ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၂/၁၄ စာ. ၃
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမေရိကန်ပြည်ထောင်စု
  • အီတလီ
  • မလေးရှား
  • အာဖရိက
  • ဩစတြေးလျ
  • အေ့ဒ်စ်ရောဂါ တိုက်ဖျက်ရေး တိုးတက်မှုများ
    နိုးလော့!—၂၀၀၅
  • အေ့ဒ်စ် ရောဂါကုထုံး—အရေးတကြီးလိုအပ်!
    နိုးလော့!—၂၀၀၅
  • ကမ္ဘာ့ကျန်းမာရေးအခြေအနေ—ကြီးမားကျယ်ပြန့်လျက်ရှိသော ကွာဟချက်
    နိုးလော့!—၁၉၉၇
  • ၂၀ ရာစု ရောဂါကပ်ဘေး
    နိုးလော့!—၁၉၉၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၂/၁၄ စာ. ၃

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အမေရိကန်ပြည်ထောင်စု

‘ဆေးလိပ်သောက်တဲ့ အလုပ်သမားတစ်ယောက်ကြောင့် အလုပ်ရှင်ဟာ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၅,၈၁၆ ဆုံးရှုံးနေတယ်’ လို့ နယူးယောက်ခ်တိုင်း သတင်းစာက ဖော်ပြသွားပါတယ်။ အိုဟိုင်အိုပြည်နယ် တက္ကသိုလ်ကရတဲ့ အချက်အလက်အရ အဲဒီလို ဆုံးရှုံးခြင်းဟာ ဆေးလိပ်သောက်ဖို့နားတဲ့အတွက်ကြောင့်၊ ဆေးကုပေးရတဲ့အတွက်ကြောင့်နဲ့ အလုပ်ပျက်ကွက်မှုကြောင့် ဖြစ်တယ်။ ဆေးလိပ်မှာပါတဲ့ နီကိုဒင်းဓာတ်က စွမ်းဆောင်ရည်ကို လျော့ကျသွားစေတာကြောင့်လည်း ပါတယ်။

အီတလီ

ပုပ်ရဟန်းမင်း ဖရန့်စစ်

“ဓမ္မဆရာတွေနဲ့ အသင်းသားတွေဟာ အပြောနဲ့အလုပ် မညီကြတော့ဘူး။ အဲဒါကြောင့် ချာ့ချ်ကို အကြည်အညိုပျက်စေတယ်။”—ပုပ်ရဟန်းမင်း ဖရန့်စစ်။

မလေးရှား

မလေးရှားအာဏာပိုင်တွေက ဆင်စွယ်တွေဖမ်းမိ

မလေးရှား အာဏာပိုင်တွေဟာ မှောင်ခိုသယ်ဆောင် လာတဲ့ ၂၄ တန်လောက်အလေးချိန်ရှိတဲ့ ဆင်စွယ် ၁,၀၀၀ ကျော်ကို ဖမ်းဆီးရရှိခဲ့တယ်။ အဲဒီဆင်စွယ်တွေကို မဟော်ဂနီသစ်သားတွေကြားထဲမှာ ဝှက်ပြီး သယ်လာတာဖြစ်တယ်။ အခုအကြိမ်ဖမ်းဆီးရမှုဟာ အများဆုံးဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေက ပြောပါတယ်။ ဒီကုန်ပစ္စည်းတွေဟာ တိုဂိုကနေ သယ်ဆောင်လာတာဖြစ်ပြီး တရုတ်နိုင်ငံကို ပို့ဖို့ဖြစ်တယ်။

အာဖရိက

အာဖရိက လူတစ်ယောက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၁၂ ခုနှစ် အစီရင်ခံစာအရ သေဆုံးတဲ့သူတွေထဲက ၆၃ ရာခိုင်နှုန်းဟာ ကူးစက်ရောဂါတွေဖြစ်တဲ့ အိပ်ချ်အိုင်ဗွီ၊ ဝမ်းရောဂါ၊ ငှက်ဖျား၊ တီဘီနဲ့ ကလေးရောဂါတွေကြောင့်ဖြစ်တယ်။

ဩစတြေးလျ

ဂိမ်းဆော့ဖ်ဝဲထည့်ထားတဲ့ စမတ်ဖုန်း

ဖုန်းနဲ့ အလားတူကိရိယာတွေမှာ ထည့်သွင်းကစားရတဲ့ ဂိမ်းတွေဟာ ကလေးတွေကြားမှာ ခေတ်စားလာတယ်။ တချို့ဂိမ်းတွေဆိုရင် အစစ်နဲ့တူတဲ့ လောင်းကစားဂိမ်းတွေဖြစ်ပြီး နိုင်ဖို့လွယ်တယ်။ ဒီဟာတွေကြောင့် လူငယ်တွေဟာ လောင်းကစားခြင်းကို အဆိုးလို့မမြင်တော့ဘဲ “အနာဂတ်မှာ လောင်းကစားသမားတွေဖြစ်လာဖို့ အကြောင်းများတယ်” လို့ အစိုးရရဲ့ အစီရင်ခံစာမှာ ဖော်ပြသွားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ