ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၆/၈ စာ. ၂၄
  • ထူးခြားမှုရှိစေသော စာအုပ်တစ်အုပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထူးခြားမှုရှိစေသော စာအုပ်တစ်အုပ်
  • နိုးလော့!—၂၀၀၄
နိုးလော့!—၂၀၀၄
န၀၄ ၆/၈ စာ. ၂၄

ထူးခြားမှုရှိစေသော စာအုပ်တစ်အုပ်

လူငယ်အများစုသည် ဖြစ်ကတတ်ဆန်းနိုင်သော၊ ပေါ်ပင်ဖြစ်သောပုံစံများကို ဝတ်ဆင်ကြသောကြောင့် တချို့သောသူများ ဣန္ဒြေရရဝတ်ဆင်ကြသောအခါ တစ်မူထူး၍ သဘောကျဖွယ်ဖြစ်နေသည်။ ယခင်ဆိုဗီယက်ပြည်ထောင်စု၏ သမ္မတနိုင်ငံဖြစ်သော၊ ကာဂျစ္စတန်နိုင်ငံ၏ မြို့တစ်မြို့ဖြစ်သည့် ဘောလစ်ချီမြို့မှ လူငယ်တစ်စုသည် လူငယ်များအမေး—⁠တာသွားသည့်အဖြေစာအုပ်၏ မျက်နှာဖုံးတွင် တွေ့ရသည့်ပုံအတိုင်း ဝတ်စား၍ ဓာတ်ပုံရိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ လူငယ်များသည် အမျိုးသမီးဓာတ်ပုံဆရာတစ်ဦးထံသွား၍ စာအုပ်၏မျက်နှာဖုံးပုံနှင့်တူသည့် အုပ်စုလိုက်ပုံရိုက်ပေးရန် တောင်းဆိုကြသည်။ ပူးတွဲပါဓာတ်ပုံသည် သူရိုက်ပေးသည့်ပုံဖြစ်သည်။

ဓာတ်ပုံရိုက်ပြီးနောက် လူငယ်များသည် စာအုပ်ကို ဓာတ်ပုံဆရာအား ပေးခဲ့ကြသည်။ ကျမ်းစာကို သူအယုံအကြည်မရှိသောကြောင့် ထိုစဉ်က စိတ်ဝင်စားမှုမတင်ပြခဲ့ပေ။ သို့သော် ရက်အနည်းငယ်ကြာပြီးနောက် ဓာတ်ပုံယူရန် သူ့အလုပ်ခန်းသို့ လူငယ်များပြန်လာကြချိန်၌ သူ့ဘဝတွင် ဤသို့သောစာအုပ်မျိုး တစ်ခါမျှမဖတ်ဖူးပါဟု ထိုအမျိုးသမီးက ထုတ်ဖော်ပြောဆိုသည်။ ကျမ်းစာက ဤသို့သော လက်တွေ့ကျအကြံဉာဏ်ပေးသည်ဟု သူ,မသိခဲ့ကြောင်းနှင့် ပိုမိုသိရှိလိုကြောင်း ပြောပြ၏။ အကျိုးဆက်အဖြစ် သူသည် ကျမ်းစာစသင်ခဲ့သည်။

အထူးသဖြင့် ယနေ့ ပြဿနာများကြုံတွေ့နေရသော လူငယ်များကို ကူညီပေးရန် ရည်ရွယ်ထုတ်ဝေထားသည့် ထိုစာအုပ်တစ်အုပ်ကို သင်လည်းတောင်းဆိုနိုင်ပါသည်။ ပူးတွဲပါပုံစံဖြတ်ပိုင်းကို ဖြည့်စွက်၍ ဖြတ်ပိုင်းတွင်ပါရှိသည့်လိပ်စာသို့ဖြစ်စေ၊ ဤမဂ္ဂဇင်း စာမျက်နှာ ၅ တွင် ဖော်ပြထားသည့် သင့်လျော်ရာလိပ်စာတစ်ခုခုသို့ဖြစ်စေ စာတိုက်မှပေးပို့ပါ။

□ လူငယ်များအမေး—⁠တာသွားသည့် အဖြေ စာအုပ်တစ်အုပ်ကို ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုနှင့်ပတ်သက်၍ ကျေးဇူးပြု၍ ကျွန်ုပ်နှင့် ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ