‘ယုဒလူမျိုးတို့၏ တိုင်းပြည်မှ’ ယေရှု
ကော်နေလိအား သက်သေခံရာ၌ တမန်တော် ပေတရုက ‘ယုဒလူမျိုးတို့၏ တိုင်းပြည်နှင့် ယေရုရှလင်မြို့တွင်’ ယေရှု ပြုသမျှအကြောင်းကို ပြောဆိုခဲ့သည်။ (တ ၁၀:၃၉) ယေရှု၏ သမိုင်းတွင်ရစ်သည့် ဓမ္မအမှုတော်တွင် မည်သည့် အရပ်ဒေသများ ပါဝင်သည်ဟု သင်ထင်သနည်း။
‘ယုဒလူမျိုးတို့၏ တိုင်းပြည်’ တွင် ယေရှု ဘုရားသခင့် အမှုတော်ကို အတော်အတန် ထမ်းဆောင်ခဲ့သည့် ယုဒပြည် ပါဝင်သည်။ (လု ၄:၄၄) နှစ်ခြင်းခံပြီးနောက် ယေရှုသည် သူပုန်သူကန်များနှင့် သူခိုးဓားပြများ စက်ကျခိုအောင်းရာ ယုဒတောကန္တာရ (သို့မဟုတ် ယုဒပြည်) တွင် အရက် ၄၀ နေထိုင်တော်မူခဲ့သည်။ (လု ၁၀:၃၀) ၎င်းနောက် ယေရှုသည် ယုဒပြည်မှ မြောက်ဘက်သို့ဦးတည်၍ ခရီးထွက်တော်မူရာ ရှုခါမြို့အနီးတွင် ရှမာရိ အမျိုးသမီးတစ်ဦးအား သက်သေခံတော်မူ၏။—ယဟ ၄:၃-၇။
ခရစ်ဝင်ကျမ်းများကို ပြန်လည်သုံးသပ်ကြည့်လျှင် ယေရှုသည် ဂါလိလဲနယ်တွင် အဓိက ဟောပြောခဲ့ကြောင်း တွေ့ရှိရသည်။ ကိုယ်တော်သည် နှစ်ပတ်လည်ပွဲတော်များ တက်ရောက်ရန် တောင်ပိုင်း ယေရုရှလင်မြို့သို့ ကြွသွားသော်လည်း ဓမ္မအမှုဆောင်ရာ ပထမနှစ်နှစ်၏ အချိန်အများစုကို ကတိထားရာပြည်တော်၏ မြောက်ပိုင်းတွင် ကုန်လွန်စေတော်မူခဲ့သည်။ (ယဟ ၇:၂-၁၀; ၁၀:၂၂၊ ၂၃) သာဓကအားဖြင့်၊ ဂါလိလဲအိုင်အနီး၌လည်းကောင်း၊ အိုင်ပေါ်တွင်လည်းကောင်း ရှိတော်မူစဉ် မှတ်သားလောက်သော ဒေသနာတော် အများအပြား ဟောကြားတော်မူခဲ့ပြီး စွဲမှတ်ဖွယ်ရာ အံ့ဖွယ်အမှု အမြောက်အမြား ပြုလုပ်တော်မူခဲ့သည်။ ကိုယ်တော် ဂါလိလဲအိုင်၏ မုန်တိုင်းထန်သော ရေပြင်ကို ငြိမ်သက်စေခြင်း၊ ဂါလိလဲအိုင် ရေပေါ်တွင်ပင် စက်တော်ဖြန့်ခြင်းတို့ကို သတိရပါ။ ကိုယ်တော်သည် ၎င်းရေအိုင်၏ ကျောက်စရစ်ထူသော ကမ်းခြေပေါ်မှ လူအုပ်များကို လှေပေါ်မှနေ၍ ဟောကြားတော်မူခဲ့သည်။ ကိုယ်တော်၏ ရင်းနှီးသော ကနဦး နောက်တော်လိုက်များမှာ အိုင်အနီးအနား၌ရှိသော ငါးဖမ်းလုပ်ငန်းနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသည့် ရပ်ကွက်လူစုများမှ ဖြစ်ကြသည်။—မာ ၃:၇-၁၂; ၄:၃၅-၄၁; လု ၅:၁-၁၁; ယဟ ၆:၁၆-၂၁; ၂၁:၁-၁၉။
ဂါလိလဲနယ်တွင် ဓမ္မအမှုတော်ဆောင်ရာ၌ ယေရှုသည် ဂါလိလဲအိုင် ကမ်းခြေပေါ်၌တည်ရှိသော “နေရင်းမြို့” ဖြစ်သည့် ကပေရနောင်မြို့ကို ဗဟိုဌာနအဖြစ် ထားတော်မူ၏။ (မ ၉:၁၊ သမ) ထင်ရှားကျော်ကြားသော တောင်ပေါ်ဒေသနာတော်ကို ဟောကြားသည့်အချိန်၌ ကိုယ်တော်သည် ကပေရနောင်မြို့နှင့် မလှမ်းမကမ်း တောင်စောင်းတစ်ခုတွင် ရှိနေတော်မူ၏။ ရံဖန်ရံခါ ကိုယ်တော်သည် ကပေရနောင်မြို့ အနီးဝန်းကျင်အရပ်မှ မာဂဒန်ကျေးလက်၊ ဗက်ဇဲဒမြို့၊ သို့မဟုတ် အနီးအနားနေရာများသို့ လှေဖြင့်ကြွသွားတော်မူ၏။
ယေရှု၏ “နေရင်းမြို့” သည် ကိုယ်တော်ကြီးပြင်းရာ နာဇရက်မြို့နှင့်လည်းကောင်း၊ ရေကို စပျစ်ရည်ဖြစ်စေသည့် ကာနမြို့နှင့်လည်းကောင်း၊ မုဆိုးမတစ်ဦး၏သားကို ထမြောက်စေသည့် နာဣနမြို့နှင့်လည်းကောင်း၊ အံ့ဖွယ်တန်ခိုးဖြင့် အမျိုးသား ၅,၀၀၀ ကိုကျွေးမွေး၍ မျက်မမြင်တစ်ဦးအား မြင်ပြန်စေသည့် ဗက်ဇဲဒမြို့နှင့်လည်းကောင်း အလှမ်းမဝေးလှသည်ကို သတိပြုမှတ်သားပါ။
စီ.အီး. ၃၂ ခုနှစ် ပသခါပွဲတော်ပြီးနောက် ယေရှုသည် ဖိနိတ်ပြည် [ဖိုနီးရှန်း] ဆိပ်ကမ်းမြို့များဖြစ်ကြသည့် တုရုမြို့နှင့် ဇိဒုန်မြို့တို့တည်ရှိရာ မြောက်ဘက်အရပ်သို့ ကြွသွားတော်မူ၏။ ထိုနောက် ဒေကာပေါလိခေါ် ဂရိမြို့ဆယ်မြို့အနက်မှ မြို့အချို့အထိ မိမိ၏ ဓမ္မအမှုတော်ကို တိုးချဲ့တော်မူခဲ့သည်။ ကိုယ်တော်အား မေရှိယအဖြစ် ပေတရုက အသိအမှတ်ပြုပြီးနောက် များမကြာမီ ဟေရမုန်တောင်ပေါ်တွင် ဖြစ်ခဲ့ဖွယ်ရှိသည့် ကိုယ်ယောင်ပြောင်းခြင်း ဖြစ်ပျက်သည့်အချိန်တွင် ယေရှုသည် ကဲသရိ ဖိလိပ္ပိမြို့ (ဆ၂) အနီးတွင် ရောက်ရှိနေတော်မူ၏။ နောက်ပိုင်းတွင် ယေရှုသည် ယော်ဒန်မြစ် တစ်ဖက်ကမ်းရှိ ပေရိနယ်တွင် ဟောပြောတော်မူခဲ့သည်။—မာ ၇:၂၄-၃၇; ၈:၂၇–၉:၂; ၁၀:၁; လု ၁၃:၂၂၊ ၃၃။
ယေရှုသည် မြေကြီးအသက်တာ၏ နောက်ဆုံးသီတင်းပတ်ကို တပည့်တော်များနှင့်အတူ “မဟာမင်းကြီး၏ မြို့တော်” ဖြစ်သည့် ယေရုရှလင်မြို့နှင့် ပတ်ဝန်းကျင်ဒေသတွင် ကုန်လွန်စေတော်မူခဲ့သည်။ (မ ၅:၃၅) ဤမြေပုံတွင် ဧမောက်ရွာ၊ ဗေသနိရွာ၊ ဗက်ဖာဂေရွာနှင့် ဗက်လင်မြို့ အစရှိသည့် ခရစ်ဝင်ကျမ်းများတွင် ဖတ်ရှုရသည့် ယေရုရှလင်မြို့ အနီးဝန်းကျင်ရှိ အရပ်ဒေသများကို သင်ရှာတွေ့နိုင်ပေသည်။—လု ၂:၄; ၁၉:၂၉; ၂၄:၁၃; စာမျက်နှာ ၁၈ မှ “ယေရုရှလင်မြို့ နယ်မြေဒေသ” အတွင်းပုံကိုရှု။
[စာမျက်နှာ ၂၉ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ကတိထားရာပြည်တော် (ယေရှုခေတ်)
ယေရှုလက်ထက်တွင်ရှိသော ပြည်တော်
ဒေကာပေါလိမြို့များ
င၅ ဟစ်ပို
င၆ ပေလ္လ
င၆ သကုသောပေါလိ
စ၅ ဂါဒရ
စ၇ ဂေရသ
ဆ၅ ဒိအုန်
ဆ၉ ဖိလဒေလဖိ
ဇ၁ ဒမာသက်
ဇ၄ ရာဖနာ
ဈ၅ ကာနသ
လမ်းမကြီးများ (စာစောင်တွင်ကြည့်ပါ)
ဂါလိလဲနယ်နှင့် ယေရုရှလင်မြို့အကြား အများသုံးလမ်းကြောင်း (စာစောင်တွင်ကြည့်ပါ)
ဂါလိလဲနယ်နှင့် ယေရုရှလင်မြို့အကြား ပေရိနယ်ကိုဖြတ်၍ သွားလာနိုင်သည့် အခြားလမ်းကြောင်း (စာစောင်တွင်ကြည့်ပါ)
က၁၁ ဂါဇ
ခ၆ ကဲသရိ
ခ၈ ယုပ္ပေ
ခ၉ လုဒ
ခ၁၂ ဗေရ-ရှေဘ
ဂ၄ ပတောလမဲ (ပတောလင်)
ဂ၈ ရှမာရိနယ်
ဂ၈ အန္တိပတရိ
ဂ၈ အရိမသဲ
ဂ၉ ဧမောက်
ဂ၁၀ ယုဒပြည်
ဂ၁၁ ဟေဗြုန်
ဂ၁၂ ဣဒုမဲနယ်
ဃ၁ ဇိဒုန်
ဃ၂ တုရု
ဃ၃ ဖိနိတ်ပြည်
ဃ၄ ဂါလိလဲနယ်
ဃ၄ ကာန
ဃ၅ သေပဖောရိ (စဖောရစ်)
ဃ၅ နာဇရက်
ဃ၅ နာဣန
ဃ၇ ရှမာရိ
ဃ၇ ရှုခါ
ဃ၉ ဧဖရိမ်
ဃ၉ ဗက်ဖာဂေ
ဃ၉ ယေရုရှလင်
ဃ၉ ဗေသနိ
ဃ၁၀ ဗက်လင်
ဃ၁၀ ဟေရုဒ် (ဟေရောဒီယမ်)
ဃ၁၀ ယုဒ တောကန္တာရ
ဃ၁၂ မဆားဒါး
င၄ ခေါရာဇိန်
င၄ ဗက်ဇဲဒ
င၄ ကပေရနောင်
င၄ မာဂဒန်
င၅ တိဗေရိ
င၅ ဟစ်ပို
င၆ ဗေသနိ? (ယော်ဒန်မြစ်တစ်ဖက်)
င၆ သကုသောပေါလိ
င၆ ပေလ္လ
င၆ ရှာလိမ်
င၆ အဲနုန်
င၉ ယေရိခေါ
စ၁ အဘိလင်နယ်
စ၂ ကဲသရိ ဖိလိပ္ပိ
စ၄ ဂါမလ
စ၅ အဘိလ?
စ၅ ဂါဒရ
စ၇ ပေရိနယ်
စ၇ ဂေရသ
ဆ၃ ဣတုရဲနယ်
ဆ၅ ဒိအုန်
ဆ၆ ဒေကာပေါလိနယ်
ဆ၉ ဖိလဒေလဖိ
ဇ၁ ဒမာသက်
ဇ၃ တရာခေါနိတ်နယ်
ဇ၄ ရာဖနာ
ဇ၁၂ အာရပ်ပြည်
ဈ၅ ကာနသ
[တောင်များ]
ဃ၇ ဧဗလတောင်
ဃ၇ ဂေရဇိမ်တောင်
စ၂ ဟေရမုန်တောင်
[ရေအစုအဝေး]
ခ၆ မြေထဲပင်လယ် (ပင်လယ်ကြီး)
င၄ ဂါလိလဲအိုင်
င၁၀ ရေငန်အိုင် (ပင်လယ်သေ)
[မြစ်များ]
င၇ ယော်ဒန်မြစ်
[စမ်းချောင်း နှင့် ရေတွင်းများ]
ဃ၇ ယာကုပ်၏ ရေတွင်း
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ဂါလိလဲအိုင်။ ကပေရနောင်မြို့ကို အနီးမြင်ကွင်း ဝဲဘက်တွင် တွေ့နိုင်သည်။ ဂင်နေသရက် မြေပြန့်လွင်ပြင်ကိုကျော်၍ အနောက်တောင်ဘက်သို့ လှမ်းမြင်ရသည့် မြင်ကွင်း
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ရှမာရိလူမျိုးတို့သည် ဂေရဇိမ်တောင်ပေါ်တွင် ကိုးကွယ်ဝတ်ပြုကြသည်။ ဧဗလတောင်ကို နောက်ခံမြင်ကွင်းတွင် တွေ့ရသည်