ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၆၉
  • ကျမ်းစာမှာပါတဲ့ ကိန်းဂဏန်းတွေရဲ့ အဓိပ္ပာယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမှာပါတဲ့ ကိန်းဂဏန်းတွေရဲ့ အဓိပ္ပာယ်
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗျာဒိတ်ကျမ်းရဲ့ အဓိပ္ပာယ်က ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ မှာပါတဲ့ ခေါင်းခုနစ်လုံးနဲ့သားရဲက ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကျမ်းစာသက္ကရာဇ်စဉ်အရ ၁၉၁၄ ခုနှစ်အကြောင်း ဘာသိရသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၆၉

သမ္မာကျမ်းစာထဲမှာပါတဲ့ ကိန်းဂဏန်းတွေက ဘာအဓိပ္ပာယ်လဲ။ ဂဏန်းဗေဒင်အကြောင်း ကျမ်းစာမှာ ပါသလား။

သမ္မာကျမ်းစာဖြေဆိုရာ

ကျမ်းစာမှာပါတဲ့ ကိန်းဂဏန်းတွေကို အများအားဖြင့် တိုက်ရိုက်အဓိပ္ပာယ်ကောက်နိုင်ပေမဲ့ တစ်ခါတလေတော့ ပုံဆောင်သဘောမျိုးနဲ့ သုံးထားတယ်။ ကိန်းဂဏန်းတစ်ခုကို ပုံဆောင်သဘောနဲ့ သုံးထားတာ ဟုတ်မဟုတ်ဆိုတာ ရှေ့နောက်အကြောင်းအရာကနေ သိရှိနိုင်ပါတယ်။ ကျမ်းစာမှာ ကိန်းဂဏန်းတွေကို ပုံဆောင်အဓိပ္ပာယ်နဲ့သုံးထားတဲ့ ဒီဥပမာတွေကို သုံးသပ်ကြည့်ပါ–

  • ၁– ဒီဂဏန်းက စည်းလုံးခြင်းကို ဖော်ပြတယ်။ ဥပမာ၊ ယေရှုက တပည့်တွေနဲ့ပတ်သက်ပြီး “ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြစေရန် တောင်းလျှောက်ပါ၏။ အို၊ အဖ၊ ကိုယ်တော်သည် ကျွန်ုပ်နှင့် တစည်းတလုံးတည်းရှိတော်မူ၍ ကျွန်ုပ်သည်လည်း ကိုယ်တော်နှင့် တစည်းတလုံးတည်းရှိသကဲ့သို့ ထိုသူအပေါင်းတို့ကို ကျွန်ုပ်တို့နှင့် တစည်းတလုံးတည်းရှိစေတော်မူပါ” လို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။—ယောဟန် ၁၇:၂၁; မဿဲ ၁၉:၆။

  • ၂– တရားရေးကိစ္စမှာ သက်သေနှစ်ယောက်ရှိရင် ကိစ္စတစ်ခုကို မှန်ကန်ကြောင်း အတည်ပြုနိုင်တယ်။ (တရားဟောရာ ၁၇:၆) ရူပါရုံတစ်ခုကို နှစ်ခါမြင်ရတာ၊ အကြောင်းအရာတစ်ခုကို နှစ်ခါဖော်ပြတာက ကိစ္စရပ်တစ်ခု မှန်ကန်တယ်၊ ခိုင်လုံတယ်ဆိုတာ အတည်ပြုခြင်းဖြစ်တယ်။ ဥပမာ၊ အီဂျစ်ဘုရင် ဖာရောရဲ့အိပ်မက်ကို ယောသပ်အနက်ပြန်တဲ့အခါ “ဖာရောဘုရင်သည် ထပ်၍ [နှစ်ကြိမ်] အိပ်မက်မြင်ရသည်အရာမှာ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင်အမြန် စီရင်တော်မူလိမ့်မည်။” (ကမ္ဘာဦး ၄၁:၃၂) ကြိုဟောချက်တွေမှာ “ချိုနှစ်ချောင်း” က ပူးတွဲအုပ်ချုပ်မှုကို ကိုယ်စားပြုတယ်။ ဥပမာ၊ မီဒို–ပါးရှားအင်ပါယာနဲ့ပတ်သက်ပြီး ဒံယေလရဲ့ ကြိုဟောချက်မှာ အဲဒီဖော်ပြချက်ကို တွေ့နိုင်တယ်။—ဒံယေလ ၈:၂၀၊ ၂၁; ဗျာဒိတ် ၁၃:၁၁။

  • ၃– ကိစ္စတစ်ခုမှာ သက်သေသုံးယောက်ရှိရင် အဲဒီကိစ္စမှန်တယ်ဆိုတာ ပိုခိုင်မာသလို သုံးကြိမ်ပြောခြင်းက အဲဒီကိစ္စကို မှန်ကြောင်း အခိုင်အမာပြောတာ၊ အလေးပေးပြောတာဖြစ်ပုံရတယ်။—ယေဇကျေလ ၂၁:၂၇; တမန်တော် ၁၀:၉–၁၆; ဗျာဒိတ် ၄:၈; ၈:၁၃။

  • ၄– ဒီဂဏန်းက ပြည့်စုံတဲ့ ပုံသဏ္ဌာန် ဒါမှမဟုတ် ပြည့်စုံတဲ့ လုပ်ဆောင်မှုကို ကိုယ်စားပြုနိုင်တယ်။ ဥပမာ၊ “မြေကြီးစွန်းလေးထောင့်” ဆိုတဲ့ ဖော်ပြချက်ဖြစ်တယ်။—ဗျာဒိတ် ၇:၁; ၂၁:၁၆; ဟေရှာယ ၁၁:၁၂။

  • ၆– ပြည့်စုံခြင်းကို ကိုယ်စားပြုတဲ့ ၇ အောက် တစ်လျော့တဲ့ ဒီဂဏန်းဟာ မပြည့်စုံမှု၊ မစုံလင်မှု၊ ဒါမှမဟုတ် ဘုရားသခင့်ရန်သူတွေနဲ့ပတ်သက်တဲ့ အရာတစ်ခုခုကို ကိုယ်စားပြုနိုင်တယ်။—၁ ရာဇဝင်ချုပ် ၂၀:၆; ဒံယေလ ၃:၁; ဗျာဒိတ် ၁၃:၁၈။

  • ၇– ပြည့်စုံခြင်းကိုဖော်ပြတဲ့အခါ ဒီဂဏန်းကို သုံးလေ့ရှိတယ်။ ဥပမာ၊ ဂျေရိခိုမြို့ကို ခုနစ်ရက်ဆက်တိုက်ပတ်ဖို့နဲ့ ခုနစ်ရက်မြောက်နေ့မှာ ခုနစ်ခါပတ်ဖို့ ဘုရားသခင်က အစ္စရေးလူမျိုးကို အမိန့်ပေးခဲ့တယ်။ (ယောရှု ၆:၁၅) ခုနစ်ကို အဲဒီလိုအဓိပ္ပာယ်မျိုးနဲ့ သုံးထားတဲ့ တခြားဥပမာတွေ ကျမ်းစာမှာ ရှိပါသေးတယ်။ (ဝတ်ပြုရာ ၄:၆; ၂၅:၈; ၂၆:၁၈; ဆာလံ ၁၁၉:၁၆၄; ဗျာဒိတ် ၁:၂၀; ၁၃:၁; ၁၇:၁၀) “ခုနစ်ကြိမ်တိုင်အောင် မဟုတ်။ ခုနစ်ဆယ့်ခုနစ်ကြိမ်တိုင်အောင်” အချင်းချင်း ခွင့်လွှတ်ရမယ်လို့ ပေတရုကို ယေရှု ပြောတဲ့အခါ အကန့်အသတ်မရှိ ခွင့်လွှတ်ရမှာကို ဆိုလိုနေတာဖြစ်တယ်။—မဿဲ ၁၈:၂၁၊ ၂၂။

  • ၁၀– ဒီဂဏန်းက တစ်စုံတစ်ခုရဲ့ အပြည့်အစုံ ဒါမှမဟုတ် အားလုံးဆိုတဲ့ အဓိပ္ပာယ်ဖြစ်နိုင်တယ်။—ထွက်မြောက်ရာ ၃၄:၂၈; လုကာ ၁၉:၁၃; ဗျာဒိတ် ၂:၁၀။

  • ၁၂– ဒီဂဏန်းက ဘုရားသခင်ရဲ့ ပြီးပြည့်စုံတဲ့ အစီအစဉ်ကို ကိုယ်စားပြုပုံရတယ်။ ဥပမာ၊ တမန်တော်ယောဟန်က သူမြင်ခဲ့ရတဲ့ ကောင်းကင်ဆိုင်ရာ ရူပါရုံထဲက မြို့အကြောင်း ခုလိုဖော်ပြတယ်– “အုတ်မြစ်ကျောက် တစ်ဆယ့်နှစ်ချပ်ရှိ၏။ ထိုကျောက်များပေါ်တွင် သိုးသငယ်၏တမန်တော် တစ်ဆယ့်နှစ်ပါးတို့၏ အမည်တစ်ဆယ့်နှစ်ခုရှိ၏။” (ဗျာဒိတ် ၂၁:၁၄; ကမ္ဘာဦး ၄၉:၂၈) ၁၂ ရဲ့ဆတိုးကိန်းတွေမှာလည်း အဲဒီအဓိပ္ပာယ်ရှိပါတယ်။—ဗျာဒိတ် ၄:၄; ၇:၄–၈။

  • ၄၀– တချို့သော တရားစီရင်တဲ့ ဒါမှမဟုတ် အပြစ်ပေးတဲ့ အချိန်ကာလတွေကို ဒီဂဏန်းနဲ့ ဆက်စပ်ဖော်ပြထားတယ်။—ကမ္ဘာဦး ၇:၄; ယေဇကျေလ ၂၉:၁၁၊ ၁၂။

ဂဏန်းဗေဒင်

ကိန်းဂဏန်းတွေကို ကျမ်းစာမှာ ပုံဆောင်အသုံးပြုပုံနဲ့ ဂဏန်းဗေဒင်တို့ဟာ လုံးဝမတူပါဘူး။ ဂဏန်းဗေဒင်ဆိုတာ ကိန်းဂဏန်းတစ်လုံးစီ၊ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ဂဏန်းတွေနဲ့ စုစုပေါင်းရလဒ် ဂဏန်းတွေရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အဓိပ္ပာယ်ကို ရှာဖွေလေ့လာတဲ့ပညာရပ်ဖြစ်တယ်။ ဥပမာ၊ ဂျူးဂမ္ဘီရပညာရှင်တွေဟာ စာလုံးတွေနဲ့ညီတဲ့ ဂဏန်းတွေရဲ့ လျှို့ဝှက်သင်္ကေတတွေကို ရှာဖွေတဲ့နည်းနဲ့ ဟီဘရူးကျမ်းစောင်တွေကို လေ့လာခဲ့ကြတယ်။ ဂဏန်းဗေဒင်ဆိုတာ ဘုရား ရွံမုန်းတဲ့ နတ်ဆိုးပညာတစ်မျိုးဖြစ်တယ်။—တရားဟောရာ ၁၈:၁၀–၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ