ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၀၆ စာ. ၂၂
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အန္တရာယ်ကြုံနေရသော ရတနာများ
  • ဖင်လန်နိုင်ငံ၏ လုပ်အားဈေးကွက် အကျပ်အတည်းဖြစ်
  • ပြင်သစ်နိုင်ငံမှ သင့်လျော်သော တရားရုံးဆုံးဖြတ်ချက်
  • “မြရောင်လွှမ်းသော မဟာတံတိုင်းကြီး”
  • လွန်ခဲ့သောနှစ်မှ ပေါ်လွင်ချက်များ
    ၂၀၀၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • သတိပေးချက်များကို အလေးဂရုပြုခြင်းက အကျိုးပြု
    နိုးလော့!—၂၀၀၆
  • လွန်ခဲ့သောနှစ်မှပေါ်လွင်ချက်များ
    ၂၀၀၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • လုံးပါးပါးလာသည့် မြေသယံဇာတများ
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၆
န ၇/၀၆ စာ. ၂၂

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

“အစာရေစာမလုံလောက်မှုကြောင့် နှစ်စဉ် ကလေးခြောက်သန်းနီးပါး—ငါးစက္ကန့်လျှင် တစ်ဦးနှုန်း—⁠သေဆုံးရသည်။”—ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ အမှုဆောင်ဒါရိုက်တာ ဂျိမ်းစ် တီ မောရစ်

◼ ၂၀၀၅၊ ဩဂုတ်လတွင် အမေရိကန်ပြည်ထောင်စုတောင်ပိုင်း၌ တိုက်ခတ်ခဲ့သော ကက်ထရီနာဟာရီကိန်းမုန်တိုင်းကြောင့် တရားဝင် သေဆုံးသူဦးရေမှာ ၁,၃၀၀ ကျော် ရှိသည်။—ဝါရှင်တန်ပို့စ်၊ အမေရိကန်ပြည်ထောင်စု။

◼ ၂၀၀၅၊ အောက်တိုဘာလတွင် ပါကစ္စတန်မြောက်ပိုင်းနှင့် အိန္ဒိယ၌ လှုပ်ခဲ့သောမြေငလျင်က အသက်ပေါင်း ၇၄,၀၀၀ ကို ခြွေယူခဲ့သည်။—ဘီဘီစီသတင်း၊ ဗြိတိန်။

◼ “ကမ္ဘာတစ်ဝန်းတွင် ယာဉ်တိုက်မှုများကြောင့် လူပေါင်း ၁.၂ သန်းနီးပါး နှစ်စဉ်သေဆုံးရကြောင်း” မှတ်တမ်းတစ်ခုက ဖော်ပြသည်။—တာင်အာဖရိကဆေးဂျာနယ်၊ တောင်အာဖရိက။

အန္တရာယ်ကြုံနေရသော ရတနာများ

ပီရူးနိုင်ငံရှိ ချာ့ချ်များတွင် အလှဆင်ထားသော ကိုလိုနီခေတ်က အနုပညာတန်ဖိုးကြီးလက်ရာများကို မည်သို့ကာကွယ်ရမည်နှင့်ပတ်သက်၍ ရိုမန်ကက်သလစ်ချာ့ချ်အာဏာပိုင်များ အကျပ်ရိုက်နေကြသည်။ လွန်ခဲ့သောခြောက်နှစ်အတွင်းတွင် သူခိုးများသည် ချာ့ချ် ၂၀၀ ကို ပစ်မှတ်ထားခဲ့ကြသည်။ ကူဇကိုမြို့တစ်မြို့တည်း၌ လွန်ခဲ့သော ၁၅ နှစ်အတွင်း အခိုးခံခဲ့ရသော အနုပညာလက်ရာ ၅,၀၀၀ ခန့်တွင် အဓိကအားဖြင့် တန်ဖိုးရှိသောဆီဆေးပန်းချီကားများပါဝင်သည်။ တစ်နိုင်ငံလုံးတွင် ပန်းချီကား မည်မျှပျောက်ဆုံးသည်ကို မည်သူမျှ အတိအကျမသိပေ။ ချာ့ချ်အချို့သည် လုယက်သူများကို ဟန့်တားရန် ၎င်းတို့၏အနုပညာလက်ရာများကို မထားသင့်သည့်အခြေအနေများတွင် ဝှက်ထားခဲ့ကြသည်။ သာသနာ့နယ်ပယ်တစ်ခုတွင် ၎င်းတို့၏ ဆီဆေးပန်းချီများ ကြွက်ကိုက်၍ ပျက်စီးခဲ့သည်။

ဖင်လန်နိုင်ငံ၏ လုပ်အားဈေးကွက် အကျပ်အတည်းဖြစ်

ဖင်လန်နိုင်ငံရှိ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လက်သမား၊ ပိုက်ပြင်သမား၊ ဂဟေဆက်သမား၊ ပန်းရံသမား၊ စက်ပြင်ဆရာ၊ စက်ဆရာနှင့် သူနာပြုကဲ့သို့သော အခြေခံ သက်မွေးဝမ်းကျောင်းသင်တန်းဆင်း ကျွမ်းကျင်လုပ်သားများ အလွန်လိုအပ်လျက်ရှိသည်။ အဘယ်ကြောင့်နည်း။ အဆင့်မြင့်ပညာရေးကို အလေးပေးသောကြောင့် ဖြစ်သည်ဟု ဟဲလ်စီနင်စာနိုးမာ့တ် သတင်းစာက ရှင်းပြ၏။ “မျိုးဆက်တစ်ခုလုံးကို ဆရာဝန်များ၊ ဝိဇ္ဇာနှင့်သိပ္ပံမဟာဘွဲ့ရသူများအဖြစ်သို့ ပြောင်းလဲရန်မှာ မဖြစ်နိုင်ပေ၊ သက်မွေးဝမ်းကျောင်းသင်တန်းကို ပို၍တန်ဖိုးထားသင့်သည်” ဟူ၍ ဖင်လန်လက်လီဖြန့်ချိသူများအဖွဲ့ချုပ်မှ ဟစ်ကီ ရိုပွန်နန်က ဆိုသည်။

ပြင်သစ်နိုင်ငံမှ သင့်လျော်သော တရားရုံးဆုံးဖြတ်ချက်

၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် ပါရီအယူခံရုံးက ပြင်သစ်နိုင်ငံပြည်ထဲရေးဝန်ကြီးအား ၁၉၉၆ ခုနှစ်က ယေဟောဝါသက်သေများကို “ဂိုဏ်း” တစ်ဂိုဏ်းအဖြစ် နာမည်ပျက်စာရင်းသွင်းထားသည့် ရဲမှတ်တမ်းကို သက်သေခံများကြည့်ရှုသုံးသပ်ရန် ခွင့်ပြုဖို့ ညွှန်ကြားခဲ့သည်။ ယင်းစာရင်းကို အများပြည်သူသိခွင့်မရသော ကြားနာစစ်ဆေးခြင်းတွင် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး မှတ်တမ်းပါ အကြောင်းအရာများကို ‘အစိုးရနှင့် ပြည်သူ့လုံခြုံရေး’ အတွက်အကြောင်းပြကာ လျှို့ဝှက်ထားခဲ့သည်။ သို့သော် မှတ်တမ်းတွင်တွေ့ရသည့် သက်သေခံတို့၏လှုပ်ဆောင်မှုများဆိုင်ရာ “အကျိုးဆက်နှင့်ပတ်သက်သော ဝေဖန်ချက်များ” မှာ “အသေးအဖွဲကိစ္စ” ဖြစ်ခဲ့သည်ကို တရားရုံးက တွေ့ရှိခဲ့သည်။ သို့တိုင် ပြင်သစ်နိုင်ငံရှိ ယေဟောဝါသက်သေများအပေါ် တစ်ဖက်စောင်းနင်းဆက်ဆံမှုကို အကြောင်းပြရန် ထိုစာရင်းကို အထပ်ထပ်အသုံးပြုခဲ့ကြသည်။

“မြရောင်လွှမ်းသော မဟာတံတိုင်းကြီး”

စားကျက်မြေပြုန်းတီးခြင်း၊ မိုးခေါင်ခြင်း၊ သစ်တောပြုန်းတီးခြင်း၊ ရေအရင်းအမြစ်များအလွန်အကျွံသုံးစွဲခြင်းတို့ကြောင့် တရုတ်ပြည်၏ကြီးမားသောဒေသများကို ကန္တာရရပ်ဝန်းဖြစ်သွားစေသည်။ ထို့ကြောင့် တရုတ်အာဏာပိုင်များသည် “ကမ္ဘာ့အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင်ရာစီမံကိန်း” စတင်နေပြီဖြစ်ကြောင်း နယူးဆိုင်းယင်းတစ်မဂ္ဂဇင်းက ဖော်ပြသည်။ “‘မြရောင်လွှမ်းသော မဟာတံတိုင်းကြီး’ ဟု လူသိများလာသည့် ဤအစီအစဉ်တွင် လေတိုက်စားမှုကို တားဆီးနိုင်ရန် မကြုံစဖူးသောအတိုင်းအတာဖြင့် သစ်ပင်များကို စိုက်ပျိုးလျက်ရှိသည်။” ဖုန်ထူသောမြေသား သိပ်သွားစေရန် မြက်ပင်နှင့်ချုံပင်များကိုလည်း စိုက်ပျိုးခဲ့ကြသည်။ ၁၉၇၈ ခုနှစ်မှစတင်ခဲ့သော ထိုစီမံကိန်း၏ရည်ရွယ်ချက်မှာ မြေဧက ၈၆ သန်းကို သစ်ပင်များနှင့် ရေနည်းရပ်ဝန်းတွင်ရှင်သန်နိုင်သော အပင်များဖြင့် စိမ်းလန်းစေရန်ဖြစ်ပြီး ထက်ဝက်နီးပါး ပြီးမြောက်နေပြီဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ