ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၀၈ စာ. ၁၁
  • မထင်မှတ်သောအကူအညီကို နိုးလော့! မှ ရခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မထင်မှတ်သောအကူအညီကို နိုးလော့! မှ ရခဲ့
  • နိုးလော့!—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာဖတ်ရှုခြင်းက ကျွန်တော့်ဘဝရဲ့ အင်အားဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘဝတွင် ဘုရားသခင်ကို ဦးစားထားခြင်းကြောင့် အောင်မြင်မှုရရှိ
    နိုးလော့!—၂၀၀၉
  • သင်၏ဓမ္မအမှုတွင် မဂ္ဂဇင်းများဝေငှပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၈
န ၉/၀၈ စာ. ၁၁

မထင်မှတ်သောအကူအညီကို နိုးလော့! မှ ရခဲ့

ဘီနင်မှ နိုးလော့! စာရေးသူ ပေးပို့သည်

◼ ၂၃ နှစ်အရွယ် နိုဝယ်လ်သည် ကျောင်းဆက်မတက်တော့ဘဲ ယေဟောဝါသက်သေများ၏ အချိန်ပြည့်အမှုဆောင်တစ်ယောက်ဖြစ်ရန် ဆုံးဖြတ်ခဲ့သောအခါ သူ၏ဆွေမျိုးများက သူ့ကိုသူထောက်ပံ့ရန် လုံလောက်သောဝင်ငွေ ရှာနိုင်ပါ့မည်လောဟု စိုးရိမ်ခဲ့ကြသည်။ သင့်တော်သည့် အချိန်ပိုင်းအလုပ်ရရန် နိုဝယ်လ် အမှန်ပင် အခက်တွေ့ခဲ့သည်။ နိုးလော့! မဂ္ဂဇင်းသည် အခန့်သင့်ပင် “အလုပ်အကိုင်ရှာတွေ့ နိုင်ရန် သော့ချက်ငါးခု” ဟူသောဆောင်းပါးကို ထုတ်ဝေခဲ့ပြီး နိုဝယ်လ်သည် ထိုဆောင်းပါးကို အကြိမ်ပေါင်းများစွာ ဂရုတစိုက်ဖတ်ရှုခဲ့သည်။a ယင်းဆောင်းပါးသည် သူ့အတွက် အကူအညီဖြစ်ခဲ့ပါသလော။ ဖြစ်ခဲ့ပါသည်၊ သို့သော် သူမျှော်လင့်ထားသောနည်းဖြင့် မဟုတ်ခဲ့ပါ။

ပုဂ္ဂလိကကျောင်းတစ်ကျောင်း၏ဒါရိုက်တာသည် တစ်အိမ်မှတစ်အိမ် ဟောပြောနေသော နိုဝယ်လ်ကိုတွေ့သွားပြီး ယေဟောဝါသက်သေတစ်ဦးလောဟု မေးခဲ့သည်။ ဒါရိုက်တာသည် ကျောင်းဆရာ နောက်တစ်ဦးလိုအပ်နေရာ ယေဟောဝါသက်သေများသည် ထိရောက်စွာသွန်သင်ပေးနိုင်ကြောင်း ယခင်က သတိထားမိသောကြောင့် ကျောင်းဆရာတစ်ဦးအဖြစ် အလုပ်,လုပ်လိုသောသူတစ်ဦးဦးကို သိသလောဟု ဒါရိုက်တာက နိုဝယ်လ်ကို မေးသည်။ နိုဝယ်လ်က မသိဟုပြောသောအခါ ဒါရိုက်တာက “မင်းကော မလုပ်နိုင်ဘူးလား” ဟုပြန်မေးခဲ့သည်။

နိုဝယ်လ်သည် တစ်ခါမှ ကျောင်းဆရာ မလုပ်ဖူးသည့်အပြင် တစ်ခါတစ်ရံ စကားထစ်သည်။ ဘီနင်၌ ပညာရေးဘုတ်အဖွဲ့တွင် ကျောင်းဆရာများသည် စကားမထစ်ကြောင်း အတည်ပြုသည့် စာမေးပွဲတစ်ခုရှိသည့်အတွက် စကားထစ်ခြင်းသည် ပြဿနာတစ်ခုဖြစ်ခဲ့သည်။ “လက်မှတ်ကိုယူ၊ ပြီးရင် မင်းအလုပ်ရနိုင်တယ်” ဟု ဒါရိုက်တာက ကတိပေးခဲ့သည်။

နိုဝယ်လ်သည် ယေဟောဝါသက်သေများ၏အသင်းတော်များတွင် ပတ်စဉ်ကျင်းပသော လူထုရှေ့စကားပြောစွမ်းရည်ကို တိုးတက်စေရန် ရည်ရွယ်ပြုလုပ်သည့် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ ကောင်းစွာတိုးတက်ခဲ့သည်။ သူသည် မိမိ၏ဒေသခံအသင်းတော်တွင် လူထုဟောပြောချက်များပင် ပေးခဲ့သည်။ သို့သော်လည်း နိုဝယ်လ်သည် စာမေးပွဲဖြေဆိုချိန်တွင် စိုးရိမ်နေခဲ့သည်။

စစ်ဆေးသူသည် နိုဝယ်လ်ကို မဂ္ဂဇင်းတစ်စောင်ကမ်းပေးပြီး အနီရောင်တားထားသော စာပိုဒ်တစ်ပိုဒ်ကို အသံကျယ်ကျယ်ဖြင့်ဖတ်ပြခိုင်းသည်။ “အလုပ်အကိုင်ရှာတွေ့နိုင်ရန် သော့ချက်ငါးခု” ဟူသောဆောင်းပါးကို တွေ့လိုက်ရသောအခါ နိုဝယ်လ် မျက်လုံးပြူးသွားသည်။ သူသည် စာပိုဒ်ကို အထစ်အငေါ့မရှိ ဖတ်ပြလိုက်ရာ လက်မှတ်ရရှိသွားသည်။

မိမိသည် ယေဟောဝါသက်သေများ၏ မဂ္ဂဇင်းများကို ပုံမှန်ဖတ်ကြောင်း စစ်ဆေးသူက နောက်ပိုင်းတွင် ပြောပြခဲ့သည်။ “အဲဒီမဂ္ဂဇင်းတွေဟာ အသိကြွယ်စေပြီး အရေးအသား အရမ်းကောင်းတဲ့အတွက် စာမေးပွဲတွေမှာ မကြာခဏဆိုသလို ကျွန်တော်အသုံးပြုတယ်” ဟုသူက ရှင်းပြခဲ့သည်။

နိုဝယ်လ်သည် သင်ကြားမှုကို စတင်ခဲ့ပြီး ဒါရိုက်တာက ၎င်းအား လာမည့်နှစ်အတွက် စာချုပ်ဖြင့်ငှားရမ်းလိုသည်၊ သို့သော် နိုဝယ်လ်တွင် အခြားအစီအစဉ်များရှိသည်။ သူသည် ယခု အမှုဆောင်နေသော ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးတွင် အလုပ်လုပ်ရန် ဖိတ်ခေါ်ခံခဲ့ရသည်။

[အောက်ခြေမှတ်ချက်]

a ၂၀၀၅၊ ဒီဇင်ဘာ ၈ ရက်ထုတ် နိုးလော့!၊ စာမျက်နှာ ၄-၉ ကိုရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ