ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၆၃
  • ထပ်မံဆုံးမပဲ့ပြင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထပ်မံဆုံးမပဲ့ပြင်ခြင်း
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • တမန်တော်တွေကို အရေးကြီးသင်ခန်းစာတွေ သွန်သင်ပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • အကျော်ကြားဆုံးဒေသနာ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆား—အဖိုးတန် ကုန်ပစ္စည်းတစ်မျိုး
    နိုးလော့!—၂၀၀၃
  • ကျော်ကြားတဲ့ တောင်ပေါ်ဒေသနာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၆၃

အခန်း ၆၃

ထပ်မံဆုံးမပဲ့ပြင်ခြင်း

ကပေရနောင်တွင် မည်သူအကြီးဆုံးနည်းဟု တမန်တော်များ၏အငြင်းအခုံစကားအပြင် အခြားအကြောင်းကိုပါ ဆွေးနွေးသည်။ ၄င်းမြို့သို့အပြန် ယေရှုမရှိခိုက် ဤကိစ္စဖြစ်ခဲ့ပုံပင်။ ယောဟန်ပြောသည်ကား “အကျွန်ုပ်တို့နှင့်အတူမလိုက်ဘဲလျက် ကိုယ်တော်၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သောသူတစ်ယောက်ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည်အကျွန်ုပ်တို့နှင့်အတူ မလိုက်သောကြောင့် အကျွန်ုပ်တို့သည်မြစ်တားကြပါသည်။”

ရောဂါကုသပေးသူများဘွဲ့ကို တမန်တော်များသာခံယူသင့်သည်ဟူ၍ ယောဟန်ကယူမှတ်သဖြင့် သူတို့အဖွဲ့ဝင်မဟုတ်ဘဲ အံ့ဖွယ်အမှုများကို မတန်မရာပြုလုပ်နေသည်ဟု သူအထင်ရှိသည်။

ယေရှုက “ထိုသူကိုမမြစ်တားကြနှင့်။ ငါ့နာမကိုအမှီပြုလျက် တန်ခိုးကိုပြ၍ ငါ့ကိုအလွယ်တကူကဲ့ရဲ့နိုင်သော သူတစ်ယောက်မျှမရှိ။ သင်တို့၏ရန်သူဘက်၌မရှိသောသူသည် သင်တို့ဘက်၌ရှိ၏။ သင်တို့သည်ခရစ်တော်နှင့်ဆိုင်သည်ဟု ငါ့မျက်နှာကိုထောက်၍ အကြင်သူသည်သင်တို့အား ရေတစ်ခွက်ကိုမျှပေး၏။ ထိုသူသည်အကျိုးကိုမရဘဲမနေရာ၊ ငါအမှန်ဆို၏။”

ယေရှုနှင့်ဆိုင်သူအဖြစ် ကိုယ်တော်နောက်လိုက်နေရန်မလိုပါ။ ခရစ်ယာန်အသင်းတော်မတည်ထောင်သေးသည့်အတွက် သူတို့အုပ်စုဝင်မဖြစ်သဖြင့် အခြားအသင်းတော်သားဟူ၍ သူ့ကိုမခေါ်နိုင်ပေ။ ထိုသူသည်ယေရှုနာမကိုယုံကြည်ကိုးစားသဖြင့် နတ်ဆိုးများကိုအောင်မြင်စွာ နှင်ထုတ်နိုင်သည်။ ယေရှုပြောသည့်အတိုင်း အကျိုးရထိုက်သောအလုပ်မျိုးကို သူပြုလုပ်နေပါသည်။ ယင်းကြောင့် သူအကျိုးရမည်ဖြစ်ကြောင်း ယေရှုတင်ပြသည်။

သို့သော်တမန်တော်များ၏စကားနှင့် အပြုအမူကြောင့် ထိုသူထိမိလဲလျှင် ကြီးလေးသောပြစ်မှုကြီးပင်။ ယေရှုဤသို့ဆိုသည် “ငါ့ကိုယုံကြည်သော ဤသူငယ်တစ်စုံတစ်ယောက်ကို အကြင်သူသည်မှားယွင်းစေ၏။ ထိုသူသည် လည်ပင်း၌ကြိတ်ဆုံကျောက်ကိုဆွဲ၍ ပင်လယ်ထဲ၌ချခြင်းကိုခံရလျှင် အနေသာ၍ကောင်း၏။”

တပည့်တို့ကို ထိမိလဲစေသောလက်၊ ခြေထောက်၊ မျက်စိတမျှ တန်ဖိုးထားသည့်အရာတို့ကို သူတို့ဘဝမှ ဖြတ်ပစ်ရမည်ဟု ယေရှုမှာကြားတော်မူသည်။ ဤမြတ်နိုးရာကိုဆုပ်ကိုင်ကာ ထာဝရပျက်စီးခြင်းကို ပုံဆောင်သည့် ဂေဟင်္နာ

(ယေရုရှလင်မြို့အနီးရှိမီးတောက်နေသည့်အမှိုက်ပုံ) ထဲပစ်ချခံရခြင်းထက် ၄င်းမပါဘဲ ဘုရားနိုင်ငံတော်ထဲဝင်ခြင်းသည် သာ၍ကောင်းသည်။

ယေရှုဤသို့သတိပေးသည်။ “သင်တို့သည် ဤသူငယ်တစ်စုံတစ်ယောက်ကို မထီမဲ့မြင်မပြုမည့်အကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ကြ၏။” ၄င်းနောက်သိုးအကောင် ၁၀၀ တွင်တစ်ကောင်ပျောက်သွားသောသိုးထိန်းအကြောင်းပြောပြကာ “ဤသူငယ်” များ၏တန်ဖိုးကို ကိုယ်တော်ဖေါ်ပြပါသည်။ ကိုးဆယ့်ကိုးကောင်ကို ထိုသူထားရစ်၍ ပျောက်သောတစ်ကောင်ကိုမရမကရှာပြီး တွေ့ရှိချိန်တွင် ကိုးဆယ့်ကိုးကောင်၌ ဝမ်းမြောက်သည်ထက်သာ၍ ဝမ်းမြောက်ကြောင်း ယေရှုရှင်းပြပါသည်။ “ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် ဤသူငယ်တစ်ယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ” ဟူ၍ယေရှုနိဂုံးချုပ်သည်။

တမန်တော်များအချင်းချင်း အငြင်းပွားသဖြင့် ယေရှုဤသို့တိုက်တွန်းသည်။ “သင်တို့၌ဆားရှိစေကြလော့။ အချင်းချင်းအသင့်အတင့်နေကြလော့။” အရသာမရှိသောအစာတို့ကို ဆားအားဖြင့်ခံတွင်းတွေ့စေနိုင်သည်။ ပုံဆောင်ဆားသည် ကိုယ်တော့်စကားကို ခံယူရလွယ်ကူစေသည်။ ဆားရှိခြင်းက ငြိမ်သက်မှုရှိစေသည်။

သို့သော်မစုံလင်မှုကြောင့် တစ်ခါတစ်ရံအငြင်းပွားမှုများဖြစ်ပေါ်မည်။ ၄င်းတို့ကိုဖြေရှင်းပုံမှာ “သင်၏ညီအစ်ကိုတို့သည် သင့်ကိုပြစ်မှားလျှင် သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ဆုံးမလော့။ သူသည်သင့်စကားကိုနားထောင်လျှင် ညီအစ်ကိုကိုရပြီ။” သင့်စကားကိုနားမထောင်လျှင် “လူနှစ်ဦးသုံးဦးသက်သေခံ၍ စကားရှိသမျှတို့ကို တည်စေခြင်းငှာ ကိုယ်နှင့်အတူ လူတစ်ဦးနှစ်ဦးကိုခေါ်ဦးလော့” ဟူ၍ ယေရှုအကြံပေးသည်။

မတတ်သာသည့်အဆုံး ယင်းကိစ္စကို “အသင်းတော်” ရှေ့၊ ဆိုလိုသည်ကား တရားရေးဆိုင်ရာ ဆုံးဖြတ်ချက်ပြုနိုင်သော အကြီးအကဲများအားတင်ပြရန် ယေရှုမှာကြားသည်။ ပြစ်မှားသူသည် သူတို့ဆုံးဖြတ်ချက်အတိုင်းမပြုလျှင် သူ့အား “သာသနာပလူကဲ့သို့လည်းကောင်း၊ အခွန်ခံကဲ့သို့လည်းကောင်း” မှတ်ပါဟု ယေရှုမိန့်ဆိုသည်။

ဆုံးဖြတ်ချက်ချရာတွင် အကြီးအကဲများ ယေဟောဝါနှုတ်ကပါဌ်တော်ရှိ ညွှန်ကြားချက်အတိုင်းကိုင်တွယ်ရန်လိုအပ်သည်။ လူတစ်ဦးအပြစ်ရှိ၍ ဒဏ်ပေးထိုက်သည်ဟုဆုံးဖြတ်လျှင် သူတို့၏စီရင်ချက်သည် ‘ကောင်းကင်တွင်ချည်နှောင်လျက်ရှိ’ လေပြီ။ “မြေကြီးပေါ်မှာဖြေလွှတ်” သည်ဆိုရာ၌ အပြစ်မရှိဟူ၍တွေ့မြင်လျှင် “ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက်ရှိလိမ့်မည်။” ဤကဲ့သို့သောတရားရေးရာ ဆွေးနွေးတိုင်ပင်ချိန်များတွင် “လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာငါရှိသည်” ဟုယေရှုမိန့်တော်မူသည်။ မဿဲ ၁၈:၆-၂၀။ မာကု ၉:၃၈-၅၀။ လုကာ ၉:၄၉၊ ၅၀။

▪ ယေရှုခေတ်က ကိုယ်တော်နောက်တစ်ကောက်ကောက်လိုက်နေရန် အဘယ်ကြောင့်မလိုသနည်း။

▪ သူငယ်တစ်ဦးကို ထိမိလဲစေခြင်းကား မည်မျှအပြစ်ကြီးလေးသနည်း။ ဤကဲ့သို့သောသူငယ်ကလေးများ၏ အရေးပါမှုကို ယေရှုမည်သို့ပုံတင်ပြသနည်း။

▪ တမန်တော်များတွင် ဆားရှိဖို့ ယေရှုအားပေးရန် အဘယ်ကြောင့်လိုအပ်လာပုံရှိသနည်း။

▪ ‘ချည်နှောင်ခြင်း’ နှင့် ‘ဖြေလွှတ်ခြင်း’ အနက်ကအဘယ်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ