ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၂ ၁၂/၈ စာ. ၂၄
  • ဖခင်ကြောင့် ဂုဏ်ယူဝမ်းမြောက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖခင်ကြောင့် ဂုဏ်ယူဝမ်းမြောက်
  • နိုးလော့!—၂၀၀၂
နိုးလော့!—၂၀၀၂
န၀၂ ၁၂/၈ စာ. ၂၄

ဖခင်ကြောင့် ဂုဏ်ယူဝမ်းမြောက်

‘ဒီဆောင်းပါးက ဖခင်ကြောင့် သမီးရဲ့ ဂုဏ်ယူဝမ်းမြောက်မှု နှစ်ဆတိုးပွားခဲ့တယ်’ ဟူ၍ ယေဟောဝါသက်သေများ၏ အိန္ဒိယဌာနခွဲရုံးသို့ ပေးပို့လိုက်သည့် စာတစ်စောင်တွင် ၁၂-နှစ်အရွယ် မိန်းကလေးတစ်ဦးက ရေးသားထားသည်။ သူသည် ၁၉၉၉ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်ထုတ် နိုးလော့! (လိပ်) မှ “ကမ္ဘာ့ဖြစ်ရပ် အကဲခတ်” ခေါင်းစဉ်အောက်ရှိ “ဖခင် စိတ်ဝင်စား သား ပျော်ရွှင်” သတင်းတိုကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုသတင်းတို၌ ဖခင်ဖြစ်သူတို့သည် သားများအပေါ် စိတ်ဝင်စားမှု ပြသလျှင် ထိုကလေးတို့သည် မိမိကိုယ်ကိုယုံကြည်စိတ်ချမှုအပြည့်၊ မျှော်လင့်ချက်အပြည့်ဖြင့် ကြီးပြင်းလာတတ်ကြောင်း ဖော်ပြထားသည်။

ထိုမိန်းကလေးက သူတို့အမြွှာညီအစ်မတွင် ယခုကဲ့သို့ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုပြသည့် ဖခင်မျိုး ပိုင်ဆိုင်ထားရသည့်အတွက် အထူးပင် ကျေးဇူးတင်ကြောင်း ဆိုထားသည်။ သူက ကမ္ဘာ့ဖြစ်ရပ်များအကြောင်း နိုးလော့! ၏ရေးသားတင်ပြပုံကို အထူးနှစ်သက်ကြောင်း ဖော်ပြပြီးနောက် “ဤမဂ္ဂဇင်းသည် ယနေ့ ကျောင်းသူကျောင်းသားများအတွက် အလွန်ပင် အသုံးဝင်သည်” ဟုဖြည့်စွက်ဖော်ပြထားသည်။

ယနေ့ လူသားများ ရင်ဆိုင်နေရသည့် တစ်မူထူးခြားသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စိတ်ပူပန်ကြသည့် မိသားစုများအား အထောက်အကူအဖြစ် ယေဟောဝါသက်သေများက စာမျက်နှာ ၁၉၂-မျက်နှာရှိ မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက် စာအုပ်ကို ထုတ်ဝေထားသည်။ ဤစာအုပ်သည် မိသားစုဝင်တိုင်း—ခင်ပွန်း၊ ဇနီး၊ မိဘ၊ သားသမီး၊ ဘိုးဘွား—အားလုံးအတွက် အသုံးဝင်သော လမ်းညွှန်မှုကို ပေးထားသည်။ ဗဟုသုတပေးသည့် အခန်းများအနက် “သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ၊” “သင့်ဆယ်ကျော်သက်ကလေးကို ရင့်သန်ဖွံ့ ဖြိုးအောင် ကူညီပါ၊” “သင့်မိသားစုကို အပျက်သြဇာများမှ ကာကွယ်စောင့်ရှောက်ပါ၊” “အိမ်ထောင်စု အေးချမ်းငြိမ်သက်မှုကို ထိန်းသိမ်းပါ” တို့ပါဝင်သည်။

သင့်အတွက် ကိုယ်ပိုင်တစ်အုပ် ရယူလိုပါက ပူးတွဲပါ ပုံစံဖြတ်ပိုင်းကိုဖြည့်စွက်၍ ဖြတ်ပိုင်းတွင်ပါရှိသည့် လိပ်စာသို့ဖြစ်စေ၊ ဤမဂ္ဂဇင်း စာမျက်နှာ ၅ ၌ဖော်ပြထားသည့် လိပ်စာသို့ဖြစ်စေ စာတိုက်မှပို့လိုက်ပါ။ ပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် ဖန်ဆင်းရှင် ရည်ရွယ်ချက်နှင့်အညီ မိသားစုဘဝကို သာယာကြည်နူးဖွယ်ဖြစ်အောင် တည်ဆောက်နိုင်ရန် သင့်အား အကူအညီပေးနိုင်သည့် တိကျသော အကြံပြုချက်များကို ရရှိပါလိမ့်မည်။

□ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် စာအုပ်တစ်အုပ် ပို့ပေးပါ။

□ အခမဲ့ အိမ်တွင်းကျမ်းစာသင်အံမှု လက်ခံသင်ကြားလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ