ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၂/၁၂ စာ. ၁၅-၃၁
  • မိသားစုအတူတကွလေ့လာရန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုအတူတကွလေ့လာရန်
  • နိုးလော့!—၂၀၁၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူ့ဆီက ဘာသင်ခန်းစာရသလဲ—အာဗြဟံ
  • စုထားပါ၊ သင်ယူပါ
  • ညီအစ်ကို၊ ညီအစ်မတွေနဲ့ သူတို့နေထိုင်တဲ့ဒေသတွေ
  • ကလေးတွေ ရုပ်ပုံရှာကြည့်ပါ
  • စာမျက်နှာ
  • ယေဟောဝါပေးသော ခွန်အားဖြင့် ရှံဆုန်အောင်ပွဲဆင်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မိသားစုအတူတကွလေ့လာရန်
    နိုးလော့!—၂၀၁၂
  • မိသားစုအတူတကွလေ့လာရန်
    နိုးလော့!—၂၀၁၂
  • ယေဟောဝါကို ရှံဆုန် အားကိုးသလို အားကိုးပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၁၂/၁၂ စာ. ၁၅-၃၁

မိသားစုအတူတကွလေ့လာရန်

သူ့ဆီက ဘာသင်ခန်းစာရသလဲ—အာဗြဟံ

တခြားသူတွေကို ကြင်နာမှုပြဖို့ အရေးကြီးပါသလား။

• ရုပ်ပုံတွေကို အရောင်ခြယ်ပါ။ • ကျမ်းချက်တွေကိုဖတ်ပါ၊ အကျဉ်းချုပ်ပြန်ပြောပြပါ၊ လိုနေတဲ့ စကားပြောခန်းတွေကိုဖြည့်ပါ။ • ဒါတွေကို တွေ့အောင်ရှာပါ– (၁) ပုတ်သင်ညိုတစ်ကောင် (၂) ဓားတစ်လက်။

ဧည့်သည်တွေကို ကြိုဆိုကြောင်း အာဗြဟံ ဘယ်လိုဖော်ပြခဲ့သလဲ။

သဲလွန်စ– ကမ္ဘာဦး ၁၈:၂၊ ၄-၅။

တခြားသူတွေအပေါ် စိတ်ကောင်းစေတနာကောင်းရှိကြောင်း သင် ဘယ်လိုဖော်ပြနိုင်သလဲ။

သဲလွန်စ– ရောမ ၁၂:၁၃။

ကမ္ဘာဦးကျမ်းရဲ့ ဒီမှတ်တမ်းကနေ ဘာသင်ခန်းစာရသလဲ။

သင် ဘယ်လိုထင်လဲ

ဘယ်သူတွေကို အထူးသဖြင့် ကြင်နာမှုပြသင့်သလဲ။

သဲလွန်စ– ဂလာတိ ၆:၁၀။

စုထားပါ၊ သင်ယူပါ

ကျမ်းစာ ကတ်နံပါတ် ၈

မေးခွန်းများ

  1. က။ ရှံဆုန်ရဲ့ အဖေက ဘယ်သူလဲ။

  2. ခ။ ဂါဇမြို့နဲ့ဆက်စပ်နေတဲ့ ရှံဆုန်ရဲ့ ဘယ်လုပ်ရပ်က သူ့ ခွန်အားကြီးမားမှုကို ပြသလဲ။

  3. ဂ။ ရှံဆုန်ကို ဘယ်သူ သစ္စာဖောက်ခဲ့သလဲ။

ကိုယ်ရေးအကျဉ်း

ထင်ရှားတဲ့ တရားသူကြီးတစ်ဦးဖြစ်ပြီး အစ္စရေးလူမျိုးကို အနှစ် ၂၀ လောက် ကာကွယ်ပေးခဲ့တယ်။ (တရားသူကြီး ၁၅:၂၀) အစ္စရေးလူမျိုးကို “ဖိလိတ္တိလူတို့လက်မှ ကယ်နုတ်” ဖို့ ရှံဆုန်ကို ယေဟောဝါ သုံးခဲ့တယ်။ (တရားသူကြီး ၁၃:၅) ဘုရားသခင့်စွမ်းအားတော်က ရှံဆုန်ကို ခွန်အားရှိစေခဲ့တာဖြစ်တယ်။ အရေးကြီးဆုံးက သူ့မှာ ဘုရားသခင်အပေါ် ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိတယ်။ —ဟေဗြဲ ၁၁:၃၂-၃၄။

အဖြေများ

  1. က။ မာနော်။—တရားသူကြီး ၁၃:၈၊ ၂၄။

  2. ခ။ ရှံဆုန်က ဂါဇမြို့ရဲ့ တံခါးရွက်၊ တံခါးတိုင်၊ ကန့်လန့်ကျင်တွေကို ပခုံးပေါ်တင်ထမ်းသွားပြီး ဟေဗြုန်မြို့ရှေ့က တောင်ပေါ်မှာ ပစ်ထားတယ်။—တရားသူကြီး ၁၆:၂၊ ၃။

  3. ဂ။ ဒေလိလ။—တရားသူကြီး ၁၆:၄၊ ၅။

ညီအစ်ကို၊ ညီအစ်မတွေနဲ့ သူတို့နေထိုင်တဲ့ဒေသတွေ

ကျွန်မနာမည်က လက်ဇလီ ဖြစ်ပြီး အသက် ၁၀ နှစ်ပါ။ ကျွန်မနာမည်က ကက်သလင်း ဖြစ်ပြီး ၈ နှစ်ရှိပါပြီ။ ကျွန်မနာမည်က အလုန်ဒရာ၊ အသက်က ၇ နှစ်ပါ။ ကျွန်မတို့က မက္ကဆီကိုနိုင်ငံမှာ နေပါတယ်။ မက္ကဆီကိုမှာ ယေဟောဝါသက်သေ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ သိပါသလား။ ၂၉၅,၄၀၀ လား၊ ၄၅၅,၀၀၀ လား။ ၇၂၄,၇၀၀ လား။

ကျွန်မတို့နေတဲ့နေရာကို ထောက်ပြနိုင်မလား။ အဲဒီနေရာကို ဝိုင်းပြပါ။ သင်နေတဲ့နေရာကို အစက်တစ်ခုချပြီး မက္ကဆီကိုနဲ့ သင်တို့အကွာအဝေးကို ကြည့်ပါ။

ကလေးတွေ ရုပ်ပုံရှာကြည့်ပါ

ဒီရုပ်ပုံတွေက ဒီစာစောင်ရဲ့ ဘယ်နေရာမှာပါသလဲ။ ရုပ်ပုံတွေကို ကိုယ်ပိုင်စကားနဲ့ ရှင်းပြပါ။

စာမျက်နှာ

  1. ၁။ ပုတ်သင်ညို ရုပ်ပုံ ၅။

  2. ၂။ ဓား ရုပ်ပုံ ၂။

  3. ၃။ ၇၂၄,၇၀၀။

  4. ၄။ က။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ