ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၀၈ စာ. ၁၉
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တရုတ်ပြည်တွင် သမ္မာကျမ်းစာထုတ်ဝေ
  • ပစ်မှတ်ဖြစ်နေသော ပုံတော်များ
  • စစ်ပွဲများက အာဖရိကငွေကြေးများကို ဖြုန်းတီး
  • တစ်မှေးအိပ်စက်ခြင်းက ကျန်းမာရေးအတွက်ကောင်း
  • ဘာသာရေးရုပ်ပုံများကို မှန်ကန်စွာသုံးခြင်းနှင့်အလွဲသုံးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ထိတ်လန့်တုန်လှုပ်ဖွယ် အေ့ဒ်စ် ကိန်းဂဏန်းများ!
    နိုးလော့!—၂၀၀၂
  • သွန်သင်ချက်အမှား ၆– ဝတ်ပြုရေးတွင် ပုံများနှင့် အိုင်ကောန်များ အသုံးပြုခြင်းကို ဘုရားသခင် နှစ်သက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၈
န ၉/၀၈ စာ. ၁၉

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

◼ လွန်ခဲ့သောအနှစ် ၂၀ အတွင်း ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးဒဏ်အရေအတွက်မှာ လေးဆတိုးများခဲ့သည်။ နှစ်စဉ် ဘေးဒဏ်ခံရသူ သန်း ၂၅၀ ကျော်ရှိသည်။—El Universal, မက္ကဆီကို။

◼ “နှစ်များတစ်လျှောက် ပစိဖိတ်သမုဒ္ဒရာတွင် တိုက်ခတ်သော အားပြင်းသည့် ကုန်သည်လေများသည် မျောပါလာသောအမှိုက်များကို အလွန်ကြီးမားသောအတိုင်းအတာဖြင့် စုဝေးထားသည်။” ယခုအခါ ယင်းအမှိုက်များစုဝေးနေသော ဧရိယာမှာ ဩစတြေးလျတိုက်အရွယ်အစားမျှ ရှိပြီဖြစ်သည်။—La DÉPÊChe De Tahiti, တဟီတီ။

◼ ခရီးသည်တင်ကားတစ်စီးအတွက် ဇီဝလောင်စာဆီ လီတာ ၅၀ [၅၃ ကွတ်] ထုတ်လုပ်ရန် “လူတစ်ဦး တစ်နှစ်စာ စားသုံးဖို့ လုံလောက်သည့်” ပြောင်း ကီလိုဂရမ် ၂၀၀ [၄၄၀ ပေါင်] လိုအပ်သည်။—Gazeta Wyborcza, ပိုလန်။

တရုတ်ပြည်တွင် သမ္မာကျမ်းစာထုတ်ဝေ

“တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် သမ္မာကျမ်းစာ စောင်ရေအများဆုံးထုတ်ဝေသော နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာပြီ” ဟုသာသနာရေးဆိုင်ရာ နိုင်ငံတော်စီမံခန့်ခွဲရေးမှူး ရီရှောက်ဝမ်ကဆိုသည်။ ကျန်စုပြည်နယ်၏မြို့တော် နန်ကျင်းမြို့အခြေစိုက် တရုတ်ပုံနှိပ်တိုက်ကုမ္ပဏီတစ်ခုသည် တိုင်းပြည်၏ သန်း ၅၀ အုပ်မြောက် ကျမ်းစာအပြည့်အစုံကို ထုတ်ဝေခြင်း သမိုင်းမှတ်တိုင်စိုက်ထူခဲ့သည်။ People’s Daily Online ၏အဆိုအရ “မကြာသေးမီနှစ်များတွင် အဆိုပါ [ကုမ္ပဏီ၏] ပုံနှိပ်တိုက်သည် နှစ်စဉ် သမ္မာကျမ်းစာစောင်ရေ ၃ သန်းခန့် ပုံနှိပ်ခဲ့သည်။” တရုတ်ပြည်တွင် မိမိတို့ကိုယ်ကို ခရစ်ယာန်ဟုဆိုသူများ၏ အရေအတွက်မှာ တိုးများလာနေသည်ဟု ဖော်ပြ၏။

ပစ်မှတ်ဖြစ်နေသော ပုံတော်များ

“ရုရှားတွင် လွန်ခဲ့သော ငါးနှစ်အတွင်း ချာ့ချ် ၁,၀၀၀ ကျော်မှာ လုယက်ခံနေရ၏” ဟု ရုရှားမဂ္ဂဇင်းတစ်စောင် (Russky Newsweek) ကဆိုသည်။ ပုံတော် ၄၀,၀၀၀ ခန့်ခိုးယူခံရသည်ဟု ရုရှားပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရခဲ့သည်။ ယခုအခါ ဝန်ကြီးဌာနနှင့် ရုရှားသြသဒေါက်ချာ့ချ်တို့၏ သဘောတူညီချက်အရ ချာ့ချ်အားလုံးရှိ ပုံတော်များအား ခရမ်းလွန်ရောင်ခြည်ဖြင့်သာ မြင်တွေ့နိုင်သည့် အထူးအမှတ်အသားပြုလုပ်မည်ဖြစ်သည်။ ယင်းက ပြန်လည်ရှာဖွေတွေ့ရှိသော ပုံတော်များ၏ ပိုင်ရှင်အမှန်ကို သိရှိစေရန် စုံစမ်းဖော်ထုတ်သူများအတွက် အထောက်အကူဖြစ်စေလိမ့်မည်။ “ ‘မြေကြီးဆိုင်ရာ’ အမှတ်အသားက တန်ခိုးကြီးသောပုံတော်များအား ထိခိုက်မည်မဟုတ်သောကြောင့်” ဤဆောင်ရွက်မှုကို မော်စကိုဂိုဏ်းချုပ်ကြီးက ကြိုဆိုကြောင်း အဆိုပါမဂ္ဂဇင်းကဆိုသည်။

စစ်ပွဲများက အာဖရိကငွေကြေးများကို ဖြုန်းတီး

“၁၉၉၀ ပြည့်နှစ်နှင့် ၂၀၀၅ ခုနှစ်အကြားတွင် အာဖရိကနိုင်ငံ ၂၃ နိုင်ငံ၌ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ယင်းအတွက် စုစုပေါင်းအကုန်အကျမှာ အမေရိကန်ဒေါ်လာ ဘီလျံ ၃၀၀ ခန့်ရှိသည်” ဟုသတင်းစာတစ်စောင် (International Herald Tribune) ကဆို၏။ “ယင်းအကုန်အကျများသည် အာဖရိက၏ အိပ်ချ်အိုင်ဗွီနှင့် အေ့ဒ်စ် အကျပ်အတည်းကို ဖြေရှင်းရေး သို့မဟုတ် ပညာရေး၊ ရေရရှိရေး၊ တီဘီနှင့် ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် လုံလောက်သည်” ဟု လိုင်ဘေးရီးယားသမ္မတ အယ်လန်ဂျွန်ဆင်-ဆာလိဖ်ကဆိုသည်။ “အမှန်ပင် ထောင်နှင့်ချီသော ဆေးရုံများ၊ ကျောင်းများဆောက်နိုင်ကာ လမ်းများဖောက်နိုင်သည်။” စစ်မရှိပါက အာဖရိကသည် “ကမ္ဘာ့အဆင်းရဲဆုံးတိုက်ဖြစ်မည့်အစား တိုးတက်ကြီးပွားသော တိုက်ကြီးတစ်တိုက်ဖြစ်နိုင်သည်” ဟုအဆိုပါသတင်းစာက ကောက်ချက်ချသည်။

တစ်မှေးအိပ်စက်ခြင်းက ကျန်းမာရေးအတွက်ကောင်း

ဂရိအမျိုးသားအမျိုးသမီး ၂၃,၀၀၀ ကျော်ဖြင့်ပြုလုပ်သော လေ့လာမှုတစ်ခုအရ သီတင်းတစ်ပတ်လျှင် အနည်းဆုံး သုံးကြိမ် နေ့ခင်းတစ်မှေးအိပ်စက်ခြင်းက နှလုံးရောဂါဖြင့် သေဆုံးမည့်အန္တရာယ်ကို ၃၇ ရာခိုင်နှုန်း လျော့ကျစေနိုင်သည်ဟု ဆို၏။ “ပြင်းထန်ပြီး ကြာရှည်ဖြစ်ပေါ်နေတဲ့ ဖိစီးမှုတွေဟာ နှလုံးရောဂါနဲ့ဆက်နွှယ်နေတယ်ဆိုတဲ့ အထောက်အထား အတော်များများရှိတယ်” ဟုအမေရိကန်နိုင်ငံ၊ ဟားဗက်ပြည်သူ့ကျန်းမာရေးကျောင်းမှ သုတေသီနှင့် ကပ်ရောဂါဗေဒပညာရှင်ဖြစ်သူ ဒီမီထရီရပ်စ် ထရီဟိုပူးလို့စ်က ရှင်းပြသည်။ “နေ့လယ်ခင်းတစ်မှေးအိပ်စက်ခြင်းက ဖိစီးမှုတွေကို ဖြေလျော့ပေး[ပြီး] နှလုံးရောဂါနဲ့ဆက်နွှယ်တဲ့ သေဆုံးမှုအရေအတွက်ကို လျော့နည်းစေတယ်” ဟုသူကဆက်၍ဆို၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ