားလုံး ဆောက်လုပ်ရေးမှာ ကျွမ်းကျင်သည် ဖြစ်စေ၊ မကျွမ်းကျင်သည် ဖြစ်စေ အဲဒီအဆောက်အအုံတွေကို သန့်ရှင်းရေးလုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းမှာ ပါဝင်နိုင်ကြတယ်။

၁၃။ နိုင်ငံတော်လုပ်ငန်းကို ထောက်ပံ့ဖို့ အလှူငွေ ထည့်ဝင်တာကို ဘယ်လို သဘောထားသင့်သလဲ။

၁၃ နိုင်ငံတော်လုပ်ငန်းကို ထောက်ပံ့ဖို့ အလှူငွေ ထည့်ဝင်တာဟာ ယေဟောဝါကို ဝတ်ပြုနေတာ ဖြစ်တယ်။ အစ္စရေးတွေဟာ ယေဟောဝါရှေ့ကို လက်ဗလာနဲ့ မလာရဘူး။ (တရား. ၁၆:၁၆) ကိုယ်တတ်နိုင်သလောက် အလှူတွေ ယူလာကြရတယ်။ ဒီနည်းအားဖြင့် ဝတ်ပြုရေးအတွက် ယေဟောဝါ လုပ်ပေးတာအားလုံးကို ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြကြတယ်။ ကျွန်တော်တို့လည်း ယေဟောဝါကို ချစ်ကြောင်း၊ ဝတ်ပြုရေးအတွက် ဘုရား လုပ်ပေးတာတွေကို ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်လို ပြနိုင်သလဲ။ တစ်နည်းကတော့ ဒေသခံ အသင်းတော်နဲ့ ကမ္ဘာချီ လုပ်ငန်းအတွက် ကိုယ်တတ်နိုင်သလောက် ငွေကြေးထောက်ပံ့ခြင်းအားဖြင့်ပါပဲ။ “စေတနာစိတ်နဲ့ ပေးလှူတာကို ဘုရားသခင် နှစ်သက်တယ်။ မတတ်နိုင်တာကို မဟုတ်ဘဲ တတ်နိုင်တာကို ပေးလှူဖို့ ဘုရားသခင် မျှော်လင့်တယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (၂ ကော. ၈:၄၊ ၁၂) ဘယ်လောက်ပဲ ဖြစ်ပါစေ စေတနာစိတ်နဲ့ ပေးလှူတာကို ယေဟောဝါ တန်ဖိုးထားတယ်။—မာ. ၁၂:၄၂-၄၄။ ၂ ကော. ၉:၇။

၁၄။ ပညာအလိမ္မာ ၁၉:၁၇ အရ လိုအပ်နေတဲ့ ညီအစ်ကိုတွေကို ကျွန်တော်တို့ ကူညီတာကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။

၁၄ လိုအပ်နေတဲ့ ယုံကြည်သူချင်းတွေကို ကူညီတာဟာ ယေဟောဝါကို ဝတ်ပြုနေတာ ဖြစ်တယ်။ ဆင်းရဲသားတွေကို ကရုဏာ ပြတဲ့ အစ္စရေးတွေကို ယေဟောဝါ ပြန်ဆပ်ပေးမယ်လို့ ကတိပေးတယ်။ (တရား. ၁၅:၇၊ ၁၀) လိုအပ်နေတဲ့ ယုံကြည်သူချင်းတစ်ယောက်ကို ကျွန်တော်တို့ ကူညီလိုက်တိုင်း မိမိကို ချေးငှားပေးနေတာလို့ ယေဟောဝါ ရှုမြင်တယ်။ (ပညာအလိမ္မာ ၁၉:၁၇ ကို ဖတ်ပါ။) ဥပမာ၊ ဖိလိပ္ပိမြို့က ခရစ်ယာန်တွေဟာ ထောင်ကျနေတဲ့ ပေါလုအတွက် လက်ဆောင် ပို့ပေးတယ်။ ဒါကို “ဘုရားသခင် နှစ်သက်လက်ခံတဲ့ ပူဇော်သက္ကာ” လို့ ပေါလု ပြောတယ်။ (ဖိ. ၄:၁၈) အသင်းတော်မှာ ‘ငါ ကူညီပေးနိုင်တဲ့သူ တစ်ယောက်ယောက် ရှိသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ကိုယ့်အချိန်၊ ခွန်အား၊ ကျွမ်းကျင်မှု၊ ပစ္စည်းဥစ္စာတွေ သုံးပြီး လိုအပ်နေသူတွေကို ကျွန်တော်တို့ ကူညီတာကို ယေဟောဝါ နှစ်သက်တယ်။ ဝတ်ပြုရေးရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ သဘောထားတယ်။—ယာ. ၁:၂၇။

စစ်မှန်တဲ့ ဝတ်ပြုရေးက ပျော်ရွှင်စေ

၁၅။ စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ပါဝင်ဖို့ အချိန်နဲ့ ခွန်အား ပေးရတာဟာ ဘာကြောင့် မခက်ခဲလွန်းသလဲ။

၁၅ စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ပါဝင်ဖို့ အချိန်နဲ့ ခွန်အား လိုအပ်တယ်။ ဒါပေမဲ့ မခက်ခဲလွန်းပါဘူး။ (၁ ယော. ၅:၃) ဘာကြောင့်လဲဆိုတော့ ယေဟောဝါကို ချစ်လို့ ဝတ်ပြုနေတာ ဖြစ်လို့ပဲ။ ဖခင်ကို တစ်ခုခု ပေးချင်တဲ့ ကလေးတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ အဖေ့ကို ပေးဖို့ အချိန်များစွာ အကုန်ခံပြီး ပုံတစ်ပုံ ဆွဲထားတယ်။ အဲဒီလို အချိန်ပေးလိုက်ရတာကို ကလေး နောင်တ မရဘူး။ အဖေကို ချစ်လို့ အဲဒီလက်ဆောင် ပေးရတာကို ပျော်ရွှင်တယ်။ အဲဒီလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါကို ချစ်တဲ့အတွက် စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ပါဝင်ဖို့ အချိန်နဲ့ ခွန်အား ပေးဆက်ရတာကို ပျော်ရွှင်ကြတယ်။

၁၆။ ဟီဘရူး ၆:၁၀ အရ ဘုရားနှစ်သက်မှု ရဖို့ ကျွန်တော်တို့ တစ်ယောက်စီရဲ့ ကြိုးစားအားထုတ်မှုကို ဘုရား ဘယ်လို သဘောထားသလဲ။

၁၆ မေတ္တာရှိတဲ့ မိဘတွေဟာ သားသမီးတွေဆီက လက်ဆောင် တစ်ပုံစံတည်း ရဖို့ မမျှော်လင့်ကြဘူး။ သားသမီးတစ်ယောက်စီရဲ့ အခြေအနေ မတူမှန်း နားလည်ကြတယ်။ အဲဒီလိုပဲ ကောင်းကင်ဖခင်လည်း ကျွန်တော်တို့ တစ်ယောက်စီရဲ့ အခြေအနေကို နားလည်တယ်။ သင်ဟာ တခြားသူတွေထက် ပိုလုပ်နိုင်တာ ဖြစ်မယ်။ ဒါမှမဟုတ် အသက်အရွယ်၊ ကျန်းမာရေး၊ မိသားစု တာဝန်တွေကြောင့် တခြားသူတွေလောက် မလုပ်နိုင်တာ ဖြစ်မယ်။ စိတ်ဓာတ်မကျပါနဲ့။ (ဂလ. ၆:၄) သင့်လုပ်ဆောင်မှုကို ယေဟောဝါ မမေ့ပါဘူး။ စိတ်ရင်းမှန်နဲ့ အကောင်းဆုံး ပေးဆက်နေသရွေ့ ဘုရား နှစ်သက်တယ်။ (ဟီဘရူး ၆:၁၀ ကို ဖတ်ပါ။) သင့်ရဲ့ စိတ်ရင်းကို ယေဟောဝါ မြင်တယ်။ ဝတ်ပြုရေးမှာ တတ်နိုင်သလောက် ပေးဆက်ရင်း ပျော်ရွှင်ကျေနပ်စေချင်တယ်။

၁၇။ (က) ဝတ်ပြုရေး ကဏ္ဍတချို့မှာ ပါဝင်ဖို့ ခက်နေရင် ဘာလုပ်နိုင်သလဲ။ (ခ) “ပိုပျော်ရွှင်စေ” လေးထောင့်ကွက်မှာ ပါတဲ့ ကဏ္ဍတစ်ခုခုကနေ သင် ဘယ်လို အကျိုးရနေသလဲ။

၁၇ ကိုယ်ပိုင်လေ့လာမှု၊ အမှုဆောင်လုပ်ငန်း စတဲ့ ဝတ်ပြုရေး ကဏ္ဍတချို့မှာ ပါဝင်ဖို့ ခက်နေတယ်ဆိုရင် ဘယ်လို လုပ်မလဲ။ အဲဒီလုပ်ဆောင်မှုတွေမှာ မကြာခဏ ပါဝင်လေ ပိုပျော်ရွှင်လေ၊ ပိုအကျိုးရလေ ဖြစ်လာပါလိမ့်မယ်။ အဲဒါကို လေ့ကျင့်ခန်း လုပ်တာ ဒါမှမဟုတ် တူရိယာ တစ်မျိုးမျိုး လေ့ကျင့်တာနဲ့ နှိုင်းယှဉ်နိုင်တယ်။ တစ်ခါတလေမှ လေ့ကျင့်ရင် တိုးတက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နေ့တိုင်း အစပိုင်းမှာ အချိန် နည်းနည်း၊ နောက်ပိုင်း အချိန် ပိုကြာကြာ လေ့ကျင့်မယ်ဆိုရင် ရလဒ်ကောင်းတွေ ရလာမယ်။ ပိုပျော်လာမယ်။ အဲဒီအချိန်ကို မျှော်တောင် မျှော်လာမယ်။ ဝတ်ပြုရေးမှာလည်း အဲဒီလိုပဲ။

ပိုပျော်ရွှင်စေ

ပုံ– စစ်မှန်တဲ့ ဝတ်ပြုရေး ကဏ္ဍများ။ ၁။ ညီအစ်မတွေနဲ့ ညီအစ်ကိုတစ်ယောက် အသင်းတော် အစည်းအဝေးမှာ သီချင်းဆိုနေ။ ၂။ အမှုဆောင် အတူသွားရင်း ညီအစ်ကိုတစ်ယောက် သက်ကြီးညီအစ်ကိုရဲ့ ဘီးတပ်ထိုင်ခုံကို တွန်းပေးနေ။ ၃။ ကျမ်းစာမဖတ်ခင် ညီအစ်ကိုတစ်ယောက် ဆုတောင်းနေ။ ၄။ ညီအစ်မတစ်ယောက် အလှူငွေပုံးထဲ အလှူငွေ ထည့်နေ။ ၅။ ညီအစ်ကို/မတွေ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်နေ။

ဒီနေ့ခေတ် စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ကဏ္ဍများစွာ ရှိတယ်။ အဲဒီကဏ္ဍတွေမှာ ပါဝင်တာက လောလောဆယ်ရော ထာဝစဉ်ပါ သင့်ကို ပိုပျော်ရွှင်စေပါလိမ့်မယ်။

၁၈။ ကျွန်တော်တို့ လုပ်ဆောင်နိုင်သမျှမှာ အရေးကြီးဆုံးက ဘာလဲ။ အဲဒီလို လုပ်ဆောင်ရင် ဘာအကျိုး ရမလဲ။

၁၈ ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုဖို့ဟာ ကျွန်တော်တို့ လုပ်ဆောင်နိုင်သမျှမှာ အရေးကြီးဆုံးပါပဲ။ အဲဒီလို ဝတ်ပြုမယ်ဆိုရင် အဓိပ္ပာယ် ပြည့်ဝတဲ့ ပျော်ရွှင်စရာ ဘဝ ရမယ်။ ယေဟောဝါကို ထာဝစဉ် ဝတ်ပြုဖို့ မျှော်လင့်ချက် ရှိလာမယ်။ (ပညာ. ၁၀:၂၂) အခက်အခဲ ကြုံရချိန်မှာ ဝတ်ပြုသူတွေကို ယေဟောဝါ ကူညီပေးတယ်ဆိုတဲ့ အသိစိတ်ကြောင့် စိတ်ငြိမ်သက်မှု ခံစားရမယ်။ (ဟေရှာ. ၄၁:၉၊ ၁၀) ဒါကြောင့် ဖန်ဆင်းရာအားလုံးရဲ့ “ဂုဏ်တင်မှု၊ ချီးမွမ်းမှု” ရထိုက်တဲ့ ကောင်းကင်ဖခင်ကို ဝတ်ပြုရင်း ပျော်ရွှင်နေဖို့ အကြောင်းရင်းများစွာ ရှိပါတယ်။—ဗျာ. ၄:၁၁။

သင် ဘယ်လို ဖြေမလဲ

  • ရှေးခေတ်တုန်းက ဘယ်လို ဝတ်ပြုမှုကို ယေဟောဝါ လက်ခံသလဲ။

  • ဒီနေ့ခေတ် ဝတ်ပြုရေးမှာ ဘာတွေ ပါဝင်သလဲ။

  • ယေဟောဝါကို ဝတ်ပြုတာဟာ ကျွန်တော်တို့ကို ဘာကြောင့် ပျော်ရွှင်စေသလဲ။

သီချင်း ၂၄ ယေဟောဝါရဲ့ တောင်တော်ဆီ လာကြ

a ယေဟောဝါဟာ အရာခပ်သိမ်း ဖန်ဆင်းရှင် ဖြစ်လို့ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ရထိုက်တယ်။ ဘုရားပညတ်နဲ့ မူတွေအတိုင်း အသက်ရှင်မှ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ဘုရား လက်ခံမယ်။ ဝတ်ပြုရေးရဲ့ ကဏ္ဍ ရှစ်ခုကို ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ အဲဒီကဏ္ဍတွေမှာ ပါဝင်တဲ့အခါ ဘယ်လို ပိုတိုးတက်နိုင်ကြောင်း၊ အဲဒါက ဘယ်လို ပိုပျော်ရွှင်စေကြောင်း သိလာပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ