ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၆/၈ စာ. ၂၄
  • ရှေ့နေတစ်ဦး အကူအညီတောင်းခံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှေ့နေတစ်ဦး အကူအညီတောင်းခံ
  • နိုးလော့!—၂၀၀၅
နိုးလော့!—၂၀၀၅
န၀၅ ၆/၈ စာ. ၂၄

ရှေ့နေတစ်ဦး အကူအညီတောင်းခံ

ကွာရှင်းပြတ်စဲသွားသော အိမ်ထောင်အရေအတွက်ကြောင့် စိတ်မချမ်းမြေ့ဖြစ်ရသူ ရှေ့နေတစ်ဦးသည် ဘရာဇီးနိုင်ငံရှိ ယေဟောဝါသက်သေများ၏ဌာနခွဲရုံးသို့ ဤသို့စာရေးခဲ့သည်– “ကျွန်တော့်ရုံးခန်းကိုလာတဲ့ အမှုသည်အများက ခွဲနေဖို့စီစဉ်ထားပြီးသားသူတွေဖြစ်တယ်။ ဆက်သွယ်မှုနည်းတာ၊ မေတ္တာစစ်မရှိတာစတဲ့ သူတို့ရဲ့ အိမ်ထောင်ပြတ်စဲဖို့အကြောင်းရင်းတွေကိုကြားရတာ တကယ်စိတ်မချမ်းသာဘူး။ သူတို့ဟာ သင်တို့ရဲ့စာပေတွေမှာပါတဲ့အကြံပေးချက်ကို လုံးလုံးမသိတဲ့သူတွေပါ။”

ယေဟောဝါသက်သေများနှင့်ရင်းနှီးသူဖြစ်၍ ရှေ့နေက ဤသို့ရေးသားခဲ့သည်– “အိမ်ထောင်ရဲ့အရေးပါမှုကို အလေးအနက်ပြန်စဉ်းစားဖို့၊ သူတို့ရဲ့ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့နဲ့ သင့်မြတ်ပျော်ရွှင်တဲ့ဘဝကို တစ်ခါပြန်ရစေဖို့ ကျွန်တော့်ရဲ့အမှုသည်တွေကို လက်ဆင့်ကမ်းပေးနိုင်မယ့်ဆောင်းပါးမျိုး သင်တို့ပို့ပေးနိုင်မယ်ဆိုရင် ကျွန်တော် ကျေးဇူးတင်မဆုံးဖြစ်မိမှာပါ။”

အောင်မြင်သောအိမ်ထောင်ရေးကို မည်သို့မွေ့လျော်ခံစားနိုင်ကြောင်း သမ္မာကျမ်းစာ၏ အဖိုးတန်သွန်သင်ချက်ကို သုံးသပ်လိုလျှင် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်အမည်ရှိစာအုပ်ကို သင့်ထံပို့ပေးလိုပါသည်။ မောင်နှံစုံ အတူတကွပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်၍ ကောင်းချီးများရရှိစေမည့် အရေးကြီးသောအချက်နှစ်ချက်ကို ထိုစာအုပ်က သုံးသပ်ပြထားသည်။ ပူးတွဲပါကူပွန်ကိုဖြည့်ကာ ကူပွန်တွင်ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ တွင်ဖော်ပြထားသော သင့်လျော်ရာလိပ်စာတစ်ခုသို့ စာတိုက်မှပို့ခြင်းဖြင့် ဤစာအုပ်တစ်အုပ်ကို သင်တောင်းခံနိုင်ပါသည်။

□ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်အမည်ရှိစာအုပ်ကို မေတ္တာလက်ဆောင် ရယူလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့် ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ