ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၀၈ စာ. ၂၂
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကောင်းကျိုးထက် ဆိုးကျိုးပို”
  • ဘူတန်တွင် တီဗွီစွဲခြင်း
  • အာရုံစိုက်၍မရသော လုပ်သား
  • သွေးသွင်းခြင်းအစား အရည်အသွေးကောင်းသော ရွေးချယ်စရာများ
    သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း
  • သွေးဖြင့်အသက်ကယ်ခြင်း—အဘယ်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • အံ့မခန်းဖွယ် သွေးဆဲလ်နီများ
    နိုးလော့!—၂၀၀၆
  • သွေး၏ တန်ဖိုးအစစ်အမှန်
    နိုးလော့!—၂၀၀၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၈
န ၇/၀၈ စာ. ၂၂

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

◼ “[၂၀၀၇] ခုနှစ်တွင် ပျောက်ကွယ်သွားသည့် [အာတိတ်] ရေခဲပြင်ပမာဏသည် ကျွန်ုပ်တို့အား တကယ်ပင် ထိတ်လန့်သွားစေသည်။ အကြောင်းမှာ ယင်းသည် ယခင်စံချိန်များကို ကျော်လွန်သွားရုံမျှသာမဟုတ်ဘဲ အကြီးအကျယ် ပျက်စီးသွားခြင်းဖြစ်သည်။—MARK SERREZE, NATIONAL SNOW AND ICE DATA CENTER, အမေရိကန်။

◼ “ကမ္ဘာပေါ်ရှိ လူတိုင်းသာ အမေရိကန်နိုင်ငံတွင်သုံးစွဲသည့်နှုန်းအတိုင်း သယံဇာတများကို သုံးစွဲပါက ၎င်းတို့ကိုထောက်ပံ့ရန် ကမ္ဘာဂြိုဟ် ၅.၃ လုံးလိုအပ်မည်ဖြစ်သည်။ . . . ပြင်သစ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အတွက် ၃.၁ လုံး၊ စပိန်နိုင်ငံအတွက် ၃.၀ လုံး၊ ဂျာမနီနိုင်ငံအတွက် ၂.၅ လုံးနှင့် ဂျပန်နိုင်ငံအတွက် ၂.၄ လုံးလိုအပ်မည်” ဟု ဘောဂဗေဒပညာရှင်အုပ်စုတစ်စုက ခန့်မှန်းသည်။”—REUTERS NEWS SERVICE, ဗြိတိန်။

“ကောင်းကျိုးထက် ဆိုးကျိုးပို”

“သွေးလှူဘဏ်မှ သွေးများကိုသွင်းခြင်းသည် လူနာအများစုအတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုများနိုင်သည်” ဟု အမေရိကန်နိုင်ငံ၊ ဒုခ်တက္ကသိုလ် ဆေးဘက်ဆိုင်ရာဌာနမှ ထုတ်ပြန်သည့် သတင်းတစ်ပုဒ်ကဆို၏။ လေ့လာတွေ့ရှိချက်များအရ သွေးသွင်းလူနာများသည် သွေးမသွင်းသောလူနာများထက် “နှလုံးရောဂါထခြင်း၊ နှလုံးလုပ်အား ဆုတ်ယုတ်ခြင်း၊ လေဖြတ်ခြင်းတို့ကို ပိုဖြစ်နိုင်ကာ သေပင်သေနိုင်သည်။” အဘယ်ကြောင့်နည်း။ “သွေးနီဥများသည် ခန္ဓာကိုယ်အပြင်ဘက်ရောက်သွားသည်နှင့် ၎င်းတွင်ပါဝင်သော နိုက်ထရစ်အောက်ဆိုဒ်မှာ ချက်ချင်း ဓာတ်ပြောင်းသွားသည်။” ကိုယ်ခန္ဓာအသားမျှင်များထံ အောက်ဆီဂျင်သယ်ပို့နိုင်ရန် သွေးကြောများကိုဖွင့်ပေးရာ၌ နိုက်ထရစ်အောက်ဆိုဒ်သည် မရှိမဖြစ်လိုအပ်၏။ “သန်းပေါင်းများစွာသော လူနာများသည် အောက်ဆီဂျင်သယ်ပို့နိုင်စွမ်းမရှိသည့်သွေးကို သွင်းထားကြပုံရ၏” ဟုအဆိုပါသတင်းကဆိုသည်။

ဘူတန်တွင် တီဗွီစွဲခြင်း

ဟိမဝန္တာနိုင်ငံငယ်ဖြစ်သော ဘူတန်သည် မိမိနိုင်ငံအတွင်းသို့ ရုပ်မြင်သံကြားတင်သွင်းခွင့် မပြုခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်၏။ သို့သော် ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲကို မကြည့်ရသောကြောင့် တိုင်းသူပြည်သားများစွာက ပြစ်တင်ပြောဆိုလာခဲ့သည့်နောက်၌ အာဏာပိုင်တို့က ၁၉၉၉ ခုနှစ်တွင် ရုပ်မြင်သံကြားတင်သွင်းခွင့် ပေးလိုက်သည်။ ယခုအခါ ဘူတန်နိုင်ငံသားများသည် တီဗွီလိုင်းပေါင်း ၄၀ ကိုကြည့်ရှုနိုင်ကြပြီး ဟောလိဝုဒ်ရုပ်ရှင်များနှင့် အိန္ဒိယရုပ်ရှင်ဇာတ်လမ်းတွဲများကို စွဲနေကြပြီဟု ဘူတန်မှသတင်းတစ်ပုဒ်က ဆိုသည်။ လုပ်နေကြဖြစ်သော အတူတကွထိုင်၍ သီချင်းဆိုခြင်းနှင့် စကားစမြည်ပြောဆိုခြင်းတို့အစား မိသားစုများသည် တီဗွီကြည့်ရန် စုဝေးကြသည်။ အမျိုးသမီးတစ်ဦးက ဆုတောင်းခြင်းအပါအဝင် အခြားအရာများအတွက် အချိန်မရှိတော့ကြောင်း ညည်းတွားသည်။ “ဆုတောင်းဘီးကို ကျွန်မလှည့်နေပေမဲ့ ကျွန်မရဲ့စိတ်က တီဗွီဆီပဲ အမြဲရောက်နေတယ်” ဟု သူပြောပြသည်ကို ကာတာနေ့စဉ်ထုတ်သတင်းစာတစ်စောင်က ဖော်ပြသည်။ “သို့သော် ပြင်ပလောကမှ လူများစွာကဲ့သို့ပင် ဘူတန်နိုင်ငံသားများသည် မိမိတို့မလိုအပ်သောပစ္စည်းများ စတင်ဝယ်ယူတော့မည်ကို လူအများက စိုးရိမ်နေကြသည်။ ‘ရုပ်မြင်သံကြားနှင့် ကြော်ငြာများသည် လူတို့အား မတတ်နိုင်ရာကို ဝယ်ယူချင်အောင် ဖန်တီးပေးသည်။’”

အာရုံစိုက်၍မရသော လုပ်သား

“ရုံးသမားဘဝသည် တစ်ခါတစ်ရံ ဖုန်းခေါ်ဆိုမှုများကိုဖြေဆိုခြင်းနှင့် ကြားဖြတ်ဝင်လာသောဖုန်းများကို ဖြေကြားခြင်းနှင့်သာ အချိန်ကုန်နေဟန်တူသည်” ဟု မဂ္ဂဇင်းတစ်စောင် (New Scientist) ကဆိုသည်။ နမူနာအနေနှင့် ဆက်သွယ်ရေးဝန်ထမ်းအုပ်စုတစ်စုသည် ကြားဖြတ်ဝင်လာသောဖုန်း တစ်ခုနှင့်တစ်ခုကြားတွင် အလုပ်လုပ်ချိန် ပျမ်းမျှ သုံးမိနစ်သာရှိသည်ဟု သုတေသီများက တွေ့ရှိခဲ့ကြသည်။ အလုပ်လုပ်ရက်တိုင်းတွင် ကြားဖြတ်ဝင်လာသောဖုန်းများကြောင့် အလုပ်ချိန်နှစ်နာရီ ထိခိုက်နိုင်သဖြင့် အလုပ်များသော ရုံးဝန်ထမ်းတချို့က ကြားဖြတ်ဝင်လာသောဖုန်းများသည် အရေးပေါ်ဟုတ်မဟုတ်ဆိုသည်ကို ကွန်ပျူတာသုံး၍ စိစစ်ကြသည်။ အားလုံးအတွက် အသုံးတည့်သောအကြံပြုချက်များတွင် ဤအချက်များပါဝင်သည်– “လူများနှင့်ပြောဆိုရာတွင် . . . ရိုးသားမှုရှိပါ။ စကားပြောဆိုဖို့ အချိန်မရှိပါက သင်၌ အမှန်တကယ်ပင် အချိန်မရှိကြောင်း ပြောပြပါ။ သင့်အီးမေးလ်၊ ဖုန်းနှင့် စာတိုပို့စနစ်တို့ကို အလုပ်ပြီးသည့်အထိ ပိတ်ထားရန်” သတ္တိမွေးပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ