ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၄၆
  • ကိုယ်တော်၏ဝတ်လုံကိုသူမ တို့ခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ်တော်၏ဝတ်လုံကိုသူမ တို့ခဲ့
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုရဲ့ဝတ်လုံကိုတို့လိုက်လို့ ရောဂါပျောက်သွား
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှု လူသေတွေကို ပြန်ရှင်အောင်လုပ်ပေးတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • တို့တစ်တွေ သေခြင်းကနေ ပြန်နိုးလာနိုင်တယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ယေရှု အံ့ဩစရာတွေ လုပ်ပြ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၄၆

အခန်း ၄၆

ကိုယ်တော်၏ဝတ်လုံကိုသူမ တို့ခဲ့

ဒေကာပေါလိမှ ယေရှုပြန်ရောက်နေသည့်သတင်း ကပေရနောင်မြို့သို့ရောက်လာသည်။ ကမ်းဘေး၌ သူ့ကိုကြိုဆိုရန် လူအုပ်စောင့်နေသည်။ မုန်တိုင်းကိုကိုယ်တော်ငြိမ်းစေပြီး နတ်ပူးသူတို့အားကုသခဲ့သည့်သတင်းကို သူတို့ကြားဟန်တူသည်။ ယခုကိုယ်တော်ကမ်းခြေကပ်၍ ခြေချသည်နှင့် ဝမ်းသာအားရစွာနှင့်သူတို့ဝိုင်းရံကြသည်။

ယေရှုကိုစောင့်မျှော်ခဲ့သူများအနက် တရားဇရပ်မှူးယာဣရုအပါအဝင်ဖြစ်သည်။ သူသည်ကိုယ်တော်ရှေ့ပျပ်ဝပ်လျက် “အကျွန်ုပ်၏သမီးသည် ယခုပင်သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည်ကြွ၍ သူ့အပေါ်၌လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်” ဟုအတန်တန်တောင်းပန်သည်။ တစ်ဦးတည်းသောသမီးဖြစ်ပြီး ၁၂ နှစ်သာရှိသဖြင့် ယာဣရုအလွန်ချစ်မြတ်နိုးသည်။

တောင်းဆိုသည်အတိုင်း ယေရှုပြုခဲ့သည်။ လူအုပ်နှင့်အတူ ယာဣရုအိမ်သို့ကိုယ်တော်သွားစဉ် အခြားအံ့ဖွယ်ရာတစ်ခုကိုမြင်ရတော့မည်ဖြစ်၍ လူအုပ်မည်မျှစိတ်တက်ကြွနေမည်ကို စဉ်းစားကြည့်နိုင်သည်။ သို့သော်အမျိုးသမီးတစ်ဦးသည် မိမိ၏ပြင်းထန်သောဝေဒနာကိုသာ အာရုံစိုက်နေပါသည်။

ဤအမျိုးသမီးသည် ၁၂ နှစ်တိုင်သွေးသွန်နာစွဲ၍ ဆရာဝန်များနှင့်ငွေကြေးကုန်ခန်းသည်အထိ ကုသခဲ့သော်လည်း သက်သာမှုမရဘဲပို၍ပင်ဆိုးလာသည်။

သူမ အားကုန်ရုံသာမက ရောဂါကြောင့်မည်မျှရှက်မည်ကိုစာနာကြည့်ပါ။ ဤရောဂါမျိုးကို လူသူရှေ့ဖေါ်ပြပြောဆိုလေ့လည်းမရှိချေ။ ထို့ပြင်မောရှေပညတ်အရ သွေးသွန်သောမိန်းမသည် မသန့်ရှင်း။ သူ့ကိုလည်းကောင်း၊ သူ၏သွေးစွန်းသောအဝတ်များကိုလည်းကောင်း ထိကိုင်သူများသည် ဆေးကြောရသည်။ ထိုညနေတိုင်အောင်မသန့်မရှင်းဖြစ်သည်။

ယင်းအမျိုးသမီးသည် ယေရှု၏တန်ခိုးတော်အကြောင်းကြားသိ၍ ယခုကိုယ်တော်ကိုရှာတွေ့လေပြီ။ မိမိ၏မသန့်ရှင်းမှုကြောင့် လူအုပ်ထဲအတတ်နိုင်ဆုံး မသိမသာတိုးလာပြီး “ငါသည်အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်” ဟုဆိုကာ တို့ထိလိုက်သည်နှင့် ချက်ချင်းပင် သွေးသွန်မှုရပ်ဆိုင်းသွားသည်ကို သူမခံစားလိုက်ရသည်တကား။

“ငါ့အဝတ်ကိုမည်သူတို့သနည်း” ဟုယေရှုဆိုသည်နှင့် သူမလန့်သွားသည်။ ကိုယ်တော်မည်သို့သိလိုက်သနည်း။ ထိုအခါပေတရုက “လူအစုအဝေးသည်ကိုယ်တော်အား ထိခိုက်ကြသည်ကိုမြင်လျက်ပင် ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကား” ဟုဆင်ခြေတက်ခဲ့သည်။

ပတ်လည်လှည့်၍အမျိုးသမီးကိုရှာစဉ် ယေရှုက “တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုတို့လေပြီ။ ငါ့ကိုယ်မှတန်ခိုးထွက်သည်ကိုငါသိ၏” ဟုယေရှုရှင်းပြသည်။ ရိုးရိုးတို့ထိခြင်းမဟုတ်သည်ကားအမှန်။ အကြောင်းမှာ ထိုသို့ပြု၍ရောဂါပျောက်ခြင်းက ယေရှုခွန်အားကိုယုတ်စေခဲ့သည်။

မိမိမပုန်းနိုင်တော့သည်ကိုသိ၍ အမျိုးသမီးသည်ကြောက်လန့်တုန်လှုပ်လျက် ယေရှုရှေ့ပျပ်ဝပ်ပြီး မိမိ၏ရောဂါဖြစ်ကြောင်းကုန်စင်နှင့် ခုလေးတင်ပင် မည်သို့ပျောက်ကင်းခဲ့ကြောင်း လူထုရှေ့ပြောပြသည်။

သူမ၏ပြည့်စုံသောဝန်ခံချက်ကိုကြားရ၍ ယေရှုက “ငါ့သမီးမစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့” ဟုကရုဏာသက်စွာနှစ်သိမ့်ပေးခဲ့သည်။ မြေကြီးကိုစိုးမိုးရန် ဘုရားသခင်ရွေးချယ်ထားသူသည် ဤမျှမေတ္တာကရုဏာရှိ၍ လူတို့ကိုသနားကြင်နာတတ်ပြီး ကူညီပေးနိုင်စွမ်းလည်းရှိသည်ကိုသိရခြင်းက တကယ်ကောင်းမြတ်လှပေသည်တကား။ မဿဲ ၉:၁၈-၂၂။ မာကု ၅:၂၁-၃၄။ လုကာ ၈:၄၀-၄၈။ ဝတ်ပြုရာ ၁၅:၂၅-၂၇။

▪ ယာဣရုကားမည်သူနည်း။ ယေရှုထံသို့ သူအဘယ်ကြောင့်ရောက်လာသနည်း။

▪ အမျိုးသမီးတစ်ဦး၌ အဘယ်ပြဿနာရှိသနည်း။ ယေရှုထံအကူအညီတောင်းဆိုဖို့ သူမအတွက် အဘယ်ကြောင့်ခဲယဉ်းရသနည်း။

▪ ထိုအမျိုးသမီးသည် မည်သို့ရောဂါပျောက်ကင်းခဲ့သနည်း။ သူမကိုယေရှုမည်သို့နှစ်သိမ့်ပေးသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ