ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၀၆ စာ. ၉
  • ဘုရားသခင် ဂရုစိုက်တော်မူ၏!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင် ဂရုစိုက်တော်မူ၏!
  • နိုးလော့!—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • သာယာလှပတဲ့ ကမ္ဘာသစ် ဖြစ်လာတော့မယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ဘုရားသခင်သည် သင့်ကို အမှန်တကယ်ပင်ဂရုစိုက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည် ရွယ်ချက်ကား အဘယ်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ယေဟောဝါဟာ မေတ္တာရှင် ဘုရားသခင်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၆
န ၁၁/၀၆ စာ. ၉

ဘုရားသခင် ဂရုစိုက်တော်မူ၏!

ဧဒင်တွင်စတင်ခဲ့သည့် ပုန်ကန်မှုကို ဘုရားသခင်ကိုင်တွယ်ပုံက ကျွန်ုပ်တို့တစ်ဦးစီအား ကိုယ်တော်အလွန်ချစ်မြတ်နိုးကြောင်း၊ ကျွန်ုပ်တို့၏နောင်ရေးကို ကိုယ်တော်စိတ်ဝင်စားကြောင်း ဖော်ပြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှန်တကယ် ဂရုစိုက်တော်မူကြောင်းသိရှိရန် အောက်ပါအထောက်အထားများကို ကျေးဇူးပြု၍ သုံးသပ်ကာ ညွှန်းထားသောကျမ်းချက်များကို သင့်ကိုယ်ပိုင်ကျမ်းစာအုပ်တွင် ဖတ်ကြည့်ပါလေ။

● ကိုယ်တော်ဖန်ဆင်းထားတော်မူသောကမ္ဘာမြေကြီးသည် သဘာဝအလှတရားနှင့်ပြည့်စုံပြီး စိတ်ဝင်စားစရာတိရစ္ဆာန်များရှိကာ သီးပွင့်ဖြစ်ထွန်းသောနေရာဖြစ်၏။—⁠တမန်တော် ၁၄:၁၇; ရောမ ၁:၂၀။

● ကိုယ်တော်သည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို အံ့ဖွယ်နည်းဖြင့် ဖန်ဆင်းထားရာ အရသာရှိသည့်အစားအသောက်များကို မြည်းစမ်းခြင်း၊ နေဝင်ဆည်းဆာကိုကြည့်ရှုခြင်း၊ ကလေးငယ်၏ တခစ်ခစ်ရယ်သံကို ကြားနိုင်ခြင်း၊ ချစ်မြတ်နိုးရသူတစ်ဦး၏ ကြင်နာသောအထိအတွေ့ကို ခံစားနိုင်ခြင်းအစရှိသည့်အရာများကို နေ့စဉ်နေ့တိုင်း တွေ့ ကြုံရခြင်းဖြင့် ပျော်မွေ့နိုင်သည်။—⁠ဆာလံ ၁၃၉:၁၄။

● ကိုယ်တော်သည် ကျွန်ုပ်တို့အား ပညာရှိလမ်းညွှန်မှုများပေးထားရာ ယင်းက ပြဿနာများနှင့် ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်စေသည်။—⁠ဆာလံ ၁၉:၇၊ ၈; ၁၁၉:၁၀၅; ဟေရှာယ ၄၈:၁၇၊ ၁၈။

● မြေကြီးပရဒိသုတွင်နေထိုင်ပြီး ကျွန်ုပ်တို့ချစ်မြတ်နိုးရသည့်သေလွန်သူတို့ ရှင်ပြန်ထမြောက်လာကြသည်ကို တွေ့ မြင်ရသည့်အလားအလာအပါအဝင် ထူးမြတ်သောမျှော်လင့်ချက်ကို ကျွန်ုပ်တို့အားကိုယ်တော်ပေးထားတော်မူ၏။—⁠လုကာ ၂၃:၄၃; ယောဟန် ၅:၂၈၊ ၂၉။

● ကိုယ်တော်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စေလွှတ်၍ အသေခံစေတော်မူခြင်းဖြင့် ကျွန်ုပ်တို့အား ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက် ရရှိစေလေသည်။—⁠ယောဟန် ၃:၁၆။

● ကိုယ်တော်သည် ကောင်းကင်၌ မေရှိယနိုင်ငံတော်ကို တည်ထောင်ခဲ့ပြီး မကြာမီ ယင်းက ကမ္ဘာမြေတစ်ခုလုံးကို အပြည့်အဝထိန်းချုပ်တော့မည်ဟူသော အထောက်အထားများ အလျှံပယ်ပေးတော်မူခဲ့၏။—⁠ဟေရှာယ ၉:၆၊ ၇; မဿဲ ၂၄:၃၊ ၄၊ ၇; ဗျာ. ၁၁:၁၅; ၁၂:၁၀။

● ကိုယ်တော့်ထံ ဆုတောင်းချဉ်းကပ်၍ ရင်ဖွင့်ပြောဆိုရန် ဖိတ်ခေါ်ထားပြီး ကျွန်ုပ်တို့ ထိုသို့ပြုမည်ဆိုလျှင် ကိုယ်တော် အမှန်ပင် နားညောင်းတော်မူ၏။—⁠ဆာလံ ၆၂:၈; ၁ ယောဟန် ၅:၁၄၊ ၁၅။

● လူသားများကို အလွန်ချစ်မြတ်နိုးပြီး စိတ်ဝင်စားတော်မူကြောင်း ကိုယ်တော် ထပ်တလဲလဲ အာမခံတော်မူ၏။—⁠၁ ယောဟန် ၄:၉၊ ၁၀၊ ၁၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ