သီချင်း ၁၀၁
စည်းလုံးစွာ လုပ်ဆောင်ခြင်း
ပုံနှိပ်စာပေ
	(ဧဖက် ၄:၃)
- ၁။ အေးစက်စိမ်းကား လောကအလယ်မှာ၊ - ကိုယ်တော့်သိုးစု တို့ဖြစ်ခွင့်ရ။ - ငြိမ်သက်စည်းလုံးခြင်း တို့ပိုင်ရာ၊ - လွန်အားရ ပျော်ရွှင်ကြ။ - စည်းလုံးမှု မြတ်နိုးဖွယ်၊ - သင့်မြတ်မှု တင့်တယ်။ - မှုတော်မှာ အလုပ်များစွာရှိ - ကိုယ်တော်လမ်းပြ ချစ်သားတော်ဖြင့်။ - နာခံစွာ အမှုထမ်းပါစို့၊ - ညီညွတ်စွာ လုပ်ဆောင်စို့။ 
- ၂။ တို့ဆုတောင်း တစ်စိတ်တည်း တည်ဖို့၊ - ကြင်နာတတ်ဖို့ အားထုတ်နေကြ၊ - မေတ္တာတိုးများ ချီးမွမ်းသံပွား၊ - ငြိမ်သက်ဝမ်းမြောက်စေမှာ။ - ငြိမ်သက်မှု လန်းဆန်းစေ၊ - နှစ်ခြိုက်ကြည်နူးစေ။ - ညီအစ်ကိုမေတ္တာစစ် ရှိပါက၊ - ငြိမ်သက်ခြင်း ဘုရားပေးမှာပါ။ - ကိုယ်တော်ကူ တို့စည်းလုံးနေမှာ၊ - ထာဝစဉ် အမှုဆောင်မှာ။ 
(မိ. ၂:၁၂။ ဇေ. ၃:၉။ ၁ ကော. ၁:၁၀ တို့ကိုလည်း ကြည့်ပါ။)