ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bsi02-1 စာ. ၄-၆
  • ကျမ်းစာစောင် နံပါတ် ၂၁​—ဒေသနာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာစောင် နံပါတ် ၂၁​—ဒေသနာ
  • ‘ကျမ်းစာတစ်ကျမ်းလုံး’— စစ်မှန်ပြီး အကျိုးပြု (ဒေသနာ—ဟောရှေ) အတွဲ ၉
  • ခေါင်းစ‎ဥ်ငယ်များ
  • အဘယ်ကြောင့်အကျိုးရှိကြောင်း
‘ကျမ်းစာတစ်ကျမ်းလုံး’— စစ်မှန်ပြီး အကျိုးပြု (ဒေသနာ—ဟောရှေ) အတွဲ ၉
bsi02-1 စာ. ၄-၆

ကျမ်းစာစောင် နံပါတ် ၂၁​—ဒေသနာ

ကျမ်းရေးသူ– ရှောလမုန်

ရေးရာဒေသ– ယေရုရှလင်မြို့

ရေးသားပြီးစီးချိန်– ဘီ.စီ.အီး. ၁၀၀၀ မတိုင်မီ

၁။ ဒေသနာကျမ်းကို အဘယ်မြင့်မြတ်သောရည်ရွယ်ချက်အတွက် ရေးသားခဲ့သနည်း။

ဒသနာကျမ်းကို မြင့်မြတ်သည့်ရည်ရွယ်ချက်တစ်ခုအတွက် ရေးသားခဲ့ခြင်းဖြစ်သည်။ ရှောလမုန်သည် ယေဟောဝါထံ ဆက်ကပ်အပ်နှံထားသောလူမျိုးကြီး၏ ခေါင်းဆောင်တစ်ဦးအနေနှင့် သူတို့၏ဆက်ကပ်အပ်နှံထားမှုနှင့်အညီ စုစုစည်းစည်း ဆက်သစ္စာရှိစေဖို့ တာဝန်ရှိသည်။ ဒေသနာကျမ်းမှ ပညာရှိသြဝါဒစကားများဖြင့် ယင်းတာဝန်ကိုကျေပွန်စေရန် သူကြိုးစားအားထုတ်ခဲ့သည်။

၂။ ဒေသနာကျမ်း၏ ဟေဗြဲအမည်သည် ဂရိနှင့် အင်္ဂလိပ်အမည်များထက် ပို၍ဆီလျော်သည့် ယင်း၏ရည်ရွယ်ချက်ကို မည်သို့ဖော်ပြသနည်း။

၂ ဒေသနာ ၁:၁ တွင် သူ့ကိုယ်သူ “ဓမ္မဒေသနာဆရာ [“စုရုံးသူ၊” ကဘ]” ဟုခေါ်ထားသည်။ ဟေဗြဲဘာသာစကားတွင် ၎င်းစကားလုံးသည် ကိုဟာလက် (Qo·heʹleth) ဖြစ်ပြီး ဟေဗြဲကျမ်းတွင် ယင်းစာစောင်ကို ထိုအမည်ပေးထားသည်။ ဂရိစက်ပ်တွားဂျင့်ကျမ်းက ၎င်းကို “အက်ကလီစီယာ (လူစုလူရုံး၊ အစည်းအဝေး) တစ်ခုမှအဖွဲ့ဝင်တစ်ဦး” ဟုအဓိပ္ပာယ်ရသော အက်ခ်ခလီစီယာစတီစ်ဟူ၍ ခေါင်းစဉ်တပ်ထားသည်၊ ၎င်းမှ အင်္ဂလိပ်အမည် အက်ကလီစီယက်စတီ (Ecclesiastes) ဆင်းသက်လာသည်။ သို့ရာတွင် ကိုဟာလက်ကို “စုရုံးသူ” ဟုပြန်ဆိုခြင်းသည် ပို၍သင့်လျော်ပြီး ရှောလမုန်နှင့်လည်း ပို၍လိုက်ဖက်သည်။ ၎င်းသည် ဤကျမ်းကိုရေးရသည့် ရှောလမုန်၏ရည်ရွယ်ချက်ကို ဖော်ပြသည်။

၃။ ရှောလမုန်သည် အဘယ်နည်းဖြင့် စုရုံးသူတစ်ဦး ဖြစ်ခဲ့သနည်း။

၃ ရှောလမုန်သည် အဘယ်နည်းဖြင့် “စုရုံးသူ” ဖြစ်သနည်း၊ စုရုံးရန် သူဘာပြုခဲ့သနည်း။ သူသည် မိမိလူမျိုးဖြစ်သော ဣသရေလလူမျိုးနှင့် သူတို့၏အပေါင်းပါများ၊ ဧည့်သည်အာဂန္တုများကို စုရုံးခဲ့သူဖြစ်သည်။ သူတို့အားလုံးကို မိမိ၏ဘုရားသခင်၊ ယေဟောဝါ၏ဝတ်ပြုရေးသို့ စုရုံးခဲ့သည်။ ယင်းမတိုင်မီက သူသည် ယေရုရှလင်မြို့၌ ယေဟောဝါ၏ဗိမာန်တော် တည်ဆောက်ခဲ့ပြီး ၎င်းကိုအပ်နှံသည့်ပွဲတွင် သူတို့အားလုံး ယေဟောဝါ၏ဝတ်ပြုရေးသို့ စုဝေး သို့မဟုတ် စုရုံးရန် ဖိတ်ခေါ်ခဲ့သည်။ (၃ ရာ. ၈:၁) ယခုတစ်ဖန် ဒေသနာကျမ်းအားဖြင့် မိမိလူမျိုးကို အကျိုးရှိသောအလုပ်များလုပ်ရန်နှင့် ဤလောက၏ အချည်းနှီး၊ အနတ္တအလုပ်များကိုရှောင်ရန် စုရုံးဖို့ ကြိုးစားအားထုတ်ခဲ့သည်။—ဒေ. ၁၂:၈-၁၀။

၄။ ရှောလမုန်သည် ကျမ်းရေးသူဖြစ်ကြောင်း မည်သို့သိရသနည်း။

၄ ရှောလမုန်ကို နာမည်နှင့်တကွ အတိအကျမဖော်ပြသော်လည်း ကျမ်းပိုဒ်အတော်များများက ၎င်းကျမ်းကို သူရေးကြောင်း အထင်အရှားဖော်ပြသည်။ စုရုံးသူသည် မိမိကိုယ်ကို “ဒါဝိဒ်၏သားတော်၊” “ယေရုရှလင် [“တွင် ဣသရေလအပေါ်၊” ကဘ] မင်းကြီး” ဖြစ်သည်ဟု အစပြုထားသည်။ ယင်းသည် ရှောလမုန်ကိုသာ ရည်ညွှန်းနိုင်သည်၊ အကြောင်းမှာ ယေရုရှလင်ရှိ သူ့နောက်ဆက်ခံသူတို့သည် ယုဒအပေါ်၌သာ မင်းပြုခဲ့သောကြောင့်ဖြစ်၏။ ထို့ပြင် စုရုံးသူအနေနှင့် ဤသို့ရေးသားထား၏– “ငါသည် ငါ့အရင် ယေရုရှလင်မြို့၌ဖြစ်ဖူးသောသူအပေါင်းတို့ထက် ကြီးမြင့်၍ပညာရှိ၏။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့်လေ့ကျက်၏။” (၁: ၁၊ ၁၂၊ ၁၆) ဤအချက်သည် ရှောလမုန်နှင့် အံကိုက်ဖြစ်သည်။ ဒေသနာ ၁၂:၉ ၌သူသည် “လုံ့လဝီရိယပြုလျက် များစွာသောသုတ္တံစကားတို့ကို ရှာဖွေ၍စီရင်” သည်ဟုဆိုထားသည်။ ရှောလမုန်ဘုရင်သည် သုတ္တံစကား ၃,၀၀၀ ကိုမြွက်ဆိုခဲ့သူဖြစ်၏။ (၃ ရာ. ၄:၃၂) ဒေသနာ ၂:၄-၉ ၌ စာရေးသူ၏ဆောက်လုပ်ရေးအစီအစဉ်အကြောင်း၊ စပျစ်ဥယျာဉ်များ၊ ပန်းခြံများ၊ ရေသွင်းရေနုတ်တာတမံဆည်မြောင်းများ၊ အခြွေအရံယောက်ျားမိန်းမများ၊ ရွှေငွေအမြောက်အမြားစုဆောင်းခြင်းနှင့် အခြားစွမ်းဆောင်မှုများအကြောင်း ဖော်ပြ၏။ ယင်းတို့အားလုံးကိုလုပ်ဆောင်ခဲ့သူမှာ ရှောလမုန်ဖြစ်သည်။ ရှေဘမိဖုရားသည် ရှောလမုန်၏ပညာနှင့်စည်းစိမ်ကို တွေ့မြင်သည့်အခါ “အရင်ကြားသောစကားသည် တစ်ဝက်ကိုမျှမမီ” ဟုပြောခဲ့သည်။—၃ ရာ. ၁၀:၇။

၅။ ဒေသနာကျမ်းကို မည်သည့်နေရာနှင့် အဘယ်အချိန်တွင် ရေးသားခဲ့သနည်း။

၅ စုရုံးသူသည် “ယေရုရှလင်” မင်းကြီးဖြစ်သည်ဟု ဆိုထားခြင်းက ယေရုရှလင်မြို့သည် ကျမ်းရေးရာနေရာဖြစ်ကြောင်း ဖော်ပြသည်။ အချိန်မှာ ရှောလမုန်၏အနှစ် ၄၀ နန်းစံချိန်နှောင်းပိုင်း ကျမ်းထဲတွင်ဖော်ပြထားသောအရာများစွာကို လိုက်စားလုပ်ဆောင်ခဲ့ပြီးနောက်ဖြစ်သော်လည်း ရုပ်တုကိုးကွယ်ခြင်းမပြုမီအချိန် ဘီ.စီ.အီး. ၁၀၀၀ မတိုင်မီကဖြစ်ရမည်။ ထိုအချိန်လောက်ဆိုလျှင် သူသည် ဤလောက၏လုပ်ငန်းဆောင်တာများနှင့် ပစ္စည်းဥစ္စာများနောက် ကြိုးပမ်းခြင်းဆိုင်ရာ အသိပညာကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ပြီးဖြစ်မည်။ ထိုအချိန်တွင် သူသည် ဘုရားသခင့်မျက်နှာသာကို ခံစားနေရဆဲဖြစ်ပြီး ကိုယ်တော့်ဝိညာဉ်တော်မှုတ်သွင်းမှုအောက်တွင် ရှိခဲ့သည်။

၆။ ဒေသနာကျမ်း၏ မှုတ်သွင်းခံဖြစ်မှုနှင့်ပတ်သက်၍ အဘယ်ကန့်ကွက်ချက်များ ပေါ်ပေါက်ခဲ့သနည်း၊ သို့သော် ယင်းတို့ကို မည်သို့ချေပနိုင်သနည်း။

၆ ဒေသနာကျမ်းသည် “ဘုရားသခင်မှုတ်သွင်းတော်မူသော” ကျမ်းသေချာကြောင်း မည်သို့သိနိုင်သနည်း။ ဤကျမ်းတွင် ဘုရားသခင်၏နာမတော် ယေဟောဝါကို တစ်ကြိမ်မျှမဖော်ပြခြင်းကြောင့် တချို့ကစောဒကတက်ချင်ကြသည်။ သို့ရာတွင် ဤကျမ်းသည် ဘုရားသခင်၏စစ်မှန်သောဝတ်ပြုရေးကို တစိုက်မတ်မတ်ထောက်ခံပြီး “စစ်မှန်သောဘုရားသခင်” ဟုအဓိပ္ပာယ်ရသည့် ဟာအီလိုဟီမ် (ha·ʼElo·himʹ) အသုံးအနှုန်းကို တွင်တွင်သုံးထားသည်။ အခြားသောကျမ်းစာစောင်များထဲတွင် ဒေသနာကျမ်းကို တိုက်ရိုက်ကိုးကားထားခြင်းမရှိသောကြောင့်လည်း ကန့်ကွက်ချင်ကြသည်။ သို့ရာတွင် ဤကျမ်းတွင်ဖော်ပြထားသော သွန်သင်ချက်များနှင့် မူများသည် ကျန်ကျမ်းစာစောင်အားလုံးနှင့် လုံးဝညီညွတ်မှုရှိသည်။ ကလာ့ခ်၏ ဋီကာကျမ်း အတွဲ ၃၊ စာမျက်နှာ ၇၉၉ ၌ဤသို့ဆိုထား၏– “ဂျူးနှင့် ခရစ်ယာန်ချာ့ခ်ျနှစ်ခုစလုံးသည် ကိုဟာလက်ကျမ်း သို့မဟုတ် ဒေသနာကျမ်းကို အနန္တတန်ခိုးရှင်မှုတ်သွင်းသည့်ကျမ်းအဖြစ်နှင့် သန့်ရှင်းမြင့်မြတ်သောကျမ်းတွင် တစ်ခုအဝင်အဖြစ် အမြဲပင်လက်ခံခဲ့ကြသည်။”

၇။ ရှောလမုန်၏အဘယ်နောက်ခံက ဒေသနာကျမ်းကိုရေးရန် ထူးကဲစွာအရည်အချင်းပြည့်မီစေခဲ့သနည်း။

၇ လောကပညာရှင် အဆင့်မြင့်ဝေဖန်ရေးသမားများက ဒေသနာကျမ်း၏ရေးဟန်နှင့် အတွေးအခေါ်တို့သည် နောက်ပိုင်းကာလမှဖြစ်သည်၊ ရှောလမုန်ရေးခြင်းမဟုတ် သို့မဟုတ် ‘ကျမ်းတစ်ကျမ်းလုံး၏’ စစ်မှန်သောအစိတ်အပိုင်းတစ်ခုမဟုတ်ဟု ဆိုခဲ့ကြသည်။ သူတို့သည် ရှောလမုန်တိုးချဲ့လုပ်ကိုင်ခဲ့သော နိုင်ငံတကာဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးနှင့် လုပ်ငန်းများအပြင် တိုင်းတစ်ပါးမှရောက်လာသော ရာထူးကြီးမြင့်သူများနှင့် ဆက်ဆံရခြင်း၊ တိုင်းတစ်ပါးနှင့်အခြားသောဆက်သွယ်မှုများမှ သူဆည်းပူးရရှိသည့်အကြောင်းအချက်များကို သူတို့လျစ်လျူရှုကြသည်။ (၃ ရာ. ၄:၃၀၊ ၃၄; ၉:၂၆-၂၈; ၁၀:၁၊ ၂၃၊ ၂၄) အက်ဖ်. စီ. ကွတ်၏ ကျမ်းစာဋီကာကျမ်း အတွဲ ၄၊ စာမျက်နှာ ၆၂၂ တွင် ဤသို့ရေးထား၏– “ကျော်စောထင်ရှားသောဟေဗြဲဘုရင်တစ်ပါး၏ နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် ရွေးချယ်လိုက်စားရာများသည် ဟေဗြဲလူမျိုး၏သာမန်အသက်တာ၊ အတွေးအခေါ်၊ ဘာသာစကားနယ်ပယ်ထက် များစွာသာလွန်စေပေမည်။”

၈။ ဒေသနာကျမ်း၏ ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုအတွက် အခိုင်မာဆုံးသက်သေပြချက်မှာ အဘယ်နည်း။

၈ သို့ရာတွင် ဒေသနာကျမ်း၏ ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုကို သက်သေပြရာတွင် ပြင်ပထောက်ခံချက်များ အမှန်တကယ်လိုအပ်ပါသလော။ ဤကျမ်းကို စစ်ဆေးကြည့်ပါက ယင်းကျမ်းတစ်ခုတည်းအတွင်း၌ ရှေ့နောက်ညီညွတ်မှုရှိရုံသာမကဘဲ ကျန်ရှိသောအခြားကျမ်းစာစောင်များနှင့်လည်း သဟဇာတရှိကြောင်း တွေ့ရမည်ဖြစ်သည်၊ ၎င်းသည် အမှန်တကယ်ပင် သမ္မာကျမ်းစာအစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

အဘယ်ကြောင့်အကျိုးရှိကြောင်း

၁၅။ ရှောလမုန်သည် ဘေးဖြစ်စေသောလုပ်ဆောင်မှုများနှင့် အကျိုးရှိသောအလုပ်များကို မည်သို့ခွဲခြားဖော်ပြသနည်း။

၁၅ ဒေသနာကျမ်းသည် အပျက်သဘောရေးသည့်စာအုပ်တစ်အုပ်ဖြစ်ဖို့ဝေးစွ၊ ဘုရားရေးရာဉာဏ်ပညာကျောက်မျက်တို့ဖြင့် စီခြယ်ထားသောကျမ်းဖြစ်သည်။ ရှောလမုန်သည် မိမိ၏အောင်မြင်မှုအမြောက်အမြားကို အနတ္တဟုသမုတ်သော်လည်း ယေရုရှလင်မြို့ရှိ မောရိတောင်ပေါ်၌ ယေဟောဝါ၏ဗိမာန်တော်ဆောက်လုပ်ခြင်းအမှုနှင့် ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးတို့ကို အနတ္တဟုမဆိုခဲ့ပါ။ သူသည် ဘုရားပေးအသက်ကို အနတ္တဟုမပြောခဲ့ပါ၊ သို့သော် လူကိုရွှင်လန်းစေရန်နှင့် ကောင်းသောအမှုကိုပြုရန် ရည်ရွယ်ချက်အတွက် အသက်ရှင်ရကြောင်း ဖော်ပြ၏။ (၃:၁၂၊ ၁၃; ၅:၁၈-၂၀; ၈:၁၅) ဘုရားကိုဥပေက္ခာပြုသူတို့၏ လုပ်ဆောင်ချက်များသည် ဘေးဖြစ်စေသည်။ ဖခင်တစ်ဦးသည် သားအတွက် စည်းစိမ်များစုဆောင်းပေးနိုင်သော်လည်း ဘေးသင့်၍အားလုံးပျက်ပြုန်းသွားသည့်အခါ သူ့အတွက် ဘာမျှမကျန်ရှိတော့ပါ။ ကြာရှည်ခံသော ဝိညာဏဘဏ္ဍာကို အမွေပေးခြင်းသည် ပို၍ကောင်းမွန်သည်။ ဥစ္စာအလွန်ကြွယ်ဝပြီး မခံစားလိုက်ရလျှင်လည်း ဘေးတစ်မျိုးဖြစ်သည်။ မိမိတို့လက်တွင် အဘယ်အရာမျှမပါဘဲ သေခြင်းသို့ “ပြန်သွား” သည့်အခါ လောကစည်းစိမ်အားလုံးအပေါ် ဘေးသင့်ခြင်းဖြစ်သည်။—၅:၁၃-၁၅; ၆:၁၊ ၂။

၁၆။ ကိုဟာလက် သို့မဟုတ် ဒေသနာကျမ်းသည် ယေရှု၏သွန်သင်ချက်များနှင့် မည်သို့သဟဇာတဖြစ်သနည်း။

၁၆ မဿဲ ၁၂:၄၂ ၌ ခရစ်တော်ယေရှုက မိမိကိုယ်ကို “ရှောလမုန်ထက် သာ၍ကြီးမြတ်သောသူ” ဟုဖော်ပြခဲ့သည်။ ရှောလမုန်သည် ယေရှုကိုပုံဆောင်သောကြောင့် ကိုဟာလက်ကျမ်းမှ ရှောလမုန်၏စကားများနှင့် ယေရှုသွန်သင်ချက်များ ကိုက်ညီမှုရှိသည်ကို တွေ့ရပါသလော။ တူညီချက်များစွာ တွေ့ရပါသည်! ဥပမာ၊ ယေရှုက “ငါ့ခမည်းတော်သည် ယခုတိုင်အောင်အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းလုပ်၏” ဟုမိန့်တော်မူရာတွင် ဘုရားသခင်၏ ကျယ်ပြန့်သောလုပ်ဆောင်မှုအတိုင်းအတာကို အလေးပေးဖော်ပြခဲ့သည်။ (ယော. ၅:၁၇) ရှောလမုန်သည်လည်း ယေဟောဝါ၏လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ဤသို့ဖော်ပြ၏– “ဘုရားသခင်ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ နေအောက်မှာ ပြုသောအမှုများကို လူသည်စစ်၍မကုန်နိုင်။ ကြိုးစား၍စစ်သော်လည်း အကုန်အစင်မသိနိုင်။ ထိုမျှမက ပညာရှိသောသူသည် ငါသိမည်ဟုကြံသော်လည်း အကြံမမြောက်နိုင်ရာ။”—ဒေ. ၈:၁၇။

၁၇။ ယေရှုနှင့် ရှောလမုန်၏စကားများထဲတွင် အခြားအဘယ်တူညီချက်များ တွေ့ရသနည်း။

၁၇ ယေရှုရော ရှောလမုန်ပါ စစ်မှန်သောဝတ်ပြုသူများကို စုရုံးကြဖို့ အားပေးခဲ့သည်။ (မ. ၁၈:၂၀; ဒေ. ၄:၉-၁၂; ၅:၁) “ဤစနစ်ဆုံးခန်း” နှင့် “လူမျိုးခြားများအတွက်သတ်မှတ်ထားသောကာလ” တို့နှင့်ပတ်သက်သော ယေရှု၏စကားများသည် ရှောလမုန်၏ ဤစကားများနှင့် ညီညွတ်၏– “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှအသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။”—မ. ၂၄:၃၊ ကဘ; လု. ၂၁:၂၄၊ ကဘ; ဒေ. ၃:၁။

၁၈။ ယေရှုနှင့် ကိုယ်တော့်တပည့်တော်များသည် ရှောလမုန်ကဲ့သို့ပင် အဘယ်သတိပေးချက်များကို ပေးခဲ့သနည်း။

၁၈ ထို့ထက်ကား ယေရှု၊ ကိုယ်တော့်တပည့်တော်များသည် ရှောလမုန်ကဲ့သို့ပင် ရုပ်ဝါဒလိုက်စားခြင်း၏ အန္တရာယ်အကြောင်း သတိပေးကြသည်။ ဉာဏ်ပညာသည် စစ်မှန်သောအကာအကွယ်ဖြစ်သောကြောင့် ယင်းကို “ရသောသူသည် အသက်ကိုလည်းရတတ်၏” ဟုရှောလမုန်ဆို၏။ ယေရှုကလည်း “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့” ဟုမိန့်တော်မူသည်။ (ဒေ. ၇:၁၂; မ. ၆:၃၃) ဒေသနာ ၅:၁၀ တွင် ဤသို့ရေးထား၏– “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။” ၎င်းနှင့်အလွန်ဆင်တူသောသြဝါဒကို ၁ တိမောသေ ၆:၆-၁၉ တွင်ပေါလုက “ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း” ဟုဆိုထားသည်။ အခြားကျမ်းစောင်များတွင်ပါသော သွန်သင်ချက်များနှင့်တူညီသည့် အကြောင်းအရာများလည်း ရှိပါသည်။—ဒေ. ၃:၁၇—တ. ၁၇:၃၁; ဒေ. ၄:၁—ယာ. ၅:၄; ဒေ. ၅:၁၊ ၂—ယာ. ၁:၁၉; ဒေ. ၆:၁၂—ယာ. ၄:၁၄; ဒေ. ၇:၂၀—ရော. ၃:၂၃; ဒေ. ၈:၁၇—ရော. ၁၁:၃၃။

၁၉။ ယနေ့ ယေဟောဝါ၏ဝတ်ပြုရေးတွင် အဘယ်ပျော်ရွှင်ဖွယ်အလားအလာဖြင့် ကျွန်ုပ်တို့စုရုံးကြမည်နည်း။

၁၉ ပညာရှိရှောလမုန်မင်းကြီးမှတစ်ဆင့် လူ့ဇာတိအနေဖြင့်ဆင်းသက်လာသော ဘုရားသခင်ချစ်မြတ်နိုးသည့်သားတော် ယေရှုခရစ်၏ နိုင်ငံတော်အုပ်ချုပ်မှုသည် မြေကြီးဆိုင်ရာအဖွဲ့အစည်းသစ်တစ်ခုကို တည်ထောင်တော်မူမည်။ (ဗျာ. ၂၁:၁-၅) မိမိ၏စံနမူနာနိုင်ငံတော်အတွင်းရှိ နိုင်ငံသားများအတွက် ရှောလမုန်ရေးသားခဲ့သော ညွှန်ကြားချက်များသည် ယခု ခရစ်တော်ယေရှုလက်အောက်ရှိ ဘုရားသခင့်နိုင်ငံတော်ကို မျှော်လင့်ကြသူအားလုံးအတွက် အလွန်အရေးပါသည်။ ၎င်းနိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် လူသားများသည် ဒေသနာဆရာချမှတ်ပေးခဲ့သော ထပ်တူပညာရှိစည်းမျဉ်းမူများနှင့်အညီ နေထိုင်ကြမည်ဖြစ်ပြီး ဘုရားသခင့်ဆုကျေးဇူးဖြစ်သော ပျော်ရွှင်ဖွယ်အသက်တာတွင် ထာဝစဉ်ပျော်မွေ့သွားကြမည်။ ကိုယ်တော်၏နိုင်ငံတော်အောက် ပျော်ရွှင်ဖွယ်အသက်တာအကြောင်း လုံးစေ့ပတ်စေ့သိနိုင်ရန် ယခုအချိန်သည် ယေဟောဝါ၏ဝတ်ပြုရေးသို့ စုစည်းရမည့်အချိန်ဖြစ်သည်။—ဒေ. ၃:၁၂၊ ၁၃; ၁၂:၁၃၊ ၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ