ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် အတွက် လေ့လာရန်မေးခွန်းများ
ပုံပြင် ၁
အရာဝတ္ထုတွေကို ဘုရားသခင်စပြီး ဖန်ဆင်းတဲ့အကြောင်း
- ၁။ ကောင်းတဲ့အရာအားလုံး ဘယ်ဆီက လာတာလဲ၊ ဥပမာတစ်ခုပေးနိုင်မလား။ 
- ၂။ ဘုရားသခင် ဘာကို ဦးဆုံးဖန်ဆင်းခဲ့သလဲ။ 
- ၃။ ဦးဆုံးဖန်ဆင်းခံရတဲ့ ကောင်းကင်တမန်ဟာ ဘာကြောင့်ထူးခြားသလဲ။ 
- ၄။ အစပိုင်းမှာ ကမ္ဘာကြီးဟာ ဘယ်လိုပုံလဲဆိုတာ ပြောပြပါ။ (ပုံကိုရှု။) 
- ၅။ တိရစ္ဆာန်တွေနဲ့ လူတွေ အသင့်နေနိုင်အောင် ကမ္ဘာကြီးကို ဘုရားသခင် ဘယ်လိုစပြီး ပြင်ဆင်ပေးခဲ့သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ယေရမိ ၁၀:၁၂ ကိုဖတ်။ - ဘုရားသခင့်ဖန်ဆင်းရာတွေကိုကြည့်ရင် ကိုယ်တော်ရဲ့ ဘယ်အရည်အသွေးတွေ ထင်ရှားသလဲ။ (ဟေရှာ. ၄၀:၂၆; ရော. ၁၁:၃၃) 
- ၂။ ကောလောသဲ ၁:၁၅-၁၇ ကိုဖတ်။ - ယေရှုဟာ ဖန်ဆင်းခြင်းမှာ ဘယ်အပိုင်းကနေ ပါဝင်ခဲ့သလဲ၊ ဒါကြောင့် ကိုယ်တော့်ကို ဘယ်လို ရှုမြင်သင့်သလဲ။ (ကော. ၁:၁၅-၁၇) 
- ၃။ ကမ္ဘာဦး ၁:၁-၁၀ ကိုဖတ်။ 
ပုံပြင် ၂
လှလိုက်တဲ့ ဥယျာဉ်ကလေး
- ၁။ ကမ္ဘာမြေကြီးကို တို့ရဲ့နေအိမ်ဖြစ်အောင် ဘုရားသခင် ဘယ်လိုပြင်ဆင်ခဲ့သလဲ။ 
- ၂။ ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ တိရစ္ဆာန်အမျိုးမျိုးကို ပြောပြပါ။ (ပုံကိုရှု။) 
- ၃။ ဧဒင်ဥယျာဉ်ဟာ ဘာဖြစ်လို့ ထူးခြားရတာလဲ။ 
- ၄။ တစ်ကမ္ဘာလုံးကို ဘုရားသခင် ဘယ်လိုဖြစ်စေချင်ခဲ့သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၁:၁၁-၂၅ ကိုဖတ်။ - (က) တတိယဖန်ဆင်းရာနေ့အတွင်း ဘုရားသခင် ဘာကိုဖန်ဆင်းခဲ့သလဲ။ (က. ၁:၁၂) 
- (ခ) စတုတ္ထဖန်ဆင်းရာနေ့အတွင်း ဘာတွေဖြစ်ပျက်ခဲ့သလဲ။ (က. ၁:၁၆) 
- (ဂ) ပဉ္စမနဲ့ ဆဋ္ဌမနေ့တွေမှာ ဘယ်လိုတိရစ္ဆာန်မျိုးကို ဘုရားသခင်ဖန်ဆင်းခဲ့သလဲ။ (က. ၁:၂၀၊ ၂၁၊ ၂၅) 
 
- ၂။ ကမ္ဘာဦး ၂:၈၊ ၉ ကိုဖတ်။ - ဘုရားသခင်ဟာ ထူးခြားတဲ့ ဘယ်အပင်နှစ်ပင်ကို ဥယျာဉ်ထဲမှာပေါက်စေခဲ့သလဲ၊ အဲဒီအပင်တွေက ဘာကိုကိုယ်စားပြုသလဲ။ 
ပုံပြင် ၃
ပထမယောက်ျားနဲ့ မိန်းမအကြောင်း
- ၁။ ပုံပြင် ၃ ကပုံနဲ့ ပုံပြင် ၂ ကပုံ ဘယ်လိုကွာခြားသလဲ။ 
- ၂။ ပထမလူယောက်ျားကို ဘယ်သူဖန်ဆင်းခဲ့တာလဲ၊ ဒီလူယောက်ျားရဲ့နာမည် ဘယ်လိုခေါ်သလဲ။ 
- ၃။ အာဒံကို ဘုရားသခင် ဘာလုပ်ခိုင်းခဲ့သလဲ။ 
- ၄။ ဘုရားသခင်က ဘာဖြစ်လို့ အာဒံကို အိပ်မောကျအောင်လုပ်ခဲ့တာလဲ။ 
- ၅။ အာဒံနဲ့ဧဝတို့ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ၊ ယေဟောဝါက သူတို့ကို ဘာအလုပ် လုပ်စေချင်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ယေရမိ ၃၃:၂ ကိုဖတ်။ - ဘုရားသခင်နာမည် ဘယ်လိုခေါ်သလဲ၊ မြေကြီးအထက် ကိုယ်တော်ရဲ့ပြိုင်ဘက်ကင်းတဲ့ရာထူးက ဘာလဲ။ (ယေ. ၁၆:၂၁၊ သမ္မာ; ဒံ. ၄:၁၇) 
- ၂။ ကမ္ဘာဦး ၁:၂၆-၃၁ ကိုဖတ်။ 
- ၃။ ကမ္ဘာဦး ၂:၇-၂၅ ကိုဖတ်။ - (က) တိရစ္ဆာန်တွေကို နာမည်မှည့်ရတဲ့ အာဒံရဲ့တာဝန်မှာ ဘာပါဝင်ခဲ့သလဲ။ (က. ၂:၁၉) 
- (ခ) အိမ်ထောင်ပြုခြင်း၊ ခွဲနေခြင်း၊ ကွာရှင်းခြင်းတို့နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်ကိုနားလည်ဖို့ ကမ္ဘာဦး ၂:၂၄ က ဘယ်လိုကူညီပေးသလဲ။ (မ. ၁၉:၄-၆၊ ၉) 
 
ပုံပြင် ၄
သူတို့ဘာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့အကြောင်း
- ၁။ ပုံထဲမှာ အာဒံနဲ့ဧဝတို့ ဘာဖြစ်နေသလဲ။ 
- ၂။ သူတို့ကို ယေဟောဝါ ဘာဖြစ်လို့ဒဏ်ခတ်တာလဲ။ 
- ၃။ ဧဝကို မြွေတစ်ကောင် ဘာတွေလာပြောသလဲ။ 
- ၄။ ဧဝကို မြွေက သွားပြီးစကားပြောအောင် ဘယ်သူ ဖန်တီးခဲ့တာလဲ။ 
- ၅။ အာဒံနဲ့ဧဝတို့ဟာ ပရဒိသုစံအိမ်လေးကို ဘာကြောင့်လက်လွှတ်ဆုံးရှုံးခဲ့ရတာလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၂:၁၆၊ ၁၇ နှင့် ၃:၁-၁၃၊ ၂၄ ကိုဖတ်။ - (က) ဧဝကိုမေးခဲ့တဲ့ မြွေရဲ့မေးခွန်းက ယေဟောဝါကို ဘယ်လိုတလွဲထင်စေ ခဲ့သလဲ။ (က. ၃:၁-၅; ၁ ယော. ၅:၃) 
- (ခ) ဧဝဟာ တို့တစ်တွေအတွက် ဘယ်လိုသတိပေးနမူနာဖြစ်သလဲ။ (ဖိ. ၄:၈; ယာ. ၁:၁၄၊ ၁၅; ၁ ယော. ၂:၁၆) 
- (ဂ) အာဒံနဲ့ဧဝတို့ဟာ သူတို့ရဲ့လုပ်ရပ်တွေအတွက် ဘယ်လိုနည်းနဲ့ တာဝန်မကျေ ဖြစ်ခဲ့သလဲ။ (က. ၃:၁၂၊ ၁၃) 
- (ဃ) ဧဒင်ဥယျာဉ်အရှေ့ဘက်မှာထားတဲ့ ခေရုဗိမ်တွေက ယေဟောဝါရဲ့ပိုင်သ အုပ်စိုးမှုကို ဘယ်လိုထောက်ခံခဲ့ကြသလဲ။ (က. ၃:၂၄) 
 
- ၂။ ဗျာဒိတ် ၁၂:၉ ကိုဖတ်။ - လူသားထုကို ဘုရားသခင့်အုပ်ချုပ်ရေးကနေ လှည့်ထွက်သွားစေရာမှာ စာတန် ဘယ်လောက်အောင်မြင်ခဲ့ပြီလဲ။ (၁ ယော. ၅:၁၉) 
ပုံပြင် ၅
ကြမ်းတမ်းတဲ့ ဘဝခရီး စခဲ့ရပြီ
- ၁။ ဧဒင်ဥယျာဉ် အပြင်ဘက်မှာ အာဒံနဲ့ဧဝတို့ရဲ့ဘဝအခြေအနေ ဘယ်လိုရှိသလဲ။ 
- ၂။ အာဒံနဲ့ဧဝတို့ ဘာဖြစ်တော့မလဲ၊ ဘာကြောင့်လဲ။ 
- ၃။ အာဒံနဲ့ဧဝတို့ရဲ့ကလေးတွေ ဘာဖြစ်လို့အိုပြီး သေရတော့မှာလဲ။ 
- ၄။ အာဒံနဲ့ဧဝတို့သာ ယေဟောဝါစကားနားထောင်ခဲ့မယ်ဆိုရင် သူတို့နဲ့ သူတို့ သားသမီးတွေရဲ့ဘဝ ဘယ်လိုရှိလိမ့်မလဲ။ 
- ၅။ မနာခံမှုကြောင့် ဧဝ ဘယ်လိုဝေဒနာခံစားခဲ့ရသလဲ။ 
- ၆။ အာဒံနဲ့ဧဝတို့ရဲ့ ပထမသားနှစ်ယောက် နာမည်ဘယ်လိုခေါ်သလဲ။ 
- ၇။ ပုံထဲက တခြားကလေးတွေက ဘယ်သူတွေလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၃:၁၆-၂၃ နဲ့ ၄:၁၊ ၂ ကိုဖတ်။ - (က) မြေကြီးအကျိန်ခံရခြင်းက အာဒံရဲ့ဘဝအပေါ် ဘယ်လိုသက်ရောက်မှုရှိခဲ့သလဲ။ (က. ၃:၁၇-၁၉; ရော. ၈:၂၀၊ ၂၂) 
- (ခ) “အသက်ရှင်သောသူ” လို့အဓိပ္ပာယ်ရှိတဲ့ ဧဝရဲ့နာမည်ဟာ ဘာကြောင့် သင့်တော်သလဲ။ (က. ၃:၂၀) 
- (ဂ) အာဒံနဲ့ဧဝတို့ အပြစ်လုပ်ပြီးနောက်မှာတောင် သူတို့ကို စာနာထောက်ထားကြောင်း ယေဟောဝါဘယ်လိုပြခဲ့သလဲ။ (က. ၃:၇၊ ၂၁) 
 
- ၂။ ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်။ - ဘယ် “ရှေးဖြစ်ဖူးသောအရာ” တွေ ပပျောက်သွားမှာကို မင်းတို့စောင့်မျှော်သလဲ။ 
ပုံပြင် ၆
သားလိမ္မာနဲ့ သားမိုက်အကြောင်း
- ၁။ ကာဣနနဲ့ အာဗေလတို့ ဘာအလုပ်တွေ လုပ်ကိုင်ခဲ့ကြသလဲ။ 
- ၂။ ယေဟောဝါဆီကို ကာဣနနဲ့ အာဗေလတို့ ဘာလက်ဆောင်တွေယူလာကြသလဲ။ 
- ၃။ ယေဟောဝါဟာ ဘာဖြစ်လို့ အာဗေလရဲ့လက်ဆောင်ကို သဘောကျပြီး ကာဣနရဲ့လက်ဆောင်ကိုကျတော့ သဘောမကျတာလဲ။ 
- ၄။ ကာဣနဟာ ဘယ်လိုလူစားမျိုးလဲ၊ သူ့ကို ယေဟောဝါ ဘယ်လိုတည့်မတ်ပေးခဲ့သလဲ။ 
- ၅။ လယ်ထဲမှာ သူ့ညီနဲ့ နှစ်ယောက်တည်းရှိနေတဲ့အခါ ကာဣနဘာလုပ်ခဲ့သလဲ။ 
- ၆။ သူ့ညီကိုသတ်ပြီးတဲ့နောက် ကာဣနဘာဖြစ်ခဲ့တယ်ဆိုတာ ရှင်းပြပါ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၄:၂-၂၆ ကိုဖတ်။ - (က) ကာဣနမှာ အန္တရာယ်ရှိနေတယ်ဆိုတာကို ယေဟောဝါ ဘယ်လိုရှင်းပြ ခဲ့သလဲ။ (က. ၄:၇) 
- (ခ) ကာဣနဟာ သူ့ရဲ့စိတ်သဘောထားကို ဘယ်လိုဖော်ပြခဲ့သလဲ။ (က. ၄:၉) 
- (ဂ) အပြစ်မရှိသူရဲ့ အသွေးသွန်းခြင်းကို ယေဟောဝါဘယ်လိုမြင်သလဲ။ (က. ၄:၁၀; ဟေရှာ. ၂၆:၂၁) 
 
- ၂။ ၁ ယောဟန် ၃:၁၁၊ ၁၂ ကိုဖတ်။ - (က) ကာဣန ဘာဖြစ်လို့ တအားစိတ်ဆိုးခဲ့တာလဲ၊ အဲဒါက ခုခေတ် တို့တစ်တွေ အတွက် ဘယ်လိုသတိပေးချက်ဖြစ်သလဲ။ (က. ၄:၄၊ ၅; သု. ၁၄:၃၀; ၂၈:၂၂) 
- (ခ) မိသားစုဝင်အားလုံးက ယေဟောဝါကို ဆန့်ကျင်နေရင်တောင်မှ တို့တစ်တွေ ဆက်ပြီးသမာဓိစောင့်နိုင်တယ်ဆိုတာ သမ္မာကျမ်းစာက ဘယ်လိုဖော်ပြသလဲ။ (ဆာ. ၂၇:၁၀; မ. ၁၀:၂၁၊ ၂၂) 
 
- ၃။ ယောဟန် ၁၁:၂၅ ကိုဖတ်။ - ဖြောင့်မတ်ခြင်းတရားကြောင့် သေဆုံးသွားသူတွေအတွက် ယေဟောဝါ ဘယ်လို အာမခံသလဲ။ (ယော. ၅:၂၄) 
ပုံပြင် ၇
သတ္တိခဲတစ်ယောက် အကြောင်း
- ၁။ ဧနောက်က ဘယ်လိုထူးခြားသလဲ။ 
- ၂။ ဧနောက်ခေတ်က လူတွေဟာ ဘာကြောင့် ဆိုးတဲ့အလုပ်တွေ ဒီလောက်တောင်လုပ်ကြတာလဲ။ 
- ၃။ ဘယ်လိုမကောင်းမှုတွေကို လူတွေလုပ်နေကြသလဲ။ (ပုံကိုရှု။) 
- ၄။ ဧနောက် ဘာကြောင့် သတ္တိရှိဖို့လိုခဲ့တာလဲ။ 
- ၅။ အဲဒီခေတ်ကလူတွေ ဘယ်လောက် အသက်ရှည်ခဲ့ကြသလဲ၊ ဧနောက်ကျတော့ကော ဘယ်လောက် အသက်ရှည်ခဲ့သလဲ။ 
- ၆။ ဧနောက်သေပြီးနောက် ဘာတွေဖြစ်ပျက်ခဲ့သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၅:၂၁-၂၄၊ ၂၇ ကိုဖတ်။ 
- ၂။ ကမ္ဘာဦး ၆:၅ ကိုဖတ်။ - ဧနောက်သေပြီးတဲ့နောက် ကမ္ဘာ့အခြေအနေ ဘယ်လောက်ဆိုးသွားသလဲ၊ အဲဒါကို တို့ခေတ်နဲ့ ဘယ်လိုနှိုင်းယှဉ်မလဲ။ (၂ တိ. ၃:၁၃) 
- ၃။ ဟေဗြဲ ၁၁:၅ ကိုဖတ်။ - ဧနောက်ရဲ့ ဘယ်အရည်အချင်းက “ဘုရားသခင်၏စိတ်တော်နှင့်တွေ့” ခဲ့သလဲ၊ ဘာအကျိုးကျေးဇူးရခဲ့သလဲ။ (က. ၅:၂၂) 
- ၄။ ယုဒ ၁၄၊ ၁၅ ကိုဖတ်။ - ခုခေတ်ခရစ်ယာန်တွေအနေနဲ့ ရောက်အံ့ဆဲ အာမဂေဒုန်စစ်ပွဲအကြောင်း လူတွေကို သတိပေးတဲ့အခါ ဧနောက်ရဲ့သတ္တိကို ဘယ်လိုအတုယူနိုင်သလဲ။ (၂ တိ. ၄:၂; ဟေဗြဲ ၁၃:၆) 
ပုံပြင် ၈
ကမ္ဘာပေါ်က ဘီလူးကြီးတွေအကြောင်း
- ၁။ ဘုရားသခင့်ကောင်းကင်တမန်တချို့ စာတန်ရဲ့စကားကိုနားထောင်တဲ့အခါ ဘာဖြစ်ခဲ့သလဲ။ 
- ၂။ ကောင်းကင်တမန်တချို့ ကောင်းကင်ကအလုပ်တွေကိုပစ်ပြီး မြေကြီးပေါ်ကို ဘာကြောင့်ဆင်းလာကြတာလဲ။ 
- ၃။ ကောင်းကင်တမန်တွေ မြေကြီးပေါ်ဆင်းလာပြီး လူ့ကိုယ်ခန္ဓာယူကြတာ ဘာကြောင့်မှားသလဲ။ 
- ၄။ ကောင်းကင်တမန်တွေရဲ့ ကလေးတွေဟာ ဘာထူးခြားသလဲ။ 
- ၅။ ပုံထဲမှာမြင်ရတဲ့အတိုင်း ကောင်းကင်တမန်တွေရဲ့ကလေးတွေ ဘီလူးတွေ ဖြစ်လာတဲ့အခါ ဘာလုပ်ကြသလဲ။ 
- ၆။ ဧနောက်ပြီးတော့ ကမ္ဘာပေါ်မှာ ဘယ်လူကောင်းတစ်ဦး အသက်ရှင်ခဲ့သလဲ၊ သူ့ကို ဘုရားသခင် ဘာလို့နှစ်သက်တာလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၆:၁-၈ ကိုဖတ်။ - တို့တစ်တွေရဲ့အမူအကျင့်က ယေဟောဝါရဲ့စိတ်ကို ထိခိုက်စေနိုင်ကြောင်းနဲ့ ပတ်သက်ပြီး ကမ္ဘာဦး ၆:၆ က ဘာဖော်ပြသလဲ။ (ဆာ. ၇၈:၄၀၊ ၄၁; သု. ၂၇:၁၁) 
- ၂။ ယုဒ ၆ ကိုဖတ်။ - နောဧခေတ်က “မိမိတို့အခွင့်အရာကိုမစောင့်” တဲ့ကောင်းကင်တမန်တွေဟာ ခုခေတ် တို့တစ်တွေအတွက် ဘယ်လိုသတိပေးချက်ဖြစ်သလဲ။ (၁ ကော. ၃:၅-၉; ၂ ပေ. ၂:၄၊ ၉၊ ၁၀) 
ပုံပြင် ၉
နောဧသင်္ဘောတစ်စင်း ဆောက်တဲ့အကြောင်း
- ၁။ နောဧရဲ့မိသားစု ဘယ်နှစ်ယောက်ရှိသလဲ၊ သူ့သားသုံးယောက်နာမည် ဘယ်လိုခေါ်သလဲ။ 
- ၂။ ဘုရားသခင်က နောဧကို ဘာထူးဆန်းတဲ့အလုပ်တစ်ခု လုပ်ခိုင်းသလဲ၊ ဘာကြောင့်လဲ။ 
- ၃။ သင်္ဘောအကြောင်းပြောပြတဲ့အခါ နောဧရဲ့အိမ်နီးချင်းတွေ ဘယ်လိုတုံ့ပြန် ခဲ့ကြသလဲ။ 
- ၄။ တိရစ္ဆာန်တွေနဲ့ပတ်သက်ပြီး နောဧကို ဘုရားသခင် ဘာပြောသလဲ။ 
- ၅။ သင်္ဘောတံခါးကို ဘုရားသခင်ပိတ်ပြီးတဲ့နောက် နောဧနဲ့သူ့မိသားစု ဘာလုပ် စရာရှိသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၆:၉-၂၂ ကိုဖတ်။ - (က) ဘယ်အရာက နောဧကို စစ်မှန်သောဘုရားသခင်ရဲ့ ထူးခြားထင်ရှားတဲ့ ဝတ်ပြုသူတစ်ဦးဖြစ်စေခဲ့တာလဲ။ (က. ၆:၉၊ ၂၂) 
- (ခ) အကြမ်းဖက်မှုကို ယေဟောဝါဘယ်လိုယူဆသလဲ၊ တို့တစ်တွေ အပန်းဖြေမှု ရွေးချယ်ရာမှာ အဲဒါက ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။ (က. ၆:၁၁၊ ၁၂; ဆာ. ၁၁:၅) 
- (ဂ) ယေဟောဝါရဲ့အဖွဲ့အစည်းကတစ်ဆင့် ညွှန်ကြားချက်ရရှိတဲ့အခါ နောဧကို ဘယ်လိုအတုယူနိုင်သလဲ။ (က. ၆:၂၂; ၁ ယော. ၅:၃) 
 
- ၂။ ကမ္ဘာဦး ၇:၁-၉ ကိုဖတ်။ - မစုံလင်သူနောဧကို ဖြောင့်မတ်သူအဖြစ် ယေဟောဝါရှုမြင်ခဲ့တာက တို့တစ်တွေကို ဘယ်လိုအားရှိစေသလဲ။ (က. ၇:၁; သု. ၁၀:၁၆; ဟေရှာ. ၂၆:၇) 
ပုံပြင် ၁၀
လွှမ်းမိုးတဲ့ရေကြီး အကြောင်း
- ၁။ မိုးစရွာတာနဲ့ သင်္ဘောထဲဘယ်သူမှ မဝင်နိုင်တော့တာ ဘာကြောင့်လဲ။ 
- ၂။ ဘယ်နှစ်ရက် ဘယ်နှစ်ည ယေဟောဝါ မိုးရွာစေခဲ့သလဲ၊ ဘယ်လောက်အထိ ရေတက်လာသလဲ။ 
- ၃။ မြေကြီးကို ရေလွှမ်းလာတာနဲ့ သင်္ဘောဘာဖြစ်ခဲ့သလဲ။ 
- ၄။ ရေလွှမ်းမိုးဘေးကို ဘီလူးကြီးတွေ လွတ်မြောက်ခဲ့ကြသလား၊ ဘီလူးတွေရဲ့ အဖေတွေ ဘာဖြစ်သွားသလဲ။ 
- ၅။ ငါးလကြာပြီးတဲ့နောက် သင်္ဘောဘာဖြစ်ခဲ့သလဲ။ 
- ၆။ နောဧက ကျီးအတစ်ကောင်ကို သင်္ဘောကနေ ဘာကြောင့်လွှတ်လိုက် တာလဲ။ 
- ၇။ မြေကြီးပေါ်က ရေကျသွားပြီဆိုတာကို နောဧဘယ်လိုသိခဲ့သလဲ။ 
- ၈။ နောဧနဲ့သူ့မိသားစု သင်္ဘောထဲနေကြတာ တစ်နှစ်ကျော်ကြာပြီးတဲ့နောက် သူ့ကို ယေဟောဝါ ဘာမိန့်မှာခဲ့သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၇:၁၀-၂၄ ကိုဖတ်။ 
- ၂။ ကမ္ဘာဦး ၈:၁-၁၇ ကိုဖတ်။ - မြေကြီးအတွက် ယေဟောဝါရဲ့မူလရည်ရွယ်ချက် မပြောင်းလဲဘူးဆိုတာကို ကမ္ဘာဦး ၈:၁၇ ကဘယ်လိုဖော်ပြသလဲ။ (က. ၁:၂၂) 
- ၃။ ၁ ပေတရု ၃:၁၉၊ ၂၀ ကိုဖတ်။ 
ပုံပြင် ၁၁
ပထမဦးဆုံး သက်တံ
- ၁။ ပုံထဲမှာမြင်ရတဲ့အတိုင်း သင်္ဘောထဲက ထွက်ထွက်ချင်း နောဧဘာလုပ်ခဲ့သလဲ။ 
- ၂။ ရေလွှမ်းမိုးဘေးပြီးတော့ နောဧနဲ့သူ့မိသားစုကို ဘုရားသခင်ဘာမိန့်မှာခဲ့သလဲ။ 
- ၃။ ဘုရားသခင် ဘယ်လိုကတိပေးခဲ့သလဲ။ 
- ၄။ သက်တံကိုမြင်တဲ့အခါ ဘာကိုသတိရဖို့ကောင်းသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၈:၁၈-၂၂ ကိုဖတ်။ - (က) ခုချိန်မှာ ယေဟောဝါကို “မွှေးကြိုင်သောအနံ့” ဘယ်လိုဆက်သနိုင်သလဲ။ (က. ၈:၂၁; ဟေဗြဲ ၁၃:၁၅၊ ၁၆) 
- (ခ) လူ့နှလုံးအခြေအနေနဲ့ပတ်သက်ပြီး ယေဟောဝါ ဘာတွေ့မြင်ခဲ့သလဲ၊ ဒါကြောင့် ဘာကိုသတိပြုသင့်သလဲ။ (က. ၈:၂၁; မ. ၁၅:၁၈၊ ၁၉) 
 
- ၂။ ကမ္ဘာဦး ၉:၉-၁၇ ကိုဖတ်။ - (က) ယေဟောဝါဟာ မြေကြီးသားအပေါင်းနဲ့ ဘာပဋိညာဉ်ဖွဲ့ခဲ့သလဲ။ (က. ၉:၁၀၊ ၁၁) 
- (ခ) သက်တံပဋိညာဉ်ဟာ ဘယ်လောက်ကြာကြာ အကျိုးသက်ရောက်နေမှာလဲ။ (က. ၉:၁၆) 
 
ပုံပြင် ၁၂
လူတွေ ရဲတိုက်ကြီးဆောက်တဲ့ အကြောင်း
- ၁။ နိမ်ရောဒက ဘယ်သူလဲ၊ သူ့ကို ဘုရားသခင် ဘယ်လိုသဘောထားခဲ့သလဲ။ 
- ၂။ ပုံမှာပါတဲ့လူတွေ ဘာလို့အုတ်ဖုတ်နေကြတာလဲ။ 
- ၃။ သူတို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ယေဟောဝါ ဘာကြောင့်မကြိုက်တာလဲ။ 
- ၄။ ရဲတိုက်ကြီးဆောက်တာကို ဘုရားသခင် ဘယ်လိုရပ်တန့်စေခဲ့သလဲ။ 
- ၅။ အဲဒီမြို့ကို ဘယ်လိုခေါ်သလဲ၊ အဓိပ္ပာယ်က ဘာလဲ။ 
- ၆။ ဘုရားသခင်က လူတွေရဲ့ဘာသာစကားကို ရှုပ်ထွေးစေပြီးနောက် ဘာဖြစ်ခဲ့သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၁၀:၁၊ ၈-၁၀ ကိုဖတ်။ - ဘယ်လိုပင်ကိုစရိုက်တွေကို နိမ်ရောဒတင်ပြခဲ့သလဲ၊ အဲဒါက တို့တစ်တွေကို ဘာသတိပေးသလဲ။ (သု. ၃:၃၁) 
- ၂။ ကမ္ဘာဦး ၁၁:၁-၉ ကိုဖတ်။ - ရဲတိုက်ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အဲဒီစီမံကိန်းပျက်ဖို့ ဘာကြောင့် သေချာတာလဲ။ (က. ၁၁:၄; သု. ၁၆:၁၈; ယော. ၅:၄၄) 
ပုံပြင် ၁၃
ဘုရားသခင်ရဲ့မိတ်ဆွေ—အာဗြဟံအကြောင်း
- ၁။ ဥရမြို့မှာ ဘယ်လိုလူတွေ နေထိုင်ကြသလဲ။ 
- ၂။ ပုံထဲကလူက ဘယ်သူလဲ၊ ဘယ်အချိန်မှာ သူ့ကိုမွေးဖွားပြီး ဘယ်မှာနေခဲ့သလဲ။ 
- ၃။ အာဗြဟံကို ဘုရားသခင် ဘာလုပ်ခိုင်းသလဲ။ 
- ၄။ အာဗြဟံကို ဘုရားသခင့်မိတ်ဆွေလို့ ဘာကြောင့်ခေါ်ရတာလဲ။ 
- ၅။ အာဗြဟံ ဥရမြို့ကထွက်တော့ သူနဲ့ ဘယ်သူတွေလိုက်သွားကြသလဲ။ 
- ၆။ အာဗြဟံ ခါနာန်ပြည်ကိုရောက်တော့ ဘုရားသခင် သူ့ကိုဘာပြောသလဲ။ 
- ၇။ အာဗြဟံအသက် ၉၉ နှစ်ရှိတဲ့အခါ ဘုရားသခင် သူ့ကိုဘာကတိပြုခဲ့သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၁၁:၂၇-၃၂ ကိုဖတ်။ - (က) အာဗြဟံနဲ့ လောတ ဘယ်လိုတော်စပ်သလဲ။ (က. ၁၁:၂၇၊ ၂၈) 
- (ခ) တေရဟာ သူ့မိသားစုနဲ့ ခါနာန်ပြည်ကိုပြောင်းရွှေ့သွားတယ်လို့ ဂုဏ်ယူဖွယ် ဖော်ပြထားပေမဲ့ တကယ်တမ်းပြောင်းရွှေ့ဖို့ အစပြုခဲ့သူဟာ အာဗြဟံဖြစ်ကြောင်း ဘယ်လိုသိရသလဲ၊ သူဘာကြောင့် ပြောင်းရွှေ့ခဲ့တာလဲ။ (က. ၁၁:၃၁; တ. ၇:၂-၄) 
 
- ၂။ ကမ္ဘာဦး ၁၂:၁-၇ ကိုဖတ်။ - ခါနာန်ပြည်ကို အာဗြဟံရောက်ပြီးတဲ့နောက် အာဗြဟံနဲ့ဖွဲ့တဲ့ပဋိညာဉ်မှာ ယေဟောဝါ ဘာထပ်တိုးပေးခဲ့သလဲ။ (က. ၁၂:၇) 
- ၃။ ကမ္ဘာဦး ၁၇:၁-၈၊ ၁၅-၁၇ ကိုဖတ်။ - (က) အာဗြံအသက် ၉၉ နှစ်မှာ နာမည်ဘယ်လိုပြောင်းသွားသလဲ၊ ဘာကြောင့်လဲ။ (က. ၁၇:၅) 
- (ခ) စာရာကို ဘာကောင်းချီးတွေပေးမယ်လို့ ယေဟောဝါ ကတိပြုခဲ့သလဲ။ (က. ၁၇:၁၅၊ ၁၆) 
 
- ၄။ ကမ္ဘာဦး ၁၈:၉-၁၉ ကိုဖတ်။ - (က) ဖခင်တွေအတွက် ဘာတာဝန်တွေရှိတယ်ဆိုတာကို ကမ္ဘာဦး ၁၈:၁၉ မှာ ဖော်ပြထားသလဲ။ (တရား. ၆:၆၊ ၇; ဧ. ၆:၄) 
- (ခ) ယေဟောဝါရှေ့မှာ ဘာကိုမှဖုံးထားလို့မရဘူးဆိုတာ စာရာရဲ့ဘယ်တွေ့ကြုံမှုက ဖော်ပြသလဲ။ (က. ၁၈:၁၂၊ ၁၅; ဆာ. ၄၄:၂၁) 
 
ပုံပြင် ၁၄
အာဗြဟံရဲ့ယုံကြည်ခြင်းကို ဘုရားသခင်စမ်းသပ်တဲ့ အကြောင်း
- ၁။ အာဗြဟံကို ဘုရားသခင် ဘာကတိပေးခဲ့သလဲ၊ ဘုရားသခင် ဘယ်လို ကတိတည်ခဲ့သလဲ။ 
- ၂။ ပုံမှာမြင်ရတဲ့အတိုင်း အာဗြဟံရဲ့ယုံကြည်ခြင်းကို ဘုရားသခင် ဘယ်လိုစမ်းသပ်ခဲ့သလဲ။ 
- ၃။ ဘုရားသခင်မိန့်မှာရတဲ့အကြောင်းရင်းကို နားမလည်ပေမဲ့ အာဗြဟံ ဘာလုပ်ခဲ့သလဲ။ 
- ၄။ ဓားကိုထုတ်ပြီး သားကိုသတ်မယ်လုပ်တော့ ဘာဖြစ်ခဲ့သလဲ။ 
- ၅။ ဘုရားသခင်ကို အာဗြဟံ ဘယ်လောက်တောင်ယုံကြည်ခဲ့သလဲ။ 
- ၆။ အာဗြဟံယဇ်ပူဇော်ဖို့ ဘုရားသခင် ဘာပြင်ဆင်ပေးခဲ့သလဲ၊ ဘယ်လိုနည်းနဲ့လဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၂၁:၁-၇ ကိုဖတ်။ - ရှစ်ရက်မြောက်နေ့မှာ အာဗြဟံက သူ့သားကို ဘာကြောင့်အရေဖျားလှီးတာလဲ။ (က. ၁၇:၁၀-၁၂; ၂၁:၄) 
- ၂။ ကမ္ဘာဦး ၂၂:၁-၁၈ ကိုဖတ်။ - ဣဇာက်ဟာ သူ့ဖေဖေအာဗြဟံရဲ့စကားကို နားထောင်တယ်ဆိုတာ ဘယ်လိုပြခဲ့ သလဲ၊ အဲဒါက အဓိပ္ပာယ်ပိုလေးနက်တဲ့ အနာဂတ်ဖြစ်ရပ်တစ်ခုကို ဘယ်လို အရိပ် အယောင်ပြသလဲ။ (က. ၂၂:၇-၉; ၁ ကော. ၅:၇; ဖိ. ၂:၈၊ ၉) 
ပုံပြင် ၁၅
လောတမိန်းမ နောက်သို့လှည့်ကြည့်မိတဲ့ အကြောင်း
- ၁။ အာဗြဟံနဲ့လောတ ဘာကြောင့်ခွဲနေကြတာလဲ။ 
- ၂။ သောဒုံမြို့ကို လောတ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။ 
- ၃။ သောဒုံမြို့သားတွေက ဘယ်လိုလူတွေလဲ။ 
- ၄။ ကောင်းကင်တမန်နှစ်ပါးက လောတကို ဘာသတိပေးသလဲ။ 
- ၅။ လောတရဲ့မိန်းမ ဘာကြောင့် ဆားတိုင်ဖြစ်သွားတာလဲ။ 
- ၆။ လောတမိန်းမအဖြစ်ကနေ တို့တစ်တွေ ဘာသင်ခန်းစာရနိုင်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၁၃:၅-၁၃ ကိုဖတ်။ - အချင်းချင်းကြားကပြဿနာတွေ ဖြေရှင်းတာနဲ့ပတ်သက်လို့ အာဗြဟံဆီက ဘာသင်ခန်းစာရနိုင်သလဲ။ (က. ၁၃:၈၊ ၉; ရော. ၁၂:၁၀; ဖိ. ၂:၃၊ ၄) 
- ၂။ ကမ္ဘာဦး ၁၈:၂၀-၃၃ ကိုဖတ်။ - ယေဟောဝါနဲ့ယေရှုတို့ တရားသဖြင့်စီရင်မယ်ဆိုတာကို အာဗြဟံနဲ့ ယေဟောဝါရဲ့ဆက်ဆံပုံက ဘယ်လိုစိတ်ချစေသလဲ။ (က. ၁၈:၂၅၊ ၂၆; မ. ၂၅:၃၁-၃၃) 
- ၃။ ကမ္ဘာဦး ၁၉:၁-၂၉ ကိုဖတ်။ - (က) ဒီကျမ်းစာမှတ်တမ်းက လိင်တူဆက်ဆံခြင်းအပေါ် ဘုရားသခင့်ရှုမြင်ပုံနဲ့ ပတ်သက်ပြီး ဘာကိုဖော်ပြသလဲ။ (က. ၁၉:၅၊ ၁၃; ဝတ်. ၂၀:၁၃) 
- (ခ) ဘုရားသခင့်ညွှန်ကြားချက်ကို လောတနဲ့ အာဗြဟံတို့ရဲ့တုံ့ပြန်ပုံတွေက ဘယ်လိုကွာသလဲ၊ ဒီအချက်ကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (က. ၁၉:၁၅၊ ၁၆၊ ၁၉၊ ၂၀; ၂၂:၃) 
 
- ၄။ လုကာ ၁၇:၂၈-၃၂ ကိုဖတ်။ - လောတရဲ့မိန်းမဟာ ရုပ်ပစ္စည်းနဲ့ပတ်သက်ပြီး ဘယ်လိုစိတ်ထားရှိခဲ့သလဲ၊ အဲဒါက တို့တစ်တွေအတွက်သတိပေးချက် ဘယ်လိုဖြစ်သလဲ။ (လု. ၁၂:၁၅; ၁၇:၃၁၊ ၃၂; မ. ၆:၁၉-၂၁၊ ၂၅) 
- ၅။ ၂ ပေတရု ၂:၆-၈ ကိုဖတ်။ - လောတကိုတုပရာမှာ တို့ဝန်းကျင်က ဘုရားတရားမဲ့တဲ့လောကအပေါ် ဘယ်လို သဘောထားသင့်သလဲ။ (ယေဇ. ၉:၄; ၁ ယော. ၂:၁၅-၁၇) 
ပုံပြင် ၁၆
ဣဇာက် မိန်းမကောင်းတစ်ယောက် ရတဲ့အကြောင်း
- ၁။ ပုံထဲက အမျိုးသားနဲ့ အမျိုးသမီးက ဘယ်သူတွေလဲ။ 
- ၂။ အာဗြဟံက သူ့သားမိန်းမရဖို့ ဘာလုပ်ခဲ့သလဲ၊ ဘာကြောင့်လဲ။ 
- ၃။ အာဗြဟံရဲ့ကျွန် ဆုတောင်းတာ ဘယ်လိုဖြေကြားခံရသလဲ။ 
- ၄။ ဣဇာက်ကိုလက်ထပ်မလားလို့ အမေးခံရတဲ့အခါ ရေဗက္ကဘယ်လိုဖြေခဲ့သလဲ။ 
- ၅။ ဣဇာက် ဘာကြောင့် စိတ်ပြန်ပျော်လာသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၂၄:၁-၆၇ ကိုဖတ်။ - (က) ရေတွင်းနားမှာ အာဗြဟံရဲ့ကျွန်နဲ့တွေ့ချိန်မှာ ဘယ်အရည်အချင်းကောင်းတွေကို ရေဗက္ကတင်ပြခဲ့သလဲ။ (က. ၂၄:၁၇-၂၀; သု. ၃၁:၁၇၊ ၃၁) 
- (ခ) ဣဇာက်အတွက် အာဗြဟံစီစဉ်ပေးပုံက ခုခေတ်ခရစ်ယာန်တွေအတွက် ဘယ်ပုံနမူနာကောင်းရစေသလဲ။ (က. ၂၄:၃၇၊ ၃၈; ၁ ကော. ၇:၃၉; ၂ ကော. ၆:၁၄) 
- (ဂ) ဣဇာက်လုပ်ခဲ့သလို တို့တွေလည်း ဘာကြောင့်အချိန်ယူပြီး တွေးတောဆင်ခြင်သင့်သလဲ။ (က. ၂၄:၆၃; ဆာ. ၇၇:၁၂; ဖိ. ၄:၈) 
 
ပုံပြင် ၁၇
စရိုက်ချင်းမတူတဲ့ အမြွှာညီနောင်
- ၁။ ဧသောနဲ့ယာကုပ်က ဘယ်သူတွေဖြစ်ပြီး သူတို့ရဲ့စရိုက်တွေ ဘယ်လိုမတူကြသလဲ။ 
- ၂။ သူတို့ရဲ့ဘိုးဘိုး အာဗြဟံသေတော့ ဧသောနဲ့ယာကုပ် အသက်ဘယ်လောက် ရှိပြီလဲ။ 
- ၃။ ဧသောဘာလုပ်လို့ သူ့အမေနဲ့အဖေ တော်တော်စိတ်ဆင်းရဲခဲ့ရတာလဲ။ 
- ၄။ ဧသောဟာ သူ့ညီယာကုပ်ကို ဘာကြောင့် အကြီးအကျယ်စိတ်ဆိုးခဲ့တာလဲ။ 
- ၅။ သားယာကုပ်ကို ဣဇာက် ဘာညွှန်ကြားချက်ပေးခဲ့သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၂၅:၅-၁၁၊ ၂၀-၃၄ ကိုဖတ်။ - (က) ရေဗက္ကရဲ့သားနှစ်ယောက်နဲ့ပတ်သက်ပြီး ယေဟောဝါဘယ်လို ကြိုပြောထားသလဲ။ (က. ၂၅:၂၃) 
- (ခ) သားဦးအရာအပေါ် ယာကုပ်နဲ့ ဧသောရဲ့သဘောထား ဘယ်လိုကွာခြား သလဲ။ (က. ၂၅:၃၁-၃၄) 
 
- ၂။ ကမ္ဘာဦး ၂၆:၃၄၊ ၃၅; ၂၇:၁-၄၆ နှင့် ၂၈:၁-၅ ကိုဖတ်။ - (က) ဧသောဟာ ဝိညာဉ်ရေးရာတွေကို တန်ဖိုးမထားဘူးဆိုတာ ဘယ်လိုသိရ သလဲ။ (က. ၂၆:၃၄၊ ၃၅; ၂၇:၄၆) 
- (ခ) ဘုရားသခင်ဆီက ကောင်းချီးရဖို့ ယာကုပ်ကို ဣဇာက်ဘာခိုင်းခဲ့သလဲ။ (က. ၂၈:၁-၄) 
 
- ၃။ ဟေဗြဲ ၁၂:၁၆၊ ၁၇ ကိုဖတ်။ - မြင့်မြတ်တဲ့အရာတွေကို မခန့်လေးစားလုပ်သူတွေရဲ့ အကျိုးဆက်နဲ့ပတ်သက်လို့ ဧသောရဲ့ပုံနမူနာက ဘာကိုဖော်ပြသလဲ။ 
ပုံပြင် ၁၈
ယာကုပ် ခါရန်ကိုသွားတဲ့အကြောင်း
- ၁။ ပုံထဲကမိန်းမပျိုက ဘယ်သူဖြစ်ပြီး သူ့အတွက် ယာကုပ် ဘာလုပ်ပေးခဲ့သလဲ။ 
- ၂။ ရာခေလကိုလက်ထပ်နိုင်ဖို့ ယာကုပ်ဘာလုပ်ဖို့အသင့်ရှိခဲ့သလဲ။ 
- ၃။ ယာကုပ်ကို ရာခေလနဲ့ပေးစားဖို့အချိန်ရောက်လာတဲ့အခါ လာဗန်ဘာလုပ်ခဲ့သလဲ။ 
- ၄။ ရာခေလကိုရဖို့ ယာကုပ်ဘာလုပ်ဖို့ သဘောတူခဲ့သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၂၉:၁-၃၀ ကိုဖတ်။ - (က) ယာကုပ်ဟာ လာဗန်လှည့်စားတာကို ခံရချိန်မှာတောင် ဂုဏ်သရေရှိသူ ဖြစ်ကြောင်း ဘယ်လိုတင်ပြခဲ့သလဲ၊ အဲဒီကနေ တို့တစ်တွေ ဘာသင်ခန်းစာယူနိုင်သလဲ။ (က. ၂၅:၂၇; ၂၉:၂၆-၂၈; မ. ၅:၃၇) 
- (ခ) မေတ္တာနဲ့ အရူးအမူးအချစ်တို့ မတူဘူးဆိုတာကို ယာကုပ်ရဲ့ပုံနမူနာက ဘယ်လိုဖော်ပြသလဲ။ (က. ၂၉:၁၈၊ ၂၀၊ ၃၀; သီ. ၈:၆) 
- (ဂ) ယာကုပ်ရဲ့အိမ်သူတွေဖြစ်လာပြီးနောက်ပိုင်း သူ့အတွက် သားတွေ မွေးပေး ခဲ့ကြတဲ့ အမျိုးသမီးလေးယောက်က ဘယ်သူတွေလဲ။ (က. ၂၉:၂၃၊ ၂၄၊ ၂၈၊ ၂၉) 
 
ပုံပြင် ၁၉
ယာကုပ်ရဲ့အိမ်ထောင်စု သိပ်ကြီးတယ်
- ၁။ ပထမဇနီး လေအာနဲ့ရတဲ့ ယာကုပ်ရဲ့သား ခြောက်ယောက်နာမည် ဘယ်လိုခေါ်သလဲ။ 
- ၂။ လေအာရဲ့ကျွန်မ ဇိလပက ယာကုပ်အတွက် ဘယ်သားနှစ်ယောက် မွေးပေးခဲ့တာလဲ။ 
- ၃။ ယာကုပ်အတွက် ရာခေလရဲ့ကျွန်မ ဗိလဟာမွေးပေးခဲ့တဲ့ သားနှစ်ယောက် နာမည် ဘယ်လိုခေါ်သလဲ။ 
- ၄။ ရာခေလ ဘယ်သားနှစ်ယောက် မွေးခဲ့တာလဲ၊ ဒုတိယသား မွေးချိန်မှာ ဘာဖြစ်ခဲ့သလဲ။ 
- ၅။ ပုံအတိုင်းဆိုရင် ယာကုပ်မှာ သားဘယ်နှစ်ယောက်ရှိသလဲ၊ သူတို့ဆီက ဘာဆင်းသက်လာတာလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၂၉:၃၂-၃၅; ၃၀:၁-၂၆နှင့် ၃၅:၁၆-၁၉ ကိုဖတ်။ - ယာကုပ်ရဲ့သား ၁၂ ယောက်ကိုကြည့်ရင် ရှေးခေတ်ဟေဗြဲယောက်ျားလေးတွေကို ဘယ်လိုအမည်ပေးလေ့ရှိသလဲ။ 
- ၂။ ကမ္ဘာဦး ၃၇:၃၅ ကိုဖတ်။ - ကျမ်းစာမှာ ဒိနရဲ့နာမည်ကိုပဲ ဖော်ပြထားပေမဲ့ ယာကုပ်မှာ သမီးတစ်ယောက်မက ရှိတယ်ဆိုတာ ဘယ်လိုသိရသလဲ။ (က. ၃၇:၃၄၊ ၃၅) 
ပုံပြင် ၂၀
ဒိန ဒုက္ခတွေ့တဲ့အကြောင်း
- ၁။ အာဗြဟံနဲ့ ဣဇာက်တို့ဟာ သူတို့ရဲ့သားသမီးတွေကို ခါနာန်ပြည်သားတွေနဲ့ အိမ်ထောင်မပြုစေချင်တာ ဘာကြောင့်လဲ။ 
- ၂။ ခါနာန်အမျိုးသမီးတွေနဲ့ သူ့သမီး မိတ်ဖွဲ့တာကို ယာကုပ်သဘောကျရဲ့လား။ 
- ၃။ ပုံထဲမှာ ဒိနကိုကြည့်နေတဲ့လူက ဘယ်သူလဲ၊ ဘယ်မကောင်းမှုကို သူလုပ်ခဲ့သလဲ။ 
- ၄။ အဖြစ်အပျက်ကို ဒိနရဲ့အစ်ကို ရှိမောင်နဲ့လေဝိကြားတဲ့အခါ ဘာလုပ်ခဲ့ကြသလဲ။ 
- ၅။ ရှိမောင်နဲ့လေဝိတို့ ဒီလိုလုပ်တာကို ယာကုပ်သဘောတူခဲ့သလား။ 
- ၆။ မိသားစုပြဿနာအားလုံး ဘယ်လိုစတင်ခဲ့တာလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၃၄:၁-၃၁ ကိုဖတ်။ - (က) ခါနာန်ပြည်အမျိုးသမီးတွေနဲ့ ဒိနပေါင်းဖော်တာ တစ်ခါတစ်ခေါက်ပဲလား။ ရှင်းပြပါ။ (က. ၃၄:၁၊ ကဘ– ယာကုပ်၏မယား၊ လေအာဖွားမြင်သောသမီးဒိနသည် ထိုပြည်၏အမျိုးသမီးတို့ကို အကြည့်အရှုသွားလေ့ရှိ၏။) 
- (ခ) အပျိုရည်ပျက်သွားခြင်းအတွက် ဒိနမှာ ပိုပြီးတာဝန်ရှိတာ ဘာကြောင့်လဲ။ (ဂလ. ၆:၇) 
- (ဂ) ဒိနရဲ့သတိပေးနမူနာကို နှလုံးသွင်းထားကြောင်း ခုခေတ်လူငယ်တွေ ဘယ်လို တင်ပြနိုင်သလဲ။ (သု. ၁၃:၂၀; ၁ ကော. ၁၅:၃၃; ၁ ယော. ၅:၁၉) 
 
ပုံပြင် ၂၁
ယောသပ်ကို သူ့အစ်ကိုတွေ မုန်းတဲ့အကြောင်း
- ၁။ အစ်ကိုတွေက ယောသပ်ကို ဘာကြောင့်မနာလိုဖြစ်ကြတာလဲ၊ သူတို့ဘာလုပ်ခဲ့ကြသလဲ။ 
- ၂။ ယောသပ်ရဲ့အစ်ကိုတွေက သူ့ကိုဘာလုပ်ပစ်ချင်ကြသလဲ၊ ဒါပေမဲ့ ရုဗင်ဘာပြောသလဲ။ 
- ၃။ ဣရှမေလလူမျိုးကုန်သည်တွေလာတော့ ဘာဖြစ်သွားသလဲ။ 
- ၄။ ယောသပ်သေပြီလို့ သူတို့အဖေထင်စေဖို့ ယောသပ်ရဲ့အစ်ကိုတွေ ဘာလုပ်ခဲ့ကြသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၃၇:၁-၃၅ ကိုဖတ်။ - (က) အသင်းတော်အတွင်း အမှားလုပ်တာကို အကြောင်းကြားခြင်းအားဖြင့် ယောသပ်ရဲ့ပုံနမူနာကို ခရစ်ယာန်တွေ ဘယ်လိုအတုယူနိုင်သလဲ။ (က. ၃၇:၂; ဝတ်. ၅:၁; ၁ ကော. ၁:၁၁) 
- (ခ) ဘာက ယောသပ်ရဲ့အစ်ကိုတွေကို သစ္စာမဲ့စေတာလဲ။ (က. ၃၇:၁၁၊ ၁၈; သု. ၂၇:၄; ယာ. ၃:၁၄-၁၆) 
- (ဂ) ယာကုပ်ရဲ့ဘယ်လုပ်ရပ်က ဝမ်းနည်းပူဆွေးမှုရဲ့ သာမန်အပြုအမူတစ်ခုဖြစ် သလဲ။ (က. ၃၇:၃၅) 
 
ပုံပြင် ၂၂
ယောသပ်ထောင်ကျတဲ့ အကြောင်း
- ၁။ ယောသပ်ကို အီဂျစ်ပြည်ခေါ်သွားတဲ့အချိန်မှာ သူအသက်ဘယ်လောက်ရှိပြီလဲ၊ ဟိုကိုရောက်တော့ ဘာဖြစ်သလဲ။ 
- ၂။ ယောသပ် ဘယ်လိုလုပ်ပြီး ထောင်ကျသွားတာလဲ။ 
- ၃။ ထောင်ထဲမှာ ယောသပ် ဘာတာဝန်ရခဲ့သလဲ။ 
- ၄။ ထောင်ထဲမှာ ဖာရောရဲ့ဖလားတော်ဝန်နဲ့ စားတော်ဝန်တို့အတွက် ယောသပ် ဘာလုပ်ပေးခဲ့သလဲ။ 
- ၅။ ဖလားတော်ဝန် ထောင်ကလွတ်ပြီးနောက် ဘာဖြစ်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၃၉:၁-၂၃ ကိုဖတ်။ - ယောသပ်ခေတ်မှာ သူ့သားအိမ်ရာပြစ်မှားခြင်းကို တားမြစ်တဲ့ ဘုရားပေးပညတ် မရှိသေးဘူးဆိုတော့ ပေါတိဖာရဲ့မိန်းမဆီက ထွက်ပြေးအောင် သူ့ကို ဘာကလှုံ့ဆော်ပေးခဲ့တာလဲ။ (က. ၂:၂၄; ၂၀:၃; ၃၉:၉) 
- ၂။ ကမ္ဘာဦး ၄၀:၁-၂၃ ကိုဖတ်။ - (က) ဖလားတော်ဝန်ရဲ့အိပ်မက်နဲ့ ယောသပ်ကို ဘုရားသခင်ဖွင့်ပြခဲ့တဲ့ အိပ်မက် အဓိပ္ပာယ်ကို အတိုချုပ်ပြောပြပါ။ (က. ၄၀:၉-၁၃) 
- (ခ) စားတော်ဝန် ဘာအိပ်မက်မက်ခဲ့သလဲ၊ ဘာအဓိပ္ပာယ်ရှိသလဲ။ (က. ၄၀:၁၆-၁၉) 
- (ဂ) ဒီကနေ့ သစ္စာနဲ့သတိပညာရှိကျွန် အတန်းအစားဟာ ယောသပ်ရဲ့သဘောထားကို ဘယ်လိုတုပခဲ့ပြီလဲ။ (က. ၄၀:၈; ဆာ. ၃၆:၉; ယော. ၁၇:၁၇; တ. ၁၇:၂၊ ၃) 
- (ဃ) ကမ္ဘာဦး ၄၀:၂၀ က မွေးနေ့ပွဲကျင်းပခြင်းနဲ့ပတ်သက်တဲ့ ခရစ်ယာန်တွေရဲ့ အမြင်ကို ဘယ်လိုအလင်းဖြာပေးသလဲ။ (ဒေ. ၇:၁; မာ. ၆:၂၁-၂၈) 
 
ပုံပြင် ၂၃
ဖာရောရဲ့ အိပ်မက်တွေအကြောင်း
- ၁။ တစ်ညမှာ ဖာရောဘာကို ကြုံကြိုက်ရသလဲ။ 
- ၂။ ဖလားတော်ဝန်ဟာ နောက်ဆုံးတော့ ယောသပ်ကို ဘာလို့သတိရမိတာလဲ။ 
- ၃။ ပုံမှာပြထားတဲ့အတိုင်း ဘယ်အိပ်မက်နှစ်ခုကို ဖာရောမက်ခဲ့သလဲ။ 
- ၄။ ယောသပ်က အဲဒီအိပ်မက်တွေ ဘာကိုဆိုလိုတယ်လို့ ပြောသလဲ။ 
- ၅။ ယောသပ်ဟာ ဖာရောပြီးရင် အီဂျစ်ပြည်မှာ အရေးအကြီးဆုံးလူ ဘယ်လိုဖြစ်လာတာလဲ။ 
- ၆။ ယောသပ်ရဲ့အစ်ကိုတွေ ဘာကြောင့် အီဂျစ်ပြည်ကို လာတာလဲ၊ သူ့ကိုမမှတ်မိကြတာ ဘာဖြစ်လို့လဲ။ 
- ၇။ ဘယ်အိပ်မက်ကို ယောသပ်ပြန်သတိရမိသလဲ၊ အဲဒါက ဘာကိုသဘောပေါက်စေသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၄၁:၁-၅၇ ကိုဖတ်။ - (က) ယောသပ်ဟာ ယေဟောဝါကို ဘယ်လိုအာရုံစိုက်စေခဲ့သလဲ၊ သူ့ရဲ့ပုံသက်သေကို ခုခေတ်ခရစ်ယာန်တွေ ဘယ်လိုနည်းနဲ့ အတုယူနိုင်သလဲ။ (က. ၄၁:၁၆၊ ၂၅၊ ၂၈; မ. ၅:၁၆; ၁ ပေ. ၂:၁၂) 
- (ခ) အီဂျစ်ပြည်မှာ အစာပေါများတဲ့နှစ်တွေပြီးတော့ အစာခေါင်းပါးတဲ့နှစ်တွေ လိုက်လာခြင်းက ခုခေတ် ယေဟောဝါလူမျိုးတော်နဲ့ ခရစ်ယာန်ဘောင်တို့ရဲ့ ဝိညာဉ်ရေးအခြေအနေ လုံးဝခြားနားကြာင်း ဘယ်လိုဖော်ပြသလဲ။ (က. ၄၁:၂၉၊ ၃၀; အာ. ၈:၁၁၊ ၁၂) 
 
- ၂။ ကမ္ဘာဦး ၄၂:၁-၈ နှင့် ၅၀:၂၀ ကိုဖတ်။ - တိုင်းပြည်ရဲ့ထုံးစံဖြစ်မယ်ဆိုရင် ယေဟောဝါကိုဝတ်ပြုသူတွေဟာ လူတစ်ယောက်ရဲ့ ရာထူးကို ရိုသေလေးစားတဲ့အနေနဲ့ ဦးညွတ်တာ မှားသလား။ (က. ၄၂:၆) 
ပုံပြင် ၂၄
ယောသပ် သူ့အစ်ကိုတွေကို စမ်းသပ်တဲ့အကြောင်း
- ၁။ သူ့အစ်ကိုတွေကို သူလျှိုတွေလို့ ယောသပ်ဘာကြောင့်စွပ်စွဲတာလဲ။ 
- ၂။ ယာကုပ်ဟာ သူ့ရဲ့သားထွေး ဗင်ယာမိန်ကို ဘာကြောင့် အီဂျစ်ပြည်လိုက်သွားစေတာလဲ။ 
- ၃။ ယောသပ်ရဲ့ငွေဖလားဟာ ဗင်ယာမိန်ရဲ့အိတ်ထဲ ဘယ်လိုရောက်နေတာလဲ။ 
- ၄။ ဗင်ယာမိန်လွတ်မြောက်ဖို့ ယုဒဘယ်လိုစကားကမ်းလှမ်းခဲ့သလဲ။ 
- ၅။ ယောသပ်ရဲ့အစ်ကိုတွေ ဘယ်လိုပြောင်းလဲသွားပြီလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၄၂:၉-၃၈ ကိုဖတ်။ - ကမ္ဘာဦး ၄၂:၁၈ မှာပါတဲ့ ယောသပ်ရဲ့စကားဟာ ဒီနေ့ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ တာဝန်ရှိသူတွေအတွက် တကယ်ကောင်းတဲ့သတိပေးချက် ဘယ်လိုဖြစ်သလဲ။ (နေ. ၅:၁၅; ၂ ကော. ၇:၁၊ ၂) 
- ၂။ ကမ္ဘာဦး ၄၃:၁-၃၄ ကိုဖတ်။ 
- ၃။ ကမ္ဘာဦး ၄၄:၁-၃၄ ကိုဖတ်။ - (က) သူဘယ်သူလဲဆိုတာ အစ်ကိုတွေမသိအောင် ယောသပ် သူ့ကိုယ်သူ ဘယ်လို အယောင်ဆောင်ခဲ့သလဲ။ (က. ၄၄:၅၊ ၁၅၊ သမ္မာ– အရှင်သောက်သည့်ဖလား မဟုတ်လော။ ထိုဖလားနှင့် အနာဂတ်ဟောတတ်သည်မဟုတ်လော; ဝတ်. ၁၉:၂၆) 
- (ခ) ယောသပ်ရဲ့အစ်ကိုတွေဟာ သူတို့ရဲ့ညီအပေါ် အရင်ကရှိခဲ့တဲ့ မနာလိုစိတ် အခုမရှိတော့ဘူးဆိုတာ ဘယ်လိုပြခဲ့ကြသလဲ။ (က. ၄၄:၁၃၊ ၃၃၊ ၃၄) 
 
ပုံပြင် ၂၅
မိသားတစ်စု အီဂျစ်ပြည်သို့ပြောင်းသွားတဲ့အကြောင်း
- ၁။ သူဘယ်သူလဲဆိုတာ အစ်ကိုတွေကို ယောသပ်ပြောပြတဲ့အခါ ဘာဖြစ်သလဲ။ 
- ၂။ ယောသပ်ဟာ အစ်ကိုတွေကို ကြင်ကြင်နာနာနဲ့ ဘာတွေရှင်းပြသလဲ။ 
- ၃။ ဖာရောက ယောသပ်ရဲ့အစ်ကိုတွေအကြောင်း သတင်းကြားတော့ ဘာပြောသလဲ။ 
- ၄။ အီဂျစ်ပြည်ကို ပြောင်းရွှေ့ချိန်မှာ ယာကုပ်ရဲ့မိသားစု ဘယ်လောက်ကြီးသလဲ။ 
- ၅။ ယာကုပ်ရဲ့မိသားစုကို ဘယ်လိုခေါ်လာကြသလဲ၊ ဘာကြောင့်လဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ကမ္ဘာဦး ၄၅:၁-၂၈ ကိုဖတ်။ - မိမိရဲ့ကျေးကျွန်တွေအပေါ် အကျိုးယုတ်စေမယ့်အရာကို ကောင်းကျိုးဖြစ်အောင် ယေဟောဝါပြောင်းလဲနိုင်ကြောင်း ယောသပ်နဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းက ဘယ်လိုဖော်ပြသလဲ။ (က. ၄၅:၅-၈; ဟေရှာ. ၈:၁၀; ဖိ. ၁:၁၂-၁၄) 
- ၂။ ကမ္ဘာဦး ၄၆:၁-၂၇ ကိုဖတ်။ - အီဂျစ်ပြည်ကိုအသွား လမ်းမှာ ယာကုပ်ကို ယေဟောဝါ ဘာအာမခံခဲ့သလဲ။ (က. ၄၆:၁-၄ * ကဘ၊ အောက်ခြေမှတ်ချက်၊ တစ်နည်းအားဖြင့် ယာကုပ်သေဆုံးသောအခါ မျက်လုံးများပိတ်ပေးမည်ဖြစ်သည်။) 
ပုံပြင် ၂၆
ယောဘ ဘုရားသခင်ပေါ်မှာ သစ္စာရှိတဲ့အကြောင်း
- ၁။ ယောဘဆိုတာ ဘယ်သူလဲ။ 
- ၂။ စာတန် ဘာလုပ်ဖို့ကြိုးစားခဲ့သလဲ၊ သူအောင်မြင်ခဲ့သလား။ 
- ၃။ စာတန်ဘာလုပ်ကြည့်ဖို့ ယေဟောဝါခွင့်ပေးခဲ့သလဲ၊ ဘာကြောင့်လဲ။ 
- ၄။ ယောဘရဲ့မိန်းမက ‘ဘုရားသခင်ကိုကျိန်ဆဲပြီး သေလိုက်တော့’ ဆိုပြီး ဘာကြောင့်ပြောတာလဲ။ (ပုံကိုရှု။) 
- ၅။ ဒုတိယပုံမှာ မြင်တဲ့အတိုင်း ယောဘကို ယေဟောဝါ ဘယ်လိုကောင်းချီးပေးခဲ့သလဲ၊ ဘာကြောင့်လဲ။ 
- ၆။ ယောဘလိုပဲ တို့တွေ ယေဟောဝါအပေါ် သစ္စာရှိမယ်ဆိုရင် ဘာကောင်းချီးတွေရမလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ယောဘ ၁:၁-၂၂ ကိုဖတ်။ - ခုခေတ်ခရစ်ယာန်တွေ ယောဘကို ဘယ်လိုတုပနိုင်သလဲ။ (ယောဘ ၁:၁; ဖိ. ၂:၁၅; ၂ ပေ. ၃:၁၄) 
- ၂။ ယောဘ ၂:၁-၁၃ ကိုဖတ်။ - စာတန်နှိပ်စက်ညှဉ်းပန်းတာကို ယောဘနဲ့ သူ့ဇနီးတို့ ဘယ်လိုဆန့်ကျင်ဘက်နည်း နှစ်နည်းနဲ့ တုံ့ပြန်ခဲ့ကြသလဲ။ (ယောဘ ၂:၉၊ ၁၀; သု. ၁၉:၃; မိ. ၇:၇; မာလ. ၃:၁၄) 
- ၃။ ယောဘ ၄၂:၁၀-၁၇ ကိုဖတ်။ - (က) သစ္စာရှိဘဝလမ်းစဉ်အတွက် ယောဘနဲ့ ယေရှုတို့ ရရှိခဲ့တဲ့ဆုလာဘ်မှာ ဘာဆင်တူချက်တွေရှိသလဲ။ (ယောဘ ၄၂:၁၂; ဖိ. ၂:၉-၁၁) 
- (ခ) ဘုရားသခင်ကို သမာဓိစောင့်သိတဲ့အတွက် ယောဘရရှိခဲ့တဲ့ကောင်းချီးတွေကိုကြည့်ပြီး တို့တစ်တွေ ဘယ်လိုအားပေးခံရသလဲ။ (ယောဘ ၄၂:၁၀၊ ၁၂; ဟေဗြဲ ၆:၁၀; ယာ. ၁:၂-၄၊ ၁၂; ၅:၁၁) 
 
ပုံပြင် ၂၇
မင်းဆိုးတစ်ပါး အီဂျစ်ပြည်ကို အုပ်ချုပ်တဲ့အကြောင်း
- ၁။ ပုံမှာပါတဲ့ ကြာပွတ်နဲ့လူက ဘယ်သူလဲ၊ ဘယ်သူ့ကို ရိုက်နေတာလဲ။ 
- ၂။ ယောသပ်သေပြီးနောက် ဣသရေလလူတွေ ဘာဖြစ်သွားကြသလဲ။ 
- ၃။ အီဂျစ်လူတွေက ဣသရေလလူတွေကို ဘာဖြစ်လို့ ကြောက်လာတာလဲ။ 
- ၄။ ဣသရေလအမျိုးသမီးတွေကို မီးဖွားပေးတဲ့မိန်းမတွေကို ဖာရောဘယ်လို အမိန့်ပေးခဲ့သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ထွက်မြောက်ရာ ၁:၆-၂၂ ကိုဖတ်။ - (က) အာဗြဟံကိုပေးထားတဲ့ကတိကို ယေဟောဝါဘယ်လိုနည်းနဲ့ စအကောင်အထည်ဖော်ခဲ့သလဲ။ (ထွ. ၁:၇; က. ၁၂:၂; တ. ၇:၁၇) 
- (ခ) ဟေဗြဲဝမ်းဆွဲတွေဟာ အသက်ရဲ့မြင့်မြတ်မှုကို ရိုသေလေးစားကြောင်း ဘယ်လိုပြခဲ့ကြသလဲ။ (ထွ. ၁:၁၇; က. ၉:၆) 
- (ဂ) ဝမ်းဆွဲတွေရဲ့သစ္စာရှိမှုကို ယေဟောဝါ ဘယ်လိုဆုချခဲ့သလဲ။ (ထွ. ၁:၂၀၊ ၂၁; သု. ၁၉:၁၇) 
- (ဃ) အာဗြဟံကနေ ဆင်းသက်လာမယ့် ခရစ်တော်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက်ကို စာတန်ဘယ်လိုဖျက်လိုဖျက်ဆီးလုပ်ခဲ့သလဲ။ (ထွ. ၁:၂၂; မ. ၂:၁၆) 
 
ပုံပြင် ၂၈
နို့စို့ကလေးမောရှေ ဘယ်လိုအသက်ချမ်းသာရခဲ့တဲ့အကြောင်း
- ၁။ ပုံထဲက နို့စို့ကလေးလေးက ဘယ်သူပါလိမ့်၊ ဘယ်သူ့လက်ညှိုးကို သူကိုင်ထားတာလဲ။ 
- ၂။ မောရှေအသတ်မခံရစေဖို့ သူ့မေမေ ဘာလုပ်ခဲ့သလဲ။ 
- ၃။ ပုံထဲက မိန်းကလေးက ဘယ်သူလဲ၊ သူဘာလုပ်ခဲ့သလဲ။ 
- ၄။ ကလေးလေးကို ဖာရောရဲ့သမီးတော်တွေ့သွားတော့ မိရိအံက ဘာအကြံပေးခဲ့သလဲ။ 
- ၅။ မင်းသမီးက မောရှေရဲ့မေမေကို ဘာပြောသလဲ။ 
ထပ်ဆင့်မေးခွန်း–
- ၁။ ထွက်မြောက်ရာ ၂:၁-၁၀ ကိုဖတ်။ - မောရှေနို့စို့ကလေးအရွယ်မှာ သူ့ကိုလေ့ကျင့်သင်ကြားပေးဖို့ ဘယ်အခွင့်အရေးကို မောရှေရဲ့မေမေရခဲ့သလဲ၊ ဒီကနေ့ မိဘတွေအတွက် ဘာပုံသက်သေထားပေး သလဲ။ (ထွ. ၂:၉၊ ၁၀; တရား. ၆:၆-၉; သု. ၂၂:၆; ဧ. ၆:၄; ၂ တိ. ၃:၁၅) 
ပုံပြင် ၂၉
မောရှေဘာကြောင့်ထွက်ပြေးရတဲ့ အကြောင်း
- ၁။ မောရှေဘယ်မှာ ကြီးပြင်းလာသလဲ၊ ဒါပေမဲ့ သူ့မိဘတွေအကြောင်း သူဘာသိထားသလဲ။ 
- ၂။ အသက် ၄၀ ရောက်တော့ မောရှေ ဘာလုပ်ခဲ့သလဲ။ 
- ၃။ ရန်ဖြစ်နေတဲ့ ဣသရေလလူတစ်ယောက်ကို မောရှေ ဘာပြောခဲ့သလဲ၊ သူဘာပြန်ပြောခံရသလဲ။ 
- ၄။ အီဂျစ်ပြည်ကနေ မောရှေ ဘာလို့ထွက်ပြေးတာလဲ။ 
- ၅။ မောရှေ ဘယ်ကိုထွက်ပြေးခဲ့သလဲ၊ အဲဒီမှာ သူဘယ်သူနဲ့တွေ့သလဲ။ 
- ၆။ အီဂျစ်ပြည်က ထွက်ပြေးပြီးနောက် အနှစ် ၄၀ အတွင်း မောရှေ ဘာလုပ်ခဲ့သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ထွက်မြောက်ရာ ၂:၁၁-၂၅ ကိုဖတ်။ - အီဂျစ်အတတ်ပညာကို နှစ်ချီသင်ယူခဲ့ပေမဲ့ မောရှေဟာ ယေဟောဝါနဲ့ သူ့လူမျိုးအပေါ် သစ္စာရှိကြောင်း ဘယ်လိုတင်ပြခဲ့သလဲ။ (ထွ. ၂:၁၁၊ ၁၂; ဟေဗြဲ ၁၁:၂၆) 
- ၂။ တမန်တော် ၇:၂၂-၂၉ ကိုဖတ်။ - ဣသရေလလူမျိုးကို အီဂျစ်ပြည်ကျွန်ဘဝကနေ ကယ်နုတ်ဖို့ မောရှေကြိုးပမ်း ခြင်းကနေ တို့တစ်တွေ ဘာသင်ခန်းစာရနိုင်သလဲ။ (တ. ၇:၂၃-၂၅; ၁ ပေ. ၅:၆၊ ၁၀) 
ပုံပြင် ၃၀
မီးလောင်နေတဲ့ချုံအကြောင်း
- ၁။ ပုံထဲမှာပါတဲ့တောင်ကို ဘယ်လိုခေါ်သလဲ။ 
- ၂။ သိုးတွေနဲ့အတူ အဲဒီတောင်ပေါ်ရောက်သွားတဲ့အခါ မောရှေ မြင်တွေ့ခဲ့ရတဲ့ အထူးအဆန်းကို ပြောပြပါ။ 
- ၃။ မီးလောင်နေတဲ့ချုံထဲကအသံက ဘာပြောသလဲ၊ အဲဒါ ဘယ်သူ့အသံလဲ။ 
- ၄။ ဘုရားသခင်က မောရှေဟာ ဘုရားသခင့်လူမျိုးတော်ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ဖို့ ဦးဆောင်ရမယ်လို့ပြောတဲ့အခါ သူဘယ်လိုဖြေခဲ့သလဲ။ 
- ၅။ ဘယ်သူလွှတ်လိုက်တာလဲလို့ မောရှေကို လူတွေမေးလာရင် ဘုရားသခင် ဘယ်လိုဖြေခိုင်းသလဲ။ 
- ၆။ ဘုရားသခင်လွှတ်လိုက်တယ်ဆိုတာကို မောရှေဘယ်လိုသက်သေထူနိုင်မလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၂။ ထွက်မြောက်ရာ ၃:၁-၂၂ ကိုဖတ်။ - သီအိုကရက်တစ်တာဝန်တွေကို ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ခံစားရရင်တောင် တို့တစ်တွေကို ယေဟောဝါထောက်မပေးမယ်ဆိုတာ မောရှေရဲ့တွေ့ကြုံမှုက ဘယ်လိုစိတ်ချစေသလဲ။ (ထွ. ၃:၁၁၊ ၁၃; ၂ ကော. ၃:၅၊ ၆) 
- ၂။ ထွက်မြောက်ရာ ၄:၁-၂၀ ကိုဖတ်။ - (က) မိဒျန်ပြည်မှာ အနှစ် ၄၀ နေနေတုန်း မောရှေရဲ့ဘယ်စိတ်ထား ပြောင်းလဲသွားခဲ့သလဲ၊ အသင်းတော်အခွင့်အရေးတွေကို လက်လှမ်းနေသူတွေ ဒီအဖြစ်အပျက်ကနေ ဘာသင်ယူနိုင်သလဲ။ (ထွ. ၂:၁၁၊ ၁၂; ၄:၁၀၊ ၁၃; မိ. ၆:၈; ၁ တိ. ၃:၁၊ ၆၊ ၁၀) 
- (ခ) အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါဆုံးမပဲ့ပြင်တာကို တို့တစ်တွေခံရရင်လည်း မောရှေရဲ့ပုံနမူနာက တို့တစ်တွေကို ဘာစိတ်ချစေနိုင်သလဲ။ (ထွ. ၄:၁၂-၁၄; ဆာ. ၁၀၃:၁၄; ဟေဗြဲ ၁၂:၄-၁၁) 
 
ပုံပြင် ၃၁
မောရှေနဲ့အာရုန် ဖာရောကိုသွားတွေ့တဲ့အကြောင်း
- ၁။ မောရှေနဲ့အာရုန်တို့ လုပ်ပြခဲ့ကြတဲ့ အံ့ဩစရာတွေက ဣသရေလလူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။ 
- ၂။ မောရှေနဲ့အာရုန်က ဖာရောကို ဘာပြောခဲ့ကြသလဲ၊ ဖာရောဘယ်လိုဖြေခဲ့သလဲ။ 
- ၃။ ပုံထဲမှာပြထားတဲ့အတိုင်း အာရုန်က သူ့လှံတံကို အောက်ပစ်ချတဲ့အခါ ဘာဖြစ်ခဲ့သလဲ။ 
- ၄။ ဖာရောကို ယေဟောဝါ ဘယ်လိုသင်ခန်းစာပေးခဲ့သလဲ၊ ဖာရော ဘယ်လို တုံ့ပြန်ခဲ့သလဲ။ 
- ၅။ ဆယ်ခုမြောက်ကပ်ဘေးပြီးတဲ့နောက် ဘာဖြစ်ခဲ့သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ထွက်မြောက်ရာ ၄:၂၇-၃၁ နှင့် ၅:၁-၂၃ ကိုဖတ်။ - ဖာရောက “ယေဟောဝါကို ငါလုံးလုံးမသိ” ဆိုပြီးပြောတဲ့အခါ သူဘာကိုဆိုလို တာလဲ။ (ထွ. ၅:၂၊ ကဘ; ၁ ရာ. ၂:၁၂; ရော. ၁:၂၁) 
- ၂။ ထွက်မြောက်ရာ ၆:၁-၁၃၊ ၂၆-၃၀ ကိုဖတ်။ - (က) ယေဟောဝါဟာ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်တို့ကို ဘယ်လိုသဘောနဲ့ မိမိကိုယ်ကို မဖော်ပြခဲ့တာလဲ။ (ထွ. ၃:၁၃၊ ၁၄; ၆:၃; က. ၁၂:၈; ၂၂:၁၄) 
- (ခ) လွှဲအပ်ခံရတဲ့တာဝန်ကို ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ မောရှေယူဆခဲ့ပေမဲ့ မောရှေကို ယေဟောဝါအသုံးပြုခဲ့တာ သိရခြင်းက တို့တစ်တွေကို ဘယ်လိုခံစားစေသလဲ။ (ထွ. ၆:၁၂၊ ၃၀; လု. ၂၁:၁၃-၁၅) 
 
- ၃။ ထွက်မြောက်ရာ ၇:၁-၁၃ ကိုဖတ်။ - (က) မောရှေနဲ့အာရုန်တို့ဟာ သတ္တိရှိရှိနဲ့ ဖာရောကို ယေဟောဝါရဲ့စီရင်ချက် ပြောပြတဲ့အခါ ခုခေတ် ဘုရားသခင့်ကျေးကျွန်တွေအတွက် ဘယ်လိုပုံနမူနာချမှတ်ခဲ့ကြသလဲ။ (ထွ. ၇:၂၊ ၃၊ ၆; တ. ၄:၂၉-၃၁) 
- (ခ) အီဂျစ်ဘုရားတွေထက် တန်ခိုးသာလွန်ကြောင်း ယေဟောဝါ ဘယ်လိုဖော်ပြခဲ့သလဲ။ (ထွ. ၇:၁၂; ၅ ရာ. ၂၉:၁၂) 
 
ပုံပြင် ၃၂
ကပ်ကြီး ၁၀ ပါးအကြောင်း
- ၁။ ပြထားတဲ့ပုံတွေကိုကြည့်ပြီး အီဂျစ်ပြည်အပေါ် ယေဟောဝါကျရောက်စေခဲ့တဲ့ ပထမကပ်ဘေးသုံးခုကို ပြောပြပါ။ 
- ၂။ ပထမကပ်ဘေးသုံးခုနဲ ကျန်တဲ့ကပ်ဘေးတွေ ဘယ်လိုမတူတာလဲ။ 
- ၃။ စတုတ္ထ၊ ပဉ္စမနဲ့ ဆဋ္ဌမကပ်ဘေးတွေက ဘာတွေလဲ။ 
- ၄။ သတ္တမ၊ အဋ္ဌမနဲ့ နဝမမြောက် ကပ်ဘေးတွေကို ပြောပြပါ။ 
- ၅။ ဒသမကပ်ဘေးမတိုင်ခင် ဣသရေလလူတွေကို ယေဟောဝါ ဘာပြောခဲ့သလဲ။ 
- ၆။ ဒသမကပ်ဘေးက ဘာလဲ၊ အဲဒီကပ်ဘေးပြီးတော့ ဘာဖြစ်ခဲ့သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ထွက်မြောက်ရာ ၇:၁၉–၈:၂၃ ကိုဖတ်။ - (က) ယေဟောဝါရဲ့ပထမကပ်ဘေးနှစ်ခုကို အီဂျစ်မှော်ဆရာပုရောဟိတ်တွေ ထပ်တူပြုလုပ်နိုင်ခဲ့ပေမဲ့ တတိယကပ်ဘေးပြီးတော့ သူတို့ဘာကို မဖြစ်မနေဝန်ခံခဲ့ရသလဲ။ (ထွ. ၈:၁၈၊ ၁၉; မ. ၁၂:၂၄-၂၈) 
- (ခ) စတုတ္ထကပ်ဘေးက မိမိရဲ့လူမျိုးတော်ကို ယေဟောဝါကာကွယ်နိုင်ကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ၊ ဒါကိုသိထားခြင်းက ကြိုပြောထားတဲ့ “ကြီးစွာသောဆင်းရဲဒုက္ခ” ကိုရင်ဆိုင်ရတဲ့အခါ ဘုရားသခင့်လူမျိုးတော်ကို ဘယ်လိုခံစားစေမလဲ။ (ထွ. ၈:၂၂၊ ၂၃; ဗျာ. ၇:၁၃၊ ၁၄; ၆ ရာ. ၁၆:၉) 
 
- ၂။ ထွက်မြောက်ရာ ၈:၂၄; ၉:၃၊ ၆၊ ၁၀၊ ၁၁၊ ၁၄၊ ၁၆၊ ၂၃-၂၅; နှင့် ၁၀: ၁၃-၁၅၊ ၂၁-၂၃ ကိုဖတ်။ - (က) ကပ်ဘေးဆယ်ခုအားဖြင့် ဘယ်အုပ်စုနှစ်စု ဖော်ထုတ်ခံရသလဲ၊ အဲဒါက ဒီကနေ့ အဲဒီအုပ်စုတွေအပေါ် တို့တစ်တွေရဲ့ရှုမြင်ပုံအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။ (ထွ. ၈:၁၀၊ ၁၈၊ ၁၉; ၉:၁၄) 
- (ခ) စာတန်ကို ခုချိန်ထိရှိနေဖို့ ယေဟောဝါခွင့်ပြုရတဲ့အကြောင်းကို ထွက်မြောက်ရာ ၉:၁၆ က ဘယ်လိုနားလည်စေသလဲ။ (ရော. ၉:၂၁၊ ၂၂) 
 
- ၃။ ထွက်မြောက်ရာ ၁၂:၂၁-၃၂ ကိုဖတ်။ - ပသခါပွဲက လူအတော်များများကို ဘယ်လိုကယ်တင်နိုင်ခဲ့သလဲ၊ ပသခါပွဲက ဘာကိုညွှန်ပြသလဲ။ (ထွ. ၁၂:၂၁-၂၃; ယော. ၁:၂၉; ရော. ၅:၁၈၊ ၁၉၊ ၂၁; ၁ ကော. ၅:၇) 
ပုံပြင် ၃၃
ပင်လယ်နီကို ဖြတ်ကူးတဲ့အကြောင်း
- ၁။ ဣသရေလအမျိုးသား၊ အမျိုးသမီးနဲ့ ကလေးဘယ်လောက် အီဂျစ်ပြည်က ထွက်ခဲ့ကြသလဲ၊ သူတို့နဲ့ ဘယ်သူတွေ လိုက်သွားကြသလဲ။ 
- ၂။ ဣသရေလလူတွေကို လွှတ်လိုက်ပြီးနောက် ဖာရောစိတ် ဘယ်လိုဖြစ်လာသလဲ၊ သူဘာလုပ်ခဲ့သလဲ။ 
- ၃။ သူ့လူတွေနောက် အီဂျစ်လူတွေ လိုက်လာတာကိုတားဆီးဖို့ ယေဟောဝါ ဘာလုပ်ခဲ့သလဲ။ 
- ၄။ ပင်လယ်နီအပေါ် မောရှေရဲ့လှံတံကို ဆန့်တန်းလိုက်တော့ ဘာဖြစ်လာပြီး ဣသရေလလူတွေ ဘာလုပ်ခဲ့ကြသလဲ။ 
- ၅။ အီဂျစ်လူတွေ ပင်လယ်ထဲဆင်းပြီး ဣသရေလလူတွေနောက်လိုက်တဲ့အခါ ဘာဖြစ်ခဲ့သလဲ။ 
- ၆။ ဣသရေလလူတွေ အသက်ချမ်းသာရာရခဲ့တဲ့အတွက် ဝမ်းမြောက်ကြောင်း၊ ယေဟောဝါကိုကျေးဇူးတင်ကြောင်း ဘယ်လိုတင်ပြခဲ့ကြသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ထွက်မြောက်ရာ ၁၂:၃၃-၃၆ ကိုဖတ်။ - အီဂျစ်လူတွေလက်မှာ ကျွန်ခံခဲ့ရတဲ့နှစ်တွေအားလုံးအတွက် သူ့လူတွေ ပြန်ပေးဆပ်ခံရဖို့ ယေဟောဝါ ဘယ်လိုဂရုစိုက်ခဲ့သလဲ။ (ထွ. ၃:၂၁၊ ၂၂; ၁၂:၃၅၊ ၃၆) 
- ၂။ ထွက်မြောက်ရာ ၁၄:၁-၃၁ ကိုဖတ်။ - ရောက်လာတော့မယ့် အာမဂေဒုန်စစ်ပွဲကို ယေဟောဝါရဲ့ ခုခေတ်ကျေးကျွန်တွေ ရင်ဆိုင်ရတဲ့အခါ ထွက်မြောက်ရာ ၁၄:၁၃၊ ၁၄ မှာ မှတ်တမ်းတင်ထားတဲ့ မောရှေရဲ့စကားတွေက သူတို့အပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲ။ (၆ ရာ. ၂၀:၁၇; ဆာ. ၉၁:၈) 
- ၃။ ထွက်မြောက်ရာ ၁၅:၁-၈၊ ၂၀၊ ၂၁ ကိုဖတ်။ - (က) ယေဟောဝါရဲ့ကျေးကျွန်တွေ ကိုယ်တော့်ကို ဘာကြောင့် ချီးမွမ်းသီချင်းဆိုသင့်သလဲ။ (ထွ. ၁၅:၁၊ ၂; ဆာ. ၁၀၅:၂၊ ၃; ဗျာ. ၁၅:၃၊ ၄) 
- (ခ) ပင်လယ်နီမှာ ယေဟောဝါကိုချီးမွမ်းသီချင်းဆိုခဲ့ကြတဲ့ မိရိအံနဲ့ အမျိုးသမီးတွေဟာ ခုခေတ်ခရစ်ယာန်အမျိုးသမီးတွေအတွက် ဘာပုံသက်သေထားခဲ့သလဲ။ (ထွ. ၁၅:၂၀၊ ၂၁; ဆာ. ၆၈:၁၁) 
 
ပုံပြင် ၃၄
အစားအစာအသစ်အဆန်းတစ်မျိုးအကြောင်း
- ၁။ ပုံထဲမှာ လူတွေဟာ မြေကြီးပေါ်က ဘာတွေကောက်နေကြတာလဲ၊ အဲဒါကို ဘယ်လိုခေါ်သလဲ။ 
- ၂။ မန္နမုန့်ကောက်ယူတာနဲ့ပတ်သက်ပြီး လူတွေကို မောရှေဘာညွှန်ကြားသလဲ။ 
- ၃။ ခြောက်ရက်မြောက်နေ့မှာ လူတွေကို ယေဟောဝါ ဘာမှာကြားသလဲ၊ ဘာကြောင့်လဲ။ 
- ၄။ မန္နမုန့်ကို ခုနစ်ရက်မြောက်နေ့အထိ ချန်ထားတဲ့အခါ ဘာအံ့ဖွယ်ရာကို ယေဟောဝါပြုလုပ်ခဲ့သလဲ။ 
- ၅။ ယေဟောဝါဟာ ဘယ်လောက်ကြာကြာ လူတွေကို မန္နမုန့်ကျွေးမွေးခဲ့သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ထွက်မြောက်ရာ ၁၆:၁-၃၆ နှင့် တောလည်ရာ ၁၁:၇-၉ ကိုဖတ်။ - (က) ခရစ်ယာန်အသင်းတော်မှာ သီအိုကရက်တစ်ခန့်အပ်မှုတွေကို တို့တစ်တွေ လေးစားဖို့လိုကြောင်း ထွက်မြောက်ရာ ၁၆:၈ ကဘယ်လိုဖော်ပြသလဲ။ (ဟေဗြဲ ၁၃:၁၇) 
- (ခ) ဣသရေလလူတွေ တောထဲမှာရှိနေတုန်း နေ့တိုင်း ယေဟောဝါကိုမှီခိုအားထားဖို့ ဘယ်လိုသတိပေးခံခဲ့ကြရသလဲ။ (ထွ. ၁၆:၁၄-၁၆၊ ၃၅; တရား. ၈:၂၊ ၃) 
- (ဂ) မန္နမုန့်ကို ဘယ်ပုံဆောင်အဓိပ္ပာယ်နဲ့ ယေရှုမိန့်တော်မူခဲ့သလဲ၊ ဒီ “ကောင်းကင်မုန့်” ကနေ တို့တစ်တွေ ဘယ်လိုအကျိုးခံစားရသလဲ။ (ယော. ၆:၃၁-၃၅၊ ၄၀) 
 
- ၂။ ယောရှု ၅:၁၀-၁၂ ကိုဖတ်။ - ဣသရေလလူတွေ ဘယ်နှစ်နှစ်လောက် မန္နမုန့်စားခဲ့ကြသလဲ၊ အဲဒါက သူတို့ကို ဘယ်လိုစမ်းသပ်ခဲ့သလဲ၊ အဲဒီမှတ်တမ်းကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (ထွ. ၁၆:၃၅; တော. ၁၁:၄-၆; ၁ ကော. ၁၀:၁၀၊ ၁၁) 
ပုံပြင် ၃၅
ယေဟောဝါ ပညတ်တော်ကိုပေးတဲ့ အကြောင်း
- ၁။ ဣသရေလလူတွေ အီဂျစ်ပြည်ကထွက်ပြီး နှစ်လအကြာမှာ ဘယ်မှာစခန်းချကြသလဲ။ 
- ၂။ ယေဟောဝါက လူတွေကို ဘာလုပ်စေချင်တယ်လို့ မိန့်တော်မူသလဲ၊ သူတို့ရဲ့အဖြေက ဘယ်လိုလဲ။ 
- ၃။ မောရှေကို ယေဟောဝါ ဘာကြောင့် ကျောက်ပြားနှစ်ချပ် ပေးတာလဲ။ 
- ၄။ ယေဟောဝါဟာ ဣသရေလလူတွေကို ပညတ်တော်ဆယ်ပါးအပြင် တခြားဘယ်ပညတ်တွေကို ပေးခဲ့သလဲ။ 
- ၅။ ယေရှုပေးခဲ့တဲ့ ဘယ်ပညတ်နှစ်ခုက အကြီးဆုံးလို့ဆိုသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ထွက်မြောက်ရာ ၁၉:၁-၂၅; ၂၀:၁-၂၁; ၂၄:၁၂-၁၈; နှင့် ၃၁:၁၈ ကိုဖတ်။ - ခရစ်ယာန်ဆက်ကပ်အပ်နှံခြင်းမှာ ဘာတွေပါဝင်တယ်ဆိုတာ တို့တစ်တွေနားလည်အောင် ထွက်မြောက်ရာ ၁၉:၈ မှာ မှတ်တမ်းတင်ထားတဲ့စကားက ဘယ်လိုကူညီပေးသလဲ။ (မ. ၁၆:၂၄; ၁ ပေ. ၄:၁-၃) 
- ၂။ တရားဟောရာ ၆:၄-၆; ဝတ်ပြုရာ ၁၉:၁၈; နှင့် မဿဲ ၂၂:၃၆-၄၀ ကိုဖတ်။ - ခရစ်ယာန်တွေ ဘုရားသခင်နဲ့ အိမ်နီးချင်းကိုချစ်ကြောင်း ဘယ်လိုတင်ပြကြသလဲ။ (မာ. ၆:၃၄; တ. ၄:၂၀; ရော. ၁၅:၂) 
ပုံပြင် ၃၆
ရွှေနွားရုပ် အကြောင်း
- ၁။ ပုံထဲမှာ လူတွေဘာလုပ်နေကြတာတုန်း၊ ဘာကြောင့် ဒီလိုလုပ်ကြတာလဲ။ 
- ၂။ ယေဟောဝါ ဘာဖြစ်လို့စိတ်ဆိုးတာလဲ၊ လူတွေလုပ်နေတာကိုမြင်တဲ့အခါ မောရှေဘာလုပ်သလဲ။ 
- ၃။ လူတချို့ကို မောရှေဘာလုပ်ခိုင်းသလဲ။ 
- ၄။ ဒီပုံပြင်ကနေ တို့တစ်တွေ ဘာသင်ခန်းစာယူသင့်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ထွက်မြောက်ရာ ၃၂:၁-၃၅ ကိုဖတ်။ - (က) မှောက်မှားတဲ့ဘာသာရေးနဲ့ စစ်မှန်တဲ့ဝတ်ပြုရေးရောနှောခြင်းအပေါ် ယေဟောဝါရဲ့သဘောထားကို ဒီမှတ်တမ်းက ဘယ်လိုဖော်ပြသလဲ။ (ထွ. ၃၂:၄-၆၊ ၁၀; ၁ ကော. ၁၀:၇၊ ၁၁) 
- (ခ) သီချင်းဆိုခြင်းနဲ့ ကခုန်ခြင်းစတဲ့ ဖျော်ဖြေမှုကိုရွေးချယ်ရာမှာ ခရစ်ယာန်တွေ ဘာကိုသတိထားသင့်ပါသလဲ။ (ထွ. ၃၂:၁၈၊ ၁၉; ဧ. ၅:၁၅၊ ၁၆; ၁ ယော. ၂:၁၅-၁၇) 
- (ဂ) ဖြောင့်မတ်ခြင်းတရားအတွက် ရပ်တည်ရာမှာ လေဝိအနွယ်ဟာ ဘယ်လိုပုံသက်သေကောင်းပြခဲ့ကြသလဲ။ (ထွ. ၃၂:၂၅-၂၈; ဆာ. ၁၈:၂၅) 
 
ပုံပြင် ၃၇
ဝတ်ပြုရာတဲတော်အကြောင်း
- ၁။ ပုံထဲက အဆောက်အအုံကို ဘယ်လိုခေါ်သလဲ၊ ဘာအတွက် အသုံးပြုတာလဲ။ 
- ၂။ ယေဟောဝါက ဘာကြောင့် တဲတော်ကို တစ်စစီဖြုတ်လို့လွယ်အောင် မောရှေကို ဆောက်ခိုင်းတာလဲ။ 
- ၃။ တဲတော်အစွန်းတစ်ဖက် အခန်းကျဉ်းထဲမှာ ဘာသေတ္တာရှိသလဲ၊ သေတ္တာထဲမှာ ဘာရှိသလဲ။ 
- ၄။ ယဇ်ပုရောဟိတ်မင်းကြီးဖြစ်ဖို့ ဘယ်သူ့ကို ယေဟောဝါရွေးချယ်သလဲ၊ ယဇ်ပုရောဟိတ်မင်းကြီးက ဘာလုပ်ရသလဲ။ 
- ၅။ တဲတော်ရဲ့အခန်းကြီးထဲက ပစ္စည်းသုံးမျိုးကို ပြောပြပါ။ 
- ၆။ တဲတော်ရှိတဲ့ဝင်းထဲမှာ ဘာပစ္စည်းနှစ်မျိုးရှိသလဲ၊ ဘာအတွက်သုံးတာလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ထွက်မြောက်ရာ ၂၅:၈-၄၀; ၂၆:၁-၃၇; ၂၇:၁-၈; နှင့် ၂၈:၁ ကိုဖတ်။ - “သက်သေခံချက်ထားသော သေတ္တာ” ပေါ်မှာရှိတဲ့ ခေရုဗိမ်တွေက ဘာကိုကိုယ်စားပြုခဲ့သလဲ။ (ထွ. ၂၅:၂၀၊ ၂၂; တော. ၇:၈၉; ၄ ရာ. ၁၉:၁၅) 
- ၂။ ထွက်မြောက်ရာ ၃၀:၁-၁၀၊ ၁၇-၂၁; ၃၄:၁၊ ၂; နှင့် ဟေဗြဲ ၉:၁-၅ ကိုဖတ်။ - (က) တဲတော်မှာအမှုထမ်းတဲ့ ယဇ်ပုရောဟိတ်တွေ ကိုယ်ခန္ဓာသန့်ရှင်းနေဖို့အရေးပါကြောင်း ယေဟောဝါ ဘာကြောင့် အလေးပေးပြောခဲ့တာလဲ၊ အဲဒါက တို့တစ်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။ (ထွ. ၃၀:၁၈-၂၁; ၄၀:၃၀၊ ၃၁; ဟေဗြဲ ၁၀:၂၂) 
- (ခ) ဟေဗြဲခရစ်ယာန်တွေကို စာရေးသားချိန်မှာ တဲတော်နဲ့ ပဋိညာဉ်တရား ခေတ်ကုန်သွားပြီဆိုတာ တမန်တော်ပေါလု ဘယ်လိုဖော်ပြခဲ့သလဲ။ (ဟေဗြဲ ၉:၁၊ ၉; ၁၀:၁) 
 
ပုံပြင် ၃၈
သူလျှို ၁၂ ယောက်အကြောင်း
- ၁။ ပုံထဲက စပျစ်ခိုင်နဲ့ပတ်သက်လို့ ဘာကိုသတိထားမိသလဲ၊ ဘယ်ကရလာတာလဲ။ 
- ၂။ မောရှေက သူလျှို ၁၂ ယောက်ကို ဘာကြောင့် ခါနာန်ပြည်ကို စေလွှတ်တာလဲ။ 
- ၃။ သူလျှိုဆယ်ယောက်က မောရှေကို ဘာသတင်းပြန်ပေးသလဲ။ 
- ၄။ သူလျှိုနှစ်ယောက်က ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ဘယ်လိုပြခဲ့ကြသလဲ၊ သူတို့နာမည် ဘယ်လိုခေါ်သလဲ။ 
- ၅။ ယေဟောဝါ ဘာကြောင့်စိတ်ဆိုးတာလဲ၊ မောရှေကို ဘယ်လိုမှာကြား သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တောလည်ရာ ၁၃:၁-၃၃ ကိုဖတ်။ - (က) ပြည်ကိုစူးစမ်းဖို့ ဘယ်သူတွေရွေးချယ်ခံခဲ့ရသလဲ၊ ဘာအခွင့်ထူးကို သူတို့ရခဲ့ကြသလဲ။ (တော. ၁၃:၂၊ ၃၊ ၁၈-၂၀) 
- (ခ) ယောရှုနဲ့ ကာလက်တို့ရဲ့ရှုမြင်ပုံက တခြားသူလျှိုတွေနဲ့ ဘာကြောင့် မတူတာလဲ၊ အဲဒါက တို့တစ်တွေကို ဘာသင်ပေးသလဲ။ (တော. ၁၃:၂၈-၃၀; မ. ၁၇:၂၀; ၂ ကော. ၅:၇) 
 
- ၂။ တောလည်ရာ ၁၄:၁-၃၈ ကိုဖတ်။ - (က) ယေဟောဝါရဲ့ မြေကြီးကိုယ်စားလှယ်တွေကိုဆန့်ကျင်ပြီး ညည်းညူတာနဲ့ပတ်သက်လို့ ဘယ်သတိပေးချက်ကို တို့တစ်တွေ ဂရုပြုသင့်သလဲ။ (တော. ၁၄:၂၊ ၃၊ ၂၇; မ. ၂၅:၄၀၊ ၄၅; ၁ ကော. ၁၀:၁၀) 
- (ခ) ယေဟောဝါဟာ မိမိရဲ့ကျေးကျွန်တစ်ဦးချင်းစီကို စိတ်ဝင်စားကြောင်း တောလည်ရာ ၁၄:၂၄ က ဘယ်လိုဖော်ပြသလဲ။ (၃ ရာ. ၁၉:၁၈; သု. ၁၅:၃) 
 
ပုံပြင် ၃၉
အာရုန်ရဲ့လှံတံ ပန်းပွင့်တဲ့ အကြောင်း
- ၁။ မောရှေနဲ့အာရုန်ရဲ့ အခွင့်အာဏာကို ဘယ်သူဆန့်ကျင်ပုန်ကန်သလဲ၊ မောရှေကို သူတို့ဘာပြောကြသလဲ။ 
- ၂။ ကောရနဲ့ သူ့နောက်လိုက် ၂၅၀ ကို မောရှေ ဘာပြောသလဲ။ 
- ၃။ လူတွေကို မောရှေ ဘာပြောသလဲ၊ ပြောလို့လည်းပြီးရော ဘာဖြစ်သလဲ။ 
- ၄။ ကောရနဲ့သူ့နောက်လိုက် ၂၅၀ ဘာဖြစ်သွားသလဲ။ 
- ၅။ အာရုန်ရဲ့သား ဧလျာဇာဟာ သေသွားတဲ့လူတွေရဲ့ မီးလင်ပန်းတွေကို ဘာလုပ်ခဲ့သလဲ၊ ဘာကြောင့်လဲ။ 
- ၆။ ယေဟောဝါဟာ ဘာကြောင့် အာရုန်ရဲ့လှံတံကို ပန်းတွေပွင့်စေခဲ့တာလဲ။ (ပုံကိုရှု။) 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တောလည်ရာ ၁၆:၁-၄၉ ကိုဖတ်။ - (က) ကောရနဲ့ သူ့နောက်လိုက်တွေ ဘာလုပ်ခဲ့သလဲ၊ အဲဒါက ဘာကြောင့် ယေဟောဝါကို ဆန့်ကျင်ပုန်ကန်တဲ့လုပ်ရပ်ဖြစ်သလဲ။ (တော. ၁၆:၉၊ ၁၀၊ ၁၈; ဝတ်. ၁၀:၁၊ ၂; သု. ၁၁:၂) 
- (ခ) ကောရနဲ့ “ပရိသတ်တွင်အကြီးအကဲ” ဖြစ်တဲ့ လူ ၂၅၀ တို့ဟာ ဘယ်အမြင်မှားကို မွေးခဲ့ကြသလဲ။ (တော. ၁၆:၁-၃၊ သမ္မာ; သု. ၁၅:၃၃; ဟေရှာ. ၄၉:၇) 
 
- ၂။ တောလည်ရာ ၁၇:၁-၁၁ နှင့် ၂၆:၁၀ ကိုဖတ်။ - (က) အဖူးထွက်နေတဲ့ အာရုန်ရဲ့လှံတံက ဘာကိုဖော်ပြသလဲ၊ အဲဒီလှံတံကို သေတ္တာတော်ထဲမှာထားဖို့ ယေဟောဝါ ဘာကြောင့် ညွှန်ကြားခဲ့တာလဲ။ (တော. ၁၇:၅၊ ၈၊ ၁၀; ဟေဗြဲ ၉:၄) 
- (ခ) အာရုန်ရဲ့လှံတံမှတ်သားပြမှုကနေ ဘာအရေးကြီးတဲ့ သင်ခန်းစာကို တို့တစ်တွေ သင်ယူနိုင်သလဲ။ (တော. ၁၇:၁၀; တ. ၂၀:၂၈; ဖိ. ၂:၁၄; ဟေဗြဲ ၁၃:၁၇) 
 
ပုံပြင် ၄၀
မောရှေ ကျောက်ဆောင်ကိုရိုက်တဲ့အကြောင်း
- ၁။ ဣသရေလလူတွေ တောထဲမှာရှိနေတုန်း သူတို့ကို ယေဟောဝါ ဘယ်လိုစောင့်ရှောက်သလဲ။ 
- ၂။ ဣသရေလလူတွေ ကာဒေရှမှာ စခန်းချတဲ့အခါ ဘာညည်းညူကြသလဲ။ 
- ၃။ လူနဲ့ တိရစ္ဆာန်တွေအတွက် ရေရအောင် ယေဟောဝါဘယ်လိုလုပ်ပေးသလဲ။ 
- ၄။ ပုံထဲမှာ သူ့ကိုယ်ကို လက်ညှိုးထိုးနေတဲ့သူက ဘယ်သူလဲ၊ သူဘာဖြစ်လို့ အဲလိုလုပ်တာလဲ။ 
- ၅။ မောရှေနဲ့ အာရုန်ကို ယေဟောဝါ ဘာကြောင့် စိတ်ဆိုးတာလဲ၊ သူတို့ဘယ်လိုဒဏ်ပေးခံရသလဲ။ 
- ၆။ ဟောရတောင်ပေါ်မှာ ဘာဖြစ်ပျက်သလဲ၊ ဘယ်သူဟာ ဣသရေလလူမျိုးရဲ့ ယဇ်ပုရောဟိတ်မင်းကြီး ဖြစ်လာသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တောလည်ရာ ၂၀:၁-၁၃၊ ၂၂-၂၉ နှင့် တရားဟောရာ ၂၉:၅ ကိုဖတ်။ - (က) တောထဲမှာ ဣသရေလလူတွေကို ယေဟောဝါ စောင့်ရှောက်ခဲ့ပုံကနေ တို့တစ်တွေ ဘာသိရှိရသလဲ။ (တရား. ၂၉:၅; မ. ၆:၃၁; ဟေဗြဲ ၁၃:၅; ယာ. ၁:၁၇) 
- (ခ) မောရှေနဲ့အာရုန်တို့ဟာ ဣသရေလလူမျိုးအရှေ့ ယေဟောဝါကို မရိုမသေပြုတာကို ကိုယ်တော်ဘယ်လိုမြင်သလဲ။ (တော. ၂၀:၁၂; ၁ ကော. ၁၀:၁၂; ဗျာ. ၄:၁၁) 
- (ဂ) ယေဟောဝါဆီကရတဲ့ ဆုံးမပဲ့ပြင်မှုကို မောရှေတုံ့ပြန်ပုံကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (တော. ၁၂:၃; ၂၀:၁၂၊ ၂၇၊ ၂၈; တရား. ၃၂:၄; ဟေဗြဲ ၁၂:၇-၁၁) 
 
ပုံပြင် ၄၁
ကြေးဝါမြွေရုပ်အကြောင်း
- ၁။ ပုံထဲမှာ ဘာက တိုင်ကိုပတ်နေသလဲ၊ ယေဟောဝါက အဲဒီမှာမြှောက်ထားဖို့ မောရှေကို ဘာကြောင့် ခိုင်းတာလဲ။ 
- ၂။ ဘုရားသခင်လုပ်ပေးခဲ့တာတွေအားလုံးကို လူတွေ ဘယ်လိုကျေးဇူးကန်းခဲ့ကြသလဲ။ 
- ၃။ သူတို့ကို အဆိပ်ရှိတဲ့မြွေတွေနဲ့ ယေဟောဝါဒဏ်ခတ်ပြီးနောက် လူတွေက မောရှေကို ဘယ်လိုတောင်းပန်ကြသလဲ။ 
- ၄။ ယေဟောဝါက ဘာကြောင့် မောရှေကို ကြေးဝါမြွေတစ်ကောင်လုပ်ခိုင်းတာလဲ။ 
- ၅။ ဒီပုံပြင်ကနေ တို့တစ်တွေ ဘာသင်ခန်းစာရနိုင်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တောလည်ရာ ၂၁:၄-၉ ကိုဖတ်။ - (က) ယေဟောဝါ ထောက်ပံ့ပေးတာတွေကို ဣသရေလလူမျိုး မကျေမနပ် ညည်းညူခဲ့တဲ့အကြောင်းက တို့တစ်တွေကို ဘာသတိပေးနေတာလဲ။ (တော. ၂၁:၅၊ ၆; ရော. ၂:၄) 
- (ခ) နောက်ပိုင်းရာစုနှစ်တွေမှာ အဲဒီကြေးဝါမြွေကို ဣသရေလလူတွေ ဘယ်လိုသုံးခဲ့ကြပြီး ဟေဇကိမင်းက ဘာလုပ်ခဲ့သလဲ။ (တော. ၂၁:၉; ၄ ရာ. ၁၈:၁-၄) 
 
- ၂။ ယောဟန် ၃:၁၄၊ ၁၅ ကိုဖတ်။ - ကြေးဝါမြွေကို တိုင်မှာမြှောက်ပြထားခြင်းက နှက်တိုင်တင်ခံရတဲ့ ယေရှုခရစ်ကို ဘယ်လိုပုံတင်ပြသလဲ။ (ဂလ. ၃:၁၃; ၁ ပေ. ၂:၂၄) 
ပုံပြင် ၄၂
မြည်းတစ်ကောင်စကားပြောတဲ့အကြောင်း
- ၁။ ဗာလက်က ဘယ်သူလဲ၊ ဗာလမ်ကို သူဘာဖြစ်လို့ လူလွှတ်ပြီးခေါ်တာလဲ။ 
- ၂။ ဗာလမ်ရဲ့မြည်းက ဘာဖြစ်လို့ လမ်းပေါ်လှဲချတာလဲ။ 
- ၃။ မြည်းဘာပြောနေတာကို ဗာလမ်ကြားလိုက်ရသလဲ။ 
- ၄။ ကောင်းကင်တမန်တစ်ပါးက ဗာလမ်ကို ဘာပြောသလဲ။ 
- ၅။ ဗာလမ်က ဣသရေလလူမျိုးကို ကျိန်စာတိုက်ဖို့ကြိုးစားတဲ့အခါ ဘာဖြစ်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တောလည်ရာ ၂၁:၂၁-၃၅ ကိုဖတ်။ - အာမောရိဘုရင် ရှိဟုန်နဲ့ ဗာရှန်ဘုရင်သြဃတို့ကို ဣသရေလလူမျိုး ဘာကြောင့် တိုက်ခိုက်အောင်နိုင်ခဲ့တာလဲ။ (တော. ၂၁:၂၁၊ ၂၃၊ ၃၃၊ ၃၄) 
- ၂။ တောလည်ရာ ၂၂:၁-၄၀ ကိုဖတ်။ - ဗာလမ်ရဲ့ ဘာစိတ်ထားကြောင့် ဣသရေလလူမျိုးကို ကျိန်စာတိုက်ဖို့ သူကြိုးစားခဲ့တာလဲ၊ ဒီကနေ တို့တစ်တွေ ဘာသင်ခန်းစာတွေ ရနိုင်သလဲ။ (တော. ၂၂:၁၆၊ ၁၇; သု. ၆:၁၆၊ ၁၈; ၂ ပေ. ၂:၁၅; ယု. ၁၁) 
- ၃။ တောလည်ရာ ၂၃:၁-၃၀ ကိုဖတ်။ - ဗာလမ်ဟာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတစ်ယောက်လို စကားပြောခဲ့ပေမဲ့ သူ့လုပ်ရပ်တွေက ဘယ်လိုတခြားစီဖြစ်ခဲ့သလဲ။ (တော. ၂၃:၃၊ ၁၁-၁၄; ၁ ရာ. ၁၅:၂၂) 
- ၄။ တောလည်ရာ ၂၄:၁-၂၅ ကိုဖတ်။ - ဒီကျမ်းစာမှတ်တမ်းက ယေဟောဝါရဲ့ရည်ရွယ်ချက် အကောင်အထည်ပေါ်မယ်ဆိုတာကို ဘယ်လိုတိုးပြီးယုံကြည်စိတ်ချစေသလဲ။ (တော. ၂၄:၁၀; ဟေရှာ. ၅၄:၁၇) 
ပုံပြင် ၄၃
ယောရှုခေါင်းဆောင်ဖြစ်လာတဲ့ အကြောင်း
- ၁။ ပုံထဲမှာ မောရှေနဲ့အတူရပ်နေတဲ့လူနှစ်ယောက်က ဘယ်သူလဲ။ 
- ၂။ ယောရှုကို ယေဟောဝါ ဘာပြောသလဲ။ 
- ၃။ နေဗောတောင်ထိပ်ကို မောရှေ ဘာကြောင့် တက်တာလဲ၊ သူ့ကို ယေဟောဝါ ဘာပြောသလဲ။ 
- ၄။ မောရှေသေတော့ သူ့အသက် ဘယ်လောက်ရှိပြီလဲ။ 
- ၅။ လူတွေ ဘာကြောင့် ဝမ်းနည်းကြတာလဲ၊ ဒါပေမဲ့ သူတို့မှာ ဝမ်းသာစရာအကြောင်း ဘာရှိသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တောလည်ရာ ၂၇:၁၂-၂၃ ကိုဖတ်။ - ယေဟောဝါဆီက ဘယ်ကြီးလေးတဲ့တာဝန်ကို ယောရှုရရှိခဲ့သလဲ၊ ခုချိန်မှာ မိမိရဲ့လူမျိုးတော်ကို ယေဟောဝါ ကာကွယ်စောင့်ရှောက်ကြောင်း ဘယ်လိုဖော်ပြသလဲ။ (တော. ၂၇:၁၅-၁၉; တ. ၂၀:၂၈; ဟေဗြဲ ၁၃:၇) 
- ၂။ တရားဟောရာ ၃:၂၃-၂၉ ကိုဖတ်။ - ယေဟောဝါဟာ မောရှေနဲ့အာရုန်ကို ကတိထားရာပြည်ထဲ ဝင်ခွင့်မပေးတာ ဘာကြောင့်လဲ၊ ဒီအချက်ကနေ တို့တစ်တွေ ဘာသင်ခန်းစာယူနိုင်သလဲ။ (တရား. ၃:၂၅-၂၇; တော. ၂၀:၁၂၊ ၁၃) 
- ၃။ တရားဟောရာ ၃၁:၁-၈၊ ၁၄-၂၃ ကိုဖတ်။ - ဣသရေလလူမျိုးကိုပြောခဲ့တဲ့ မောရှေရဲ့နှုတ်ဆက်စကားက ယေဟောဝါထံကလာတဲ့ ဆုံးမပဲ့ပြင်မှုကို နှိမ့်ချတဲ့စိတ်နဲ့ သူခံယူကြောင်း ဘယ်လိုဖော်ပြသလဲ။ (တရား. ၃၁:၆-၈၊ ၂၃) 
- ၄။ တရားဟောရာ ၃၂:၄၅-၅၂ ကိုဖတ်။ - ဘုရားသခင့်နှုတ်ကပါဌ်တော်ဟာ တို့တစ်တွေရဲ့အသက်တာအပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။ (တရား. ၃၂:၄၇; ဝတ်. ၁၈:၅; ဟေဗြဲ ၄:၁၂) 
- ၅။ တရားဟောရာ ၃၄:၁-၁၂ ကိုဖတ်။ - မောရှေဟာ ယေဟောဝါကိုယ်တော်တိုင်ကို တစ်ခါမှမမြင်ဖူးပေမဲ့ တရားဟောရာ ၃၄:၁၀ က ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေးအကြောင်း ဘာဖော်ပြသလဲ။ (ထွ. ၃၃:၁၁၊ ၂၀; တော. ၁၂:၈) 
ပုံပြင် ၄၄
ရာခပ်က သူလျှိုတွေကိုဝှက်တဲ့ အကြောင်း
- ၁။ ရာခပ် ဘယ်မှာနေသလဲ။ 
- ၂။ ပုံထဲက အမျိုးသားနှစ်ယောက်က ဘယ်သူတွေလဲ၊ သူတို့ ဘာကြောင့် ယေရိခေါမြို့မှာရှိနေတာလဲ။ 
- ၃။ ယေရိခေါဘုရင်က ရာခပ်ကို ဘာလုပ်ခိုင်းသလဲ၊ သူဘယ်လိုဖြေသလဲ။ 
- ၄။ အမျိုးသားနှစ်ယောက်ကို ရာခပ်ဘယ်လိုကူညီပေးပြီး ဘာအကူအညီတောင်းသလဲ။ 
- ၅။ သူလျှိုနှစ်ယောက်က ရာခပ်ကို ဘာကတိပေးသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ယောရှု ၂:၁-၂၄ ကိုဖတ်။ - ဣသရေလလူတွေ ယေရိခေါမြို့ကိုတိုက်ဖို့လာတဲ့အခါ ထွက်မြောက်ရာ ၂၃:၂၈ မှာမှတ်တမ်းတင်ထားတဲ့ ယေဟောဝါရဲ့ကတိတော် ဘယ်လိုပြည့်စုံခဲ့သလဲ။ (ယောရှု ၂:၉-၁၁) 
- ၂။ ဟေဗြဲ ၁၁:၃၁ ကိုဖတ်။ - ယုံကြည်ခြင်းရှိဖို့အရေးကြီးတယ်ဆိုတာကို ရာခပ်ရဲ့ပုံနမူနာက ဘယ်လိုပေါ်လွင်စေသလဲ။ (ရော. ၁:၁၇; ဟေဗြဲ ၁၀:၃၉; ယာ. ၂:၂၅) 
ပုံပြင် ၄၅
ယော်ဒန်မြစ်ကိုဖြတ်တဲ့ အကြောင်း
- ၁။ ဣသရေလလူတွေ ယော်ဒန်မြစ်ကို ကူးဖြတ်နိုင်ဖို့ ဘာအံ့ဖွယ်ရာကို ယေဟောဝါပြုလုပ်သလဲ။ 
- ၂။ ယော်ဒန်မြစ်ကိုကူးဖြတ်ဖို့ ဘယ်ယုံကြည်တဲ့လုပ်ရပ်ကို ဣသရေလလူတွေ တင်ပြရမလဲ။ 
- ၃။ ယေဟောဝါက ယောရှုကို ဘာဖြစ်လို့ မြစ်ကြမ်းပြင်က ကျောက် ၁၂ လုံးကို စုသိမ်းခိုင်းတာလဲ။ 
- ၄။ ယဇ်ပုရောဟိတ်တွေ ယော်ဒန်မြစ်ထဲက ထွက်တာနဲ့ ဘာဖြစ်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ယောရှု ၃:၁-၁၇ ကိုဖတ်။ - (က) ဒီမှတ်တမ်းဖော်ပြချက်အရ ယေဟောဝါရဲ့အကူအညီနဲ့ ကောင်းချီးကို ခံစားရဖို့ တို့တစ်တွေ ဘာလုပ်ဖို့လိုသလဲ။ (ယောရှု ၃:၁၃၊ ၁၅; သု. ၃:၅; ယာ. ၂:၂၂၊ ၂၆) 
- (ခ) ဣသရေလလူတွေ ကတိထားရာပြည်ကို ကူးဝင်တဲ့အချိန်မှာ ယော်ဒန်မြစ်အခြေအနေ ဘယ်လိုလဲ၊ အဲဒါက ယေဟောဝါရဲ့နာမတော်ကို ဘယ်လိုချီးမွမ်းစရာဖြစ်စေခဲ့သလဲ။ (ယောရှု ၃:၁၅; ၄:၁၈; ဆာ. ၆၆:၅-၇) 
 
- ၂။ ယောရှု ၄:၁-၁၈ ကိုဖတ်။ - ယော်ဒန်မြစ်ထဲကယူပြီး ဂိလဂါလအရပ်မှာ စိုက်ထူထားတဲ့ ကျောက် ၁၂ လုံးက ဘာအဓိပ္ပာယ်ရှိသလဲ။ (ယောရှု ၄:၄-၇၊ ၁၉-၂၄) 
ပုံပြင် ၄၆
ယေရိခေါမြို့ရိုး အကြောင်း
- ၁။ စစ်သည်တွေနဲ့ ယဇ်ပုရောဟိတ်တွေကို ခြောက်ရက်လောက် ယေဟောဝါ ဘာလုပ်ခိုင်းသလဲ။ 
- ၂။ ခုနစ်ရက်မြောက်နေ့မှာ လူတွေ ဘာလုပ်ရမလဲ။ 
- ၃။ ပုံထဲမှာမြင်ရတဲ့အတိုင်း ယေရိခေါမြို့ရိုး ဘာဖြစ်နေတာလဲ။ 
- ၄။ ဘာဖြစ်လို့ ပြတင်းပေါက်ကနေ ကြိုးနီတစ်ချောင်း တွဲလောင်းကျနေတာလဲ။ 
- ၅။ ယောရှုက လူနဲ့မြို့ကို ဘာလုပ်ပစ်ဖို့ စစ်သည်တွေကိုမှာသလဲ၊ ငွေတွေ၊ ရွှေတွေ၊ ကြေးဝါနဲ့ သံတွေကျတော့ကော။ 
- ၆။ သူလျှိုနှစ်ယောက်ကို ဘာလုပ်ခိုင်းသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ယောရှု ၆:၁-၂၅ ကိုဖတ်။ - (က) ခုနစ်ရက်မြောက်နေ့မှာ ဣသရေလလူတွေ ယေရိခေါမြို့ကိုလှည့်ပတ်ခြင်းဟာ ဒီနောက်ဆုံးကာလမှာ ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်းလုပ်ဆောင်မှုတွေနဲ့ ဘယ်လိုဆင်တူသလဲ။ (ယောရှု ၆:၁၅၊ ၁၆; ဟေရှာ. ၆၀:၂၂; မ. ၂၄:၁၄; ၁ ကော. ၉:၁၆) 
- (ခ) နောက်အနှစ် ၅၀၀ လောက်အကြာမှာ ယောရှု ၆:၂၆ မှာပါတဲ့ ပရောဖက်ပြုချက် ဘယ်လိုပြည့်စုံခဲ့သလဲ၊ အဲဒါက ယေဟောဝါရဲ့ စကားနဲ့ပတ်သက်လို့ တို့တစ်တွေကို ဘာသင်ကြားပေးသလဲ။ (၃ ရာ. ၁၆:၃၄; ဟေရှာ. ၅၅:၁၁) 
 
ပုံပြင် ၄၇
ဣသရေလလူမျိုးထဲက သူခိုးတစ်ယောက်အကြောင်း
- ၁။ ပုံထဲမှာ ယေရိခေါမြို့ကရတဲ့ ပစ္စည်းဥစ္စာတွေကို မြေမြှုပ်နေတာ ဘယ်သူလဲ၊ သူ့ကိုကူညီနေကြတဲ့သူတွေကော။ 
- ၂။ အာခန်နဲ့သူ့မိသားစုရဲ့လုပ်ရပ်ဟာ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့ကိစ္စဖြစ်တာလဲ။ 
- ၃။ အာဣမြို့တိုက်ပွဲမှာ ဣသရေလလူတွေ ရှုံးနိမ့်ခဲ့ရတဲ့အကြောင်းကို ယောရှုမေးကြည့်တော့ ယေဟောဝါ ဘာပြောသလဲ။ 
- ၄။ အာခန်နဲ့ သူ့မိသားစုကို ယောရှုဆီခေါ်လာပြီးတဲ့နောက် သူတို့ဘာဖြစ်သွားသလဲ။ 
- ၅။ အာခန် စီရင်ခံရပုံက တို့တစ်တွေကို ဘာအရေးကြီးတဲ့သင်ခန်းစာပေးသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ယောရှု ၇:၁-၂၆ ကိုဖတ်။ - (က) ယောရှုရဲ့ဆုတောင်းချက်တွေက ဖန်ဆင်းရှင်နဲ့ သူ့ရဲ့ဆက်ဆံရေးအကြောင်း ဘာကိုဖော်ပြသလဲ။ (ယောရှု ၇:၇-၉; ဆာ. ၁၁၉:၁၄၅; ၁ ယော. ၅:၁၄) 
- (ခ) အာခန်ရဲ့နမူနာက ဘာကိုဖော်ပြသလဲ၊ တို့တစ်တွေအတွက် ဘယ်လိုသတိပေးချက်ဖြစ်သလဲ။ (ယောရှု ၇:၁၁၊ ၁၄၊ ၁၅; သု. ၁၅:၃; ၁ တိ. ၅:၂၄; ဟေဗြဲ ၄:၁၃) 
 
- ၂။ ယောရှု ၈:၁-၂၉ ကိုဖတ်။ - ဒီကနေ့ ခရစ်ယာန်အသင်းတော်နဲ့ပတ်သက်လို့ တို့တစ်တွေမှာ ဘာတာဝန်ရှိသလဲ။ (ယောရှု ၇:၁၃; ဝတ်. ၅:၁; သု. ၂၈:၁၃) 
ပုံပြင် ၄၈
ပညာရှိတဲ့ ဂိဗောင်မြို့သားတွေ အကြောင်း
- ၁။ ဂိဗောင်မြို့သားတွေဟာ အနီးတစ်ဝိုက်မြို့တွေက ခါနာန်ပြည်သားတွေနဲ့ ဘယ်လိုမတူတာလဲ။ 
- ၂။ ပုံမှာပြထားတဲ့အတိုင်း ဂိဗောင်မြို့သားတွေ ဘာလုပ်ကြသလဲ၊ ဘာကြောင့်လဲ။ 
- ၃။ ယောရှုနဲ့ ဣသရေလခေါင်းဆောင်တွေက ဂိဗောင်မြို့သားတွေကို ဘာကတိပေးလိုက်သလဲ၊ ဒါပေမဲ့ နောက်သုံးရက်ကြာတော့ သူတို့ဘာသိရသလဲ။ 
- ၄။ ဂိဗောင်မြို့သားတွေဟာ ဣသရေလလူမျိုးနဲ့ မိတ်ဖွဲ့ထားကြောင်း တခြားမြို့ကဘုရင်တွေကြားတော့ ဘာဖြစ်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ယောရှု ၉:၁-၂၇ ကိုဖတ်။ - (က) ယေဟောဝါက “ပြည်သူပြည်သားအပေါင်းတို့ကို . . . ပယ်ရှင်း” ဖို့ ဣသရေလလူမျိုးကို မိန့်မှာထားပြီးဖြစ်လို့ ဂိဗောင်မြို့သားတွေကို အသက်ချမ်းသာပေးခြင်းက ကိုယ်တော်ရဲ့ ဘယ်ဂုဏ်ရည်တော်တွေကို ထင်ရှားစေသလဲ။ (ယောရှု ၉:၂၂၊ ၂၄; မ. ၉:၁၃; တ. ၁၀:၃၄၊ ၃၅; ၂ ပေ. ၃:၉) 
- (ခ) ကတိပေးထားတဲ့အတိုင်း ဂိဗောင်မြို့သားတွေကို မသတ်ဘဲနေခြင်းအားဖြင့် ယောရှုဟာ ခုခေတ် ခရစ်ယာန်တွေအတွက် ဘယ်လိုပုံနမူနာကောင်းပြခဲ့သလဲ။ (ယောရှု ၉:၁၈၊ ၁၉; မ. ၅:၃၇; ဧ. ၄:၂၅) 
 
- ၂။ ယောရှု ၁၀:၁-၅ ကိုဖတ်။ - ခုချိန်မှာ ဂိဗောင်မြို့သားတွေကို လူအုပ်ကြီးက ဘယ်လိုအတုယူနေသလဲ၊ ဒါကြောင့် ဘာရဲ့ပစ်မှတ်ဖြစ်လာသလဲ။ (ယောရှု ၁၀:၄; ဇာ. ၈:၂၃; မ. ၂၅:၃၅-၄၀; ဗျာ. ၁၂:၁၇) 
ပုံပြင် ၄၉
နေ ရပ်သွားတဲ့ အကြောင်း
- ၁။ ပုံထဲမှာ ယောရှုဘာပြောနေတာလဲ၊ ဘာကြောင့်လဲ။ 
- ၂။ ယောရှုနဲ့ သူ့စစ်သည်တွေကို ယေဟောဝါဘယ်လိုကူညီသလဲ။ 
- ၃။ ရန်သူဘုရင် ဘယ်နှစ်ပါးကို ယောရှုတိုက်ခိုက်နှိမ်နင်းသလဲ၊ အဲလိုလုပ်ဖို့ ဘယ်နှစ်နှစ်ကြာသလဲ။ 
- ၄။ ခါနာန်ပြည်ကို ယောရှု ဘာဖြစ်လို့ နယ်မြေခွဲဝေတာလဲ။ 
- ၅။ ယောရှုသေတော့ အသက်ဘယ်လောက်ရှိပြီလဲ၊ သူသေပြီးနောက်ပိုင်း လူတွေဘာဖြစ်သွားသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ယောရှု ၁၀:၆-၁၅ ကိုဖတ်။ - ဣသရေလလူမျိုးအတွက် နေနဲ့လရပ်အောင် ယေဟောဝါပြုလုပ်ပေးခဲ့တာကို တို့တစ်တွေသိထားခြင်းက ခုချိန်မှာ ဘာကိုယုံကြည်စိတ်ချစေသလဲ။ (ယောရှု ၁၀:၈၊ ၁၀၊ ၁၂၊ ၁၃; ဆာ. ၁၈:၃; သု. ၁၈:၁၀) 
- ၂။ ယောရှု ၁၂:၇-၂၄ ကိုဖတ်။ - ခါနာန်ဘုရင် ၃၁ ပါးကို တကယ်တမ်း တာဝန်ယူတိုက်ခိုက်ခဲ့တာ ဘယ်သူလဲ၊ အဲဒါက ဒီကနေ့ တို့တစ်တွေအတွက် ဘာကြောင့် အရေးကြီးတာလဲ။ (ယောရှု ၁၂:၇; ၂၄:၁၁-၁၃; တရား. ၃၁:၈; လု. ၂၁:၉၊ ၂၅-၂၈) 
- ၃။ ယောရှု ၁၄:၁-၅ ကိုဖတ်။ - ဣသရေလလူမျိုး ဘယ်လိုနယ်မြေခွဲဝေခဲ့ကြသလဲ၊ အဲဒါက ပရဒိသုမှာရမယ့်အမွေနဲ့ပတ်သက်ပြီး ဘာကိုဖော်ပြသလဲ။ (ယောရှု ၁၄:၂; ဟေရှာ. ၆၅:၂၁; ယေဇ. ၄၇:၂၁-၂၃; ၁ ကော. ၁၄:၃၃) 
- ၄။ တရားသူကြီး ၂:၈-၁၃ ကိုဖတ်။ - ဣသရေလခေတ်က ယောရှုလို ဒီကနေ့ ဘယ်သူဟာ အယူဖောက်ပြန်ခြင်းကို တားဆီးဆန့်ကျင်နေသလဲ။ (သူကြီး. ၂:၈၊ ၁၀၊ ၁၁; မ. ၂၄:၄၅-၄၇; ၂ သက်. ၂:၃-၆; တိ. ၁:၇-၉; ဗျာ. ၁:၁; ၂:၁၊ ၂) 
ပုံပြင် ၅၀
သတ္တိကောင်းတဲ့ မိန်းမနှစ်ယောက် အကြောင်း
- ၁။ ဘယ်သူတွေဟာ တရားသူကြီးတွေလဲ၊ တချို့တရားသူကြီးတွေရဲ့နာမည် ဘယ်လိုခေါ်သလဲ။ 
- ၂။ ဒေဗောရမှာ ဘာအခွင့်ထူးရှိသလဲ၊ ဒီအခွင့်ထူးမှာ ဘာပါဝင်သလဲ။ 
- ၃။ ယာဗိန်မင်းနဲ့သူ့စစ်ဗိုလ်ချုပ် သိသရက ဣသရေလလူမျိုးကို ခြိမ်းခြောက်တဲ့အခါ ဒေဗောရဟာ ယေဟောဝါဆီက ဘယ်သတင်းကို တရားသူကြီးဗာရက်ကိုပြောပြသလဲ၊ အောင်ပွဲအတွက် ဘယ်သူနာမည်ရမယ်လို့ ပြောသလဲ။ 
- ၄။ ယေလဆိုတဲ့အမျိုးသမီးဟာ ဘယ်လိုသတ္တိပြသလဲ။ 
- ၅။ ယာဗိန်မင်း သေပြီးနောက် ဘာဖြစ်ပျက်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တရားသူကြီး ၂:၁၄-၂၂ ကိုဖတ်။ - ယေဟောဝါအမျက်တော်ရှအောင် ဣသရေလလူတွေ ဘယ်လိုလုပ်ခဲ့ကြသလဲ၊ ဒီအချက်ကနေ တို့တစ်တွေ ဘာသင်ခန်းစာသင်ယူနိုင်သလဲ။ (သူကြီး. ၂:၂၀; သု. ၃:၁၊ ၂; ယေဇ. ၁၈:၂၁-၂၃) 
- ၂။ တရားသူကြီး ၄:၁-၂၄ ကိုဖတ်။ - ယုံကြည်ခြင်း၊ သတ္တိရှိခြင်းနဲ့ပတ်သက်လို့ ဒေဗောရနဲ့ ယေလတို့ရဲ့ပုံနမူနာကနေ ခုခေတ် ခရစ်ယာန်အမျိုးသမီးတွေ ဘာသင်ခန်းစာတွေ သင်ယူနိုင်သလဲ။ (သူကြီး. ၄:၄၊ ၈၊ ၉၊ ၁၄၊ ၂၁၊ ၂၂; သု. ၃၁:၃၀; ၁ ကော. ၁၆:၁၃) 
- ၃။ တရားသူကြီး ၅:၁-၃၁ ကိုဖတ်။ - ဗာရက်နဲ့ ဒေဗောရတို့ရဲ့ အောင်ပွဲခံသီချင်းကို ရောက်လာတော့မယ့် အာမဂေဒုန်စစ်ပွဲနဲ့ပတ်သက်တဲ့ ဆုတောင်းချက်တစ်ခုအဖြစ် ဘယ်လိုအသုံးပြုနိုင်သလဲ။ (သူကြီး. ၅:၃၊ ၃၁; ၅ ရာ. ၁၆:၈-၁၀; ဗျာ. ၇:၉၊ ၁၀; ၁၆:၁၅; ၁၉:၁၉-၂၁) 
ပုံပြင် ၅၁
ရုသနဲ့ နောမိအကြောင်း
- ၁။ နောမိဟာ မောဘပြည်ကို ဘယ်လိုလုပ်ပြီးရောက်နေတာလဲ။ 
- ၂။ ရုသနဲ့ ဩရပဆိုတာ ဘယ်သူတွေလဲ။ 
- ၃။ သူတို့ရဲ့အမျိုးတွေဆီပြန်ဖို့ နောမိပြောတဲ့အခါ ရုသနဲ့ ဩရပ ဘယ်လိုပြန်ဖြေကြသလဲ။ 
- ၄။ ဗောဇဆိုတာ ဘယ်သူလဲ၊ ရုသနဲ့ နောမိကို သူဘယ်လိုကူညီပေးသလဲ။ 
- ၅။ ဗောဇနဲ့ရုသရဲ့ ကလေးနာမည် ဘယ်လိုခေါ်သလဲ၊ သူ့ကို ဘာကြောင့် တို့တစ်တွေ သတိရသင့်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ရုသ ၁:၁-၁၇ ကိုဖတ်။ - (က) သူ့ရဲ့သစ္စာစောင့်သိတဲ့မေတ္တာကို ရုသ ဘယ်လိုလှလှပပဖော်ပြခဲ့သလဲ။ (ရု. ၁:၁၆၊ ၁၇) 
- (ခ) ရုသရဲ့စိတ်သဘောထားက ဒီကနေ့ မြေကြီးပေါ်ရှိ ဘိသိက်ခံတွေအပေါ်ထားရှိတဲ့ “အခြားသိုး” ရဲ့သဘောထားကို ဘယ်လိုပေါ်လွင်စေသလဲ။ (ယော. ၁၀:၁၆; ဇာ. ၈:၂၃) 
 
- ၂။ ရုသ ၂:၁-၂၃ ကိုဖတ်။ - ရုသဟာ ခုခေတ်ငယ်ရွယ်တဲ့အမျိုးသမီးတွေအတွက် ဘယ်လိုပုံနမူနာကောင်း ပြခဲ့သလဲ။ (ရု. ၂:၁၇၊ ၁၈; သု. ၂၃:၂၂; ၃၁:၁၅) 
- ၃။ ရုသ ၃:၅-၁၃ ကိုဖတ်။ - (က) ရုသဟာ ပျိုရွယ်သူကိုမရွေးဘဲ သူ့ကိုလက်ထပ်ဖို့ တလိုတလားရှိတာကို ဗောဇ ဘယ်လိုရှုမြင်ခဲ့သလဲ။ 
- (ခ) ရုသရဲ့သဘောထားက တို့တွေကို သစ္စာစောင့်သိတဲ့မေတ္တာအကြောင်း ဘာသင်ပေးသလဲ။ (ရု. ၃:၁၀; ၁ ကော. ၁၃:၄၊ ၅) 
 
- ၄။ ရုသ ၄:၇-၁၇ ကိုဖတ်။ - ဒီကနေ့ ခရစ်ယာန်အမျိုးသားတွေ ဗောဇနဲ့ ဘယ်လိုတူနိုင်သလဲ။ (ရု. ၄:၉၊ ၁၀; ၁ တိ. ၃:၁၊ ၁၂၊ ၁၃; ၅:၈) 
ပုံပြင် ၅၂
ဂိဒေါင်နဲ့သူ့လူ ၃၀၀ အကြောင်း
- ၁။ ဣသရေလလူတွေ ဘယ်လိုနဲ့ ဘာကြောင့် ဒုက္ခမျိုးစုံကြုံတွေ့ရတာလဲ။ 
- ၂။ ယေဟောဝါက စစ်သားတွေသိပ်များတယ်လို့ ဂိဒေါင်ကို ဘာကြောင့် ပြောတာလဲ။ 
- ၃။ ဂိဒေါင်က ကြောက်တတ်တဲ့လူတွေကို အိမ်ပြန်ခိုင်းပြီးနောက် လူဘယ်လောက်ကျန်သလဲ။ 
- ၄။ ဂိဒေါင်ရဲ့စစ်သား ၃၀၀ ပဲကျန်အောင် ယေဟောဝါဘယ်လိုလျှော့ချတယ်ဆိုတာ ပုံကြည့်ပြီးရှင်းပြပါ။ 
- ၅။ လူ ၃၀၀ ကို ဂိဒေါင်ဘယ်လိုစီစဉ်သလဲ၊ ဣသရေလလူမျိုး ဘယ်လိုစစ်နိုင်ကြသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တရားသူကြီး ၆:၃၆-၄၀ ကိုဖတ်။ - (က) ယေဟောဝါရဲ့အလိုတော်ကို သေချာသိအောင် ဂိဒေါင်ဘယ်လိုလုပ်ခဲ့သလဲ။ 
- (ခ) ယေဟောဝါရဲ့အလိုတော်ကိုသိအောင် ဒီကနေ့ တို့တစ်တွေ ဘယ်လိုလုပ်ကြသလဲ။ (သု. ၂:၃-၆; မ. ၇:၇-၁၁; ၂ တိ. ၃:၁၆၊ ၁၇) 
 
- ၂။ တရားသူကြီး ၇:၁-၂၅ ကိုဖတ်။ - (က) သတိမဲ့ခဲ့ကြတဲ့သူတွေနဲ့မတူဘဲ သတိရှိရှိနေတဲ့ လူ ၃၀၀ ဆီကနေ တို့တစ်တွေ ဘာသင်ခန်းစာယူနိုင်သလဲ။ (သူကြီး. ၇:၃၊ ၆; ရော. ၁၃:၁၁၊ ၁၂; ဧ. ၅:၁၅-၁၇) 
- (ခ) ဂိဒေါင်ကိုကြည့်ပြီး သူလုပ်သလိုလိုက်လုပ်ခဲ့ကြတဲ့ လူ ၃၀၀ လို သာ၍ကြီးတဲ့ဂိဒေါင် ယေရှုခရစ်ကိုကြည့်ပြီး တို့တစ်တွေ ဘယ်လိုလိုက်လုပ်ကြသလဲ။ (သူကြီး. ၇:၁၇; မ. ၁၁:၂၉၊ ၃၀; ၂၈:၁၉၊ ၂၀; ၁ ပေ. ၂:၂၁) 
- (ဂ) ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ခန့်အပ်ခံရတဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျေကျေနပ်နပ်အမှုထမ်းဖို့ တရားသူကြီး ၇:၂၁ က တို့တစ်တွေကို ဘယ်လိုကူညီပေးသလဲ။ (၁ ကော. ၄:၂; ၁၂:၁၄-၁၈; ယာ. ၄:၁၀) 
 
- ၃။ တရားသူကြီး ၈:၁-၃ ကိုဖတ်။ - ညီအစ်ကို၊ ညီအစ်မတစ်ယောက်နဲ့ သဘောထားမတိုက်ဆိုင်တဲ့အခါ ဧဖရိမ်လူတွေနဲ့အငြင်းပွားမှုကို ဂိဒေါင်ဖြေရှင်းခဲ့ပုံကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (သု. ၁၅:၁; မ. ၅:၂၃၊ ၂၄; လု. ၉:၄၈) 
ပုံပြင် ၅၃
ယေဖသရဲ့ ကတိအကြောင်း
- ၁။ ယေဖသဆိုတာ ဘယ်သူဖြစ်ပြီး ဘယ်ခေတ်မှာ သူအသက်ရှင်ခဲ့သလဲ။ 
- ၂။ ယေဟောဝါကို ယေဖသ ဘာကတိပေးသလဲ။ 
- ၃။ အမ္မုန်လူတွေကို အောင်ပွဲခံပြီး ပြန်လာတဲ့အခါ ယေဖသ ဘာကြောင့် ဝမ်းနည်းရတာလဲ။ 
- ၄။ သူ့ဖေဖေရဲ့ကတိကို သိသွားတဲ့အခါ ယေဖသရဲ့သမီး ဘာပြောသလဲ။ 
- ၅။ ယေဖသရဲ့သမီးကို လူတွေ ဘာကြောင့် ချစ်ကြတာလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တရားသူကြီး ၁၀:၆-၁၈ ကိုဖတ်။ - ဣသရေလလူမျိုး ယေဟောဝါအပေါ် သစ္စာမဲ့ခဲ့တဲ့မှတ်တမ်းကနေ ဘယ်သတိပေးချက်ကို တို့တစ်တွေ လိုက်နာသင့်သလဲ။ (သူကြီး. ၁၀:၆၊ ၁၅၊ ၁၆; ရော. ၁၅:၄; ဗျာ. ၂:၁၀) 
- ၂။ တရားသူကြီး ၁၁:၁-၁၁၊ ၂၉-၄၀ ကိုဖတ်။ - (က) သူ့သမီးကို “မီးရှို့ရာယဇ်” အဖြစ် ယေဖသပူဇော်တယ်ဆိုတာ လူကိုမီးရှို့ပူဇော်တာကိုမဆိုလိုကြောင်း ဘယ်လိုသိရသလဲ။ (သူကြီး. ၁၁:၃၁; ဝတ်. ၁၆:၂၄; တရား. ၁၈:၁၀၊ ၁၂) 
- (ခ) ယေဖသဟာ သူ့သမီးကို ပူဇော်ရာယဇ်အဖြစ် ဘယ်လိုနည်းနဲ့ပေးဆက်ခဲ့သလဲ။ 
- (ဂ) ယေဟောဝါကို သစ္စာကတိပြုခြင်းနဲ့ပတ်သက်တဲ့ ယေဖသရဲ့သဘောထားကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (သူကြီး. ၁၁:၃၅၊ ၃၉; ဒေ. ၅:၄၊ ၅; မ. ၁၆:၂၄) 
- (ဃ) ယေဖသရဲ့သမီးဟာ အချိန်ပြည့်လုပ်ငန်းမှာပါဝင်နေတဲ့ ခရစ်ယာန်လူငယ်တွေအတွက် ဘယ်လိုပုံသက်သေကောင်းဖြစ်သလဲ။ (သူကြီး. ၁၁:၃၆; မ. ၆:၃၃; ဖိ. ၃:၈) 
 
ပုံပြင် ၅၄
အသန်ဆုံးလူအကြောင်း
- ၁။ အသက်ရှင်ခဲ့သမျှမှာ အသန်ဆုံးလူရဲ့နာမည် ဘယ်လိုခေါ်သလဲ၊ ဘယ်သူက သူ့ကိုခွန်အားဗလပေးတာလဲ။ 
- ၂။ တစ်ခါကျတော့ ပုံထဲမှာမြင်ရတဲ့အတိုင်း ခြင်္သေ့ကြီးတစ်ကောင်ကို ရှံဆုန်ဘာလုပ်လိုက်သလဲ။ 
- ၃။ ပုံထဲမှာ ရှံဆုန်ဟာ ဒေလိလကို ဘာလျှို့ဝှက်ချက်ပြောပြနေတာလဲ၊ အဲဒါနဲ့ ဘယ်လိုလုပ်ပြီး ဖိလိတ္တိလူတွေရဲ့ အဖမ်းခံလိုက်ရတာလဲ။ 
- ၄။ ရှံဆုန်ဟာ သူသေတဲ့နေ့မှာ ရန်သူဖိလိတ္တိလူ ၃,၀၀၀ ကို ဘယ်လိုသတ်ခဲ့သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တရားသူကြီး ၁၃:၁-၁၄ ကိုဖတ်။ - မာနော်နဲ့ သူ့ဇနီးဟာ သားသမီးတွေကိုပြုစုပျိုးထောင်နေတဲ့ မိဘတွေအတွက် ဘယ်လိုပုံနမူနာကောင်းဖြစ်သလဲ။ (သူကြီး. ၁၃:၈; ဆာ. ၁၂၇:၃; ဧ. ၆:၄) 
- ၂။ တရားသူကြီး ၁၄:၅-၉ နှင့် ၁၅:၉-၁၆ ကိုဖတ်။ - (က) ရှံဆုန် ခြင်္သေ့ကိုသတ်တာ၊ သူ့ကိုချည်ထားတဲ့ ကြိုးသစ်တွေကိုဖြတ်ပစ်တာ၊ မြည်းမေးရိုးနဲ့ လူ ၁,၀၀၀ ကိုသတ်ခဲ့တဲ့မှတ်တမ်းတွေက ယေဟောဝါရဲ့သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်မှုအကြောင်း ဘာကိုဖော်ပြသလဲ။ 
- (ခ) ဒီကနေ့ သန့်ရှင်းသောဝိညာဉ်တော်က တို့တစ်တွေကို ဘယ်လိုထောက်မပေးသလဲ။ (သူကြီး. ၁၄:၆; ၁၅:၁၄; ဇာ. ၄:၆; တ. ၄:၃၁) 
 
- ၃။ တရားသူကြီး ၁၆:၁၈-၃၁ ကိုဖတ်။ - မကောင်းတဲ့အပေါင်းအသင်းတွေက ရှံဆုန်ကို ဘယ်လိုထိခိုက်စေခဲ့သလဲ၊ အဲဒီကနေ တို့တစ်တွေ ဘာသင်ခန်းစာရနိုင်သလဲ။ (သူကြီး. ၁၆:၁၈၊ ၁၉; ၁ ကော. ၁၅:၃၃) 
ပုံပြင် ၅၅
ကလေးလေးတစ်ယောက် ဘုရားသခင်ကိုဝတ်ပြုတဲ့အကြောင်း
- ၁။ ပုံထဲက ကလေးလေးနာမည် ဘယ်လိုခေါ်သလဲ၊ တခြားသူတွေက ဘယ်သူတွေလဲ။ 
- ၂။ ယေဟောဝါရဲ့တဲတော်ကို သွားလည်တဲ့တစ်ရက်မှာ ဟန္န ဘယ်လိုဆုတောင်းသလဲ၊ သူ့ဆုတောင်းချက်ကို ယေဟောဝါဘယ်လို နားညောင်းပေးသလဲ။ 
- ၃။ ယေဟောဝါရဲ့တဲတော်မှာအမှုထမ်းဖို့ ရှမွေလကိုခေါ်သွားချိန်မှာ သူ့အသက်ဘယ်လောက်ရှိပြီလဲ၊ သူ့မေမေက သူ့အတွက် နှစ်တိုင်းဘာလုပ်ပေးသလဲ။ 
- ၄။ ဧလိသားတွေရဲ့နာမည် ဘယ်လိုခေါ်သလဲ၊ သူတို့က ဘယ်လိုလူတွေလဲ။ 
- ၅။ ရှမွေလကို ယေဟောဝါဘယ်လိုခေါ်သလဲ၊ သူ့ကို ဘာသတင်းပေးသလဲ။ 
- ၆။ ရှမွေလကြီးလာတော့ ဘာဖြစ်လာသလဲ၊ သူအသက်ကြီးရင့်တော့ ဘာဖြစ်ပျက်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၁ ဓမ္မရာဇဝင် ၁:၁-၂၈ ကိုဖတ်။ - (က) စစ်မှန်တဲ့ဝတ်ပြုရေးကို ဦးစီးဦးဆောင်လုပ်တဲ့နေရာမှာ ဧလကာနဟာ အိမ်ထောင်ဦးစီးတွေအတွက် ဘယ်လိုပုံသက်သေကောင်းပြသလဲ။ (၁ ရာ. ၁:၃၊ ၂၁; မ. ၆:၃၃; ဖိ. ၁:၁၀) 
- (ခ) စိတ်ရှုပ်စရာပြဿနာတစ်ခု ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ဟန္နရဲ့ပုံနမူနာကနေ တို့တစ်တွေ ဘာသင်ခန်းစာရနိုင်သလဲ။ (၁ ရာ. ၁:၁၀၊ ၁၁; ဆာ. ၅၅:၂၂; ရော. ၁၂:၁၂) 
 
- ၂။ ၁ ဓမ္မရာဇဝင် ၂:၁၁-၃၆ ကိုဖတ်။ - ဧလိဟာ ယေဟောဝါထက် သူ့သားတွေကို ဘယ်လိုဂုဏ်တင်ချီးမြှောက်ခဲ့သလဲ၊ အဲဒါက တို့တစ်တွေအတွက် သတိပေးချက် ဘယ်လိုဖြစ်နိုင်သလဲ။ (၁ ရာ. ၂:၂၂-၂၄၊ ၂၇၊ ၂၉; တရား. ၂၁:၁၈-၂၁; မ. ၁၀:၃၆၊ ၃၇) 
- ၃။ ၁ ဓမ္မရာဇဝင် ၄:၁၆-၁၈ ကိုဖတ်။ - စစ်မြေပြင်ကနေ ဘယ်လေးထပ်ကွမ်း ဝမ်းနည်းစရာသတင်း ရောက်လာသလဲ၊ အဲဒါကြောင့် ဧလိဘာဖြစ်သွားသလဲ။ 
- ၄။ ၁ ဓမ္မရာဇဝင် ၈:၄-၉ ကိုဖတ်။ - ဣသရေလလူမျိုးဟာ ယေဟောဝါကို ဘယ်လိုအကြီးအကျယ် စိတ်ထိခိုက်စေခဲ့သလဲ၊ ဒီကနေ့ တို့တစ်တွေဟာ ကိုယ်တော့်နိုင်ငံတော်ကို ဘယ်လိုသစ္စာရှိရှိထောက်ခံနိုင်သလဲ။ (၁ ရာ. ၈:၅၊ ၇; ယော. ၁၇:၁၆; ယာ. ၄:၄) 
ပုံပြင် ၅၆
ဣသရေလနိုင်ငံရဲ့ ပထမဘုရင်ရှောလုအကြောင်း
- ၁။ ပုံထဲမှာ ရှမွေလ ဘာလုပ်နေတာလဲ၊ ဘာကြောင့်လဲ။ 
- ၂။ ရှောလုကို ယေဟောဝါဘာကြောင့်ကြိုက်တာလဲ၊ သူဟာဘယ်လိုလူစားမျိုးလဲ။ 
- ၃။ ရှောလုရဲ့သားနာမည် ဘယ်လိုခေါ်သလဲ၊ သူ့သား ဘာလုပ်သလဲ။ 
- ၄။ ရှောလုဟာ ရှမွေလကိုမစောင့်ဘဲ ဘာကြောင့် ယဇ်ပူဇော်တာလဲ။ 
- ၅။ ရှောလုရဲ့မှတ်တမ်းကနေ တို့တစ်တွေ ဘာသင်ခန်းစာတွေ ယူနိုင်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၁ ဓမ္မရာဇဝင် ၉:၁၅-၂၁ နှင့် ၁၀:၁၇-၂၇ ကိုဖတ်။ - ရှောလုကို တချို့လူတွေ မရိုမသေပြောတဲ့အခါ ကမူးရှူးထိုးမလုပ်မိဖို့ သူ့ရဲ့ကျိုးနွံတဲ့စိတ်ထားက ဘယ်လိုထောက်ကူပေးခဲ့သလဲ။ (၁ ရာ. ၉:၂၁; ၁၀:၂၁၊ ၂၂၊ ၂၇; သု. ၁၇:၂၇) 
- ၂။ ၁ ဓမ္မရာဇဝင် ၁၃:၅-၁၄ ကိုဖတ်။ - ဂိလဂါလမှာ ရှောလုကျူးလွန်ခဲ့မိတဲ့အပြစ်က ဘာလဲ။ (၁ ရာ. ၁၀:၈; ၁၃:၈၊ ၉၊ ၁၃) 
- ၃။ ၁ ဓမ္မရာဇဝင် ၁၅:၁-၃၅ ကိုဖတ်။ - (က) အာမလက်ရှင်ဘုရင် အာဂတ်နဲ့ပတ်သက်လို့ ဘယ်ကြီးလေးတဲ့အပြစ်ကို ရှောလုလုပ်ခဲ့မိသလဲ။ (၁ ရာ. ၁၅:၂၊ ၃၊ ၈၊ ၉၊ ၂၂) 
- (ခ) ရှောလုဟာ သူ့လုပ်ရပ်တွေကို ဘယ်လိုဆင်ခြေပေးပြီး အပြစ်လွှဲချခဲ့သလဲ။ (၁ ရာ. ၁၅:၂၄) 
- (ဂ) ဒီကနေ့ တို့တစ်တွေ ဆုံးမခံရတဲ့အခါ ဘယ်သတိပေးချက်ကို လိုက်နာသင့်သလဲ။ (၁ ရာ. ၁၅:၁၉-၂၁; ဆာ. ၁၄၁:၅; သု. ၉:၈၊ ၉; ၁၁:၂) 
 
ပုံပြင် ၅၇
ဒါဝိဒ်ကိုဘုရားသခင် ရွေးကောက်တဲ့အကြောင်း
- ၁။ ပုံထဲက သူငယ်လေးရဲ့နာမည် ဘယ်လိုခေါ်သလဲ၊ သူဟာ တကယ်သတ္တိကောင်းတယ်ဆိုတာ တို့တစ်တွေ ဘယ်လိုသိရသလဲ။ 
- ၂။ ဒါဝိဒ် ဘယ်မှာနေသလဲ၊ သူ့ဖေဖေနဲ့ သူ့ဘိုးဘိုးရဲ့နာမည် ဘယ်လိုခေါ်သလဲ။ 
- ၃။ ယေဟောဝါက ရှမွေလကို ဗက်လင်မြို့မှာရှိတဲ့ ယေရှဲအိမ်ကို ဘာကြောင့် သွားခိုင်းတာလဲ။ 
- ၄။ ယေရှဲက သူ့သားခုနစ်ယောက်ကို ရှမွေလဆီခေါ်လာတဲ့အခါ ဘာဖြစ်သလဲ။ 
- ၅။ ဒါဝိဒ်ကိုခေါ်လာတဲ့အခါ ရှမွေလကို ယေဟောဝါ ဘာပြောသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၁ ဓမ္မရာဇဝင် ၁၇:၃၄၊ ၃၅ ကိုဖတ်။ - ဒီဖြစ်ရပ်တွေက ဒါဝိဒ်ရဲ့သတ္တိနဲ့ ယေဟောဝါအပေါ် ယုံကြည်အားကိုးမှုကို ဘယ်လိုပေါ်လွင်စေသလဲ။ (၁ ရာ. ၁၇:၃၇) 
- ၂။ ၁ ဓမ္မရာဇဝင် ၁၆:၁-၁၄ ကိုဖတ်။ - (က) ၁ ဓမ္မရာဇဝင် ၁၆:၇ မှာပါတဲ့ ယေဟောဝါရဲ့စကားက မျက်နှာမလိုက်ဖို့၊ အပြင်ပန်းကြည့်ပြီး ဘက်လိုက်တာကိုရှောင်ဖို့ တို့တစ်တွေကို ဘယ်လိုထောက်ကူပေးသလဲ။ (တ. ၁၀:၃၄၊ ၃၅; ၁ တိ. ၂:၄) 
- (ခ) လူတစ်ယောက်ဆီက သန့်ရှင်းသောဝိညာဉ်တော်ကို ယေဟောဝါသိမ်းယူလိုက်ပြီဆိုရင် ဟာနေတဲ့နေရာကို ဆိုးတဲ့ဝိညာဉ် ဒါမှမဟုတ် အမှားပြုစေတဲ့ အတွင်းစိတ်ဆန္ဒက နေရာဝင်ယူသွားနိုင်တယ်ဆိုတာ ရှောလုရဲ့နမူနာက ဘယ်လိုဖော်ပြသလဲ။ (၁ ရာ. ၁၆:၁၄; မ. ၁၂:၄၃-၄၅; ဂလ. ၅:၁၆) 
 
ပုံပြင် ၅၈
ဒါဝိဒ်နဲ့ ဂေါလျတ်အကြောင်း
- ၁။ ဣသရေလစစ်သည်တွေကို ဂေါလျတ်ဘယ်လိုစိန်ခေါ်သလဲ။ 
- ၂။ ဂေါလျတ်ရဲ့ကိုယ်ခန္ဓာ ဘယ်လောက်ကြီးသလဲ၊ ဂေါလျတ်ကိုသတ်နိုင်တဲ့လူကို ဘာဆုပေးမယ်လို့ ရှောလုမင်း ကတိပြုသလဲ။ 
- ၃။ ဒါဝိဒ်ဟာ ကလေးပဲဖြစ်သေးလို့ ဂေါလျတ်ကို တိုက်နိုင်မှာမှဟုတ်ဘူးဆိုပြီး ရှောလုပြောတဲ့အခါ ဒါဝိဒ်ဘာပြန်ပြောသလဲ။ 
- ၄။ ဂေါလျတ်ကို ဒါဝိဒ်ပြန်ပြောတဲ့အခါ ယေဟောဝါကို သူယုံကြည်ကိုးစားကြောင်း ဘယ်လိုတင်ပြသလဲ။ 
- ၅။ ပုံထဲမှာမြင်နိုင်တဲ့အတိုင်း ဂေါလျတ်ကို ဒါဝိဒ် ဘာနဲ့သတ်သလဲ၊ သတ်လည်းပြီးရော ဖိလိတ္တိလူတွေ ဘာဖြစ်သွားသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၁ ဓမ္မရာဇဝင် ၁၇:၁-၅၄ ကိုဖတ်။ - (က) ဒါဝိဒ် ရဲစွမ်းသတ္တိရှိရတဲ့ သော့ချက်က ဘာလဲ၊ သူ့ရဲ့သတ္တိကို တို့တစ်တွေ ဘယ်လိုတုပနိုင်သလဲ။ (၁ ရာ. ၁၇:၃၇၊ ၄၅; ဧ. ၆:၁၀၊ ၁၁) 
- (ခ) ခရစ်ယာန်တွေဟာ ကစားတဲ့အခါ ဒါမှမဟုတ် အပန်းဖြေမှုမှာ ပါဝင်တဲ့အခါ ဂေါလျတ်လိုမျိုး အပြိုင်အဆိုင်စိတ်ဓာတ်ကို ဘာကြောင့် ရှောင်သင့်သလဲ။ (၁ ရာ. ၁၇:၈; ဂလ. ၅:၂၆; ၁ တိ. ၄:၈) 
- (ဂ) သူ့နောက်မှာ ဘုရားသခင်ရှိတယ်ဆိုတာ ယုံကြည်ကြောင်း ဒါဝိဒ်ရဲ့စကားတွေက ဘယ်လိုဖော်ပြသလဲ။ (၁ ရာ. ၁၇:၄၅-၄၇; ၆ ရာ. ၂၀:၁၅) 
- (ဃ) ဆိုင်ပြိုင်တိုက်ခိုက်နေတဲ့ စစ်တပ်နှစ်ခုအကြောင်း ဖော်ပြရုံမက တကယ်တော့ အဲဒီစစ်ပွဲဟာ မှားယွင်းတဲ့ဘုရားတွေနဲ့ စစ်မှန်တဲ့ဘုရား ယေဟောဝါစပ်ကြား တိုက်တဲ့စစ်ပွဲဖြစ်ကြောင်း မှတ်တမ်းက ဘယ်လိုဖော်ပြသလဲ။ (၁ ရာ. ၁၇:၄၃၊ ၄၆၊ ၄၇) 
- (င) ယေဟောဝါကို ယုံကြည်ကိုးစားတဲ့ ဒါဝိဒ်ရဲ့ပုံသက်သေကို ဘိသိက်ခံတွေ ဘယ်လိုတုပကြသလဲ။ (၁ ရာ. ၁၇:၃၇; ယေ. ၁:၁၇-၁၉; ဗျာ. ၁၂:၁၇) 
 
ပုံပြင် ၅၉
ဒါဝိဒ်ဘာဖြစ်လို့ ထွက်ပြေးရတဲ့အကြောင်း
- ၁။ ရှောလုက ဘာဖြစ်လို့ ဒါဝိဒ်ကို သဝန်တိုတာလဲ၊ ရှောလုရဲ့သား ယောနသန်ကျတော့ သူနဲ့ဘယ်လိုမတူသလဲ။ 
- ၂။ တစ်နေ့မှာ ရှောလုအတွက် ဒါဝိဒ်စောင်းတီးပေးနေတုန်း ဘာဖြစ်သလဲ။ 
- ၃။ ရှောလုက သူ့သမီးတော် မိခါလကိုယူနိုင်ဖို့ ဒါဝိဒ်ဘာလုပ်ပေးရမယ်လို့ ပြောသလဲ၊ ရှောလု ဘာဖြစ်လို့ ဒီလိုပြောတာလဲ။ 
- ၄။ ပုံမှာပြထားတဲ့အရ ရှောလုအတွက် ဒါဝိဒ်စောင်းတီးပေးနေတုန်း တတိယအကြိမ် ဘာဖြစ်ပြန်သလဲ။ 
- ၅။ မိခါလက ဒါဝိဒ်ရဲ့အသက်ကို ဘယ်လိုကယ်လိုက်သလဲ၊ အဲဒီနောက် ခုနစ်နှစ်တိုင် ဒါဝိဒ်ဘာလုပ်ရသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၁ ဓမ္မရာဇဝင် ၁၈:၁-၃၀ ကိုဖတ်။ - (က) ဒါဝိဒ်ကိုချစ်တဲ့ ယောနသန်ရဲ့ ခိုင်မြဲတဲ့မေတ္တာက “အခြားသိုး” နဲ့ “သိုးစုငယ်” တို့ရဲ့ အပြန်အလှန်မေတ္တာကို ဘယ်လိုကြိုတင်ဖော်ပြသလဲ။ (၁ ရာ. ၁၈:၁; ယော. ၁၀:၁၆; လု. ၁၂:၃၂; ဇာ. ၈:၂၃) 
- (ခ) တကယ်ဆိုရင် ရှောလုရဲ့နန်းမွေခံဟာ ယောနသန်ဖြစ်ပေမဲ့ ယောနသန်ဟာ ရှင်ဘုရင်အဖြစ်ရွေးချယ်ခံရသူကို ထူးထူးခြားခြားလက်အောက်ခံကြောင်း ၁ ဓမ္မရာဇဝင် ၁၈:၄ က ဘယ်လိုဖော်ပြသလဲ။ 
- (ဂ) မနာလိုခြင်းဟာ ကြီးလေးတဲ့အပြစ် လုပ်မိစေနိုင်ကြောင်း ရှောလုရဲ့ပုံနမူနာက ဘယ်လိုဖော်ပြသလဲ၊ အဲဒါက တို့တစ်တွေကို ဘာသတိပေးနေတာလဲ။ (၁ ရာ. ၁၈:၇-၉၊ ၂၅; ယာ. ၃:၁၄-၁၆) 
 
- ၂။ ၁ ဓမ္မရာဇဝင် ၁၉:၁-၁၇ ကိုဖတ်။ - ရှောလုနဲ့ရင်ဆိုင်တဲ့အခါ ယောနသန်ဟာ ဘယ်လိုသက်စွန့်ကြိုးပမ်းလုပ်ဆောင်ခဲ့သလဲ။ (၁ ရာ. ၁၉:၁၊ ၆) 
ပုံပြင် ၆၀
အဘိဂဲလနဲ့ ဒါဝိဒ်တို့အကြောင်း
- ၁။ ပုံထဲမှာ ဒါဝိဒ်ကိုတွေ့ဖို့လာနေတဲ့ အမျိုးသမီးနာမည် ဘယ်လိုခေါ်သလဲ၊ သူက ဘယ်လိုလူစားမျိုးလဲ။ 
- ၂။ နာဗလဆိုတာ ဘယ်သူလဲ။ 
- ၃။ ဒါဝိဒ် ဘာကြောင့် သူ့လူတွေကိုလွှတ်ပြီး နာဗလဆီမှာ အကူအညီတောင်းတာလဲ။ 
- ၄။ ဒါဝိဒ်ရဲ့လူတွေကို နာဗလ ဘာပြောလိုက်သလဲ၊ ဒါဝိဒ် ဘယ်လိုတုံ့ပြန်သလဲ။ 
- ၅။ ပညာရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း အဘိဂဲလ ဘယ်လိုတင်ပြသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၁ ဓမ္မရာဇဝင် ၂၂:၁-၄ ကိုဖတ်။ - ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းမှာ တစ်ယောက်ကိုတစ်ယောက် ထောက်မသင့်တယ်ဆိုတာ ဒါဝိဒ်ရဲ့မိသားစုက ဘယ်လိုပုံသက်သေကောင်းပြခဲ့သလဲ။ (သု. ၁၇:၁၇; ၁ သက်. ၅:၁၄) 
- ၂။ ၁ ဓမ္မရာဇဝင် ၂၅:၁-၄၃ ကိုဖတ်။ - (က) တော်တော်အထင်သေးစရာကောင်းအောင် နာဗလဖော်ပြခံရတာ ဘာကြောင့်လဲ။ (၁ ရာ. ၂၅:၂-၅၊ ၁၀၊ ၁၄၊ ၂၁၊ ၂၅) 
- (ခ) ခုခေတ် ခရစ်ယာန်ဇနီးသည်တွေဟာ အဘိဂဲလရဲ့ပုံသက်သေကနေ ဘာတွေသင်ယူနိုင်သလဲ။ (၁ ရာ. ၂၅:၃၂၊ ၃၃; သု. ၃၁:၂၆; ဧ. ၅:၂၄) 
- (ဂ) ဘယ်အမှားနှစ်ခုကို ဒါဝိဒ်မလုပ်မိဖို့ အဘိဂဲလ တားခဲ့သလဲ။ (၁ ရာ. ၂၅:၃၁၊ ၃၃; ရော. ၁၂:၁၉; ဧ. ၄:၂၆) 
- (ဃ) အဘိဂဲလကို ပြန်ပြောခဲ့တဲ့ ဒါဝိဒ်ရဲ့စကားတွေက အမျိုးသမီးတွေကို ယေဟောဝါမြင်သလိုမြင်ဖို့ ခုခေတ်အမျိုးသားတွေကို ဘယ်လိုထောက်ကူပေးသလဲ။ (တ. ၂၁:၈၊ ၉; ရော. ၂:၁၁; ၁ ပေ. ၃:၇) 
 
ပုံပြင် ၆၁
ဒါဝိဒ်ကို မင်းမြှောက်တဲ့အကြောင်း
- ၁။ ရှောလု တပ်စခန်းထဲမှာအိပ်နေတုန်း ဒါဝိဒ်နဲ့အဘိရှဲ ဘာလုပ်ခဲ့ကြသလဲ။ 
- ၂။ ရှောလုကို ဒါဝိဒ် ဘာမေးခွန်းတွေ မေးခဲ့သလဲ။ 
- ၃။ ရှောလုကိုထားခဲ့ပြီးနောက် ဒါဝိဒ်ဘယ်ကိုသွားသလဲ။ 
- ၄။ ရသမြောက်တဲ့သီချင်းတစ်ပုဒ် စပ်ဆိုတဲ့အထိ ဒါဝိဒ် ဘာကြောင့် ယူကျုံးမရဖြစ်ရတာလဲ။ 
- ၅။ ဟေဗြုန်မြို့မှာ မင်းမြှောက်ခံရတဲ့အချိန်မှာ ဒါဝိဒ်အသက် ဘယ်လောက်ရှိပြီလဲ၊ သူ့သားတချို့နာမည် ဘယ်လိုခေါ်သလဲ။ 
- ၆။ နောက်ပိုင်း ဒါဝိဒ် ဘယ်မှာနန်းထိုင်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၁ ဓမ္မရာဇဝင် ၂၆:၁-၂၅ ကိုဖတ်။ - (က) သီအိုကရက်တစ်အစီအစဉ်အပေါ် ဘယ်သဘောထားကို ၁ ဓမ္မရာဇဝင် ၂၆:၁၁ မှာပါတဲ့ ဒါဝိဒ်ရဲ့စကားတွေက ဖော်ပြသလဲ။ (ဆာ. ၃၇:၇; ရော. ၁၃:၂) 
- (ခ) ချစ်ခင်ကြင်နာမှုပြဖို့ လုံ့လထုတ်ကြိုးစားပေမဲ့ အသိအမှတ်ပြုမခံရတဲ့အခါ ၁ ဓမ္မရာဇဝင် ၂၆:၂၃ မှာပါတဲ့ ဒါဝိဒ်ရဲ့စကားတွေက အမြင်မှန်ဆက်ရှိဖို့ တို့တစ်တွေကို ဘယ်လိုကူညီပေးနိုင်သလဲ။ (၃ ရာ. ၈:၃၂; ဆာ. ၁၈:၂၀) 
 
- ၂။ ၂ ဓမ္မရာဇဝင် ၁:၂၆ ကိုဖတ်။ - ဒါဝိဒ်နဲ့ ယောနသန်တို့မှာရှိခဲ့တဲ့ “အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာ” မျိုးကို ဒီနေ့ ခရစ်ယာန်တွေ ဘယ်လိုပြုစုပျိုးထောင်နိုင်သလဲ။ (၁ ပေ. ၄:၈; ကော. ၃:၁၄; ၁ ယော. ၄:၁၂) 
- ၃။ ၂ ဓမ္မရာဇဝင် ၅:၁-၁၀ ကိုဖတ်။ - (က) ဒါဝိဒ် ဘယ်နှစ်နှစ်လောက် နန်းထိုင်ခဲ့သလဲ၊ အဲဒီကာလကို ဘယ်လိုခွဲခြားဖော်ပြသလဲ။ (၂ ရာ. ၅:၄၊ ၅) 
- (ခ) ဘယ်အရာကြောင့် ဒါဝိဒ် ဂုဏ်သတင်းကြီးရတာလဲ၊ အဲဒါက ဒီနေ့ တို့တစ်တွေအတွက် သတိပေးချက် ဘယ်လိုဖြစ်သလဲ။ (၂ ရာ. ၅:၁၀; ၁ ရာ. ၁၆:၁၃; ၁ ကော. ၁:၃၁; ဖိ. ၄:၁၃) 
 
ပုံပြင် ၆၂
ဒါဝိဒ်အိမ်ထောင်မှာ ပြဿနာတက်တဲ့အကြောင်း
- ၁။ ယေဟောဝါအကူအညီနဲ့ နောက်ဆုံးမှာ ခါနာန်ပြည် ဘာဖြစ်လာသလဲ။ 
- ၂။ တစ်ညနေခင်းမှာ ဒါဝိဒ် သူ့နန်းတော်အမိုးပေါ်ရှိနေတုန်း ဘာဖြစ်သွားသလဲ။ 
- ၃။ ဒါဝိဒ်ကို ယေဟောဝါ အကြီးအကျယ်စိတ်ဆိုးတာ ဘာကြောင့်လဲ။ 
- ၄။ ပုံထဲမှာ ဒါဝိဒ်ရဲ့အပြစ်တွေကိုဖော်ထုတ်ဖို့ ယေဟောဝါ ဘယ်သူ့ကိုစေလွှတ်သလဲ၊ ဒါဝိဒ်ဘာတွေ ကြုံတွေ့ရမယ်လို့ အဲဒီလူက ပြောသလဲ။ 
- ၅။ ဒါဝိဒ် ဘာဒုက္ခကြုံတွေ့ရသလဲ။ 
- ၆။ ဒါဝိဒ်ပြီးတော့ ဘယ်သူ ဣသရေလရှင်ဘုရင်ဖြစ်လာသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၂ ဓမ္မရာဇဝင် ၁၁:၁-၂၇ ကိုဖတ်။ - (က) ယေဟောဝါရဲ့လုပ်ငန်းတော်မှာ အလုပ်များနေခြင်းဟာ တို့တစ်တွေအတွက် ဘယ်လိုအကာအကွယ်ဖြစ်သလဲ။ 
- (ခ) ဒါဝိဒ် ဘယ်လိုလုပ်ပြီး အပြစ်ကျူးလွန်မိသွားတာလဲ၊ အဲဒါက ယေဟောဝါရဲ့ ခုခေတ်ကျေးကျွန်တွေကို ဘာသတိပေးနေတာလဲ။ (၂ ရာ. ၁၁:၂; မ. ၅:၂၇-၂၉; ၁ ကော. ၁၀:၁၂; ယာ. ၁:၁၄၊ ၁၅) 
 
- ၂။ ၂ ဓမ္မရာဇဝင် ၁၂:၁-၁၈ ကိုဖတ်။ - (က) အကြီးအကဲတွေ၊ မိဘတွေအနေနဲ့ ဒါဝိဒ်ကိုဆုံးမဖို့ နာသန်ချဉ်းကပ်ခဲ့ပုံကနေ ဘာသင်ခန်းစာယူနိုင်သလဲ။ (၂ ရာ. ၁၂:၁-၄; သု. ၁၂:၁၈; မ. ၁၃:၃၄) 
- (ခ) ဒါဝိဒ်ကို ယေဟောဝါ ဘာကြောင့် ကရုဏာပြခဲ့သလဲ။ (၂ ရာ. ၁၂:၁၃; ဆာ. ၃၂:၅; ၂ ကော. ၇:၉၊ ၁၀) 
 
ပုံပြင် ၆၃
ပညာရှိ ရှောလမုန်မင်းကြီးအကြောင်း
- ၁။ ရှောလမုန်ကို ယေဟောဝါ ဘာမေးသလဲ၊ သူဘယ်လိုဖြေသလဲ။ 
- ၂။ ရှောလမုန်တောင်းတဲ့ဆုကို သဘောကျတဲ့အတွက် ယေဟောဝါ သူ့ကို ဘာပေးမယ်လို့ ကတိပြုသလဲ။ 
- ၃။ အမျိုးသမီးနှစ်ယောက် ဘာပြဿနာအခက်ကြီးနဲ့ ရှောလမုန်ဆီရောက်လာသလဲ။ 
- ၄။ ပုံထဲမှာမြင်နိုင်တဲ့အတိုင်း ပြဿနာကို ရှောလမုန် ဘယ်လိုဖြေရှင်းလိုက်သလဲ။ 
- ၅။ ရှောလမုန်ရဲ့အုပ်ချုပ်မှု ဘယ်လိုရှိသလဲ၊ ဘာကြောင့်လဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၃ ဓမ္မရာဇဝင် ၃:၃-၂၈ ကိုဖတ်။ - (က) ဒီနေ့ ဘုရားသခင့်အဖွဲ့အစည်းမှာ တာဝန်ရရှိထားတဲ့ အမျိုးသားတွေအနေနဲ့ ရှောလမုန် လှိုက်လှိုက်လှဲလှဲပြောခဲ့တဲ့ ၃ ဓမ္မရာဇဝင် ၃:၇ ပါစကားကနေ ဘာသင်ယူနိုင်သလဲ။ (ဆာ. ၁၁၉:၁၀၅; သု. ၃:၅၊ ၆) 
- (ခ) ဆုတောင်းသင့်တာတွေနဲ့ပတ်သက်လို့ ရှောလမုန်တောင်းတဲ့ဆုက ဘယ်လိုပုံနမူနာကောင်းဖြစ်သလဲ။ (၃ ရာ. ၃:၉၊ ၁၁; သု. ၃၀:၈၊ ၉; ၁ ယော. ၅:၁၄) 
 
- (ဂ) အမျိုးသမီးနှစ်ယောက် အငြင်းပွားတာကို ရှောလမုန်ဖြေရှင်းခဲ့ပုံက သာ၍ကြီးမြတ်တဲ့ရှောလမုန်၊ ယေရှုခရစ်ရဲ့ အနာဂတ်အုပ်ချုပ်မှုနဲ့ပတ်သက်ပြီး ဘာကိုယုံကြည်စိတ်ချစေသလဲ။ (၃ ရာ. ၃:၂၈; ဟေရှာ. ၉:၆၊ ၇; ၁၁:၂-၄) 
- ၂။ ၃ ဓမ္မရာဇဝင် ၄:၂၉-၃၄ ကိုဖတ်။ - (က) နာခံတတ်တဲ့နှလုံးရှိဖို့ ရှောလမုန်ဆုတောင်းတာကို ယေဟောဝါ ဘယ်လိုနားညောင်းခဲ့သလဲ။ (၃ ရာ. ၄:၂၉၊ ကဘ) 
- (ခ) ရှောလမုန်ရဲ့ပညာစကားကို နားထောင်ဖို့ လူတွေကြိုးပမ်းခဲ့တာကိုကြည့်ရင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို တို့တစ်တွေ လေ့လာတဲ့အခါ ဘာသဘောထားရှိသင့်သလဲ။ (၃ ရာ. ၄:၂၉၊ ၃၄; ယော. ၁၇:၃; ၂ တိ. ၃:၁၆၊ ၁၇) 
 
ပုံပြင် ၆၄
ရှောလမုန် ဗိမာန်တော်ဆောက်တဲ့အကြောင်း
- ၁။ ယေဟောဝါရဲ့ဗိမာန်တော်ပြီးဖို့ ရှောလမုန် ဘယ်လောက်ကြာ ဆောက်ခဲ့ရသလဲ၊ ဘာဖြစ်လို့ ဒီလောက်ငွေကုန်ကြေးကျများတာလဲ။ 
- ၂။ ဗိမာန်တော်မှာ အခန်းဘယ်နှစ်ခန်းရှိသလဲ၊ အတွင်းခန်းထဲမှာ ဘာထည့်ထားသလဲ။ 
- ၃။ ဗိမာန်တော်ပြီးသွားတော့ ရှောလမုန် ဘယ်လိုဆုတောင်းသလဲ။ 
- ၄။ ရှောလမုန်ရဲ့ဆုတောင်းချက်ကို သဘောကျတယ်ဆိုတာ ယေဟောဝါဘယ်လိုပြသလဲ။ 
- ၅။ ရှောလမုန်ရဲ့မိဖုရားတွေက သူ့ကို ဘယ်လိုဖန်တီးလိုက်သလဲ၊ ရှောလမုန်ဘာဖြစ်သွားသလဲ။ 
- ၆။ ရှောလမုန်ကို ယေဟောဝါ ဘာကြောင့် စိတ်ဆိုးတာလဲ၊ သူ့ကို ယေဟောဝါ ဘာပြောသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၁ ရာဇဝင်ချုပ် ၂၈:၉၊ ၁၀ ကိုဖတ်။ - ၁ ရာဇဝင်ချုပ် ၂၈:၉၊ ၁၀ မှာပါတဲ့ ဒါဝိဒ်ရဲ့စကားတွေကိုထောက်ရင် နေ့စဉ်အသက်တာမှာ တို့တစ်တွေ ဘာလုပ်ဖို့ကြိုးစားသင့်သလဲ။ (ဆာ. ၁၉:၁၄; ဖိ. ၄:၈၊ ၉) 
- ၂။ ၂ ရာဇဝင်ချုပ် ၆:၁၂-၂၁၊ ၃၂-၄၂ ကိုဖတ်။ - (က) အမြင့်မြတ်ဆုံးဘုရားသခင်ဟာ လူလုပ်တဲ့ဘယ်အဆောက်အအုံမှာမှ မဆံ့နိုင်ကြောင်း ရှောလမုန် ဘယ်လိုဖော်ပြသလဲ။ (တ. ၁၇:၂၄၊ ၂၅) 
- (ခ) ၂ ရာဇဝင်ချုပ် ၆:၃၂၊ ၃၃ မှာပါတဲ့ ရှောလမုန်ရဲ့စကားတွေက ယေဟောဝါအကြောင်း ဘာဖော်ပြသလဲ။ (တ. ၁၀:၃၄၊ ၃၅; ဂလ. ၂:၆) 
 
- ၃။ ၂ ရာဇဝင်ချုပ် ၇:၁-၅ ကိုဖတ်။ - ယေဟောဝါဘုန်းတော်ကို ဣသရေလအမျိုးသားတွေ မြင်တွေ့တဲ့အခါ ကိုယ်တော်ကိုချီးမွမ်းဖို့ လှုံ့ဆော်ခံရသလို ဒီနေ့ လူမျိုးတော်အပေါ် ယေဟောဝါရဲ့ကောင်းချီးကို ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ တို့တစ်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။ (၆ ရာ. ၇:၃; ဆာ. ၂၂:၂၂; ၃၄:၁; ၉၆:၂) 
- ၄။ ၃ ဓမ္မရာဇဝင် ၁၁:၉-၁၃ ကိုဖတ်။ - အဆုံးတိုင်အောင် သစ္စာရှိဖို့အရေးကြီးကြောင်း ရှောလမုန်ရဲ့ဘဝလမ်းစဉ်က ဘယ်လိုဖော်ပြသလဲ။ (၃ ရာ. ၁၁:၄၊ ၉; မ. ၁၀:၂၂; ဗျာ. ၂:၁၀) 
ပုံပြင် ၆၅
နိုင်ငံတော် နှစ်ခြမ်းကွဲသွားတဲ့အကြောင်း
- ၁။ ပုံထဲကလူနှစ်ယောက် နာမည်ဘယ်လိုခေါ်သလဲ၊ သူတို့က ဘယ်သူတွေလဲ။ 
- ၂။ အဟိယက သူဝတ်နေတဲ့ဝတ်လုံကို ဘာလုပ်လိုက်သလဲ၊ အဲလိုလုပ်တာ ဘာအဓိပ္ပာယ်ရှိသလဲ။ 
- ၃။ ရှောလမုန်က ယေရောဗောင်ကို ဘာလုပ်ဖို့ကြံသလဲ။ 
- ၄။ လူတွေက ဘာကြောင့် ယေရောဗောင်ကို ဆယ်နွယ်ရဲ့ဘုရင်အဖြစ် မင်းမြှောက်လိုက်တာလဲ။ 
- ၅။ ယေရောဗောင် ဘာကြောင့် ရွှေနွားရုပ်နှစ်ရုပ် လုပ်တာလဲ၊ အဲလိုလုပ်ပြီး မကြာခင် တိုင်းပြည်ဘာဖြစ်လာသလဲ။ 
- ၆။ နှစ်နွယ်နိုင်ငံနဲ့ ယေရုရှလင်မြို့က ယေဟောဝါရဲ့ဗိမာန်တော် ဘာဖြစ်သွားသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၃ ဓမ္မရာဇဝင် ၁၁:၂၆-၄၃ ကိုဖတ်။ - ယေရောဗောင်ဟာ ဘယ်လိုလူစားမျိုးလဲ၊ သူသာ ဘုရားသခင့်ပညတ်ချက်တွေကို စောင့်ရှောက်မယ်ဆိုရင် ယေဟောဝါ ဘာကတိပြုခဲ့သလဲ။ (၃ ရာ. ၁၁:၂၈၊ ၃၈) 
- ၂။ ၃ ဓမ္မရာဇဝင် ၁၂:၁-၃၃ ကိုဖတ်။ - (က) မိဘတွေနဲ့ အကြီးအကဲတွေဟာ အခွင့်အာဏာအလွဲသုံးခြင်းနဲ့ပတ်သက်လို့ ရောဗောင်ရဲ့မကောင်းတဲ့ပုံနမူနာကနေ ဘာနားလည်နိုင်ပါသလဲ။ (၃ ရာ. ၁၂:၁၃; ဒေ. ၇:၇; ၁ ပေ. ၅:၂၊ ၃) 
- (ခ) ဒီနေ့ လူငယ်တွေအနေနဲ့ အရေးကြီးတဲ့ ဘဝဆုံးဖြတ်ချက်တွေချတဲ့အခါ ယုံကြည်စိတ်ချနိုင်တဲ့လမ်းညွှန်မှုရဖို့ ဘယ်သူ့ဆီ ဦးလှည့်သင့်သလဲ။ (၃ ရာ. ၁၂:၆၊ ၇; သု. ၁:၈၊ ၉; ၂ တိ. ၃:၁၆၊ ၁၇; ဟေဗြဲ ၁၃:၇) 
- (ဂ) နွားရုပ်ကိုးကွယ်တဲ့နေရာ နှစ်နေရာထူထောင်ဖို့ ယေရောဗောင်ကို ဘာကလှုံ့ဆော်ပေးခဲ့တာလဲ၊ အဲဒါက ယေဟောဝါကို လုံးဝမယုံကြည်ဘူးဆိုတာ ဘယ်လိုဖော်ပြသလဲ။ (၃ ရာ. ၁၁:၃၇; ၁၂:၂၆-၂၈) 
- (ဃ) စစ်မှန်တဲ့ဝတ်ပြုရေးကို ဆန့်ကျင်ပုန်ကန်ရာမှာ ဆယ်နွယ်နိုင်ငံကလူတွေကို ဘယ်သူဦးဆောင်ခဲ့သလဲ။ (၃ ရာ. ၁၂:၃၁-၃၃) 
 
ပုံပြင် ၆၆
မိဖုရားဆိုး ယေဇဗေလအကြောင်း
- ၁။ ယေဇဗေလဆိုတာ ဘယ်သူလဲ။ 
- ၂။ တစ်နေ့မှာ ဘုရင်အာဟပ် ဘာကြောင့် စိတ်ညှိုးငယ်တာလဲ။ 
- ၃။ သူ့ယောက်ျား အာဟပ်အတွက် နာဗုတ်ရဲ့စပျစ်ဥယျာဉ်ကိုရဖို့ ယေဇဗေလဘာလုပ်သလဲ။ 
- ၄။ ယေဇဗေလကိုဒဏ်ပေးဖို့ ယေဟောဝါ ဘယ်သူ့ကို စေလွှတ်လိုက်သလဲ။ 
- ၅။ ပုံထဲမှာမြင်နိုင်တဲ့အတိုင်း ယေဇဗေလရဲ့နန်းတော်ကို ယေဟုရောက်လာတော့ ဘာဖြစ်ပျက်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၃ ဓမ္မရာဇဝင် ၁၆:၂၉-၃၃ နှင့် ၁၈:၃၊ ၄ ကိုဖတ်။ - ဘုရင်အာဟပ်လက်ထက်မှာ ဣသရေလနိုင်ငံ အခြေအနေ ဘယ်လောက်ဆိုးခဲ့သလဲ။ (၃ ရာ. ၁၆:၃၀၊ ၃၃) 
- ၂။ ၃ ဓမ္မရာဇဝင် ၂၁:၁-၁၆ ကိုဖတ်။ - (က) နာဗုတ်ဟာ သတ္တိရှိကြောင်း၊ ယေဟောဝါကိုသစ္စာစောင့်ကြောင်း ဘယ်လိုတင်ပြခဲ့သလဲ။ (၃ ရာ. ၂၁:၁-၃; ဝတ်. ၂၅:၂၃-၂၈) 
- (ခ) စိတ်ဓာတ်ကျမှုကို ရင်ဆိုင်ဖြေရှင်းရာမှာ အာဟပ်ရဲ့နမူနာကနေ တို့တစ်တွေ ဘာနားလည်နိုင်သလဲ။ (၃ ရာ. ၂၁:၄; ရော. ၅:၃-၅) 
 
- ၃။ ၄ ဓမ္မရာဇဝင် ၉:၃၀-၃၇ ကိုဖတ်။ - ယေဟောဝါအလိုတော်ကို ထမ်းဆောင်ရာမှာ ယေဟုရဲ့စိတ်ထက်သန်မှုကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (၄ ရာ. ၉:၄-၁၀; ၂ ကော. ၉:၁၊ ၂; ၂ တိ. ၄:၂) 
ပုံပြင် ၆၇
ယောရှဖတ် ယေဟောဝါကို အားကိုးတဲ့အကြောင်း
- ၁။ ယောရှဖတ်ဆိုတာ ဘယ်သူလဲ၊ ဘယ်အချိန်မှာ သူအသက်ရှင်ခဲ့သလဲ။ 
- ၂။ ဣသရေလလူတွေ ဘာဖြစ်လို့ ကြောက်ကြတာလဲ၊ သူတို့အများစု ဘာလုပ်ကြသလဲ။ 
- ၃။ ယောရှဖတ်ရဲ့ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လိုအဖြေပေးသလဲ။ 
- ၄။ တိုတ်ပွဲမစခင် ဘာဖြစ်အောင် ယေဟောဝါဖန်တီးလိုက်သလဲ။ 
- ၅။ ယောရှဖတ်ဆီကနေ တို့တစ်တွေ ဘာသင်ခန်းစာယူနိုင်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၂ ရာဇဝင်ချုပ် ၂၀:၁-၃၀ ကိုဖတ်။ - (က) ခြိမ်းခြောက်ခံရတဲ့အခြေအနေမျိုး ရင်ဆိုင်ရတဲ့အခါ ဘုရားသခင့်သစ္စာရှိကျေးကျွန်တွေ ပြုလုပ်သင့်တာကို ယောရှဖတ် ဘယ်လိုဖော်ပြခဲ့သလဲ။ (၆ ရာ. ၂၀:၁၂; ဆာ. ၂၅:၁၅; ၆၂:၁) 
- (ခ) လူမျိုးတော်နဲ့ဆက်ဆံရာမှာ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို ယေဟောဝါ အမြဲအသုံးပြုတဲ့အတွက် ခုချိန်မှာ ဘယ်လမ်းကြောင်းကို ကိုယ်တော်အသုံးပြုနေသလဲ။ (၆ ရာ. ၂၀:၁၄၊ ၁၅; မ. ၂၄:၄၅-၄၇; ယော. ၁၅:၁၅) 
- (ဂ) “အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ကြီး” ကို ဘုရားသခင်အစပြုတဲ့အခါ တို့တစ်တွေရဲ့အခြေအနေဟာ ယောရှဖတ်ရဲ့အခြေအနေနဲ့ ဘယ်လိုဆင်တူနေမလဲ။ (၆ ရာ. ၂၀:၁၅၊ ၁၇; ၃၂:၈; ဗျာ. ၁၆:၁၄၊ ၁၆၊ သမ္မာ) 
- (ဃ) လေဝိအမျိုးကို တုပတဲ့အနေနဲ့ ဒီကနေ့ ရှေ့ဆောင်တွေနဲ့ သာသနာပြုတွေဟာ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ဘယ်လိုမျိုးကူညီပေးနေသလဲ။ (၆ ရာ. ၂၀:၁၉၊ ၂၁; ရော. ၁၀:၁၃-၁၅; ၂ တိ. ၄:၂) 
 
ပုံပြင် ၆၈
ပြန်အသက်ရှင်လာတဲ့ ယောက်ျားကလေးနှစ်ယောက်အကြောင်း
- ၁။ ပုံမှာပါတဲ့လူသုံးယောက်က ဘယ်သူတွေလဲ၊ သူငယ်လေး ဘာဖြစ်သွား သလဲ။ 
- ၂။ သူငယ်လေးနဲ့ပတ်သက်လို့ ဧလိယ ဘယ်လိုဆုတောင်းသလဲ၊ အဲဒီနောက် ဘာဖြစ်လာသလဲ။ 
- ၃။ ဧလိယရဲ့လက်ထောက် နာမည်ဘယ်လိုခေါ်သလဲ။ 
- ၄။ ရှုနင်မြို့သူတစ်ယောက်အိမ်ကို ဧလိရှဲ ဘာကြောင့် ဖိတ်ခေါ်ခံရတာလဲ။ 
- ၅။ ဧလိရှဲ ဘာလုပ်ပေးသလဲ၊ သေသွားတဲ့ကလေး ဘာဖြစ်လာသလဲ။ 
- ၆။ ဧလိယနဲ့ ဧလိရှဲတို့ဖော်ပြခဲ့တာတွေအရ ယေဟောဝါဆီမှာ ဘာတန်ခိုးရှိသလဲ။ 
ထပ်ဆင့်မေးခွန်းများ
- ၁။ ၃ ဓမ္မရာဇဝင် ၁၇:၈-၂၄ ကိုဖတ်။ - (က) ဧလိယရဲ့နာခံမှုနဲ့ ယုံကြည်ခြင်း ဘယ်လိုစမ်းသပ်ခံခဲ့ရသလဲ။ (၃ ရာ. ၁၇:၉; ၁၉:၁-၄၊ ၁၀) 
- (ခ) ဇရတ္တမြို့သူ မုဆိုးမရဲ့ယုံကြည်ခြင်းဟာ ဘာကြောင့် ထူးခြားထင်ရှားတာလဲ။ (၃ ရာ. ၁၇:၁၂-၁၆; လု. ၄:၂၅၊ ၂၆) 
- (ဂ) ဇရတ္တမြို့သူ မုဆိုးမရဲ့တွေ့ကြုံမှုက မဿဲ ၁၀:၄၁၊ ၄၂ ပါ ယေရှုရဲ့စကားမှန်ကြောင်း ဘယ်လိုထောက်ခံသလဲ။ (၃ ရာ. ၁၇:၁၀-၁၂၊ ၁၇၊ ၂၃၊ ၂၄) 
 
- ၂။ ၄ ဓမ္မရာဇဝင် ၄:၈-၃၇ ကိုဖတ်။ - (က) ဧည့်ဝတ်ပြုခြင်းနဲ့ပတ်သက်လို့ ရှုနင်မြို့သူအမျိုးသမီးက တို့တစ်တွေကို ဘာသင်ပေးသလဲ။ (၄ ရာ. ၄:၈; လု. ၆:၃၈; ရော. ၁၂:၁၃; ၁ ယော. ၃:၁၇) 
- (ခ) ခုခေတ် ဘုရားသခင့်ကျေးကျွန်တွေကို ဘယ်လိုနည်းတွေနဲ့ ကြင်နာမှုပြနိုင်သလဲ။ (တ. ၂၀:၃၅; ၂၈:၁၊ ၂; ဂလ. ၆:၉၊ ၁၀; ဟေဗြဲ ၆:၁၀) 
 
ပုံပြင် ၆၉
မိန်းကလေးတစ်ယောက် လူစွမ်းကောင်းတစ်ယောက်ကို ကူညီခဲ့တဲ့အကြောင်း
- ၁။ ပုံထဲမှာ မိန်းကလေးက အမျိုးသမီးကြီးကို ဘာပြောနေတာလဲ။ 
- ၂။ ပုံထဲကအမျိုးသမီးကြီးက ဘယ်သူလဲ၊ မိန်းကလေးက အဲဒီအမျိုးသမီးကြီးအိမ်မှာ ဘာလုပ်နေတာလဲ။ 
- ၃။ ဧလိရှဲက သူ့ကျွန်ကိုလွှတ်ပြီး နေမန်ကိုဘာပြောသလဲ၊ နေမန် ဘာကြောင့် စိတ်ဆိုးတာလဲ။ 
- ၄။ နေမန် သူ့ကျွန်တွေရဲ့စကားကို နားထောင်တော့ ဘာဖြစ်သွားသလဲ။ 
- ၅။ နေမန်ပေးတဲ့လက်ဆောင်ကို ဧလိရှဲ ဘာကြောင့် မယူတာလဲ၊ ဒါပေမဲ့ ဂေဟာဇိ ဘာလုပ်သလဲ။ 
- ၆။ ဂေဟာဇိ ဘာဖြစ်သွားသလဲ၊ အဲဒီကနေ တို့တစ်တွေ ဘာသင်ခန်းစာယူနိုင်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၄ ဓမ္မရာဇဝင် ၅:၁-၂၇ ကိုဖတ်။ - (က) ဣသရေလမိန်းကလေးရဲ့ ပုံနမူနာက ခုခေတ် လူငယ်လူရွယ်တွေအတွက်ဘယ်လို အားပေးချက်ဖြစ်နိုင်သလဲ။ (၄ ရာ. ၅:၃; ဆာ. ၈:၂; ၁၄၈:၁၂၊ ၁၃) 
- (ခ) ကျမ်းစာဆိုင်ရာဆုံးမစကားတွေ ရရှိတဲ့အခါ နေမန်ရဲ့ပုံနမူနာကို စိတ်စွဲထားဖို့ ဘာကြောင့် ကောင်းသလဲ။ (၄ ရာ. ၅:၁၅; ဟေဗြဲ ၁၂:၅၊ ၆; ယာ. ၄:၆) 
- (ဂ) ဧလိရှဲနဲ့ ဂေဟာဇိတို့ရဲ့ ပုံနမူနာကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ဘာသင်ခန်းစာတွေ ရနိုင်သလဲ။ (၄ ရာ. ၅:၉၊ ၁၀၊ ၁၄-၁၆၊ ၂၀; မ. ၁၀:၈; တ. ၅:၁-၅; ၂ ကော. ၂:၁၇) 
 
ပုံပြင် ၇၀
ယောနနဲ့ ဧရာမငါးကြီးအကြောင်း
- ၁။ ယောနဆိုတာ ဘယ်သူလဲ၊ သူ့ကို ယေဟောဝါ ဘာခိုင်းလိုက်သလဲ။ 
- ၂။ ယေဟောဝါသွားခိုင်းတဲ့နေရာကို မသွားချင်လို့ ယောနဘာလုပ်သလဲ။ 
- ၃။ မုန်တိုင်းငြိမ်သွားဖို့ သင်္ဘောသားတွေကို ယောနဘာပြောသလဲ။ 
- ၄။ ပုံမှာမြင်တဲ့အတိုင်း ယောန ရေထဲနစ်သွားတော့ ဘာဖြစ်သလဲ။ 
- ၅။ ငါးကြီးဗိုက်ထဲမှာ ယောန ဘယ်လောက်ကြာကြာ နေလိုက်ရသလဲ၊ အဲဒီမှာ သူဘာလုပ်သလဲ။ 
- ၆။ ငါးကြီးဗိုက်ထဲကနေ အပြင်ကိုရောက်ပြီးနောက် ယောန ဘယ်ကိုသွားသလဲ၊ အဲဒါက တို့တစ်တွေကို ဘာသင်ပေးသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ယောန ၁:၁-၁၇ ကိုဖတ်။ - နိနေဝေမြို့သားတွေကိုဟောဖို့ သူ့တာဝန်ကို ယောန ဘယ်လိုယူဆခဲ့ကြောင်း ထင်ရှားသလဲ။ (ယောန ၁:၂၊ ၃; သု. ၃:၇; ဒေ. ၈:၁၂) 
- ၂။ ယောန ၂:၁၊ ၂၊ ၁၀ ကိုဖတ်။ - တို့တစ်တွေရဲ့ဆုတောင်းချက်တွေကို ယေဟောဝါနားညောင်းမယ်ဆိုတာ ယောနရဲ့တွေ့ကြုံမှုက ဘယ်လိုစိတ်ချစေသလဲ။ (ဆာ. ၂၂:၂၄; ၃၄:၆; ၁ ယော. ၅:၁၄) 
- ၃။ ယောန ၃:၁-၁၀ ကိုဖတ်။ - (က) အစပိုင်းမှာ သူ့တာဝန်ကိုမကျေပွန်ခဲ့ပေမဲ့ ယောနကို ယေဟောဝါဆက်အသုံးပြုခဲ့တဲ့အချက်ကနေ တို့တစ်တွေ ဘယ်လိုအားပေးမှုရရှိသလဲ။ (ဆာ. ၁၀၃:၁၄; ၁ ပေ. ၅:၁၀) 
- (ခ) ရပ်ကွက်မှာရှိတဲ့လူတွေကို ကြိုတင်ဆုံးဖြတ်တာနဲ့ပတ်သက်လို့ နိနေဝေမြို့သားတွေနဲ့ ယောနရဲ့တွေ့ကြုံမှုက တို့တစ်တွေကို ဘာသင်ပေးသလဲ။ (ယောန ၃:၆-၉; ဒေ. ၁၁:၆; တ. ၁၃:၄၈) 
 
ပုံပြင် ၇၁
ပရဒိသုတစ်ခုပေးဖို့ ဘုရားသခင်ကတိပြုတဲ့အကြောင်း
- ၁။ ဟေရှာယဆိုတာ ဘယ်သူလဲ၊ ဘယ်အချိန်မှာ အသက်ရှင်ခဲ့ပြီး သူ့ကို ယေဟောဝါ ဘာပြခဲ့သလဲ။ 
- ၂။ “ပရဒိသု” ဆိုတာ ဘာကိုဆိုလိုတာလဲ၊ အဲဒါက ဘာကို သွားသတိရစေ သလဲ။ 
- ၃။ ယေဟောဝါက ဟေရှာယကို ပရဒိသုအသစ်အကြောင်း ဘာတွေရေးခိုင်းသလဲ။ 
- ၄။ အာဒံနဲ့ဧဝတို့ သူတို့ရဲ့လှပတဲ့ဂေဟာကို ဘာကြောင့် ဆုံးရှုံးရတာလဲ။ 
- ၅။ ယေဟောဝါက သူ့ကိုချစ်တဲ့လူတွေကို ဘာကတိပြုသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ဟေရှာယ ၁၁:၆-၉ ကိုဖတ်။ - (က) ကမ္ဘာသစ်မှာ လူနဲ့တိရစ္ဆာန်တွေကြားရှိမယ့် ငြိမ်သက်မှုကို ဘုရားသခင့်နှုတ်ကပါဌ်တော်က ဘယ်လိုပုံဖော်ပြသလဲ။ (ဆာ. ၁၄၈:၁၀၊ ၁၃; ဟေရှာ. ၆၅:၂၅; ယေဇ. ၃၄:၂၅) 
- (ခ) ဒီကနေ့ ယေဟောဝါရဲ့လူမျိုးတော်ကြားမှာ ဟေရှာယရဲ့စကားတွေ ဝိညာဉ်ရေးအရ ဘယ်လိုပြည့်စုံနေသလဲ။ (ရော. ၁၂:၂; ဧ. ၄:၂၃၊ ၂၄) 
- (ဂ) ခုချိန်မှာကော ကမ္ဘာသစ်မှာပါ လူ့စရိုက်တွေပြောင်းလဲခြင်းအတွက် ဘယ်သူဂုဏ်တင်ခံထိုက်သလဲ။ (ဟေရှာ. ၄၈:၁၇၊ ၁၈; ဂလ. ၅:၂၂၊ ၂၃; ဖိ. ၄:၇) 
 
- ၂။ ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်။ - (က) မြေကြီးပေါ်မှာ လူတွေနဲ့အတူ ဘုရားသခင်နေမယ်ဆိုတာ ကိုယ်ခန္ဓာနဲ့မဟုတ်ဘဲ ပုံဆောင်သဘောရှိနေမှာဖြစ်ကြောင်း ကျမ်းစာက ဘယ်လိုဖော်ပြသလဲ။ (ဝတ်. ၂၆:၁၁၊ ၁၂; ၆ ရာ. ၆:၁၈; ဟေရှာ. ၆၆:၁; ဗျာ. ၂၁:၂၊ ၃၊ ၂၂-၂၄) 
- (ခ) ဘယ်လိုမျက်ရည်မျိုးနဲ့ နာကျင်မှုတွေ ကွယ်ပျောက်သွားမှာလဲ။ (လု. ၈:၄၉-၅၂; ရော. ၈:၂၁၊ ၂၂; ဗျာ. ၂၁:၄) 
 
ပုံပြင် ၇၂
ဘုရင်ဟေဇကိကို ဘုရားသခင်မစခဲ့တဲ့အကြောင်း
- ၁။ ပုံမှာပါတဲ့လူက ဘယ်သူလဲ၊ ဘာကြောင့် သူအကြီးအကျယ်ဒုက္ခတွေ့ နေတာလဲ။ 
- ၂။ ဘုရားသခင်ရှေ့တော်မှာ ဟေဇကိချထားတဲ့စာတွေက ဘာတွေလဲ၊ ဟေဇကိ ဘာဆုတောင်းသလဲ။ 
- ၃။ ဟေဇကိဟာ ဘယ်လိုမင်းမျိုးလဲ၊ ယေဟောဝါက ပရောဖက်ဟေရှာယက တစ်ဆင့် သူ့ဆီကို ဘာသတင်းပို့သလဲ။ 
- ၄။ ပုံမှာပါတဲ့အတိုင်း ယေဟောဝါရဲ့ကောင်းကင်တမန်က ရှုရိစစ်သားတွေကို ဘာလုပ်လိုက်သလဲ။ 
- ၅။ နှစ်နွယ်နိုင်ငံ ခဏတစ်ဖြုတ် အေးချမ်းခဲ့ပေမဲ့ ဟေဇကိသေပြီးနောက် ဘာဖြစ်သွားသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၄ ဓမ္မရာဇဝင် ၁၈:၁-၃၆ ကိုဖတ်။ - (က) အာရှုရိသံတော်ဆင့် ရာဗရှာခဟာ ဣသရေလလူတွေရဲ့ယုံကြည်ခြင်း အားနည်းသွားစေဖို့ ဘယ်လိုကြိုးစားခဲ့သလဲ။ (၄ ရာ. ၁၈:၁၉၊ ၂၁; ထွ. ၅:၂; ဆာ. ၆၄:၃) 
- (ခ) အတိုက်အခံပြုသူတွေနဲ့ ဆက်ဆံရာမှာ ယေဟောဝါသက်သေတွေဟာ ဟေဇကိရဲ့ပုံနမူနာကို ဘယ်လိုလိုက်ကြသလဲ။ (၄ ရာ. ၁၈:၃၆; ဆာ. ၃၉:၁; သု. ၂၆:၄; ၂ တိ. ၂:၂၄) 
 
- ၂။ ၄ ဓမ္မရာဇဝင် ၁၉:၁-၃၇ ကိုဖတ်။ - (က) ခုခေတ် ယေဟောဝါရဲ့လူမျိုးတော်ဟာ ဘေးဒုက္ခရောက်ချိန်မှာ ဟေဇကိကို ဘယ်လိုတုပကြသလဲ။ (၄ ရာ. ၁၉:၁၊ ၂; သု. ၃:၅၊ ၆; ဟေဗြဲ ၁၀:၂၄၊ ၂၅; ယာ. ၅:၁၄၊ ၁၅) 
- (ခ) သနာခရိပ်မင်းဟာ ဘယ်လိုသုံးခါပြန် ရှုံးနိမ့်ခဲ့သလဲ၊ သူက ဘယ်သူ့ကို ပရောဖက်ပြုဖော်ပြသလဲ။ (၄ ရာ. ၁၉:၃၂၊ ၃၅၊ ၃၇; ဗျာ. ၂၀:၂၊ ၃) 
 
- ၃။ ၄ ဓမ္မရာဇဝင် ၂၁:၁-၆၊ ၁၆ ကိုဖတ်။ - မနာရှေဟာ ယေရုရှလင်မြို့ကိုအုပ်ချုပ်ခဲ့တဲ့ အဆိုးဆုံးဘုရင်တွေထဲက တစ်ပါးဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ။ (၆ ရာ. ၃၃:၄-၆၊ ၉) 
ပုံပြင် ၇၃
ဣသရေလနိုင်ငံရဲ့ နောက်ဆုံးမင်းကောင်းအကြောင်း
- ၁။ ယောရှိ ဘုရင်ဖြစ်လာချိန်မှာ အသက်ဘယ်လောက်ရှိပြီလဲ၊ နန်းသက်ခုနစ်နှစ်ရောက်တဲ့အခါ သူဘာစလုပ်သလဲ။ 
- ၂။ ပထမပုံမှာ ယောရှိဘာလုပ်နေတာ တွေ့ရသလဲ။ 
- ၃။ ဗိမာန်တော်ကို ပြန်လည်မွမ်းမံတဲ့အခါ ယဇ်ပုရောဟိတ်မင်းကြီး ဘာကိုသွားတွေ့သလဲ။ 
- ၄။ ယောရှိ ဘာကြောင့် သူ့အဝတ်ကို ဆုတ်ပစ်တာလဲ။ 
- ၅။ ပရောဖက်မ ဟုလဒက ယေဟောဝါဆီက ဘယ်သတင်းကို ယောရှိကိုပြောပြသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၂ ရာဇဝင်ချုပ် ၃၄:၁-၂၈ ကိုဖတ်။ - (က) ခက်ခဲတဲ့ကလေးဘဝကို ကြုံတွေ့ခံစားခဲ့ရသူတွေအတွက် ယောရှိ ဘာပုံသက်သေထားပေးသလဲ။ (၆ ရာ. ၃၃:၂၁-၂၅; ၃၄:၁၊ ၂; ဆာ. ၂၇:၁၀) 
- (ခ) ယောရှိနန်းစံ ၈ နှစ်၊ ၁၂ နှစ်နဲ့ ၁၈ နှစ်တို့မှာ စစ်မှန်တဲ့ဝတ်ပြုရေးကိုမြှင့်တင်ဖို့ ဘယ်ထူးခြားထင်ရှားတဲ့ ဆောင်ရွက်ချက်တွေကို သူလုပ်ဆောင်ခဲ့သလဲ။ (၆ ရာ. ၃၄:၃၊ ၈) 
- (ဂ) ဝတ်ပြုကိုးကွယ်တဲ့နေရာတွေကို ထိန်းသိမ်းခြင်းနဲ့ပတ်သက်လို့ ယောရှိမင်းနဲ့ ယဇ်ပုရောဟိတ်မင်း ဟိလခိတို့ပြခဲ့တဲ့ ပုံသက်သေတွေကနေ ဘာသင်ခန်းစာတွေရနိုင်သလဲ။ (၆ ရာ. ၃၄: ၉-၁၃; သု. ၁၁:၁၄; ၁ ကော. ၁၀:၃၁) 
 
ပုံပြင် ၇၄
မကြောက်တတ်တဲ့ လူတစ်ယောက်အကြောင်း
- ၁။ ပုံမှာပါတဲ့လူငယ်က ဘယ်သူလဲ။ 
- ၂။ ပရောဖက်တစ်ယောက်ဖြစ်လာဖို့ ယေရမိ ဘယ်လိုယူဆသလဲ၊ ဒါပေမဲ့ သူ့ကို ယေဟောဝါ ဘာပြောသလဲ။ 
- ၃။ ယေရမိကိုတားဖို့ ယဇ်ပုရောဟိတ်တွေ ဘယ်လိုကြိုးစားကြသလဲ၊ ဒါပေမဲ့ သူမကြောက်ဘူးဆိုတာ ဘယ်လိုတင်ပြသလဲ။ 
- ၄။ လူတွေကို ယေရမိ ဘယ်လိုဆက်သတိပေးနေသလဲ။ 
- ၅။ ဣသရေလလူတွေ သူတို့ရဲ့မကောင်းတဲ့လမ်းစဉ်ကို မပြောင်းလဲတော့ ဘာဖြစ်သွားသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ယေရမိ ၁:၁-၈ ကိုဖတ်။ - (က) ယေရမိရဲ့ပုံနမူနာဖော်ပြတဲ့အတိုင်း ယေဟောဝါလုပ်ငန်းတော်အတွက် ဘာက လူတစ်ယောက်ကို အရည်အချင်းရှိစေသလဲ။ (၂ ကော. ၃:၅၊ ၆) 
- (ခ) ယေရမိရဲ့ပုံသက်သေက ခုခေတ် ခရစ်ယာန်လူငယ်တွေအတွက် ဘယ်လိုအားပေးချက်ဖြစ်သလဲ။ (ဒေ. ၁၂:၁; ၁ တိ. ၄:၁၂) 
- ၂။ ယေရမိ ၁၀:၁-၅ ကိုဖတ်။ - ရုပ်တုတွေကိုအားကိုးတာ အချည်းနှီးပဲဆိုတာဖော်ပြဖို့ ဘယ်ထိရောက်တဲ့ဥပမာကို ယေရမိအသုံးပြုသလဲ။ (ယေ. ၁၀:၅; ဟေရှာ. ၄၆:၇; ဟဗ. ၂:၁၉) 
 
- ၃။ ယေရမိ ၂၆:၁-၁၆ ကိုဖတ်။ - (က) ဒီကနေ့ သတိပေးသတင်းကို ကြေညာရာမှာ “တစ်ခွန်းကိုမျှ မထိမ်မဝှက်နှင့်” ဆိုပြီး ယေရမိကို ယေဟောဝါမိန့်မှာခဲ့တဲ့စကားကို ဘိသိက်ခံအကြွင်းအကျန်တွေ ဘယ်လိုနှလုံးသွင်းကြသလဲ။ (ယေ. ၂၆:၂; တရား. ၄:၂; တ. ၂၀:၂၇) 
- (ခ) လူမျိုးအပေါင်းကို ယေဟောဝါရဲ့သတိပေးချက် ကြေညာပေးနေတဲ့ ခုခေတ် ယေဟောဝါသက်သေတွေအတွက် ယေရမိ ဘာပုံသက်သေကောင်းပြခဲ့သလဲ။ (ယေ. ၂၆:၈၊ ၁၂၊ ၁၄၊ ၁၅; ၂ တိ. ၄:၁-၅) 
 
- ၄။ ၄ ဓမ္မရာဇဝင် ၂၄:၁-၁၇ ကိုဖတ်။ - ယေဟောဝါအပေါ် ယုဒပြည်ရဲ့သစ္စာမဲ့မှုကြောင့် ဘယ်ဝမ်းနည်းစရာအကျိုးဆက်တွေ ခံစားခဲ့ရသလဲ။ (၄ ရာ. ၂၄:၂-၄၊ ၁၄) 
ပုံပြင် ၇၅
ဗာဗုလုန်က ယောက်ျားကလေး လေးယောက်အကြောင်း
- ၁။ ပုံမှာပါတဲ့ ယောက်ျားလေး လေးယောက်က ဘယ်သူတွေလဲ၊ သူတို့ ဘာလို့ ဗာဗုလုန်မြို့ကိုရောက်နေတာလဲ။ 
- ၂။ ဒီလူငယ် လေးယောက်နဲ့ပတ်သက်ပြီး နေဗုခဒ်နေဇာမှာ ဘာအစီအစဉ်တွေရှိသလဲ၊ သူ့ကျွန်တွေကို ဘာတွေမိန့်မှာထားသလဲ။ 
- ၃။ အစားအသောက်နဲ့ပတ်သက်ပြီး သူနဲ့ သူ့သူငယ်ချင်းသုံးယောက်အတွက် ဒံယေလ ဘာတောင်းဆိုနေသလဲ။ 
- ၄။ ဆယ်ရက်လောက် ဟင်းသီးဟင်းရွက်စားပြီးနောက် ဒံယေလနဲ့ သူ့သူငယ်ချင်းသုံးယောက်ကို တခြားလူငယ်တွေနဲ့ယှဉ်ကြည့်တော့ ဘယ်လိုနေသလဲ။ 
- ၅။ ဒံယေလနဲ့ သူ့သူငယ်ချင်းသုံးယောက် ဘုရင့်နန်းတော်ထဲ ဘယ်လိုရောက်သွားတာလဲ၊ ယဇ်ပုရောဟိတ်တွေနဲ့ ပညာရှိတွေထက် သူတို့ ဘယ်လိုသာသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ဒံယေလ ၁:၁-၂၁ ကိုဖတ်။ - (က) သွေးဆောင်မှုတွေကို တွန်းလှန်ပြီး အားနည်းချက်တွေကို အောင်မြင်ကျော်လွှားချင်တယ်ဆိုရင် တို့တစ်တွေမှာ ဘယ်လိုကြိုးစားမှုမျိုး ရှိဖို့လိုသလဲ။ (ဒံ. ၁:၈; က. ၃၉:၇၊ ၁၀; ဂလ. ၆:၉) 
- (ခ) ‘စားကောင်းသောက်ဖွယ်’ တွေလို့ တချို့ယူဆထားရာတွေကို မွေ့လျော်ခံစားဖို့ ခုခေတ်လူငယ်တွေ ဘယ်လိုနည်းတွေနဲ့ သွေးဆောင်ခံရ ဒါမှမဟုတ် ဖိအားပေးခံရနိုင်သလဲ။ (ဒံ. ၁:၈၊ ကဘ; သု. ၂၀:၁; ၂ ကော. ၆:၁၇–၇:၁) 
- (ဂ) ဟေဗြဲလူငယ်လေးယောက်အကြောင်း ကျမ်းစာမှတ်တမ်းက လောကပညာသင်ယူခြင်းနဲ့ပတ်သက်လို့ ဘာကို သဘောပေါက်နားလည်စေသလဲ။ (ဒံ. ၁:၂၀; ဟေရှာ. ၅၄:၁၃; ၁ ကော. ၃:၁၈-၂၀) 
 
ပုံပြင် ၇၆
ယေရုရှလင်မြို့ ဖျက်ဆီးခံရတဲ့အကြောင်း
- ၁။ ပုံမှာပြထားတဲ့ ယေရုရှလင်မြို့နဲ့ ဣသရေလလူတွေ ဘာဖြစ်နေကြသလဲ။ 
- ၂။ ယေဇကျေလဆိုတာ ဘယ်သူလဲ၊ ဘယ်ထိတ်လန့်စရာတွေကို သူမြင်အောင် ယေဟောဝါဖန်တီးလိုက်သလဲ။ 
- ၃။ ဣသရေလလူတွေ ယေဟောဝါကို ခန့်ညားရိုသေမှုမရှိတဲ့အတွက် ကိုယ်တော် ဘယ်လိုအခိုင်အမာဆိုသလဲ။ 
- ၄။ နေဗုခဒ်နေဇာမင်းကြီးကို ဣသရေလလူတွေ ပုန်ကန်ကြတဲ့အတွက် သူ ဘာလုပ်သလဲ။ 
- ၅။ ဣသရေလလူတွေပေါ်မှာ ဒီလောက်ကြောက်စရာကောင်းတဲ့အဖြစ်ဆိုး ဘာကြောင့် ယေဟောဝါဖြစ်ခွင့်ပေးတာလဲ။ 
- ၆။ ဣသရေလပြည်ဟာ ဘယ်လိုလုပ်ပြီး လုံးဝလူမနေတဲ့နေရာဖြစ်သွားတာလဲ၊ ဘယ်လောက်ကြာသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၄ ဓမ္မရာဇဝင် ၂၅:၁-၂၆ ကိုဖတ်။ - (က) ဇေဒကိဆိုတာ ဘယ်သူလဲ၊ သူဘာဖြစ်သွားသလဲ၊ အဲဒါက ကျမ်းစာပရောဖက်ပြုချက်ကို ဘယ်လိုပြည့်စုံစေသလဲ။ (၄ ရာ. ၂၅:၅-၇; ယေဇ. ၁၂:၁၃-၁၅) 
- (ခ) ဣသရေလလူမျိုးရဲ့ သစ္စာမဲ့မှုမှန်သမျှအတွက် ဘယ်သူ့မှာတာဝန်ရှိတယ်လို့ ယေဟောဝါမှတ်ယူသလဲ။ (၄ ရာ. ၂၅:၉၊ ၁၁၊ ၁၂၊ ၁၈၊ ၁၉; ၆ ရာ. ၃၆:၁၄၊ ၁၇) 
 
- ၂။ ယေဇကျေလ ၈:၁-၁၈ ကိုဖတ်။ - နေကို ကိုးကွယ်တဲ့ အယူဖောက်ပြန်တဲ့ ဣသရေလလူမျိုးကို ခရစ်ယာန်ဘောင်က ဘယ်လိုတုပခဲ့ပြီလဲ။ (ယေဇ. ၈:၁၆; ဟေရှာ. ၅:၂၀၊ ၂၁; ယော. ၃:၁၉-၂၁; ၂ တိ. ၄:၃) 
ပုံပြင် ၇၇
သူတို့ ဦးကိုမချခဲ့တဲ့အကြောင်း
- ၁။ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ လူတွေကို ဘာအမိန့်ပေးသလဲ။ 
- ၂။ ဒံယေလနဲ့ သူ့သူငယ်ချင်းသုံးယောက် ဘာကြောင့် ရွှေရုပ်တုကို ဦးမချတာလဲ။ 
- ၃။ နေဗုခဒ်နေဇာက ဦးချဖို့ နောက်တစ်ကြိမ်အခွင့်အရေးပေးတဲ့အခါ ဟေဗြဲ လူငယ်သုံးယောက်က ယေဟောဝါကိုယုံကြည်ကိုးစားကြောင်း ဘယ်လိုပြကြသလဲ။ 
- ၄။ နေဗုခဒ်နေဇာဟာ သူ့လူတွေကိုခေါ်ပြီး ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ကို ဘာလုပ်ပစ်ခိုင်းသလဲ။ 
- ၅။ မီးဖိုထဲ လှမ်းကြည့်တဲ့အခါ နေဗုခဒ်နေဇာ ဘာတွေ့ရသလဲ။ 
- ၆။ ဘုရင်ကြီးက ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ရဲ့ ဘုရားသခင်ကို ဘာကြောင့် ချီးမွမ်းတာလဲ၊ တို့တစ်တွေအတွက် သူတို့ ဘာပုံနမူနာထားပေးသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ဒံယေလ ၃:၁-၃၀ ကိုဖတ်။ - (က) သမာဓိစောင့်သိခြင်း စမ်းသပ်မှုတွေ ရင်ဆိုင်ရတဲ့အခါ ဟေဗြဲလူငယ်သုံးယောက်ရဲ့ ဘယ်သဘောထားကို ဘုရားသခင့်ကျေးကျွန်အားလုံး တုပသင့်သလဲ။ (ဒံ. ၃:၁၇၊ ၁၈; မ. ၁၀:၂၈; ရော. ၁၄:၇၊ ၈) 
- (ခ) နေဗုခဒ်နေဇာကို ယေဟောဝါဘုရားသခင် ဘယ်အရေးကြီးတဲ့သင်ခန်းစာပေးခဲ့သလဲ။ (ဒံ. ၃:၂၈၊ ၂၉; ၄:၃၄၊ ၃၅) 
 
ပုံပြင် ၇၈
နံရံပေါ်က လက်ရေးစာအကြောင်း
- ၁။ ဗာဗုလုန်ရှင်ဘုရင်ဟာ ယေရုရှလင်မြို့ ယေဟောဝါဗိမာန်တော်ကယူလာတဲ့ ခွက်ဖလားတွေသုံးပြီး စားသောက်ပွဲကြီးလုပ်တဲ့အခါ ဘာဖြစ်လာသလဲ။ 
- ၂။ သူ့ပညာရှိတွေကို ဗေလရှာဇာ ဘာပြောသလဲ၊ ဒါပေမဲ့ သူတို့ဘာကို မလုပ်နိုင်ကြဘူးလဲ။ 
- ၃။ ဘုရင့်မယ်တော်က ဘုရင်ကို ဘာပြောသလဲ။ 
- ၄။ ဘုရင်ကို ဒံယေလလျှောက်တင်ချက်အရ ဘုရားသခင်ဟာ ဘာကြောင့် အဲဒီလက်ကို စေလွှတ်ပြီး နံရံပေါ်စာရေးခိုင်းတာလဲ။ 
- ၅။ နံရံပေါ်ကစာရဲ့အဓိပ္ပာယ်ကို ဒံယေလ ဘယ်လိုရှင်းပြသလဲ။ 
- ၆။ ဒံယေလပြောနေတုန်းမှာပဲ ဘာဖြစ်လာသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ဒံယေလ ၅:၁-၃၁ ကိုဖတ်။ - (က) နံရံပေါ်ကစာမြင်လို့ ဗေလရှာဇာခံစားခဲ့ရတဲ့ ကြောက်ရွံ့ခြင်းနဲ့ ဘုရားရေးရာကြောက်ရွံ့ခြင်းကို နှိုင်းယှဉ်ပြပါ။ (ဒံ. ၅:၆၊ ၇; ဆာ. ၁၉:၉; ရော. ၈:၃၅-၃၉) 
- (ခ) ဗေလရှာဇာနဲ့ သူ့ရဲ့အဆင့်မြင့်မှူးမတ်တွေကို စကားပြောတဲ့အခါ တော်တော်လေးသတ္တိရှိကြောင်း ဒံယေလဘယ်လိုပြခဲ့သလဲ။ (ဒံ. ၅:၁၇၊ ၁၈၊ ၂၂၊ ၂၆-၂၈; တ. ၄:၂၉၊ ၃၀) 
- (ဂ) ဒံယေလအခန်းကြီး ၅ က ယေဟောဝါရဲ့ စကြဝဠာအချုပ်အခြာအာဏာကို ဘယ်လိုနည်းနဲ့ အလေးပေးဖော်ပြသလဲ။ (ဒံ. ၄:၁၇၊ ၂၅; ၅:၂၁) 
 
ပုံပြင် ၇၉
ဒံယေလ ခြင်္သေ့တွင်းထဲရောက်သွားတဲ့အကြောင်း
- ၁။ ဒါရိက ဘယ်သူလဲ၊ ဒံယေလကို သူဘယ်လိုမြင်သလဲ။ 
- ၂။ မနာလိုသူတချို့က ဒါရိကို ဘာလုပ်ဖို့ပြောကြသလဲ။ 
- ၃။ ဥပဒေအသစ်အကြောင်းကြားရတဲ့အခါ ဒံယေလ ဘာလုပ်သလဲ။ 
- ၄။ အိပ်လို့မရနိုင်တဲ့အထိ ဒါရိ ဘာကြောင့် ဝမ်းနည်းရတာလဲ၊ နောက်တစ်မနက်မှာ သူဘာလုပ်သလဲ။ 
- ၅။ ဒါရိကို ဒံယေလ ဘယ်လိုပြန်ဖြေသလဲ။ 
- ၆။ ဒံယေလကို သတ်ပစ်ဖို့ မကောင်းကြံတဲ့လူတွေ ဘာဖြစ်သွားသလဲ၊ ဒါရိက သူ့နိုင်ငံသားအားလုံးဆီကို ဘယ်လိုစာရေးသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ဒံယေလ ၆:၁-၂၈ ကိုဖတ်။ - (က) ဒံယေလတစ်ဖက်မှာ ပူးပေါင်းကြံစည်ကြခြင်းက မျက်မှောက်ခေတ် ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ဆန့်ကျင်နှိမ်နင်းဖို့ကြိုးစားသူတွေ ပြုလုပ်ခဲ့တာတွေကို ဘယ်လိုသတိရစေသလဲ။ (ဒံ. ၆:၇; ဆာ. ၉၄:၂၀; ဟေရှာ. ၁၀:၁၊ ၂; ရော. ၈:၃၁) 
- (ခ) ဒီကနေ့ ဘုရားသခင့်ကျေးကျွန်တွေအနေနဲ့ “အစိုးရသောမင်းအာဏာစက်” ကို လက်အောက်ခံနေခြင်းမှာ ဒံယေလကို ဘယ်လိုတုပနိုင်သလဲ။ (ဒံ. ၆:၅၊ ၁၀; ရော. ၁၃:၁; တ. ၅:၂၉) 
- (ဂ) ယေဟောဝါကို “မပြတ်” ဝတ်ပြုကိုးကွယ်နေတဲ့ ဒံယေလရဲ့ပုံသက်သေကို တို့တစ်တွေ ဘယ်လိုအတုယူနိုင်သလဲ။ (ဒံ. ၆:၁၆၊ ၂၀; ဖိ. ၃:၁၆; ဗျာ. ၇:၁၅) 
 
ပုံပြင် ၈၀
ဘုရားသခင်ရဲ့လူမျိုး ဗာဗုလုန်ကထွက်လာတဲ့အကြောင်း
- ၁။ ပုံမှာပြထားတဲ့အတိုင်း ဣသရေလလူတွေ ဘာလုပ်နေကြသလဲ။ 
- ၂။ ဟေရှာယကတစ်ဆင့် ယေဟောဝါရဲ့ပရောဖက်ပြုချက်ကို ကုရု ဘယ်လိုပြည့်စုံစေခဲ့သလဲ။ 
- ၃။ ယေရုရှလင်မြို့ မပြန်နိုင်တဲ့ ဣသရေလလူတွေကို ကုရုဘာပြောသလဲ။ 
- ၄။ ယေရုရှလင်ပြန်တဲ့လူတွေကို ကုရု ဘာတွေပြန်ယူသွားခိုင်းသလဲ။ 
- ၅။ ဣသရေလလူတွေ ယေရုရှလင်မြို့ရောက်ဖို့ လမ်းမှာ ဘယ်လောက်ကြာသလဲ။ 
- ၆။ ပြည်တော်မှာ လူလုံးဝမနေတာ အနှစ်ဘယ်လောက်ကြာခဲ့သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ဟေရှာယ ၄၄:၂၈ နှင့် ဟေရှာယ ၄၅:၁-၄ ကိုဖတ်။ - (က) ကုရုနဲ့ပတ်သက်တဲ့ပရောဖက်ပြုချက် ဧကန်အမှန် ပြည့်စုံမယ်ဆိုတာကို ယေဟောဝါ ဘယ်လိုအလေးပေးပြောခဲ့သလဲ။ (ဟေရှာ. ၅၅:၁၀၊ ၁၁; ရော. ၄:၁၇) 
- (ခ) ကုရုနဲ့ပတ်သက်တဲ့ ဟေရှာယပရောဖက်ပြုချက်က အနာဂတ်ကြိုပြောနိုင်တဲ့ ယေဟောဝါဘုရားသခင့်အစွမ်းနဲ့ပတ်သက်ပြီး ဘာကိုဖော်ပြသလဲ။ (ဟေရှာ. ၄၂:၉; ၄၅:၂၁; ၄၆:၁၀၊ ၁၁; ၂ ပေ. ၁:၂၀) 
 
- ၂။ ဧဇရ ၁:၁-၁၁ ကိုဖတ်။ - ယေရုရှလင် မပြန်နိုင်သူတွေရဲ့ ပုံသက်သေကိုလိုက်ရာမှာ အချိန်ပြည့်လုပ်ငန်းတော်မှာ ပါဝင်နိုင်သူတွေကို တို့တစ်တွေ ဘယ်လို “မစ” နိုင်သလဲ။ (ဧဇ. ၁:၄၊ ၆; ရော. ၁၂:၁၃; ကော. ၄:၁၂) 
ပုံပြင် ၈၁
ဘုရားသခင် မစမှာကို ယုံကြည်အားထားတဲ့အကြောင်း
- ၁။ ဗာဗုလုန်ကနေ ယေရုရှလင်မြို့ကို ခရီးရှည်ထွက်လာတဲ့လူ ဘယ်လောက်ရှိသလဲ၊ ဒါပေမဲ့ သူတို့ရောက်သွားတော့ ဘာတွေ့ရသလဲ။ 
- ၂။ ဣသရေလလူတွေ ရောက်သွားပြီးနောက် သူတို့ဘာကို စဆောက်ကြသလဲ၊ ဒါပေမဲ့ သူတို့ရဲ့ရန်သူတွေ ဘာလုပ်ကြသလဲ။ 
- ၃။ ဟဂ္ဂဲနဲ့ ဇာခရိက ဘယ်သူတွေလဲ၊ လူတွေကို သူတို့ဘာပြောသလဲ။ 
- ၄။ တာတနဲက ဗာဗုလုန်ကို ဘာဖြစ်လို့စာရေးတာလဲ၊ သူ ဘာအဖြေရသလဲ။ 
- ၅။ ဘုရားသခင့်ဗိမာန်တော်ကို မွမ်းမံဖို့လိုကြောင်းသိရတဲ့အခါ ဧဇရ ဘာလုပ်သလဲ။ 
- ၆။ ပုံထဲမှာ ဧဇရ ဘာအတွက် ဆုတောင်းနေတာလဲ၊ သူ့ဆုတောင်းချက် ဘယ်လိုနားညောင်းခံရသလဲ၊ အဲဒါက တို့တစ်တွေကို ဘာသင်ပေးသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ဧဇရ ၃:၁-၁၃ ကိုဖတ်။ - ဘုရားလူမျိုးရဲ့အသင်းတော်မရှိတဲ့ နေရာဒေသကို ရောက်နေခဲ့ရင် တို့တစ်တွေ ဘာဆက်လုပ်သင့်သလဲ။ (ဧဇ. ၃:၃၊ ၆; တ. ၁၇:၁၆၊ ၁၇; ဟေဗြဲ ၁၃:၁၅) 
- ၂။ ဧဇရ ၄:၁-၇ ကိုဖတ်။ - ယုံကြည်ခြင်းရောနှောတာနဲ့ပတ်သက်လို့ ယေဟောဝါလူမျိုးတော်အတွက် ဇေရုဗဗေလ ဘာပုံသက်သေပြခဲ့သလဲ။ (ထွ. ၃၄:၁၂; ၁ ကော. ၁၅:၃၃; ၂ ကော. ၆:၁၄-၁၇) 
- ၃။ ဧဇရ ၅:၁-၅၊ ၁၇ နှင့် ၆:၁-၂၂ ကိုဖတ်။ - (က) ဗိမာန်တော်ဆောက်လုပ်ရေးလုပ်ငန်း ရပ်တန့်သွားအောင် ဆန့်ကျင်သူတွေ ဘာကြောင့် မလုပ်နိုင်ခဲ့တာလဲ။ (ဧဇ. ၅:၅; ဟေရှာ. ၅၄:၁၇) 
- (ခ) ဆန့်ကျင်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ယေဟောဝါရဲ့လမ်းညွှန်မှုကို ရှာယူဖို့ ယုဒအမျိုးအသက်ကြီးသူတို့ရဲ့လုပ်ရပ်က ခရစ်ယာန်အကြီးအကဲတွေကို ဘယ်လိုအားပေးသလဲ။ (ဧဇ. ၆:၁၄; ဆာ. ၃၂:၈; ရော. ၈:၃၁; ယာ. ၁:၅) 
 
- ၄။ ဧဇရ ၈:၂၁-၂၃၊ ၂၈-၃၆ ကိုဖတ်။ - တစ်ခုခုစမလုပ်ခင် ဧဇရရဲ့ဘယ်ပုံနမူနာကို တို့တစ်တွေ တုပဖို့ကောင်းသလဲ။ (ဧဇ. ၈:၂၃; ဆာ. ၁၂၇:၁; သု. ၁၀:၂၂; ယာ. ၄:၁၃-၁၅) 
ပုံပြင် ၈၂
မော်ဒကဲနဲ့ ဧသတာတို့အကြောင်း
- ၁။ မော်ဒကဲနဲ့ ဧသတာတို့က ဘယ်သူတွေလဲ။ 
- ၂။ ဘုရင်အာရွှေရု ဘာဖြစ်လို့ မိဖုရားအသစ်လိုချင်တာလဲ၊ သူ ဘယ်သူ့ကို မိဖုရားမြှောက်လိုက်သလဲ။ 
- ၃။ ဟာမန်ဆိုတာ ဘယ်သူလဲ၊ ဘာက သူ့ကို အရမ်းစိတ်ဆိုးစေတာလဲ။ 
- ၄။ ဘယ်ဥပဒေကို ထုတ်ပြန်သလဲ၊ မော်ဒကဲဆီက သတင်းရပြီးနောက် ဧသတာ ဘာလုပ်သလဲ။ 
- ၅။ ဟာမန် ဘာဖြစ်သွားသလဲ၊ မော်ဒကဲကော ဘာဖြစ်သွားသလဲ။ 
- ၆။ ဣသရေလလူတွေ သူတို့ရဲ့ရန်သူလက်က ဘယ်လိုကယ်တင်ခံခဲ့ရသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ဧသတာ ၂:၁၂-၁၈ ကိုဖတ်။ - ဧသတာဟာ “နူးညံ့ငြိမ်သက်ခြင်းသဘော” ပြုစုပျိုးထောင်ခြင်းတန်ဖိုးကို ဘယ်လိုဖော်ပြခဲ့သလဲ။ (ဧသ. ၂:၁၅; ၁ ပေ. ၃:၁-၅) 
- ၂။ ဧသတာ ၄:၁-၁၇ ကိုဖတ်။ - ဧသတာဟာ စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ပြုမူလုပ်ဆောင်ခွင့်ရခဲ့သလိုပဲ ယေဟောဝါကို ဆည်းကပ်ဝတ်ပြုကြောင်း၊ သစ္စာစောင့်သိကြောင်း တင်ပြဖို့ ဒီနေ့ တို့တစ်တွေ ဘာအခွင့်အရေး ရထားကြသလဲ။ (ဧသ. ၄:၁၃၊ ၁၄; မ. ၅:၁၄-၁၆; ၂၄:၁၄) 
- ၃။ ဧသတာ ၇:၁-၆ ကိုဖတ်။ - ဧသတာလုပ်ခဲ့သလိုပဲ ဒီကနေ့ ဘုရားသခင့်လူမျိုး အတော်များများဟာ အလားတူ ညှဉ်းပန်းခံရမှာသိလျက်နဲ့ ဘယ်လိုစွန့်စားလုပ်ဆောင်ခဲ့ကြပြီလဲ။ (ဧသ. ၇:၄; မ. ၁၀:၁၆-၂၂; ၁ ပေ. ၂:၁၂) 
ပုံပြင် ၈၃
ယေရုရှလင်မြို့ရိုးအကြောင်း
- ၁။ ယေရုရှလင်မြို့ရိုးမရှိတော့ ဣသရေလလူတွေစိတ်ထဲ ဘယ်လိုရှိခဲ့သလဲ။ 
- ၂။ နေဟမိဆိုတာ ဘယ်သူလဲ။ 
- ၃။ နေဟမိရဲ့အလုပ်က ဘာလဲ၊ အဲဒီအလုပ်က ဘာကြောင့် အရေးကြီးတာလဲ။ 
- ၄။ ဘယ်သတင်းကြောင့် နေဟမိ ဝမ်းနည်းသွားတာလဲ၊ ဒါနဲ့ သူဘာလုပ်သလဲ။ 
- ၅။ နေဟမိကို အာတဇေရဇ်မင်းကြီး ဘယ်လိုကြင်နာမှုပြသလဲ။ 
- ၆။ မြို့ရိုးဆောက်တာကို ဣသရေလလူတွေရဲ့ရန်သူတွေ လာမတားနိုင်အောင် နေဟမိ ဘယ်လိုစီစဉ်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ နေဟမိ ၁:၄-၆ နှင့် ၂:၁-၂၀ ကိုဖတ်။ - ယေဟောဝါရဲ့ညွှန်ကြားမှုကို နေဟမိ ဘယ်လိုရှာယူခဲ့သလဲ။ (နေ. ၂:၄၊ ၅; ရော. ၁၂:၁၂; ၁ ပေ. ၄:၇) 
- ၂။ နေဟမိ ၃:၃-၅ ကိုဖတ်။ - တေကောမြို့သားတွေနဲ့ တေကော “မင်းတို့” ရဲ့ခြားနားချက်ကနေ အကြီးအကဲတွေနဲ့ ဓမ္မအမှုထမ်းတွေ ဘာသင်ယူနိုင်သလဲ။ (နေ. ၃:၅၊ ၂၇; ၂ သက်. ၃:၇-၁၀; ၁ ပေ. ၅:၅) 
- ၃။ နေဟမိ ၄:၁-၂၃ ကိုဖတ်။ - (က) ပြင်းထန်တဲ့ဆန့်ကျင်မှုကြားမှာ မြို့ရိုးဆက်ဆောက်ဖို့ ဣသရေလလူတွေကို ဘာက လှုံ့ဆော်ပေးခဲ့သလဲ။ (နေ. ၄:၆၊ ၈၊ ၉; ဆာ. ၅၀:၁၅; ဟေရှာ. ၆၅:၁၃၊ ၁၄) 
- (ခ) ဣသရေလလူတွေရဲ့ပုံသက်သေက ဒီကနေ့ တို့တစ်တွေကို ဘယ်လိုအားရှိစေသလဲ။ 
 
- ၄။ နေဟမိ ၆:၁၅ ကိုဖတ်။ - နှစ်လအတွင်း ယေရုရှလင်မြို့ရိုး ပြီးသွားတဲ့အချက်က ယုံကြည်ခြင်းတန်ခိုးနဲ့ ပတ်သက်ပြီး ဘာကိုဖော်ပြသလဲ။ (ဆာ. ၅၆:၃၊ ၄; မ. ၁၇:၂၀; ၁၉:၂၆) 
ပုံပြင် ၈၄
ကောင်းကင်တမန်တစ်ပါး မာရိဆီလာတဲ့အကြောင်း
- ၁။ ပုံမှာပါတဲ့အမျိုးသမီးက ဘယ်သူလဲ။ 
- ၂။ မာရိကို ဂါဗြေလ ဘာပြောသလဲ။ 
- ၃။ ဘယ်ယောက်ျားနဲ့မှ မာရိ အတူမနေဖူးပေမဲ့ ကလေးတစ်ယောက်ရမယ်ဆိုတာကို ဂါဗြေလ ဘယ်လိုရှင်းပြသလဲ။ 
- ၄။ သူ့အမျိုး ဧလိရှဗက်ဆီ မာရိသွားလည်တဲ့အခါ ဘာဖြစ်သလဲ။ 
- ၅။ မာရိ ကလေးရတော့မယ်ဆိုတာ ယောသပ်ကြားတဲ့အခါ သူဘယ်လိုစိတ်ကူးသလဲ၊ ဒါပေမဲ့ ဘာကြောင့် သူစိတ်ပြောင်းလိုက်တာလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ လုကာ ၁:၂၆-၅၆ ကိုဖတ်။ - (က) ဘုရားသခင့်သားတော်အသက် နာမ်ဝိညာဉ်လောကမှ ပြောင်းရွှေ့ခံရချိန်မှာ မာရိရဲ့သားဥမှာရှိတဲ့ အာဒံကြောင့်ဖြစ်ပေါ်လာတဲ့ မစုံလင်မှုတွေနဲ့ပတ်သက်လို့ လုကာ ၁:၃၅ ကဘာဖော်ပြသလဲ။ (ဟဂ္ဂဲ ၂:၁၁-၁၃; ယော. ၆:၆၉; ဟေဗြဲ ၇:၂၆; ၁၀:၅) 
- (ခ) မမွေးဖွားခင်ကတည်းက ယေရှု ဘယ်လိုဂုဏ်တင်ခံခဲ့ရသလဲ။ (လု. ၁:၄၁-၄၃) 
- (ဂ) မာရိဟာ ဒီကနေ့ လုပ်ငန်းတော်အခွင့်ထူးတွေ ရရှိထားတဲ့ခရစ်ယာန်တွေအတွက် ဘာပုံသက်သေကောင်းပြခဲ့သလဲ။ (လု. ၁:၃၈၊ ၄၆-၄၉; ၁၇:၁၀; သု. ၁၁:၂) 
 
- ၂။ မဿဲ ၁:၁၈-၂၅ ကိုဖတ်။ - ယေရှုဟာ ဧမာနွေလဆိုတဲ့နာမည်နဲ့ အခေါ်မခံခဲ့ရပေမဲ့ လူသားတစ်ယောက်အနေနဲ့ အဲဒီနာမည်ရဲ့အဓိပ္ပာယ်ကို ဘယ်လိုပြည့်စုံစေခဲ့သလဲ။ (မ. ၁:၂၂၊ ၂၃; ယော. ၁၄:၈-၁၀; ဟေဗြဲ ၁:၁-၃) 
ပုံပြင် ၈၅
ယေရှုနွားတင်းကုပ်ထဲ မွေးလာတဲ့အကြောင်း
- ၁။ ပုံမှာပါတဲ့ ကလေးလေးက ဘယ်သူလဲ၊ သူ့ကို မာရိ ဘယ်မှာထည့်သိပ်နေသလဲ။ 
- ၂။ ဘာဖြစ်လို့ တိရစ္ဆာန်တွေရှိတဲ့ နွားတင်းကုပ်ထဲမှာ ယေရှုမွေးလာတာလဲ။ 
- ၃။ ပုံထဲမှာ တင်းကုပ်ထဲဝင်လာနေတဲ့ လူတွေက ဘယ်သူတွေလဲ၊ ကောင်းကင်တမန်တစ်ပါးက သူတို့ကို ဘာပြောပြထားသလဲ။ 
- ၄။ ယေရှု ဘာကြောင့် ထူးခြားရတာလဲ။ 
- ၅။ ယေရှုကို ဘုရားသခင့်သားတော်လို့ ဘာကြောင့် ခေါ်နိုင်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ လုကာ ၂:၁-၂၀ ကိုဖတ်။ - (က) ယေရှုဖွားမြင်ခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်ပြည့်စုံရာမှာ ကဲသာသြဂုတ္တုဟာ ဘယ်အပိုင်းက ပါဝင်ခဲ့သလဲ။ (လု. ၂:၁-၄; မိ. ၅:၂) 
- (ခ) လူတစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး ‘စိတ်ထားကောင်းသူတို့’ မှာ တစ်ဦး အပါအဝင် ဖြစ်လာနိုင်သလဲ။ (လု. ၂:၁၄၊ ကဘ; မ. ၁၆:၂၄; ယော. ၁၇:၃; တ. ၃: ၁၉၊ ၂၀; ဟေဗြဲ ၁၁:၆) 
- (ဂ) နိမ့်ကျတဲ့ဂျူးသိုးထိန်းတွေမှာ ကယ်တင်ရှင်ဖွားမြင်ခြင်းအတွက် ဝမ်းမြောက်စရာအကြောင်းရှိခဲ့တယ်ဆိုရင် ဒီကနေ့ ဘုရားသခင့်ကျေးကျွန်တွေမှာ ပိုပြီးဝမ်းမြောက်စရာကောင်းတဲ့ ဘယ်အကြောင်းရင်းရှိနေသလဲ။ (လု. ၂:၁၀၊ ၁၁; ဧ. ၃:၈၊ ၉; ဗျာ. ၁၁:၁၅; ၁၄:၆) 
 
ပုံပြင် ၈၆
ကြယ်တစ်ပွင့်လမ်းပြလို့လာတဲ့ လူတွေအကြောင်း
- ၁။ ပုံထဲက လူတွေက ဘယ်သူတွေလဲ၊ သူတို့ထဲကတစ်ယောက်က တောက်ပတဲ့ကြယ်တစ်လုံးကို ဘာကြောင့် လက်ညှိုးထိုးနေတာလဲ။ 
- ၂။ ဘုရင်ဟေရုဒ် ဘာဖြစ်လို့ စိတ်ပူတာလဲ၊ သူဘာလုပ်သလဲ။ 
- ၃။ တောက်ပတဲ့ကြယ်က အဲဒီလူတွေကို ဘယ်ကိုလမ်းပြခေါ်ဆောင်သွားသလဲ၊ ဒါပေမဲ့ သူတို့ရဲ့တိုင်းပြည်ကို ဘာဖြစ်လို့ တခြားလမ်းနဲ့ ပြန်သွားကြတာလဲ။ 
- ၄။ ဟေရုဒ် ဘာအမိန့်ထုတ်သလဲ၊ ဘာကြောင့်လဲ။ 
- ၅။ ယေဟောဝါက ယောသပ်ကို ဘာလုပ်ခိုင်းသလဲ။ 
- ၆။ အဲဒီကြယ်သစ် ထွန်းလင်းတောက်ပအောင် ဘယ်သူလုပ်တာလဲ၊ ဘာကြောင့်လဲ။ 
ထပ်ဆင့်မေးခွန်း–
- ၁။ မဿဲ ၂:၁-၂၃ ကိုဖတ်။ - နက္ခတ်ဗေဒင်ဆရာတွေ ယေရှုဆီ သွားလည်တဲ့အချိန်မှာ ကိုယ်တော့်အသက် ဘယ်လောက်ရှိပြီး ဘယ်မှာနေသလဲ။ (မ. ၂:၁၊ ၁၁၊ ၁၆) 
ပုံပြင် ၈၇
သူငယ်ယေရှု ဗိမာန်တော်ထဲရောက်နေတဲ့အကြောင်း
- ၁။ ပုံထဲကယေရှု အသက်ဘယ်လောက်ရှိပြီလဲ၊ သူဘယ်ကိုရောက်နေတာလဲ။ 
- ၂။ ယောသပ်ဟာ သူ့မိသားစုနဲ့အတူ နှစ်စဉ်နှစ်တိုင်း ဘာလုပ်သလဲ။ 
- ၃။ အိမ်အပြန်လမ်းမှာ တစ်ရက်ခရီးသွားပြီးနောက် ယောသပ်နဲ့မာရိ ဘာကြောင့် ယေရုရှလင်မြို့ကိုပြန်သွားတာလဲ။ 
- ၄။ ယောသပ်နဲ့မာရိ ယေရှုကို ဘယ်မှာရှာတွေ့သလဲ၊ အဲဒီကလူတွေ ဘာကြောင့် အံ့အားသင့်နေကြတာလဲ။ 
- ၅။ သူ့မေမေ၊ မာရိကို ယေရှုဘာပြောသလဲ။ 
- ၆။ ဘုရားသခင်အကြောင်းသင်ယူရာမှာ တို့တစ်တွေ ယေရှုနဲ့ ဘယ်လိုတူနိုင်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ လုကာ ၂:၄၁-၅၂ ကိုဖတ်။ - (က) နှစ်စဉ်ကျင်းပတဲ့ပွဲတော်တွေကို ယောက်ျားတွေပဲတက်ဖို့ ပညတ်တော်က တောင်းဆိုထားပေမဲ့ ခုခေတ်မိဘတွေအတွက် ယောသပ်နဲ့မာရိတို့ ဘာပုံသက်သေကောင်းပြခဲ့သလဲ။ (လု. ၂:၄၁; တရား. ၁၆:၁၆; ၃၁:၁၂; သု. ၂၂:၆) 
- (ခ) ဒီကနေ့ လူငယ်တွေ သူတို့ရဲ့မိဘတွေကိုလက်အောက်ခံဖို့ ယေရှု ဘယ်လိုပုံနမူနာကောင်း ပြခဲ့သလဲ။ (လု. ၂:၅၁; တရား. ၅:၁၆; သု. ၂၃:၂၂; ကော. ၃:၂၀) 
 
- ၂။ မဿဲ ၁၃:၅၃-၅၆ ကိုဖတ်။ - ယေရှုရဲ့ ဘယ်ညီအရင်းလေးယောက်နာမည်ကို ကျမ်းစာမှာဖော်ပြထားသလဲ၊ နောက်ပိုင်း သူတို့ထဲကနှစ်ယောက် ခရစ်ယာန်အသင်းတော်မှာ ဘယ်လိုအသုံးတော်ခံခဲ့သလဲ။ (မ. ၁၃:၅၅; တ. ၁၂:၁၇; ၁၅:၆၊ ၁၃; ၂၁:၁၈; ဂလ. ၁:၁၉; ယာ. ၁:၁; ယု. ၁) 
ပုံပြင် ၈၈
ယေရှုကိုယောဟန်နှစ်ခြင်းပေးတဲ့အကြောင်း
- ၁။ ပုံမှာပါတဲ့အမျိုးသားနှစ်ယောက်က ဘယ်သူတွေလဲ။ 
- ၂။ လူတစ်ယောက်ကို ဘယ်လိုနှစ်ခြင်းပေးရသလဲ။ 
- ၃။ ပုံမှန်အားဖြင့် ဘယ်သူတွေကို ယောဟန်နှစ်ခြင်းပေးတာလဲ။ 
- ၄။ ဘယ်အကြောင်းထူးကြောင့် ယေရှုက သူ့ကိုနှစ်ခြင်းပေးဖို့ ယောဟန်ကိုတောင်းဆိုတာလဲ။ 
- ၅။ ယေရှုနှစ်ခြင်းခံတာကို သဘောကျတယ်ဆိုတာ ဘုရားသခင် ဘယ်လိုပြသလဲ။ 
- ၆။ ယေရှု တိတ်ဆိတ်တဲ့နေရာကိုသွားပြီး ရက်ပေါင်း ၄၀ နေတဲ့အခါ ဘာဖြစ်သလဲ။ 
- ၇။ ယေရှုရဲ့နောက်လိုက်ဦးတွေ ဒါမှမဟုတ် တပည့်ဦးတချို့က ဘယ်သူတွေလဲ၊ ကိုယ်တော်ရဲ့ ပထမဆုံးအံ့ဖွယ်ရာက ဘာလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ မဿဲ ၃:၁၃-၁၇ ကိုဖတ်။ - ယေရှုဟာ သူ့တပည့်တွေနှစ်ခြင်းခံဖို့ ဘာပုံသက်သေချမှတ်ခဲ့သလဲ။ (ဆာ. ၄၀:၇၊ ၈; မ. ၂၈:၁၉၊ ၂၀; လု. ၃:၂၁၊ ၂၂) 
- ၂။ မဿဲ ၄:၁-၁၁ ကိုဖတ်။ - သမ္မာကျမ်းစာကို ယေရှုကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုပုံက ကျမ်းစာကိုမှန်မှန်လေ့လာဖို့ တို့တစ်တွေကို ဘယ်လိုအားပေးသလဲ။ (မ. ၄:၅-၇; ၂ ပေ. ၃:၁၇၊ ၁၈; ၁ ယော. ၄:၁) 
- ၃။ ယောဟန် ၁:၂၉-၅၁ ကိုဖတ်။ - နှစ်ခြင်းဆရာယောဟန်ဟာ သူ့တပည့်တွေကို ဘယ်သူ့ဆီ လမ်းညွှန်ခဲ့သလဲ၊ သူ့ကို ဒီနေ့ တို့တစ်တွေ ဘယ်လိုတုပနိုင်သလဲ။ (ယော. ၁:၂၉၊ ၃၅၊ ၃၆; ၃:၃၀; မ. ၂၃:၁၀) 
- ၄။ ယောဟန် ၂:၁-၁၂ ကိုဖတ်။ - ယေဟောဝါဟာ မိမိရဲ့ကျေးကျွန်တွေကို ကောင်းတဲ့အရာမှန်သမျှ မပေးဘဲနေမှာမဟုတ်ဘူးဆိုတာ ယေရှုရဲ့ပထမဆုံးအံ့ဖွယ်အမှုက ဘယ်လိုဖော်ပြသလဲ။ (ယော. ၂:၉၊ ၁၀; ဆာ. ၈၄:၁၁; ယာ. ၁:၁၇) 
ပုံပြင် ၈၉
ယေရှုဗိမာန်တော်ကိုရှင်းတဲ့အကြောင်း
- ၁။ ဗိမာန်တော်မှာ ဘာဖြစ်လို့ တိရစ္ဆာန်တွေ ရောင်းနေကြတာလဲ။ 
- ၂။ ယေရှု ဘာကြောင့် ဒေါသထွက်တာလဲ။ 
- ၃။ ပုံမှာမြင်ရတဲ့အတိုင်း ယေရှု ဘာလုပ်သလဲ၊ ချိုးငှက်ရောင်းတဲ့လူတွေကို ယေရှုဘာအမိန့်ပေးသလဲ။ 
- ၄။ ယေရှု ခုလိုလုပ်နေတာကို ကိုယ်တော့်နောက်လိုက်တွေ မြင်တဲ့အခါ သူတို့ ဘာကို သွားသတိရကြသလဲ။ 
- ၅။ ဂါလိလဲနယ်အပြန်မှာ ယေရှု ဘယ်နယ်ကိုဖြတ်သွားရသလဲ။ 
ထပ်ဆင့်မေးခွန်း–
- ၁။ ယောဟန် ၂:၁၃-၂၅ ကိုဖတ်။ - ဗိမာန်တော်က ငွေလဲလှယ်သူတွေကို ယေရှုဒေါသထွက်တဲ့အကြောင်း သုံးသပ်ကြည့်ရင် နိုင်ငံတော်ခန်းမမှာ စီးပွားရေးလုပ်တာတွေနဲ့ပတ်သက်လို့ မှန်ကန်တဲ့အမြင်က ဘာလဲ။ (ယော. ၂:၁၅၊ ၁၆; ၁ ကော. ၁၀:၂၄၊ ၃၁-၃၃) 
ပုံပြင် ၉၀
ရေတွင်းနားမှာ မိန်းမနဲ့တွေ့ခဲ့တဲ့အကြောင်း
- ၁။ ရှမာရိနယ်က ရေတွင်းတစ်တွင်းနားမှာ ယေရှု ဘာကြောင့် ရပ်နားတာလဲ၊ အဲဒီက အမျိုးသမီးကို ကိုယ်တော် ဘာပြောနေတာလဲ။ 
- ၂။ အမျိုးသမီးက ဘာကြောင့်အံ့သြတာလဲ၊ သူ့ကိုယေရှုဘာပြောသလဲ၊ ဘာကြောင့်လဲ။ 
- ၃။ အမျိုးသမီးက ဘယ်ရေအကြောင်း ယေရှုပြောနေတာလို့ ထင်လိုက်သလဲ၊ ဒါပေမဲ့ တကယ်တော့ ဘယ်ရေအကြောင်း ကိုယ်တော်ပြောတာလဲ။ 
- ၄။ အမျိုးသမီးက သူ့အကြောင်း ယေရှုသိနေတာကို ဘာကြောင့် အံ့သြတာလဲ၊ အဲဒီအကြောင်းတွေကို ကိုယ်တော်ဘယ်လိုလုပ်ပြီးသိတာလဲ။ 
- ၅။ ရေတွင်းနားက အမျိုးသမီးရဲ့မှတ်တမ်းကနေ တို့တစ်တွေ ဘာသင်ခန်းစာတွေ ယူနိုင်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ယောဟန် ၄:၅-၄၃ ကိုဖတ်။ - (က) ယေရှုရဲ့ပုံသက်သေကိုလိုက်ရာမှာ လူမျိုးမရွေး၊ လူမှုရေးနောက်ခံမရွေးဘဲ လူအားလုံးအပေါ် တို့တစ်တွေ ဘယ်သဘောထား တင်ပြသင့်သလဲ။ (ယော. ၄:၉; ၁ ကော. ၉:၂၂; ၁ တိ. ၂:၃၊ ၄; တိ. ၂:၁၃) 
- (ခ) ယေရှုတပည့်ဖြစ်လာသူတစ်ယောက်ဟာ ဝိညာဉ်ရေးနဲ့ဆိုင်တဲ့ ဘယ်အကျိုးကျေးဇူးတွေ ခံစားရသလဲ။ (ယော. ၄:၁၄; ဟေရှာ. ၅၈:၁၁; ၂ ကော. ၄:၁၆) 
- (ဂ) သိရှိခဲ့ရာတွေကို တခြားသူတွေကိုဝေမျှပေးချင်တဲ့ ရှမာရိအမျိုးသမီးရဲ့ တန်ဖိုးထားစိတ်မျိုး တို့တစ်တွေ ဘယ်လိုပြနိုင်သလဲ။ (ယော. ၄:၇၊ ၂၈၊ ၂၉; မ. ၆:၃၃; လု. ၁၀:၄၀-၄၂) 
 
ပုံပြင် ၉၁
တောင်ပေါ်မှာ ယေရှုဟောပြောသွန်သင်တဲ့အကြောင်း
- ၁။ ပုံထဲမှာ ယေရှု ဘယ်မှာသွန်သင်နေတာလဲ၊ သူ့အနားမှာထိုင်နေတဲ့လူတွေက ဘယ်သူတွေလဲ။ 
- ၂။ တမန်တော် ၁၂ ယောက်ရဲ့နာမည်တွေ ဘယ်လိုခေါ်သလဲ။ 
- ၃။ ယေရှုဟောပြောနေတဲ့နိုင်ငံတော်ဆိုတာ ဘာလဲ။ 
- ၄။ ဘာအတွက် ဆုတောင်းဖို့ လူတွေကို ယေရှုသင်ပေးနေသလဲ။ 
- ၅။ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုဆက်ဆံရမယ်ဆိုတာနဲ့ပတ်သက်ပြီး ယေရှုဘာသင်ပေးသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ မဿဲ ၅:၁-၁၂ ကိုဖတ်။ - ဝိညာဉ်ရေးလိုအပ်ချက်ရှိတယ်ဆိုတာ သတိပြုတဲ့သူတွေဖြစ်ကြောင်း ဘယ်လိုနည်းတွေနဲ့ တို့တစ်တွေ တင်ပြနိုင်သလဲ။ (မ. ၅:၃၊ ကဘ; ရော. ၁၀:၁၃-၁၅; ၁ တိ. ၄:၁၃၊ ၁၅၊ ၁၆) 
- ၂။ မဿဲ ၅:၂၁-၂၆ ကိုဖတ်။ - ညီအစ်ကိုတွေနဲ့ တို့တစ်တွေရဲ့ဆက်ဆံရေးက ယေဟောဝါနဲ့ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်ကြောင်း မဿဲ ၅:၂၃၊ ၂၄ ကဘယ်လိုအလေးပေးဖော်ပြသလဲ။ (မ. ၆:၁၄၊ ၁၅; ဆာ. ၁၃၃:၁; ကော. ၃:၁၃; ၁ ယော. ၄:၂၀) 
- ၃။ မဿဲ ၆:၁-၈ ကိုဖတ်။ - ကိုယ့်ကိုယ်ကိုဖြောင့်မတ်တယ်လို့ထင်တဲ့ ဘယ်လိုပုံစံမျိုးတွေကို ခရစ်ယာန်တွေရှောင်ရမလဲ။ (လု. ၁၈:၁၁၊ ၁၂; ၁ ကော. ၄:၆၊ ၇; ၂ ကော. ၉:၇) 
- ၄။ မဿဲ ၆:၂၅-၃၄ ကိုဖတ်။ - ရုပ်ပစ္စည်းအထောက်အပံ့အတွက် ယေဟောဝါကို ယုံကြည်ကိုးစားဖို့လိုကြောင်းနဲ့ပတ်သက်ပြီး ယေရှုဘာသင်ပေးခဲ့သလဲ။ (ထွ. ၁၆:၄; ဆာ. ၃၇:၂၅; ဖိ. ၄:၆) 
- ၅။ မဿဲ ၇:၁-၁၁ ကိုဖတ်။ - မဿဲ ၇:၅ မှာပါတဲ့ ရှင်းလင်းပြတ်သားတဲ့ ပုံဥပမာက တို့တစ်တွေကို ဘာသင်ပေးသလဲ။ (သု. ၂၆:၁၂; ရော. ၂:၁; ၁၄:၁၀; ယာ. ၄:၁၁၊ ၁၂) 
ပုံပြင် ၉၂
ယေရှု လူသေတွေကို ပြန်ရှင်အောင်လုပ်ပေးတဲ့အကြောင်း
- ၁။ ပုံမှာပါတဲ့ကလေးရဲ့ဖေဖေက ဘယ်သူလဲ၊ သူနဲ့ သူ့ဇနီး ဘာကြောင့် သိပ်စိုးရိမ်ပူပန်ခဲ့ကြတာလဲ။ 
- ၂။ ယေရှုကိုတွေ့တဲ့အခါ ယာဣရုဘာလုပ်သလဲ။ 
- ၃။ ယာဣရုအိမ်ကို ယေရှုသွားနေချိန်မှာ ဘာဖြစ်လာသလဲ၊ အသွားလမ်းမှာ ယာဣရု ဘာသတင်းရသလဲ။ 
- ၄။ ယာဣရုအိမ်မှာရှိတဲ့လူတွေ ယေရှုကို ဘာကြောင့် ရယ်ကြတာလဲ။ 
- ၅။ တမန်တော်သုံးယောက်နဲ့ မိန်းကလေးရဲ့ဖေဖေ၊ မေမေတို့ကို မိန်းကလေးရှိတဲ့အခန်းထဲ ခေါ်သွားပြီးနောက် ယေရှုဘာလုပ်သလဲ။ 
- ၆။ ဘယ်သူတွေကို သေရာက ယေရှု ပြန်ရှင်စေခဲ့သလဲ၊ အဲဒါက ဘာကိုဖော်ပြသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ လုကာ ၈:၄၀-၅၆ ကိုဖတ်။ - သွေးသွန်နာစွဲတဲ့အမျိုးသမီးကို သနားကြင်နာပြီး အကျိုးသင့်အကြောင်းသင့်ရှိကြောင်း ယေရှုဘယ်လိုတင်ပြခဲ့သလဲ၊ အဲဒီကနေ ဒီနေ့ ခရစ်ယာန်အကြီးအကဲတွေ ဘာသင်ယူနိုင်သလဲ။ (လု. ၈:၄၃၊ ၄၄၊ ၄၇၊ ၄၈; ဝတ်. ၁၅:၂၅-၂၇; မ. ၉:၁၂၊ ၁၃; ကော. ၃:၁၂-၁၄) 
- ၂။ လုကာ ၇:၁၁-၁၇ ကိုဖတ်။ - ချစ်ရသူတွေကို သေခြင်းမှာ ဆုံးရှုံးခဲ့သူတွေအနေနဲ့ နာဣနမြို့က မုဆိုးမအပေါ် ယေရှုတုံ့ပြန်ပုံကနေ ကြီးမားတဲ့နှစ်သိမ့်မှု ဘယ်လိုရှာတွေ့နိုင်သလဲ။ (လု. ၇:၁၃; ၂ ကော. ၁:၃၊ ၄; ဟေဗြဲ ၄:၁၅) 
- ၃။ ယောဟန် ၁၁:၁၇-၄၄ ကိုဖတ်။ - ချစ်ရသူတစ်ယောက် သေဆုံးတဲ့အခါ ဝမ်းနည်းပူဆွေးတာဟာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း ယေရှု ဘယ်လိုတင်ပြခဲ့သလဲ။ (ယော. ၁၁:၃၃-၃၆၊ ၃၈; ၂ ရာ. ၁၈:၃၃; ၁၉:၁-၄) 
ပုံပြင် ၉၃
ယေရှု လူအများကြီးကိုအစာကျွေးတဲ့အကြောင်း
- ၁။ ကြောက်စရာကောင်းတဲ့ ဘယ်အဖြစ်ကို နှစ်ခြင်းဆရာယောဟန် ကြုံတွေ့ခဲ့ရသလဲ၊ အဲဒါကြောင့် ယေရှုကို ဘယ်လိုခံစားခဲ့ရသလဲ။ 
- ၂။ သူ့နောက်လိုက်တဲ့လူအုပ်ကြီးကို ယေရှု ဘယ်လိုကျွေးမွေးသလဲ၊ စားကြွင်းစားကျန် ဘယ်လောက်ကျန်သလဲ။ 
- ၃။ ညရောက်တော့ တပည့်တော်တွေ ဘာဖြစ်လို့ကြောက်လန့်နေကြတာလဲ၊ ပေတရု ဘာကြုံတွေ့ရသလဲ။ 
- ၄။ ထောင်နဲ့ချီတဲ့လူတွေကို ယေရှု ဒုတိယအကြိမ် ဘယ်လိုကျွေးမွေးပြန်သလဲ။ 
- ၅။ ဘုရားသခင့်ဘုရင်အဖြစ် ယေရှု မြေကြီးကိုအုပ်ချုပ်တဲ့အခါ ထူးကဲကောင်းမွန်နေမှာ ဘာကြောင့်လဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ မဿဲ ၁၄:၁-၃၂ ကိုဖတ်။ - (က) မဿဲ ၁၄:၂၃-၃၂ မှာပါတဲ့မှတ်တမ်းက ပေတရုရဲ့စရိုက်နဲ့ပတ်သက်ပြီး ဘာကို သိနားလည်စေသလဲ။ 
- (ခ) ပေတရုဟာ ရင့်ကျက်လာပြီး စိတ်လိုက်မာန်ပါပြုလုပ်တတ်တဲ့ သူ့ရဲ့အကျင့်ကို အနိုင်ယူချိုးနှိမ်ခဲ့ကြောင်း ကျမ်းစာမှတ်တမ်းက ဘယ်လိုဖော်ပြသလဲ။ (မ. ၁၄:၂၇-၃၀; ယော. ၁၈:၁၀; ၂၁:၇; တ. ၂:၁၄၊ ၃၇-၄၀; ၁ ပေ. ၅:၆၊ ၁၀) 
 
- ၂။ မဿဲ ၁၅:၂၉-၃၈ ကိုဖတ်။ - ခမည်းတော်ထံက ကာယပြင်ဆင်ပေးချက်တွေကို လေးစားကြောင်း ယေရှု ဘယ်လိုတင်ပြခဲ့သလဲ။ (မ. ၁၅:၃၇; ယော. ၆:၁၂; ကော. ၃:၁၅) 
- ၃။ ယောဟန် ၆:၁-၂၁ ကိုဖတ်။ - ဒီကနေ့ ခရစ်ယာန်တွေဟာ အစိုးရအာဏာကို ရိုသေလေးစားတဲ့ ယေရှုရဲ့ပုံသက်သေကို ဘယ်လိုလိုက်နိုင်သလဲ။ (ယော. ၆:၁၅; မ. ၂၂:၂၁; ရော. ၁၂:၂; ၁၃:၁-၄) 
ပုံပြင် ၉၄
ကလေးလေးတွေကို သူချစ်တဲ့အကြောင်း
- ၁။ ခရီးဝေးကအပြန်လမ်းမှာ တမန်တော်တွေ ဘာအကြောင်းနဲ့ပတ်သက်ပြီး ငြင်းခုံနေကြသလဲ။ 
- ၂။ ယေရှုဟာ ကလေးလေးတစ်ယောက်ကိုခေါ်ပြီး တမန်တော်တွေအလယ်မှာ ဘာကြောင့် ရပ်ခိုင်းတာလဲ။ 
- ၃။ တမန်တော်တွေဟာ ဘယ်လိုနည်းနဲ့ ကလေးလေးတွေလိုဖြစ်ဖို့ သင်ယူသင့်သလဲ။ 
- ၄။ လပိုင်းလောက်ကြာပြီးတဲ့နောက် ကလေးတွေကိုချစ်ကြောင်း ယေရှုဘယ်လိုတင်ပြသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ မဿဲ ၁၈:၁-၄ ကိုဖတ်။ - ယေရှု ဘာကြောင့် ပုံဥပမာတွေသုံးပြီး သွန်သင်တာလဲ။ (မ. ၁၃:၃၄၊ ၃၆; မာ. ၄:၃၃၊ ၃၄) 
- ၂။ မဿဲ ၁၉:၁၃-၁၅ ကိုဖတ်။ - နိုင်ငံတော်ကောင်းချီးတွေကို တို့တစ်တွေ မျှဝေခံစားချင်တယ်ဆိုရင် ကလေးတွေရဲ့ ဘယ်အရည်အချင်းတွေကို တုပရမလဲ။ (ဆာ. ၂၅:၉; ၁၃၈:၆; ၁ ကော. ၁၄:၂၀) 
- ၃။ မာကု ၉:၃၃-၃၇ ကိုဖတ်။ - ထင်ပေါ်ကျော်စောတဲ့နေရာ ရချင်တာနဲ့ပတ်သက်လို့ တပည့်တော်တွေကို ယေရှုဘာသင်ပေးခဲ့သလဲ။ (မာ. ၉:၃၅; မ. ၂၀:၂၅၊ ၂၆; ဂလ. ၆:၃; ဖိ. ၂:၅-၈) 
- ၄။ မာကု ၁၀:၁၃-၁၆ ကိုဖတ်။ - ယေရှုကိုချဉ်းကပ်ဖို့ ဘယ်လောက်လွယ်ကူသလဲ၊ ကိုယ်တော်ရဲ့ပုံသက်သေကနေ ခရစ်ယာန်အကြီးအကဲတွေ ဘာသင်ယူနိုင်သလဲ။ (မာ. ၆:၃၀-၃၄; ဖိ. ၂:၁-၄; ၁ တိ. ၄:၁၂) 
ပုံပြင် ၉၅
ယေရှုသင်ကြားပို့ချတဲ့နည်းအကြောင်း
- ၁။ ယေရှုကို လူတစ်ယောက် ဘာမေးခွန်းထုတ်သလဲ၊ ဘာကြောင့်လဲ။ 
- ၂။ တစ်ခါတလေ ယေရှု ဘာကိုသုံးပြီး ဆုံးမသွန်သင်သလဲ၊ ဂျူးတွေ၊ ရှမာရိလူတွေနဲပတ်သက်လို့ တို့တစ်တွေ ဘာသိထားပြီးသားလဲ။ 
- ၃။ ယေရှုပြောတဲ့ပုံပြင်ထဲမှာ ယေရိခေါမြို့ကို ခရီးသွားနေတဲ့ဂျူးတစ်ယောက် လမ်းမှာ ဘာကြုံတွေ့ရသလဲ။ 
- ၄။ အဲဒီလမ်းကို ဂျူးယဇ်ပုရောဟိတ်တစ်ယောက်နဲ့ လေဝိလူတစ်ယောက် ဖြတ်လျှောက်သွားတဲ့အခါ ဘာဖြစ်ပျက်သလဲ။ 
- ၅။ ပုံထဲမှာ အရိုက်ခံရတဲ့ဂျူးကို ဘယ်သူကူညီပေးနေသလဲ။ 
- ၆။ ပုံပြောလို့အပြီးမှာ ယေရှု ဘာမေးသလဲ၊ အဲဒီလူက ဘယ်လိုဖြေသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ လုကာ ၁၀:၂၅-၃၇ ကိုဖတ်။ - (က) ယေရှုဟာ ကျမ်းတတ်ကို တိုက်ရိုက်အဖြေပေးမယ့်အစား ကိစ္စရပ်ကို ဘယ်လိုဆင်ခြင်သုံးသပ်စေခဲ့သလဲ။ (လု. ၁၀:၂၆; မ. ၁၆:၁၃-၁၆) 
- (ခ) သူ့ကိုနားဆင်တဲ့သူတွေ ဘက်လိုက်တတ်တဲ့စိတ်ကို အနိုင်ယူချိုးနှိမ်ဖို့ ပုံဥပမာတွေကို ယေရှု ဘယ်လိုအသုံးပြုခဲ့သလဲ။ (လု. ၁၀:၃၆၊ ၃၇; ၁၈:၉-၁၄; တိ. ၁:၉) 
 
ပုံပြင် ၉၆
လူနာတွေကို ယေရှုကုသပေးတဲ့အကြောင်း
- ၁။ တစ်ပြည်လုံးကို လှည့်ပတ်သွားတဲ့အခါ ယေရှုဘာလုပ်သလဲ။ 
- ၂။ ယေရှုနှစ်ခြင်းခံပြီး သုံးနှစ်အကြာမှာ တမန်တော်တွေကို ကိုယ်တော်ဘာပြောသလဲ။ 
- ၃။ ပုံမှာပါတဲ့လူတွေက ဘယ်သူတွေလဲ၊ အမျိုးသမီးကို ယေရှုဘာလုပ်ပေးသလဲ။ 
- ၄။ ဘာသာရေးခေါင်းဆောင်တွေ ကန့်ကွက်တာကို ယေရှုတုံ့ပြန်ပုံက ဘာဖြစ်လို့ သူတို့ကို အရှက်ရစေတာလဲ။ 
- ၅။ ယေရှုနဲ့သူ့တမန်တော်တွေ ယေရိခေါမြို့နားရောက်တဲ့အခါ မျက်မမြင်တောင်းစားသူနှစ်ယောက်ကို ယေရှုဘာလုပ်ပေးသလဲ။ 
- ၆။ ဘာဖြစ်လို့ အံ့ဩစရာကောင်းတဲ့တန်ခိုးတွေကို ယေရှု ပြတာလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ မဿဲ ၁၅:၃၀၊ ၃၁ ကိုဖတ်။ - ယေရှုအားဖြင့် ယေဟောဝါရဲ့ ဘယ်အံ့ဖွယ်တန်ခိုးတွေ ထင်ရှားပေါ်လွင်ခဲ့သလဲ၊ အဲဒါက ယေဟောဝါကတိပြုထားတဲ့ ကမ္ဘာသစ်နဲ့ဆိုင်တဲ့ တို့တစ်တွေရဲ့နားလည်မှုအပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။ (ဆာ. ၃၇:၂၉; ဟေရှာ. ၃၃:၂၄) 
- ၂။ လုကာ ၁၃:၁၀-၁၇ ကိုဖတ်။ - အထင်ရှားဆုံးအံ့ဖွယ်ရာတချို့ကို ဥပုသ်နေ့မှာ ယေရှုပြုလုပ်ခဲ့ခြင်းက ကိုယ်တော်ရဲ့အနှစ်တစ်ထောင်အုပ်ချုပ်မှုမှာ လူသားတွေခံစားရမယ့်သက်သာမှုကို ဘယ်လိုဖော်ပြသလဲ။ (လု. ၁၃:၁၀-၁၃; ဆာ. ၄၆:၉; မ. ၁၂:၈; ကော. ၂:၁၆၊ ၁၇; ဗျာ. ၂၁:၁-၄) 
- ၃။ မဿဲ ၂၀:၂၉-၃၄ ကိုဖတ်။ - ယေရှု အလုပ်များပေမဲ့ လူတွေကို အကူအညီမပေးအားတဲ့အထိ မဖြစ်ခဲ့ကြောင်း ဒီကျမ်းစာမှတ်တမ်းက ဘယ်လိုဖော်ပြသလဲ၊ အဲဒီကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (တရား. ၁၅:၇; ယာ. ၂:၁၅၊ ၁၆; ၁ ယော. ၃:၁၇) 
ပုံပြင် ၉၇
ယေရှု ဘုရင်အနေနဲ့ကြွလာတဲ့အကြောင်း
- ၁။ ယေရုရှလင်မြို့နားက ရွာကလေးတစ်ရွာကို ရောက်တဲ့အခါ တပည့်တွေကို ယေရှုဘာလုပ်ခိုင်းသလဲ။ 
- ၂။ ပုံထဲမှာ ယေရှု ယေရုရှလင်မြို့နားရောက်တဲ့အခါ ဘာဖြစ်ပျက်သလဲ။ 
- ၃။ မျက်မမြင်တွေ ခြေလက်မသန်တဲ့လူတွေကို ယေရှုကုသပေးတာမြင်တော့ ကလေးတွေ ဘာလုပ်ကြသလဲ။ 
- ၄။ စိတ်ဆိုးနေတဲ့ ယဇ်ပုရောဟိတ်တွေကို ယေရှုဘာပြောသလဲ။ 
- ၅။ ယေရှုကိုချီးမွမ်းကြတဲ့ ကလေးတွေနဲ့ တို့တစ်တွေ ဘယ်လိုတူနိုင်သလဲ။ 
- ၆။ တပည့်တော်တွေ ဘာကို သိချင်နေကြသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ မဿဲ ၂၁:၁-၁၇ ကိုဖတ်။ - (က) ယေရုရှလင်မြို့ထဲ ရှင်ဘုရင်အဖြစ် ယေရှုဝင်ရောက်ပုံဟာ ရောမခေတ်က အောင်ပွဲခံဗိုလ်ချုပ်တွေ မြို့ထဲဝင်ပုံနဲ့ ဘယ်လိုကွာသလဲ။ (မ. ၂၁:၄၊ ၅; ဇာ. ၉:၉; ဖိ. ၂:၅-၈; ကော. ၂:၁၅) 
- (ခ) ယေရှုဗိမာန်တော်ကိုဝင်တဲ့အခါ ဆာလံ ၁၁၈ ကို ကိုးကားမြွက်ဆိုခဲ့ကြတဲ့ ဣသရေလယောက်ျားလေးတွေဆီက လူငယ်တွေ ဘာသင်ယူနိုင်သလဲ။ (မ. ၂၁:၉၊ ၁၅; ဆာ. ၁၁၈:၂၅၊ ၂၆; ၂ တိ. ၃:၁၅; ၂ ပေ. ၃:၁၈) 
 
- ၂။ ယောဟန် ၁၂:၁၂-၁၆ ကိုဖတ်။ - စွန်ပလွံခက်တွေသုံးပြီး ယေရှုကိုကြိုဆိုခဲ့ကြခြင်းက ဘာကိုပုံဆောင်သလဲ။ (ယော. ၁၂:၁၃; ဖိ. ၂:၁၀; ဗျာ. ၇:၉၊ ၁၀) 
ပုံပြင် ၉၈
သံလွင်တောင်ပေါ်မှာ ရောက်နေတဲ့အကြောင်း
- ၁။ ပုံထဲမှာ ယေရှုကဘယ်တစ်ယောက်လဲ၊ သူနဲ့အတူရှိနေသူတွေက ဘယ်သူတွေလဲ။ 
- ၂။ ယဇ်ပုရောဟိတ်တွေဟာ ဗိမာန်တော်မှာ ယေရှုကိုဘာလုပ်ဖို့ ကြိုးစားခဲ့ကြသလဲ၊ သူတို့ကို ကိုယ်တော်ဘာပြောသလဲ။ 
- ၃။ တမန်တော်တွေ ယေရှုကို ဘာမေးသလဲ။ 
- ၄။ ကောင်းကင်မှာ ဘုရင်အနေနဲ့ ယေရှုအုပ်ချုပ်တဲ့အခါ ကမ္ဘာပေါ်မှာ ဖြစ်ပျက်မယ့်အရာတချို့ တမန်တော်တွေကို ကိုယ်တော် ဘာကြောင့်ပြောပြသလဲ။ 
- ၅။ ကမ္ဘာပေါ်က ဆိုးယုတ်မိုက်မဲမှုမှန်သမျှကို အဆုံးမသတ်ခင် ဘာဖြစ်လာမယ်လို့ ယေရှုပြောသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ မဿဲ ၂၃:၁-၃၉ ကိုဖတ်။ - (က) လောကနဲ့ဆိုင်တဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးတွေကို အသုံးပြုနိုင်တယ်လို့ သမ္မာကျမ်းစာဖော်ပြပေမဲ့ ခရစ်ယာန်အသင်းတော်ထဲမှာ မြှောက်ပင့်ပြီးခေါ်တဲ့ ဘွဲ့အမည်တွေ အသုံးပြုခြင်းနဲ့ပတ်သက်လို့ မဿဲ ၂၃:၈-၁၁ ပါယေရှုရဲ့စကားက ဘာကိုဖော်ပြသလဲ။ (တ. ၂၆:၂၅; ရော. ၁၃:၇; ၁ ပေ. ၂:၁၃၊ ၁၄) 
- (ခ) လူတွေ ခရစ်ယာန်ဖြစ်မလာစေဖို့ ဖာရိရှဲတွေ ဘာကိုသုံးပြီး တားခဲ့ကြသလဲ၊ ခုခေတ် ဘာသာရေးခေါင်းဆောင်တွေလည်း အလားတူနည်းတွေကို ဘယ်လိုအသုံးချကြသလဲ။ (မ. ၂၃:၁၃; လု. ၁၁:၅၂; ယော. ၉:၂၂; ၁၂:၄၂; ၁ သက်. ၂:၁၆) 
 
- ၂။ မဿဲ ၂၄:၁-၁၄ ကိုဖတ်။ - (က) ခံနိုင်ရည်ရှိဖို့အရေးကြီးကြောင်း မဿဲ ၂၄:၁၃ မှာ ဘယ်လိုအလေးပေးဖော်ပြထားသလဲ။ 
- (ခ) မဿဲ ၂၄:၁၃ မှာပါတဲ့ “အဆုံး” ဆိုတဲ့အသုံးအနှုန်းက ဘာကိုဆိုလိုသလဲ။ (မ. ၁၆:၂၇; ရော. ၁၄:၁၀-၁၂; ၂ ကော. ၅:၁၀) 
 
- ၃။ မာကု ၁၃:၃-၁၀ ကိုဖတ်။ - မာကု ၁၃:၁၀ မှာပါတဲ့ ဘယ်အသုံးအနှုန်းက သတင်းကောင်းဟောပြောခြင်း အရေးကြီးကြောင်း ဖော်ပြသလဲ၊ ယေရှုရဲ့စကားတွေက တို့တစ်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။ (ရော. ၁၃:၁၁၊ ၁၂; ၁ ကော. ၇:၂၉-၃၁; ၂ တိ. ၄:၂) 
ပုံပြင် ၉၉
အထက်ခန်းမှာ ရှိနေကြတဲ့အခါ
- ၁။ ပုံဖော်ရေးဆွဲထားတဲ့အတိုင်း ယေရှုနဲ့တမန်တော် ၁၂ ပါးဟာ အထက်ခန်းမဆောင်ကြီးထဲ ဘာကြောင့် ရောက်နေကြတာလဲ။ 
- ၂။ အပြင်ကို ထွက်ခွာနေတဲ့သူက ဘယ်သူလဲ၊ သူဘာသွားလုပ်မလို့လဲ။ 
- ၃။ ပသခါစားသောက်ပွဲပြီးတဲ့နောက် ဘယ်အထူးစားသောက်ပွဲကို ယေရှုအစပြုသလဲ။ 
- ၄။ ပသခါပွဲက ဣသရေလလူတွေကို ဘယ်အဖြစ်အပျက် သွားသတိရစေသလဲ၊ ဒီအထူးစားသောက်ပွဲက ယေရှုရဲ့နောက်လိုက်တွေကို ဘာသတိရစေသလဲ။ 
- ၅။ သခင့်ညစာစားပွဲပြီးတဲ့နောက် သူ့နောက်လိုက်တွေကို ယေရှု ဘာပြောသလဲ၊ ပြီးတော့ သူတို့ဘာလုပ်ကြသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ မဿဲ ၂၆:၁၄-၃၀ ကိုဖတ်။ - (က) ယေရှုကို ယုဒ သစ္စာဖောက်တာဟာ တမင်ရည်ရွယ်တဲ့လုပ်ရပ်ဖြစ်ကြောင်း မဿဲ ၂၆:၁၅ ကဘယ်လိုဖော်ပြသလဲ။ 
- (ခ) ယေရှုသွန်းခဲ့တဲ့အသွေးက ဘယ်ရည်ရွယ်ချက်နှစ်ခုကို ပြီးမြောက်စေသလဲ။ (မ. ၂၆:၂၇၊ ၂၈; ယေ. ၃၁:၃၁-၃၃; ဧ. ၁:၈; ဟေဗြဲ ၉:၁၉၊ ၂၀) 
 
- ၂။ လုကာ ၂၂:၁-၃၉ ကိုဖတ်။ - စာတန်ဟာ ယုဒအထဲကို ဘယ်သဘောနဲ့ဝင်ခဲ့သလဲ။ (လု. ၂၂:၃; ယော. ၁၃:၂; တ. ၁:၂၄၊ ၂၅) 
- ၃။ ယောဟန် ၁၃:၁-၂၀ ကိုဖတ်။ - (က) ယောဟန် ၁၃:၂ ကမှတ်တမ်းကိုကြည့်ရင် သူပြုလုပ်ခဲ့ရာအတွက် ယုဒ အပြစ်တင်ခံထိုက်သလား၊ ဒီအချက်ကနေ ဘုရားသခင့်ကျေးကျွန်တွေ ဘာသင်ခန်းစာရနိုင်သလဲ။ (က. ၄:၇; ၂ ကော. ၂:၁၁; ဂလ. ၆:၁; ယာ. ၁:၁၃၊ ၁၄) 
- (ခ) ထိရောက်တဲ့ ဘယ်လက်တွေ့ကျသင်ခန်းစာကို ယေရှုပေးခဲ့သလဲ။ (ယော. ၁၃:၁၅; မ. ၂၃:၁၁; ၁ ပေ. ၂:၂၁) 
 
- ၄။ ယောဟန် ၁၇:၁-၂၆ ကိုဖတ်။ - ဘယ်လိုသဘောနဲ့ သူ့နောက်လိုက်တွေ “တစ်လုံးတစ်ဝတည်းဖြစ်” ဖို့ ယေရှုဆုတောင်းခဲ့တာလဲ။ (ယော. ၁၇:၁၁၊ ၂၁-၂၃; ရော. ၁၃:၈; ၁၄:၁၉; ကော. ၃:၁၄) 
ပုံပြင် ၁၀၀
ဥယျာဉ်ထဲမှာ ယေရှုရှိနေတုန်းကအကြောင်း
- ၁။ အထက်ခန်းမဆောင်က ထွက်လာကြပြီးနောက် ယေရှုနဲ့တမန်တော်တွေ ဘယ်ကိုသွားကြသလဲ၊ သူတို့ကို ဘာလုပ်ဖို့မှာသလဲ။ 
- ၂။ တမန်တော်တွေရှိတဲ့နေရာကို ပြန်လာတဲ့အခါ ယေရှုဘာတွေ့ရသလဲ၊ အဲဒီလိုဖြစ်တာ ဘယ်နှစ်ခါလဲ။ 
- ၃။ ဥယျာဉ်ထဲကို ဘယ်သူတွေဝင်လာသလဲ၊ ပုံမှာပါတဲ့အတိုင်း ယုဒရှကာရုတ် ဘာလုပ်သလဲ။ 
- ၄။ ယေရှုကို ယုဒဘာဖြစ်လို့ နမ်းတာလဲ၊ ပေတရုဘာလုပ်သလဲ။ 
- ၅။ ပေတရုကို ယေရှုဘာပြောသလဲ၊ ဒါပေမဲ့ ကောင်းကင်တမန်တွေ စေလွှတ်ပေးဖို့ ဘုရားသခင်ဆီကို ယေရှု ဘာလို့မတောင်းတာလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ မဿဲ ၂၆:၃၆-၅၆ ကိုဖတ်။ - (က) တပည့်တွေကို ယေရှုဆုံးမသွန်သင်ပေးခဲ့ပုံက ဒီကနေ့ ခရစ်ယာန်အကြီးအကဲတွေအတွက် ဘယ်လိုပုံနမူနာကောင်းဖြစ်သလဲ။ (မ. ၂၀:၂၅-၂၈; ၂၆:၄၀၊ ၄၁; ဂလ. ၅:၁၇; ဧ. ၄:၂၉၊ ၃၁၊ ၃၂) 
- (ခ) လူလူချင်းတိုက်ခိုက်ဖို့ ပကတိလက်နက်တွေ ကိုင်ဆောင်တာကို ယေရှုဘယ်လိုရှုမြင်သလဲ။ (မ. ၂၆:၅၂; လု. ၆:၂၇၊ ၂၈; ယော. ၁၈:၃၆) 
 
- ၂။ လုကာ ၂၂:၃၉-၅၃ ကိုဖတ်။ - ဂေသရှေမန်ဥယျာဉ်ထဲမှာ ကောင်းကင်တမန်တစ်ပါး ထင်ရှားလာပြီး ယေရှုကို အားပေးခဲ့တယ်၊ အဲဒါက ယေရှုရဲ့ယုံကြည်ခြင်း ယိမ်းယိုင်နေတယ်လို့ ဖော်ပြသလား။ ရှင်းပြပါ။ (လု. ၂၂:၄၁-၄၃; ဟေရှာ. ၄၉:၈; မ. ၄:၁၀၊ ၁၁; ဟေဗြဲ ၅:၇) 
- ၃။ ယောဟန် ၁၈:၁-၁၂ ကိုဖတ်။ - ဆန့်ကျင်သူတွေလက်ကနေ တပည့်တော်တွေကို ယေရှု ဘယ်လိုကာကွယ်ပေးခဲ့သလဲ၊ အဲဒီပုံနမူနာကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (ယော. ၁၀:၁၁၊ ၁၂; ၁၈:၁၊ ၆-၉; ဟေဗြဲ ၁၃:၆; ယာ. ၂:၂၅) 
ပုံပြင် ၁၀၁
ယေရှု အသတ်ခံရတဲ့အကြောင်း
- ၁။ ယေရှုသေဆုံးခြင်းအတွက် အဓိကတရားခံက ဘယ်သူလဲ။ 
- ၂။ ယေရှုကို ဘာသာရေးခေါင်းဆောင်တွေ ဖမ်းခေါ်သွားတဲ့အခါ တမန်တော်တွေ ဘာလုပ်ကြသလဲ။ 
- ၃။ ယဇ်ပုရောဟိတ်မင်း ကယာဖအိမ်မှာ ဘာဖြစ်ပျက်သလဲ။ 
- ၄။ ပေတရု ဘာဖြစ်လို့ အပြင်ထွက်ပြီးငိုတာလဲ။ 
- ၅။ ယေရှု ပိလတ်မင်းဆီက ပြန်ရောက်ပြီးနောက် ယဇ်ပုရောဟိတ်အကြီးတွေ ဘယ်လိုအော်ကြသလဲ။ 
- ၆။ သောကြာနေ့မွန်းလွဲပိုင်း ခပ်စောစောအချိန်မှာ ယေရှု ဘာကြုံတွေ့ရသလဲ၊ သူ့ဘေးက သစ်တိုင်မှာချိတ်ဆွဲခံရတဲ့ လူဆိုးကို ကိုယ်တော် ဘာကတိပေးသလဲ။ 
- ၇။ ယေရှုပြောတဲ့ပရဒိသု ဘယ်နေရာမှာ တည်ရှိမလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ မဿဲ ၂၆:၅၇-၇၅ ကိုဖတ်။ - ဂျူးဗဟိုတရားရုံးအဖွဲ့ဝင်တွေဟာ နှလုံးဆိုးညစ်ကြောင်း ဘယ်နည်းနဲ့ပြခဲ့ကြသလဲ။ (မ. ၂၆:၅၉၊ ၆၇၊ ၆၈) 
- ၂။ မဿဲ ၂၇:၁-၅၀ ကိုဖတ်။ - ယုဒရဲ့နောင်တဟာ စစ်မှန်တဲ့နောင်တမဟုတ်ဘူးလို့ ဘာကြောင့် ပြောနိုင်တာလဲ။ (မ. ၂၇:၃၊ ၄; မာ. ၃:၂၉; ၁၄:၂၁; ၂ ကော. ၇:၁၀၊ ၁၁) 
- ၃။ လုကာ ၂၂:၅၄-၇၁ ကိုဖတ်။ - ယေရှုသစ္စာဖောက်ခံရပြီး အဖမ်းခံရတဲ့ညမှာ ကိုယ်တော်ကို ပေတရုသုံးကြိမ်ငြင်းပယ်ခြင်းကနေ တို့တစ်တွေ ဘာသင်ခန်းစာရနိုင်သလဲ။ (လု. ၂၂:၆၀-၆၂; မ. ၂၆:၃၁-၃၅; ၁ ကော. ၁၀:၁၂) 
- ၄။ လုကာ ၂၃:၁-၄၉ ကိုဖတ်။ - သူ့အပေါ် မတရားပြုမူတာကို ယေရှုဘယ်လိုတုံ့ပြန်ခဲ့သလဲ၊ အဲဒီကနေ တို့တစ်တွေ ဘာသင်ခန်းစာယူနိုင်သလဲ။ (လု. ၂၃:၃၃၊ ၃၄; ရော. ၁၂:၁၇-၁၉; ၁ ပေ. ၂:၂၃) 
- ၅။ ယောဟန် ၁၈:၁၂-၄၀ ကိုဖတ်။ - ပေတရုဟာ လူကိုကြောက်လို့ ခဏလောက် မလှုပ်မရှားဖြစ်သွားခဲ့ပေမဲ့ ထူးခြားထင်ရှားတဲ့တမန်တော်တစ်ပါး ပြန်ဖြစ်လာတဲ့အချက်က ဘာကိုဖော်ပြသလဲ။ (ယော. ၁၈:၂၅-၂၇; ၁ ကော. ၄:၂; ၁ ပေ. ၃:၁၄၊ ၁၅; ၅:၈၊ ၉) 
- ၆။ ယောဟန် ၁၉:၁-၃၀ ကိုဖတ်။ - (က) ယေရှုမှာ ရုပ်ပစ္စည်းနဲ့ပတ်သက်ပြီး မျှတတဲ့ဘယ်အမြင်ရှိခဲ့သလဲ။ (ယော. ၂:၁၊ ၂၊ ၉၊ ၁၀; ၁၉:၂၃၊ ၂၄; မ. ၆:၃၁၊ ၃၂; ၈:၂၀) 
- (ခ) ယေရှုသေဆုံးခါနီးပြောတဲ့စကားတွေက ယေဟောဝါရဲ့အချုပ်အခြာအာဏာကို ထောက်ခံတဲ့ အောင်ပွဲခံကြေညာချက် ဘယ်လိုဖြစ်သလဲ။ (ယော. ၁၆:၃၃; ၁၉:၃၀; ၂ ပေ. ၃:၁၄; ၁ ယော. ၅:၄) 
 
ပုံပြင် ၁၀၂
ယေရှုပြန်ရှင်ပြီဆိုတဲ့အကြောင်း
- ၁။ ပုံထဲကအမျိုးသမီးက ဘယ်သူလဲ၊ အမျိုးသားနှစ်ယောက်ကကော၊ သူတို့ဘယ်နေရာမှာရှိနေကြတာလဲ။ 
- ၂။ စစ်သားတချို့စေလွှတ်ပြီး ယေရှုရဲ့သင်္ချိုင်းဂူကိုစောင့်ဖို့ ဘာဖြစ်လို့ ယဇ်ပုရောဟိတ်တွေကို ပိလတ်က ပြောတာလဲ။ 
- ၃။ ယေရှုသေလို့ သုံးရက်မြောက်တဲ့နေ့ မနက်စောစောမှာ ကောင်းကင်တမန်တစ်ပါး ဘာလုပ်သလဲ၊ ဒါပေမဲ့ ယဇ်ပုရောဟိတ်တွေ ဘာလုပ်ကြသလဲ။ 
- ၄။ အမျိုးသမီးတချို့ ယေရှုရဲ့သင်္ချိုင်းဂူကို လာတဲ့အခါ ဘာကြောင့် အံ့သြသွားကြတာလဲ။ 
- ၅။ ပေတရုနဲ့ ယောဟန် ဘာဖြစ်လို့ ယေရှုရဲ့သင်္ချိုင်းဂူဆီကို ပြေးသွားကြတာလဲ၊ သူတို့ ဘာတွေ့ရသလဲ။ 
- ၆။ ယေရှုရဲ့ကိုယ်ခန္ဓာ ဘာဖြစ်သွားသလဲ၊ ဒါပေမဲ့ ကိုယ်တော်အသက်ရှင်နေပြီဆိုတာ တပည့်တွေကိုပြဖို့ ကိုယ်တော် ဘာလုပ်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ မဿဲ ၂၇:၆၂-၆၆ နှင့် ၂၈:၁-၁၅ ကိုဖတ်။ - ယေရှုရှင်ပြန်ထမြောက်ချိန်မှာ ယဇ်ပုရောဟိတ်အကြီးတွေ၊ ဖာရိရှဲတွေနဲ့ လူအကြီးအကဲတွေဟာ သန့်ရှင်းသောဝိညာဉ်တော်ကို ဘယ်လိုပြစ်မှားခဲ့ကြသလဲ။ (မ. ၁၂:၂၄၊ ၃၁၊ ၃၂; ၂၈:၁၁-၁၅) 
- ၂။ လုကာ ၂၄:၁-၁၂ ကိုဖတ်။ - အမျိုးသမီးတွေကို ယုံကြည်စိတ်ချရတဲ့သက်သေတွေအဖြစ် ယေဟောဝါရှုမြင်ကြောင်း ယေရှုရှင်ပြန်ထမြောက်ခြင်းမှတ်တမ်းက ဘယ်လိုဖော်ပြသလဲ။ (လု. ၂၄:၄၊ ၉၊ ၁၀; မ. ၂၈:၁-၇) 
- ၃။ ယောဟန် ၂၀:၁-၁၂ ကိုဖတ်။ - ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံတာကို တို့တစ်တွေ ကောင်းကောင်းနားမလည်တဲ့အခါ စိတ်ရှည်ဖို့လိုကြောင်း ယောဟန် ၂၀:၈၊ ၉ က ဘယ်လိုသိမြင်စေသလဲ။ (သု. ၄:၁၈; မ. ၁၇:၂၂၊ ၂၃; လု. ၂၄:၅-၈; ယော. ၁၆:၁၂) 
ပုံပြင် ၁၀၃
သော့ခတ်ထားတဲ့အခန်းထဲကို ဝင်သွားတဲ့အကြောင်း
- ၁။ ဥယျာဉ်စောင့်လို့ သူထင်တဲ့လူကို မာရိဘာပြောသလဲ၊ တကယ်တော့ အဲဒီလူဟာ ယေရှုဖြစ်ကြောင်း မာရိ ဘယ်လိုမှတ်မိသွားသလဲ။ 
- ၂။ တပည့်တော်နှစ်ယောက် ဧမောက်ရွာကိုသွားကြတုန်း ဘာဖြစ်ပျက်သလဲ။ 
- ၃။ တပည့်နှစ်ယောက်က ယေရှုကိုမြင်တွေ့ခဲ့ကြောင်း တမန်တော်တွေကို ပြောပြနေချိန်မှာ အံ့ဩစရာကောင်းတဲ့ ဘယ်အဖြစ်အပျက်ဖြစ်လာသလဲ။ 
- ၄။ သူ့နောက်လိုက်တွေကို ယေရှု ဘယ်နှစ်ကြိမ် ကိုယ်ယောင်ထင်ရှားပြခဲ့ပြီလဲ။ 
- ၅။ တပည့်တော်တွေက သခင်ကိုမြင်တွေ့ကြောင်း သောမကြားတဲ့အခါ သူဘာပြောသလဲ၊ ဒါပေမဲ့ ရှစ်ရက်နောက်ပိုင်းမှာ ဘာဖြစ်လာသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ယောဟန် ၂၀:၁၁-၂၉ ကိုဖတ်။ - လူသားတွေမှာ အပြစ်လွှတ်ပိုင်ခွင့်ရှိတယ်လို့ ယောဟန် ၂၀:၂၃ မှာ ယေရှုပြောနေတာလား။ ရှင်းပြပါ။ (ဆာ. ၄၉:၂၊ ၇; ဟေရှာ. ၅၅:၇; ၁ တိ. ၂:၅၊ ၆; ၁ ယော. ၂:၁၊ ၂) 
- ၂။ လုကာ ၂၄:၁၃-၄၃ ကိုဖတ်။ - ကျမ်းစာအမှန်တရားတွေကို သဘောပေါက်လက်ခံလွယ်အောင် တို့တစ်တွေရဲ့နှလုံးကို ဘယ်လိုအသင့်ပြင်နိုင်သလဲ။ (လု. ၂၄:၃၂၊ ၃၃; ဧဇ. ၇:၁၀၊ ကဘ– ဧဇရသည် . . . နှလုံးကိုအသင့်ပြင်ဆင်ထား၏; မ. ၅:၃၊ ကဘ– ဝိညာဉ်ရေးလိုအပ်ချက်ရှိကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ၏; တ. ၁၆:၁၄; ဟေဗြဲ ၅:၁၁-၁၄) 
ပုံပြင် ၁၀၄
ယေရှုကောင်းကင်ကို ပြန်သွားတဲ့အကြောင်း
- ၁။ တစ်ကြိမ်မှာ ယေရှုကို တပည့်တော်ဘယ်နှစ်ယောက် မြင်လိုက်ရသလဲ၊ သူတို့ကို ကိုယ်တော် ဘာပြောသလဲ။ 
- ၂။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ၊ ဘုရင်အဖြစ် ယေရှုအနှစ်တစ်ထောင်အုပ်ချုပ်တဲ့အခါ မြေကြီးပေါ်အသက်ရှင်ရတာ ဘယ်လိုနေလိမ့်မလဲ။ 
- ၃။ တပည့်တွေရှေ့မှာ ယေရှု ဘယ်နှစ်ရက် ကိုယ်ယောင်ပြခဲ့ပြီလဲ၊ ဒါပေမဲ့ အခု ကိုယ်တော် ဘာလုပ်ဖို့အချိန်ရောက်ပြီလဲ။ 
- ၄။ တပည့်တွေနဲ့ မခွဲခွာခင် သူတို့ကို ယေရှုဘာမှာသလဲ။ 
- ၅။ ပုံထဲမှာ ဘာဖြစ်နေတာလဲ၊ လူမြင်ကွင်းကနေ ယေရှု ဘယ်လိုပျောက်ကွယ်သွားသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ၁ ကောရိန္သု ၁၅:၃-၈ ကိုဖတ်။ - တမန်တော်ပေါလုဟာ ယေရှုရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဘာဖြစ်လို့ ဒီလောက်ယုံကြည်စိတ်ချစွာ ပြောနိုင်တာလဲ၊ ဒီကနေ့ ခရစ်ယာန်တွေကော ဘယ်အကြောင်းကို ယုံကြည်စိတ်ချစွာ ပြောနိုင်သလဲ။ (၁ ကော. ၁၅:၄၊ ၇၊ ၈; ဟေရှာ. ၂:၂၊ ၃; မ. ၂၄:၁၄; ၂ တိ. ၃:၁-၅) 
- ၂။ တမန်တော် ၁:၁-၁၁ ကိုဖတ်။ - တမန်တော် ၁:၈ မှာ ကြိုပြောထားတဲ့အတိုင်း ဟောပြောခြင်းလုပ်ငန်း ဘယ်လောက်အထိ ပျံ့နှံ့ခဲ့ပြီလဲ။ (တ. ၆:၇; ၉:၃၁; ၁၁:၁၉-၂၁; ကော. ၁:၂၃) 
ပုံပြင် ၁၀၅
ယေရုရှလင်မြို့မှာ စောင့်နေကြတဲ့အကြောင်း
- ၁။ ပုံမှာပြထားတဲ့အတိုင်း ယေရုရှလင်မြို့မှာ စောင့်နေကြတဲ့ ယေရှုရဲ့နောက်တော်လိုက်တွေ ဘာကြုံတွေ့ရသလဲ။ 
- ၂။ ယေရုရှလင်မြို့ကိုလာတဲ့ဧည့်သည်တွေ ဘယ်အံ့သြစရာကို ကြုံတွေ့ရသလဲ။ 
- ၃။ လူတွေကို ပေတရု ဘာရှင်းပြသလဲ။ 
- ၄။ ပေတရုပြောတာကို နားထောင်ကြပြီးနောက် လူတွေ ဘယ်လိုခံစားရသလဲ၊ သူတို့ကို ဘာလုပ်ဖို့ပြောသလဲ။ 
- ၅။ စီ.အီး. ၃၃ ခုနှစ်၊ အဲဒီပင်တေကုတ္တေပွဲနေ့မှာ လူဘယ်လောက်နှစ်ခြင်းခံခဲ့ကြသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တမန်တော် ၂:၁-၄၇ ကိုဖတ်။ - (က) ယေရှုရဲ့သေခြင်းအတွက် ဂျူးလူမျိုးတစ်မျိုးလုံးမှာ တာဝန်ရှိကြောင်း တမန်တော် ၂:၂၃၊ ၃၆ မှာပါတဲ့ ပေတရုရဲ့စကားက ဘယ်လိုဖော်ပြသလဲ။ (၁ သက်. ၂:၁၄၊ ၁၅) 
- (ခ) ကျမ်းစာနဲ့ကျိုးကြောင်းဆင်ခြင်ပြရာမှာ ပေတရု ဘယ်လိုပုံသက်သေကောင်းပြခဲ့သလဲ။ (တ. ၂:၁၆၊ ၁၇၊ ၂၉၊ ၃၁၊ ၃၆၊ ၃၉; ကော. ၄:၆) 
- (ဂ) သူ့ကိုပေးမယ်လို့ ယေရှုကတိပြုထားတဲ့ “ကောင်းကင်နိုင်ငံတော်၏သော့” တွေထဲက ပထမတစ်ချောင်းကို ပေတရု ဘယ်လိုသုံးခဲ့သလဲ။ (တ. ၂:၁၄၊ ၂၂-၂၄၊ ၃၇၊ ၃၈; မ. ၁၆:၁၉) 
 
ပုံပြင် ၁၀၆
ထောင်ထဲကထွက်လာကြတဲ့အကြောင်း
- ၁။ တစ်နေ့ နေ့လယ်ခင်းမှာ ပေတရုနဲ့ ယောဟန်တို့ ဗိမာန်တော်ကိုအသွားမှာ ဘာဖြစ်ပျက်သလဲ။ 
- ၂။ ခြေမသန်တဲ့လူကို ပေတရု ဘာပြောသလဲ၊ ငွေထက် ပိုပြီးအဖိုးတန်တဲ့ ဘယ်အရာကို ပေတရုက သူ့ကိုပေးသလဲ။ 
- ၃။ ဘာသာရေးခေါင်းဆောင်တွေ ဘာဖြစ်လို့ စိတ်ဆိုးကြတာလဲ၊ ပေတရုနဲ့ ယောဟန်ကို သူတို့ဘာလုပ်ကြသလဲ။ 
- ၄။ ဘာသာရေးခေါင်းဆောင်တွေကို ပေတရု ဘာပြောသလဲ၊ တမန်တော်တွေ ဘယ်လိုသတိပေးခံရသလဲ။ 
- ၅။ ဘာသာရေးခေါင်းဆောင်တွေ ဘာကြောင့် မနာလိုဖြစ်ကြတာလဲ၊ ဒါပေမဲ့ တမန်တော်တွေ ဒုတိယအကြိမ်ထောင်ကျတဲ့အခါ ဘာဖြစ်ပျက်လာသလဲ။ 
- ၆။ လွှတ်တော်ခန်းမထဲ အခေါ်ခံရချိန်မှာ တမန်တော်တွေ ဘယ်လိုပြန်ဖြေကြသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တမန်တော် ၃:၁-၁၀ ကိုဖတ်။ - ဒီနေ့ တို့တစ်တွေဟာ အံ့ဖွယ်အမှုတွေလုပ်ဖို့ တန်ခိုးပေးအပ်မခံရကြပေမဲ့ တမန်တော် ၃:၆ မှာမှတ်တမ်းတင်ထားတဲ့ ပေတရုရဲ့စကားတွေက နိုင်ငံတော်သတင်းကောင်းကို တန်ဖိုးထားလေးစားဖို့ ဘယ်လိုထောက်ကူပေးသလဲ။ (ယော. ၁၇:၃; ၂ ကော. ၅:၁၈-၂၀; ဖိ. ၃:၈-၁၀) 
- ၂။ တမန်တော် ၄:၁-၃၁ ကိုဖတ်။ - ဓမ္မအမှုမှာ ဆန့်ကျင်မှုတွေ ကြုံတွေ့ရတဲ့အခါ ပထမရာစုခရစ်ယာန်ညီအစ်ကိုတွေကို တို့တစ်တွေ ဘယ်နည်းနဲ့ တုပရမလဲ။ (တ. ၄:၂၉၊ ၃၁; ဧ. ၆:၁၈-၂၀; ၁ သက်. ၂:၂) 
- ၃။ တမန်တော် ၅:၁၇-၄၂ ကိုဖတ်။ - အရင်ကကော အခုအချိန်မှာပါ သက်သေခံမဟုတ်သူတချို့ဟာ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်လို့ အကျိုးသင့်အကြောင်းသင့်သဘောထားရှိကြောင်း ဘယ်လိုတင်ပြခဲ့ကြပြီလဲ။ (တ. ၅:၃၄-၃၉) 
ပုံပြင် ၁၀၇
သတေဖန် ကျောက်ခဲနဲ့ပေါက်သတ်ခံရတဲ့အကြောင်း
- ၁။ သတေဖန်ဆိုတာ ဘယ်သူလဲ၊ သူဘာတွေလုပ်ဖို့ ဘုရားသခင်ကူညီပေးခဲ့သလဲ။ 
- ၂။ သတေဖန် ဘာပြောလိုက်လို့ ဘာသာရေးခေါင်းဆောင်တွေ အကြီးအကျယ်စိတ်ဆိုးကြတာလဲ။ 
- ၃။ သတေဖန်ကို မြို့ပြင်ဆွဲထုတ်သွားတဲ့အခါ သူ့ကို ဘာလုပ်ကြသလဲ။ 
- ၄။ ပုံထဲမှာ အပေါ်အင်္ကျီ ပုံထားတဲ့အနားမှာ ရပ်နေတဲ့လူငယ်က ဘယ်သူလဲ။ 
- ၅။ သတေဖန်မသေခင် ယေဟောဝါဆီကို သူဘယ်လိုဆုတောင်းသလဲ။ 
- ၆။ တစ်ယောက်ယောက်က တို့တစ်တွေအပေါ် မကောင်းတာလုပ်တဲ့အခါ သတေဖန်ကို တုပတဲ့အနေနဲ့ တို့တစ်တွေဘာလုပ်သင့်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တမန်တော် ၆:၈-၁၅ ကိုဖတ်။ - ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်းလုပ်ငန်းရပ်တန့်စေဖို့ကြိုးစားရာမှာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ဘယ်နည်းတွေကို ဘာသာရေးခေါင်းဆောင်တွေ အသုံးပြုခဲ့ကြပြီလဲ။ (တ. ၆:၉၊ ၁၁၊ ၁၃) 
- ၂။ တမန်တော် ၇:၁-၆၀ ကိုဖတ်။ - (က) လွှတ်တော်ရှေ့မှောက် သတင်းကောင်းကို ထိထိရောက်ရောက် ခုခံကာကွယ်ပြောဆိုဖို့ သတေဖန်ကို ဘာကကူညီပေးခဲ့သလဲ၊ သူ့ရဲ့ ပုံနမူနာကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (တ. ၇:၅၁-၅၃; ရော. ၁၅:၄; ၂ တိ. ၃:၁၄-၁၇; ၁ ပေ. ၃:၁၅) 
- (ခ) တို့တစ်တွေရဲ့လုပ်ငန်းကို ဆန့်ကျင်သူတွေအပေါ် ဘယ်သဘောထား မွေးမြူသင့်သလဲ။ (တ. ၇:၅၈-၆၀; မ. ၅:၄၄; လု. ၂၃:၃၃၊ ၃၄) 
 
ပုံပြင် ၁၀၈
ဒမာသက်မြို့သွားတဲ့လမ်းပေါ်မှာ
- ၁။ သတေဖန်အသတ်ခံရပြီးနောက် ရှောလုဘာလုပ်သလဲ။ 
- ၂။ ဒမသက်မြို့ကို ရှောလုအသွားမှာ ဘယ်ထူးဆန်းတဲ့အဖြစ်အပျက် ဖြစ်ပျက်လာသလဲ။ 
- ၃။ ရှောလုကို ယေရှုဘာလုပ်ခိုင်းသလဲ။ 
- ၄။ အာနနိကို ယေရှု ဘာမှာကြားသလဲ၊ ရှောလုမျက်စိ ဘယ်လိုပြန်မြင်လာသလဲ။ 
- ၅။ ရှောလုကို ဘယ်နာမည်နဲ့ လူသိများလာသလဲ၊ သူဘယ်လိုအသုံးပြုခြင်း ခံရသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တမန်တော် ၈:၁-၄ ကိုဖတ်။ - ထူထောင်ခါစ ခရစ်ယာန်အသင်းတော်အပေါ် နှိပ်စက်ညှဉ်းပန်းမှုလှိုင်းလုံး ရိုက်ခတ်ခြင်းက ခရစ်ယာန်ယုံကြည်ခြင်း ပျံ့နှံ့ဖို့ဖြစ်စေခဲ့သလို ခုခေတ်မှာ အလားတူ ဘယ်အရာဖြစ်ပျက်ခဲ့ပြီလဲ။ (တ. ၈:၄; ဟေရှာ. ၅၄:၁၇) 
- ၂။ တမန်တော် ၉:၁-၂၀ ကိုဖတ်။ - ရှောလုကို ဘယ်တာဝန်သုံးခုပေးဖို့ ရည်ရွယ်ထားတယ်လို့ ယေရှုဖော်ပြခဲ့သလဲ။ (တ. ၉:၁၅; ၁၃:၅; ၂၆:၁; ၂၇:၂၄; ရော. ၁၁:၁၃) 
- ၃။ တမန်တော် ၂၂:၆-၁၆ ကိုဖတ်။ - အာနနိနဲ့ တို့တစ်တွေ ဘယ်လိုတူနိုင်သလဲ၊ အဲဒီလိုဖြစ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ (တ. ၂၂:၁၂; ၁ တိ. ၃:၇; ၁ ပေ. ၁:၁၄-၁၆; ၂:၁၂) 
- ၄။ တမန်တော် ၂၆:၈-၂၀ ကိုဖတ်။ - ရှောလုဘာသာပြောင်းဝင်လာခြင်းက ဒီကနေ့ မယုံကြည်တဲ့အိမ်ထောင်ဖက်ရှိသူတွေအတွက် ဘယ်လိုအားပေးမှုဖြစ်သလဲ။ (တ. ၂၆:၁၁; ၁ တိ. ၁:၁၄-၁၆; ၂ တိ. ၄:၂; ၁ ပေ. ၃:၁-၃) 
ပုံပြင် ၁၀၉
ပေတရု ကော်နေလိဆီသွားတဲ့အကြောင်း
- ၁။ ပုံထဲမှာ ဦးချနေတဲ့သူက ဘယ်သူလဲ။ 
- ၂။ ကော်နေလိကို ကောင်းကင်တမန်တစ်ပါး ဘာပြောသလဲ။ 
- ၃။ ယုပ္ပေမြို့က ရှိမုန်ရဲ့အိမ်ခေါင်မိုးပေါ် ပေတရုရောက်နေချိန်မှာ သူဘာကိုမြင်အောင် ဘုရားသခင် ဖန်တီးလိုက်သလဲ။ 
- ၄။ ပေတရုက သူ့ကိုဦးမချ၊ ဝတ်မပြုရဘူးဆိုပြီး ကော်နေလိကို ဘာလို့ပြောတာလဲ။ 
- ၅။ ပေတရုနဲ့လိုက်လာတဲ့ ဂျူးတပည့်တော်တွေ ဘာဖြစ်လို့ အံ့အားသင့်သွားကြတာလဲ။ 
- ၆။ ပေတရု ကော်နေလိဆီသွားတဲ့အကြောင်းကနေ ဘယ်အရေးကြီးတဲ့သင်ခန်းစာရသင့်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တမန်တော် ၁၀:၁-၄၈ ကိုဖတ်။ - တမန်တော် ၁၀:၄၂ မှာပါတဲ့ ပေတရုရဲ့စကားက နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းအကြောင်း ဘာကိုဖော်ပြသလဲ။ (မ. ၂၈:၁၉; မာ. ၁၃:၁၀; တ. ၁:၈) 
- ၂။ တမန်တော် ၁၁:၁-၁၈ ကိုဖတ်။ - တစ်ပါးအမျိုးသားတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ညွှန်ကြားချက် သိသာထင်ရှားလာတဲ့အခါ ဘယ်သဘောထားကို ပေတရုတင်ပြခဲ့သလဲ၊ သူ့ပုံသက်သေကို တို့တစ်တွေ ဘယ်လိုတုပနိုင်သလဲ။ (တ. ၁၁:၁၇၊ ၁၈; ၂ ကော. ၁၀:၅; ဧ. ၅:၁၇) 
ပုံပြင် ၁၁၀
ပေါလုရဲ့လုပ်ဖော်သစ်—တိမောသေအကြောင်း
- ၁။ ပုံမှာပါတဲ့လူငယ်လေးက ဘယ်သူလဲ၊ သူဘယ်မှာနေသလဲ၊ သူ့မေမေနဲ့ သူ့အဘွားနာမည် ဘယ်လိုခေါ်သလဲ။ 
- ၂။ အဝေးကြီးမှာရှိတဲ့လူတွေကို သိလနဲ့ ပေါလုတို့ သွားဟောပြောတဲ့အခါ သူတို့နဲ့လိုက်ချင်သလားဆိုပြီး ပေါလုမေးတော့ တိမောသေ ဘာပြောသလဲ။ 
- ၃။ ယေရှုရဲ့နောက်လိုက်တွေကို ခရစ်ယာန်တွေဆိုပြီး ဘယ်နေရာမှာ ဦးဆုံးခေါ်ခဲ့တာလဲ။ 
- ၄။ အန္တိအုတ်မြို့ကနေ ပေါလု၊ သိလနဲ့တိမောသေတို့ ထွက်သွားပြီးနောက် ဘယ်မြို့တွေကို သူတို့ရောက်သွားကြသလဲ။ 
- ၅။ ပေါလုကို တိမောသေ ဘယ်လိုကူညီပေးသလဲ၊ ဒီကနေ့ လူငယ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်မေးခွန်းမေးသင့်သလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တမန်တော် ၉:၁၉-၃၀ ကိုဖတ်။ - တမန်တော်ပေါလုဟာ သတင်းကောင်းကြောင့် အတိုက်အခံကြုံရတဲ့အခါ ပညာသတိရှိကြောင်း ဘယ်လိုပြခဲ့သလဲ။ (တ. ၉:၂၂-၂၅၊ ၂၉၊ ၃၀; မ. ၁၀:၁၆) 
- ၂။ တမန်တော် ၁၁:၁၉-၂၆ ကိုဖတ်။ - ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါရဲ့ဝိညာဉ်တော် လမ်းပြညွှန်ကြားနေကြောင်း တမန်တော် ၁၁:၁၉-၂၁၊ ၂၆ မှာပါတဲ့မှတ်တမ်းက ဘယ်လိုဖော်ပြသလဲ။ 
- ၃။ တမန်တော် ၁၃:၁၃-၁၆၊ ၄၂-၅၂ ကိုဖတ်။ - တပည့်တော်တွေဟာ ဆန့်ကျင်မှုကြောင့် စိတ်ပျက်အားလျော့သွားတဲ့အဖြစ် ရောက်ခွင့်မပေးခဲ့ကြကြောင်း တမန်တော် ၁၃:၅၁၊ ၅၂ ကဘယ်လိုဖော်ပြသလဲ။ (မ. ၁၀:၁၄; တ. ၁၈:၆; ၁ ပေ. ၄:၁၄) 
- ၄။ တမန်တော် ၁၄:၁-၆၊ ၁၉-၂၈ ကိုဖတ်။ - ‘ဘုရားသခင်၏လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏’ ဆိုတဲ့အသုံးအနှုန်းက လူသစ်တွေကို ရိုင်းပင်းကူညီတဲ့အခါ အစိုးရိမ်မလွန်ဖို့ တို့တစ်တွေကို ဘယ်လိုထောက်ကူပေးသလဲ။ (တ. ၁၄:၂၁-၂၃; ၂၀:၃၂; ယော. ၆:၄၄) 
- ၅။ တမန်တော် ၁၆:၁-၅ ကိုဖတ်။ - အရေဖျားလှီးခြင်းခံယူဖို့ တိမောသေအသင့်ရှိခြင်းက “သတင်းကောင်း . . . အတွက် ခပ်သိမ်းသောအရာများကို” ပြုလုပ်ဖို့အရေးကြီးကြောင်း ဘယ်လိုအလေးပေးဖော်ပြသလဲ။ (တ. ၁၆:၃; ၁ ကော. ၉:၂၃၊ ကဘ; ၁ သက်. ၂:၈) 
- ၆။ တမန်တော် ၁၈:၁-၁၁၊ ၁၈-၂၂ ကိုဖတ်။ - ဟောပြောခြင်းလုပ်ငန်းကို ယေရှုကိုယ်တော်တိုင် ပါဝင်ညွှန်ကြားနေတာနဲ့ပတ်သက်လို့ တမန်တော် ၁၈:၉၊ ၁၀ ကဘာကိုဖော်ပြသလဲ၊ အဲဒီအချက်က ဒီကနေ့ တို့တစ်တွေကို ဘာယုံကြည်စိတ်ချစေသလဲ။ (မ. ၂၈:၂၀) 
ပုံပြင် ၁၁၁
အိပ်ပျော်သွားတဲ့ ယောက်ျားကလေးတစ်ယောက်အကြောင်း
- ၁။ ပုံထဲမှာ လဲကျနေတဲ့သူငယ်လေးက ဘယ်သူလဲ၊ သူဘာဖြစ်သွားသလဲ။ 
- ၂။ သူငယ်လေးသေသွားတာကို ပေါလုတွေ့တဲ့အခါ သူဘာလုပ်သလဲ။ 
- ၃။ ပေါလု၊ တိမောသေနဲ့ ခရီးသွားဖော်တွေ ဘယ်ကိုသွားကြသလဲ၊ မိလက်မြို့မှာ ခဏနားတော့ ဘာဖြစ်ပျက်သလဲ။ 
- ၄။ ပရောဖက်အာဂဗုက ပေါလုကို ဘာသတိပေးသလဲ၊ ပရောဖက်ပြောတဲ့အတိုင်း ဘယ်လိုဖြစ်ပျက်လာသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တမန်တော် ၂၀:၇-၃၈ ကိုဖတ်။ - (က) တမန်တော် ၂၀:၂၆၊ ၂၇ မှာဖော်ပြထားတဲ့ ပေါလုရဲ့စကားအရ “လူအပေါင်းတို့၏အသွေးနှင့်” တို့တစ်တွေ ဘယ်လို “ကင်းလွတ်” နိုင်မလဲ။ (ယေဇ. ၃၃:၈; တ. ၁၈:၆၊ ၇) 
- (ခ) ဆုံးမသွန်သင်တဲ့အခါ အကြီးအကဲတွေဟာ ဘာဖြစ်လို့ “သစ္စာစကားတော်ကို စွဲမြဲသောသူ” ဖြစ်ရမလဲ။ (တ. ၂၀:၁၇၊ ၂၉၊ ၃၀; တိ. ၁:၇-၉၊ သမ္မာ; ၂ တိ. ၁:၁၃) 
 
- ၂။ တမန်တော် ၂၆:၂၄-၃၂ ကိုဖတ်။ - ယေရှုပေးအပ်ထားတဲ့ ဟောပြောခြင်းတာဝန်ကို ထမ်းဆောင်ရာမှာ ရောမနိုင်ငံသားအဖြစ်ကို ပေါလု ဘယ်လိုအသုံးပြုခဲ့သလဲ။ (တ. ၉:၁၅; ၁၆:၃၇၊ ၃၈; ၂၅:၁၁၊ ၁၂; ၂၆:၃၂; လု. ၂၁:၁၂၊ ၁၃) 
ပုံပြင် ၁၁၂
ကျွန်းတစ်ကျွန်းမှာ သင်္ဘောပျက်ခဲ့တဲ့အကြောင်း
- ၁။ ပေါလုစီးလာတဲ့သင်္ဘော ကရေတေကျွန်းနားရောက်တော့ ဘာဖြစ်သွားသလဲ။ 
- ၂။ သင်္ဘောပေါ်ကလူတွေကို ပေါလုဘာပြောသလဲ။ 
- ၃။ သင်္ဘောကြီး ဘယ်လိုတစ်စစီ ကျိုးပဲ့သွားသလဲ။ 
- ၄။ တပ်မှူးက ဘာအမိန့်ပေးသလဲ၊ ဘေးမသီရန်မခ ကမ်းပေါ်တက်တဲ့လူ ဘယ်နှစ်ယောက်ရှိသလဲ။ 
- ၅။ သူတို့ကမ်းတက်ခဲ့တဲ့ ကျွန်းနာမည် ဘယ်လိုခေါ်သလဲ၊ ရာသီဥတုသာယာလာတဲ့အခါ ပေါလုဘာကြုံတွေ့ရသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တမန်တော် ၂၇:၁-၄၄ ကိုဖတ်။ - ပေါလုရဲ့ ရောမခရီးစဉ်အကြောင်း ဖတ်ကြည့်တဲ့အခါ ကျမ်းစာမှတ်တမ်း တိကျမှန်ကန်ကြောင်း ဘယ်လိုတိုးပြီး ယုံကြည်စိတ်ချစေသလဲ။ (တ. ၂၇:၁၆-၁၉၊ ၂၇-၃၂; လု. ၁:၃၊ ၄; ၂ တိ. ၃:၁၆၊ ၁၇) 
- ၂။ တမန်တော် ၂၈:၁-၁၄ ကိုဖတ်။ - မေလိတေကျွန်းသားအယူမှားသူတွေဟာ တမန်တော်ပေါလုနဲ့ သူ့ရဲ့သင်္ဘောပျက်ဖော်တွေကို “အထူးကြင်နာမှု” နဲ့ ဧည့်ဝတ်ပြုခဲ့တယ်ဆိုရင် ခရစ်ယာန်တွေကော ဘာကို တင်ပြလိုစိတ်ရှိရမလဲ၊ အထူးသဖြင့် ဘယ်လိုနည်းနဲ့တင်ပြမလဲ။ (တ. ၂၈:၁၊ ၂၊ သတင်းကောင်း; ဟေဗြဲ ၁၃:၁၊ ၂; ၁ ပေ. ၄:၉) 
ပုံပြင် ၁၁၃
ပေါလု ရောမမြို့မှာရှိနေတဲ့အခါ
- ၁။ ရောမမြို့မှာ ထောင်ကျနေတုန်း ပေါလု ဘယ်သူတွေကို ဟောပြောသလဲ။ 
- ၂။ ပုံထဲမှာ စားပွဲဘေးက ဧည့်သည်က ဘယ်သူလဲ၊ ပေါလုအတွက် သူဘာလုပ်ပေးနေတာလဲ။ 
- ၃။ ဧပဖြောဒိတ်ဆိုတာ ဘယ်သူလဲ၊ ဖိလိပ္ပိမြို့ကိုပြန်တော့ သူဘာယူသွား သလဲ။ 
- ၄။ သူ့အသိမိတ်ဆွေ ဖိလေမုန်ဆီကို ပေါလု ဘာဖြစ်လို့စာရေးတာလဲ။ 
- ၅။ ပေါလုအကျဉ်းက လွတ်လာတဲ့အခါ သူဘာလုပ်သလဲ၊ နောက်တော့ သူဘာဖြစ်ပြန်သလဲ။ 
- ၆။ ကျမ်းစာရဲ့နောက်ဆုံးစာစောင်တွေကိုရေးဖို့ ဘယ်သူ့ကို ယေဟောဝါ သုံးခဲ့သလဲ၊ ဗျာဒိတ်ကျမ်းက ဘာအကြောင်းပြောပြသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ တမန်တော် ၂၈:၁၆-၃၁ နှင့် ဖိလိပ္ပိ ၁:၁၃ ကိုဖတ်။ - ရောမမြို့မှာ ထောင်ကျနေတုန်း ပေါလု သူ့အချိန်ကို ဘယ်လိုအသုံးချခဲ့သလဲ၊ သူ့ရဲ့မယိမ်းယိုင်တဲ့ယုံကြည်ခြင်းက ခရစ်ယာန်အသင်းတော်အပေါ် ဘယ်အကျိုးသက်ရောက်ခဲ့သလဲ။ (တ. ၂၈:၂၃၊ ၃၀; ဖိ. ၁:၁၄) 
- ၂။ ဖိလိပ္ပိ ၂:၁၉-၃၀ ကိုဖတ်။ - တိမောသေနဲ့ ဧပဖြောဒိတ်တို့ကို ပေါလု ဘယ်လိုကျေးဇူးတင်စကားပြောခဲ့သလဲ၊ ပေါလုရဲ့ပုံသက်သေကို တို့တစ်တွေ ဘယ်လိုအတုယူနိုင်သလဲ။ (ဖိ. ၂:၂၀၊ ၂၂၊ ၂၅၊ ၂၉၊ ၃၀; ၁ ကော. ၁၆:၁၈; ၁ သက်. ၅:၁၂၊ ၁၃) 
- ၃။ ဖိလေမုန် ၁-၂၅ ကိုဖတ်။ - (က) ဖိလေမုန် သင့်တော်ရာလုပ်ဆောင်ဖို့ ဘာကိုအခြေခံပြီး ပေါလုတိုက်တွန်းခဲ့သလဲ၊ အဲဒါက ဒီကနေ့ အကြီးအကဲတွေအတွက် ဘယ်လိုလမ်းညွှန်ဖြစ်သလဲ။ (ဖိလေ. ၉; ၂ ကော. ၈:၈; ဂလ. ၅:၁၃) 
- (ခ) အသင်းတော်ရှိ တခြားသူတွေရဲ့သြတ္တပ္ပစိတ်ကို ပေါလု လေးစားကြောင်း ဖိလေမုန် ၁၃၊ ၁၄ မှာပါတဲ့ သူ့ရဲ့စကားက ဘယ်လိုဖော်ပြသလဲ။ (၁ ကော. ၈:၇၊ ၁၃; ၁၀:၃၁-၃၃) 
 
- ၄။ ၂ တိမောသေ ၄:၇-၉ ကိုဖတ်။ - တမန်တော်ပေါလုလိုပဲ အဆုံးတိုင်အောင် တို့တစ်တွေ သစ္စာရှိမယ်ဆိုရင် ယေဟောဝါ ဆုချမယ်ဆိုတာကို ဘယ်လိုစိတ်ချနိုင်သလဲ။ (မ. ၂၄:၁၃; ဟေဗြဲ ၆:၁၀) 
ပုံပြင် ၁၁၄
အဆိုးအားလုံးရဲ့ လမ်းဆုံး
- ၁။ ကျမ်းစာဟာ ကောင်းကင်ပေါ်က မြင်းတွေအကြောင်းကို ဘာဖြစ်လို့ရေးတာလဲ။ 
- ၂။ ကမ္ဘာပေါ်က လူဆိုးတွေနဲ့တိုက်မယ့် ဘုရားသခင့်စစ်ပွဲနာမည် ဘယ်လိုခေါ်သလဲ၊ ဒီစစ်ပွဲရဲ့ရည်ရွယ်ချက်က ဘာလဲ။ 
- ၃။ ပုံကိုကြည့်ရင် ဒီစစ်ကိုဦးဆောင်ပြီးတိုက်မယ့်ပုဂ္ဂိုလ်က ဘယ်သူလဲ၊ ဘာဖြစ်လို့ သရဖူဆောင်းထားတာလဲ၊ သူ့ကိုင်ထားတဲ့ဓားက ဘာကိုဆိုလိုသလဲ။ 
- ၄။ ပုံပြင် ၁၀၊ ၁၅ နဲ့ ၃၃ ကိုပြန်ကြည့်ရင် လူဆိုးတွေကို ဘုရားသခင်ဖျက်ဆီးပစ်မယ်ဆိုတာ ဘာကြောင့် မအံ့သြသင့်သလဲ။ 
- ၅။ ကိုယ်တော့်ကို ဝတ်ပြုပါတယ်လို့ဆိုပေမဲ့ ဆိုးသွမ်းရင် ဘုရားသခင် ဖျက်ဆီးပစ်မယ်ဆိုတာ ပုံပြင် ၃၆ နဲ့ ၇၆ က ဘယ်လိုဖော်ပြသလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ဗျာဒိတ် ၁၉:၁၁-၁၆ ကိုဖတ်။ - (က) ယေရှုခရစ်ဟာ မြင်းဖြူစီးသူဖြစ်ကြောင်း ကျမ်းစာက ဘယ်လိုရှင်းပြသလဲ။ (ဗျာ. ၁:၅; ၃:၁၄; ၁၉:၁၁; ဟေရှာ. ၁၁:၄) 
- (ခ) အသွေးစဉ်ထားတဲ့ ယေရှုရဲ့ဝတ်လုံက အပြီးအပြတ်နဲ့ အပြည့်အဝ အောင်ပွဲခံကြောင်း ဘယ်လိုထောက်ခံသလဲ။ (ဗျာ. ၁၄:၁၈-၂၀; ၁၉:၁၃၊ ကဘ) 
- (ဂ) မြင်းဖြူစီးသူ ယေရှုနောက်လိုက်ကြတဲ့ ဗိုလ်ခြေတွေမှာ ဘယ်သူတွေပါနိုင်သလဲ။ (ဗျာ. ၁၂:၇; ၁၉:၁၄; မ. ၂၅:၃၁၊ ၃၂) 
 
ပုံပြင် ၁၁၅
ကမ္ဘာပေါ်က ပရဒိသုအသစ်
- ၁။ မြေကြီးပရဒိသုမှာ ဘယ်လိုအခြေအနေခံစားရမယ်လို့ ကျမ်းစာကဖော်ပြသလဲ။ 
- ၂။ ပရဒိသုမှာနေမယ့်လူတွေအတွက် သမ္မာကျမ်းစာရဲ့ကတိက ဘာလဲ။ 
- ၃။ ဒီလောက်ကောင်းတဲ့ဟာတွေ ဖြစ်လာအောင် ဘယ်အချိန်မှာ ယေရှုကြပ်မတ်ပေးမှာလဲ။ 
- ၄။ ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် သူလုပ်ပေးမယ့်အရာတွေကို နမူနာပြဖို့ ကမ္ဘာပေါ်မှာရှိတုန်းက ယေရှု ဘာတွေလုပ်ပြခဲ့သလဲ။ 
- ၅။ ကောင်းကင်ကနေ ကမ္ဘာကိုအုပ်ချုပ်တဲ့အခါ ယေရှုနဲ့အတူ တွဲဖက်အုပ်ချုပ်သူတွေဟာ ဘာကိုဂရုစိုက်ကြမလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ဗျာဒိတ် ၅:၉၊ ၁၀ ကိုဖတ်။ - ကမ္ဘာကို အနှစ်တစ်ထောင်အုပ်ချုပ်မယ့်သူတွေဟာ စာနာတတ်ပြီး သနားကြင်နာတတ်တဲ့ ဘုရင်နဲ့ ယဇ်ပုရောဟိတ်တွေဖြစ်မယ်လို့ တို့တစ်တွေ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ (ဧ. ၄:၂၀-၂၄; ၁ ပေ. ၁:၇; ၃:၈; ၅:၆-၁၀) 
- ၂။ ဗျာဒိတ် ၁၄:၁-၃ ကိုဖတ်။ - ခမည်းတော်နဲ့ သိုးသငယ်ရဲ့နာမကို ၁၄၄,၀၀၀ တို့ရဲ့နဖူးတွေမှာ အက္ခရာတင်ထားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ (၁ ကော. ၃:၂၃; ၂ တိ. ၂:၁၉; ဗျာ. ၃:၁၂) 
ပုံပြင် ၁၁၆
ထာဝရနေနိုင်အောင် ဘယ်လိုလုပ်ရမယ့်အကြောင်း
- ၁။ ထာဝစဉ်အသက်ရှင်ချင်တယ်ဆိုရင် တို့တစ်တွေ ဘာသိဖို့လိုသလဲ။ 
- ၂။ ပုံထဲကမိန်းကလေးနဲ့ သူ့သူငယ်ချင်းတွေ ဖော်ပြတဲ့အတိုင်း ယေဟောဝါနဲ့ ယေရှုအကြောင်း ဘယ်လိုသင်ယူနိုင်သလဲ။ 
- ၃။ ပုံထဲမှာ နောက်ဘယ်စာအုပ်ကို တွေ့ရသလဲ၊ အဲဒါကို ဘာကြောင့် မှန်မှန်ဖတ်သင့်သလဲ။ 
- ၄။ ထာဝရအသက်ရဖို့ ယေဟောဝါနဲ့ ယေရှုအကြောင်း သင်ယူခြင်းအပြင် ဘာလိုသေးသလဲ။ 
- ၅။ ပုံပြင် ၆၉ ကနေ တို့တစ်တွေ ဘာသင်ခန်းစာရသလဲ။ 
- ၆။ ပုံပြင် ၅၅ က ကလေးလေးရှမွေလဟာ ဘာပုံနမူနာကောင်းပြသလဲ။ 
- ၇။ ယေရှုခရစ်ရဲ့ပုံနမူနာကို တို့တစ်တွေ ဘယ်လိုလိုက်နိုင်သလဲ၊ အဲလိုလုပ်မယ်ဆိုရင် အနာဂတ်မှာ တို့တစ်တွေ ဘာဖြစ်နိုင်မလဲ။ 
ထပ်ဆင့်မေးခွန်းများ–
- ၁။ ယောဟန် ၁၇:၃ ကိုဖတ်။ - ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်တို့နဲ့ဆိုင်တဲ့ အသိပညာကို ဆည်းပူးယူခြင်းဆိုတာ အကြောင်းအရာတွေကို ကျက်မှတ်ရုံထက်မကလိုအပ်ကြောင်း ကျမ်းစာက ဘယ်လိုဖော်ပြသလဲ။ (မ. ၇:၂၁; ယာ. ၂:၁၈-၂၀; ၁ ယော. ၂:၁၇) 
- ၂။ ဆာလံ ၁၄၅:၁-၂၁ ကိုဖတ်။ - (က) ယေဟောဝါကို ချီးမွမ်းစရာအကြောင်း အများကြီးရှိတဲ့အထဲက တချို့က ဘာတွေလဲ။ (ဆာ. ၁၄၅:၈-၁၁; ဗျာ. ၄:၁၁) 
- (ခ) “ခပ်သိမ်းသောသူတို့” ကိုယေဟောဝါ ဘယ်လို “ကျေးဇူးပြု” သလဲ၊ အဲဒါက ကိုယ်တော့်ထံကို ဘယ်လို ပိုပြီးချဉ်းကပ်စေသင့်သလဲ။ (ဆာ. ၁၄၅:၉; မ. ၅:၄၃-၄၅) 
- (ဂ) ယေဟောဝါကို တို့တစ်တွေ နှလုံးထဲကချစ်မြတ်နိုးမယ်ဆိုရင် ဘာလုပ်ချင်စိတ်ပေါ်လာမလဲ။ (ဆာ. ၁၁၉:၁၇၁၊ ၁၇၂၊ ၁၇၅; ၁၄၅:၁၁၊ ၁၂၊ ၂၁)